သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြောက်ပိုင်း အစ္စရေးတိုက်ခိုက်မှု လူ ၆၀ ထက်မနည်း သေဆုံး


ဂါဇာမြောက်ပိုင်း Beit Lahia မြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတဦးကို အဆောက်အအုံပျက်တွေကြားက သယ်ထုတ်နေကြစဥ်။ (အောက်တိုဘာ ၂၉၊ ၂၀၂၄)
ဂါဇာမြောက်ပိုင်း Beit Lahia မြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတဦးကို အဆောက်အအုံပျက်တွေကြားက သယ်ထုတ်နေကြစဥ်။ (အောက်တိုဘာ ၂၉၊ ၂၀၂၄)

ဂါဇာမြောက်ပိုင်းက အိုးအိမ်စွန့်ခွါ ပါလက်စတိုင်းတွေနေ,နေတဲ့ ငါးထပ်အဆောက်အဦးကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၀ သေဆုံးခဲ့တယ်လို့ ဟာမတ်အဖွဲ့ရဲ့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတဝက်ကျော်က အမျိုးသမီးတွေနဲ့ကလေးတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

တနှစ်ကျော် စစ်ဖြစ်ခဲ့ပြီးတဲ့နောက် အဖွဲ့ငယ်လေးတွေအဖြစ် ပြန်စုစည်းလာတဲ့ ဟာမတ်စ်အဖွဲ့တွေကို အဓိကထားတိုက်တယ်လို့ အစ္စရေးက ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ဂါဇာ‌မြောက်ပိုင်းကို ပိုလို့ တိုက်ခိုက်လာခဲ့တာပါ။ ခုလို ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတဲ့အတွက် ဆိုးဝါးနေပြီးဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှုအတွက် ပိုပြီး ရတက်မအေးစရာ ဖြစ်နေရပါတယ်။

လက်ဘနွန်မှာတော့ အစ္စရေးက ပြီးခဲ့တဲ့လတုန်းက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ သေဆုံးသွားခဲ့တဲ့ ခေါင်းဆောင် ဟာဆန် နာစရဲလား (Hassan Nasrallah) ရဲ့နေရာမှာ ရှိတ်နာအင် ကာဆမ် (Sheikh Naim Kassem) ကို ခေါင်းဆောင်သစ်အဖြစ်အင်္ဂါနေ့မှာ ရွေးချယ်လိုက်ကြတယ်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။ အောင်ပွဲရသည်အထိ နာစရဲလားရဲ့ မူဝါဒတွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ဆိုပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်က ဩစတြေးလျား စစ်သား ၈ ယောက်ဟာ အစ္စရေးက နေ့ခင်းဘက် ဒုံးကျည်နဲ့တိုက်ခိုက်တာကြောင့် အနည်းငယ် အနာတရဖြစ်ခဲ့ကြတယ်လို့ ဩစတြေးလျား ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Michael Bauer က လူမှုစာမျက်နှာ X မှာ ပြောပါတယ်။

ဂါဇာမြောက်ပိုင်း အစ္စရေးတိုက်ခိုက်မှု လူ ၆၀ ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG