သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြောက်ပိုင်း အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ၄၀ နီးပါးသေဆုံး


ဂါဇာ ပဋိပက္ခအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကို သယ်လာတဲ့ ပါလက်စတိုင်းဒေသခံများ။ (June 22, 2024)
ဂါဇာ ပဋိပက္ခအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကို သယ်လာတဲ့ ပါလက်စတိုင်းဒေသခံများ။ (June 22, 2024)

ဂါဇာ အခြေစိုက် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တခုဖြစ်တဲ့ ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဂါဇာစီးတီး အနောက်ဘက်က Shati ဒုက္ခသည်စခန်းမှာ အပျက်အစီးတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွယ်ကယ်ဆယ်ရေး လုပ်ဆောင်နေတယ် ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းမှာ စနေနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းနဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံကို အလောင်း အရေအတွက် ၃ ဒါဇင်ကျော် ရောက်ရှိလာကြောင်း ဂါဇာစီးတီးက အယ်လ်-အဟ်လီ (al-Ahli) ဆေးရုံက ဒါရိုက်တာ Fadel Naem က အေပီသတင်းဌာနကို ပြောပါတယ်။

ဂါဇာ အခြေစိုက် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တခုဖြစ်တဲ့ ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဂါဇာစီးတီး အနောက်ဘက်က Shati ဒုက္ခသည်စခန်းမှာ အပျက်အစီးတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွယ်ကယ်ဆယ်ရေး လုပ်ဆောင်နေတယ် ဆိုပါတယ်။ ဒါ့အပြင် ဂါဇာစီးတီးရဲ့ အရှေ့ဘက်ခြမ်း ရပ်ကွက်တခုမှာလည်း ဗုံးထိမှန်ခဲ့တဲ့ အဆောက်အအုံထဲကနေ ရုပ်အလောင်း ဒါဇင်နဲ့ချီ ဆွဲထုတ်ခဲ့ရတယ် ဆိုပါတယ်။

အစ္စရေးစစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်စစ်စခန်းနှစ်ခုကို တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စနေနေ့မှာ ထုတ်ပြန်ပေမယ့် အသေးစိပ်တော့ ထုတ်မပြောပါဘူး။

ဂါဇာ ဓါးစာခံ ကယ်တင်တဲ့ ထိုးစစ်နဲ့ အရပ်သားသေဆုံးမှု
please wait

No media source currently available

0:00 0:02:42 0:00

ဂါဇာ တောင်တောင်ပိုင်း ရာဖာ မြို့အနီးက ဒုက္ခသည် စခန်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၅၀ ဒဏ်ရာရရှိပြီးနောက် တရက်အကြာမှာ အခုလို လူမြောက်အမြား သေဆုံးရတဲ့ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာတာပါ။

ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒါဟာ လက်ရှိမှာ ပါလက်စတိုင်းတသန်းကျော် ခိုလှုံနေတဲ့ ရာဖာကို ရှင်းလင်းသိမ်းပိုက်နိုင်ဖို့ ဖိအားပေးတိုက်ခိုက်နေတာလို့ အစ္စရေးက စနေနေ့မှာ ပြောပါတယ်။

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း Bekaa တောင်ကြားမှာလည်း စနေနေ့က အစ္စရေးရဲ့ သီးခြားတိုက်ခိုက်မှု အတွင်း သူတို့ရဲ့ အဖွဲ့ဝင် တဦး သေဆုံးခဲ့တယ်လို့ ဟားမတ်စ်နဲ့ နီးစပ်တဲ့ ဆွန်နီမွတ်ဆလင်အဖွဲ့ တခု ဖြစ်တဲ့ al-Jamaa al-Islamiya အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါဟာ ဂါဇာ စစ်ပွဲစတင်ကတည်းက လက်ဘနွန်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ အတွင်း ၇ ယောက်မြောက် သေဆုံးမှု ဖြစ်ပါတယ်။


အစ္စရေး-ဟားမတ်စ်စစ်ပွဲဟာ မနှစ် အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့ပြီး ဟားမတ်စ်ရဲ့ အစ္စရေးတောင်ပိုင်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်မှုအတွင်းမှာ အစ္စရေးဘက်က လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ရသလို လူ ၂၅၀ လောက်ဟာလည်း ဓားစာခံအဖြစ် ဖမ်းခံခဲ့ရပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ အတွင်း ပါလက်စတိုင်း ၃၇,၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တပြိုင်တည်းမှာလည်း အစ္စရေးမှာ ဂါဇာကမ်းမြောင်စစ်ပွဲနဲ့ ဓားစာခံအရေးကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို မကျေမနပ် ဖြစ်မှုတွေ အစ္စရေးနိုင်ငံတဝန်း ကြီးထွားလာနေပါတယ်။ စနေနေ့က သောင်းနဲ့ချီတဲ့ လူထုဟာ တဲလ်အဗစ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးရေးနဲ့ ဓားစာခံတွေ အိမ်ပြန်လာနိုင်ရေး အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG