သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအခြေအနေ မီဒီယာဖော်ပြချက်ထက် ပိုဆိုးကြောင်း ဝန်ကြီး Mattis ပြော


အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ
အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာတွေထက် ပိုပြီးအခြေအနေ ဆိုးတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ သတင်းမီဒီယာကြီးတွေမှာ ဖော်ပြနေတာတွေထက် လက်တွေ့ အခြေအနေဟာ ပိုမိုဆိုးရွားနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှာ ဝန်ကြီး Mattis က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ သံတမန်ရေးနည်းလမ်းနဲ့ အပြင်းအထန် ကြိုးပမ်းနေသလို လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးပေးအပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုတွေကို လိုက်လံရှင်းလင်းတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ အမေရိကန်ကလည်း နောက်ဆက်တွဲ အရေးယူ ဒဏ်ခတ်မှုတွေလည်း ချမှတ်ထားပါတယ်။

ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၆ သိန်းခွဲကျော်အထိ ရှိမယ်လို့လည်း ခန့်မှန်းထားတာပါ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု အဆင့်အထိ ရောက်နေပြီလို့လည်း ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက သတ်မှတ်ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG