သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်လေကြောင်းလိုင်း ဆိုင်ဘာတိုက်ခိုက်ခံလို့ ပြည်တွင်းခရီးစဉ်တချို့ ထိခိုက်


ဂျပန်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းတခုဖြစ်တဲ့ JAL ဂျပန်လေကြောင်းလိုင်းက လေယာဥ်တစင်း တိုကျိုနိုင်ငံတကာလေဆိပ်မှာရပ်နားနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
ဂျပန်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းတခုဖြစ်တဲ့ JAL ဂျပန်လေကြောင်းလိုင်းက လေယာဥ်တစင်း တိုကျိုနိုင်ငံတကာလေဆိပ်မှာရပ်နားနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ဂျပန်နိုင်ငံက JAL လေကြောင်းလိုင်းကို ဆိုင်ဘာတိုက်ခိုက်မှုခံရတဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ကြန့်ကြာခဲ့ပါတယ်။

ဒေသစံတော်ချိန်မနက် ၇ နာရီခွဲလောက်မှာ စပြီးတိုက်ခိုက်ခံခဲ့ရပုံရကြောင်းနဲ့ တနာရီလောက်အကြာမှာ ပြဿနာဘာကြောင့်ဖြစ်သလဲဆိုတာသိရှိပြီး ဖြေရှင်းခဲ့တယ်လို့ JAL ကပြောပါတယ်။ ဆိုင်ဘာ တိုက်ခိုက်မှုကြောင့် အသေအချာ အလုပ်မလုပ်တော့တဲ့ Router ကိုပိတ်လိုက်ရတဲ့အတွက် ဒီနေ့ ထွက်မယ့် လေယာဉ်ခရီးစဉ်တွေအတွက် လက်မှတ်အရောင်းတွေကို ရပ်ဆိုင်းထားခဲ့ရတယ်လို့ JAL လေကြောင်းလိုင်းက ပြောပါတယ်။

ဂျပန်နိုင်ငံက နောက်ထပ် အကြီးဆုံး လေကြောင်းလိုင်းကြီးဖြစ်တဲ့ ANA ကတော့ သူတို့စနစ်တွေ တိုက်ခိုက်ခံရတဲ့ လက္ခဏာမတွေ့ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ JAL လေကြောင်းလိုင်းမှာ ပြဿနာ ဖြစ်တဲ့အတွက် ANA ရဲ့ ပြည်တွင်း ခရီးစဉ် ၂၄ ခု ၁ နာရီခွဲလောက် ကြန့်ကြာခဲ့တယ်လို့ ပြောပါတယ်။ လေကြောင်းလိုင်းရဲ့ သေတ္တာတွေအပ်တဲ့စနစ်မှာ ပြဿနာဖြစ်တဲ့အတွက် ဂျပန်လေဆိပ် တော်တော် များများမှာ ပြည်တွင်း ပြည်ပ ခရီးစဉ်တွေ နှောင့်နှေးခဲ့တာကလွဲလို့ ကြီးကြီးကျယ်ကျယ်ဖြစ်တယ်ဆိုတဲ့ သတင်းမရဘူးလို့ ဂျပန်သတင်းဌာန NHK ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG