သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ နန္းေတာ္ဂိတ္တခုတည္းကေန တပတ္အတြင္း ျပန္လာသူျမန္မာႏွစ္ေထာင္ေက်ာ္ရွိ


တရုတ္-ျမန္မာနယ္စပ္ မူဆယ္ နန္းေတာ္ဂိတ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

အလုပ္မရွိ၊ ဝင္ေငြမရွိတဲ့ တ႐ုတ္နယ္စပ္ၿမိဳ႕ေတြက ျမန္မာေတြကို ေနရပ္ျပန္ဖို႔ တ႐ုတ္အာဏာပိုင္ေတြက ဖိအားေပးၿပီးတဲ့ေနာက္ ရွမ္းျပည္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ကေန ျပည္တြင္းျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသားဟာ တပတ္အတြင္းမွာ ၂၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ အခုရက္ပိုင္းထဲမွာ ျပန္လာတဲ့သူက ပိုမ်ားလာတဲ့အတြက္ ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီး လူဦးေရကန႔္သတ္ လႊတ္ေပးေနရေၾကာင္း မူဆယ္ၿမိဳ႕တာဝန္ရွိသူက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုေအာင္ျမတ္သူေျပာျပမွာပါ။

ေနထိုင္ခြင့္သက္တမ္းမရွိ၊ အလုပ္အကိုင္မရွိေတာ့တဲ့ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔မယ္လို႔ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ အာဏာပိုင္ေတြက ေၾကညာခဲ့ၿပီးေနာက္ ျပည္တြင္းျပန္လာတဲ့သူ တျဖည္းျဖည္း မ်ားလာပါတယ္။ ကပ္ေရာဂါကာလမို႔ ျမန္မာႏိုင္ငံသားေတြကို စနစ္က် ျပန္ပို႔ေပးဖို႔ ႏွစ္ႏိုင္ငံညႇိႏႈိင္းခဲ့ၿပီးေနာက္ မူဆယ္နန္းေတာ္ေပါက္ကေန ျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသားက တပတ္အတြင္းမွာ ၂၀၀၀ ေက်ာ္ရွိလာပါတယ္။

မူဆယ္ၿမိဳ႕က ကပ္ေရာဂါေၾကာင့္ အိမ္တြင္းေနအမိန႔္ ထုတ္ျပန္ထားတဲ့ ေဒသျဖစ္တာမို႔ လူစုလူေဝးမျဖစ္ေအာင္ ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီး အခ်ိန္အကန႔္အသတ္နဲ႔ လက္ခံေဆာင္႐ြက္ရေၾကာင္း မူဆယ္ဒုခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးဥကၠာက ဗြီအိုေအကို ေျပာပါတယ္။

“ ၂၆ ရက္က ၄၇ ေယာက္၊ ေနာက္ပိုင္းက ရာေက်ာ္ေတြ ၂၀၀ ေက်ာ္၊ ၃၀၀ ေက်ာ္၊ မေန႔ကဆို ၅၀၀ ေက်ာ္။ အားလုံး ဒီေန႔နဲ႔ဆို ၂၀၀၀ ေက်ာ္သြားမွာေပါ့။ ျပန္လာတဲ့ က်ေနာ္တို႔ႏိုင္ငံသားေတြမ်ားေတာ့ မေန႔ကဆို ညေန ၄နာရီေက်ာ္ေလာက္အထိကို လက္ခံေပးခဲ့ရတယ္။ လူဦးေရေပါင္း ၅၀၀ ေက်ာ္ကို။”

နန္းေတာ္ဂိတ္နဲ႔ ေဝးတဲ့ေဒသေတြမွာ တရားမဝင္ နယ္စပ္ေပါက္ေတြကေန တ႐ုတ္အာဏာပိုင္ေတြက ျပန္လႊတ္ေနတာေတြလည္း ရွိပါတယ္။ ဒါေတြကိုလည္း ဆက္ၿပီးမလုပ္ဖို႔ ျမန္မာဘက္က ညႇိႏႈိင္းထားတယ္လို႔ဆိုပါတယ္။

“ တရားမဝင္ေပါက္ေတြကေန ျပန္လႊတ္တာေတြကေတာ့ အမ်ားႀကီးမရွိပါဘူး၊ ရွိလာခဲ့ရင္လည္း က်ေနာ္တို႔က ေအာက္ေျခအဆင့္ ေဒသအာဏာပိုင္ေတြနဲ႔ ခ်က္ခ်င္းကန႔္ကြက္တာေပါ့ေနာ္။ ဒါမ်ိဳးမလုပ္ပါနဲ႔ ႏွစ္ဘက္ႏွစ္ႏိုင္ငံအေနနဲ႔ ကိုဗစ္ထိန္းခ်ဳပ္ေရးကို ေဆာင္႐ြက္ေနတဲ့ကာလမို႔ ညႇိႏႈိင္းၿပီး ေဆာင္႐ြက္သင့္တယ္၊ ႏွစ္ႏိုင္ငံ သေဘာတူထားတဲ့အတိုင္းပဲ တရားဝင္ဂိတ္ေတြကေန ျပန္လည္ဝင္ေရာက္သင့္တယ္လို႔ က်ေနာ္တို႔က ကန႔္ကြက္တာေပါ့။”

လက္ရွိမွာ ဦးစားေပးအေနနဲ႔ တ႐ုတ္က်ယ္ေဂါင္ၿမိဳ႕က ျမန္မာေတြကို ျပန္ခြင့္ေပးေနတာျဖစ္ၿပီး၊ ေ႐ႊလီၿမိဳ႕က ျမန္မာေတြကေတာ့ ဒုတိယဦးစားေပး ျဖစ္ပါတယ္။ ဝမ္တိန္ၿမိဳ႕က ျမန္မာေတြကေတာ့ လာမယ့္တပတ္မွာ ပန္ဆိုင္းဂိတ္ကေန ျပန္ခြင့္ရဖို႔ ႏွစ္ႏိုင္ငံညႇိႏႈိင္းထားၾကတာပါ။ ဒီအေျခအေနကို မူဆယ္ၿမိဳ႕ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးအပ္ေရး ကြန္ရက္တာဝန္ခံ ကိုေဌးက ေျပာျပပါတယ္။

“ အခုျပႆနာက ဘာလဲဆိုေတာ့ ေ႐ႊလီ၊ မန္စီဘက္မွာလည္း ကြာရန္တင္းစခန္းေတြက ကိုယ့္ႏိုင္ငံသားေတြက အရမ္းမ်ားတယ္၊ အရမ္းမ်ားေတာ့ တခါတည္း ျပန္လႊတ္မယ္ဆိုရင္ တ႐ုတ္က်ယ္ေဂါင္ထဲမွာလည္း အရမ္းလူေတြ က်ပ္တည္းသြားမယ္၊ မူဆယ္မွာလည္း က်ပ္တည္းသြားမယ္ဆို က်ေနာ္တို႔က တရက္ကို လူဦးေရ ၄၀၀ ဝန္းက်င္ေလာက္ေပါ့ေနာ္ လုပ္ေပးႏိုင္တဲ့ အေနအထား ရွိတာေပါ့။ အဲဒီေတာ့ တ႐ုတ္ကလည္း ၄၀၀ ေလာက္ထိန္းၿပီးလႊတ္မယ္လို႔ ေမွ်ာ္လင့္တာေပါ့ေနာ္။ ဟိုေန႔ကဆို ၅၀၀ ေက်ာ္သြားတယ္။”

က်ယ္ေဂါင္နဲ႔ ေ႐ႊလီၿမိဳ႕က ျပန္လာမယ့္ျမန္မာေတြက ၁၀၀၀၀၀ ဝန္းက်င္မွာရွိလိမ့္မယ္လို႔ လူမႈကူညီေရး အဖြဲ႕ေတြက ခန႔္မွန္းထားပါတယ္။ တ႐ုတ္ျပည္ကေန မူဆယ္ျပန္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ေနရပ္ျပန္ဖို႔ သြားေရးလာေရး အခက္အခဲရွိပါတယ္။ ဒါေတြကို လူမႈကူညီေရးအဖြဲ႕ေတြကပဲ တာဝန္ယူလုပ္ေပးေနရၿပီး သူတို႔စားေသာက္ဖို႔အတြက္ပါ စီစဥ္ေပးထားေၾကာင္း မူဆယ္က ေဒသခံလုပ္ငန္းရွင္ေတြက ဗြီအိုေအကို ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္းကိုဗစ္ေရာဂါပိုးကူးစက္မႈေတြတိုးလာတာေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္း ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမားေတြကတဆင့္ တ႐ုတ္ႏိုင္ငံတြင္း ကိုဗစ္ပိုး ပိုျပန္ႏွံလာမွာ တ႐ုတ္အာဏာပိုင္ေတြကစိုးရိမ္ေနပါတယ္။ ဒီလို နယ္စပ္တင္းၾကပ္မႈေတြလုပ္ေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံတြင္း Delta ကိုဗစ္မ်ိဳးကြဲကူးစက္မႈေတြလည္း တေက်ာ့ျပန္ ျပန္ျဖစ္ေနပါတယ္။

.............................................................................................

မူဆယ် နန်းတော်ဂိတ်တခုတည်းကနေ တပတ်အတွင်း ပြန်လာသူမြန်မာနှစ်ထောင်ကျော်ရှိ

အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ တရုတ်နယ်စပ်မြို့တွေက မြန်မာတွေကို နေရပ်ပြန်ဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ကနေ ပြည်တွင်းပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားဟာ တပတ်အတွင်းမှာ ၂၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ အခုရက်ပိုင်းထဲမှာ ပြန်လာတဲ့သူက ပိုများလာတဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းပြီး လူဦးရေကန့်သတ် လွှတ်ပေးနေရကြောင်း မူဆယ်မြို့တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူပြောပြမှာပါ။

နေထိုင်ခွင့်သက်တမ်းမရှိ၊ အလုပ်အကိုင်မရှိတော့တဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မြို့ အာဏာပိုင်တွေက ကြေညာခဲ့ပြီးနောက် ပြည်တွင်းပြန်လာတဲ့သူ တဖြည်းဖြည်း များလာပါတယ်။ ကပ်ရောဂါကာလမို့ မြန်မာနိုင်ငံသားတွေကို စနစ်ကျ ပြန်ပို့ပေးဖို့ နှစ်နိုင်ငံညှိနှိုင်းခဲ့ပြီးနောက် မူဆယ်နန်းတော်ပေါက်ကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားက တပတ်အတွင်းမှာ ၂၀၀၀ ကျော်ရှိလာပါတယ်။

မူဆယ်မြို့က ကပ်ရောဂါကြောင့် အိမ်တွင်းနေအမိန့် ထုတ်ပြန်ထားတဲ့ ဒေသဖြစ်တာမို့ လူစုလူဝေးမဖြစ်အောင် နှစ်နိုင်ငံညှိနှိုင်းပြီး အချိန်အကန့်အသတ်နဲ့ လက်ခံဆောင်ရွက်ရကြောင်း မူဆယ်ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ဗွီအိုအေကို ပြောပါတယ်။

“ ၂၆ ရက်က ၄၇ ယောက်၊ နောက်ပိုင်းက ရာကျော်တွေ ၂၀၀ ကျော်၊ ၃၀၀ ကျော်၊ မနေ့ကဆို ၅၀၀ ကျော်။ အားလုံး ဒီနေ့နဲ့ဆို ၂၀၀၀ ကျော်သွားမှာပေါ့။ ပြန်လာတဲ့ ကျနော်တို့နိုင်ငံသားတွေများတော့ မနေ့ကဆို ညနေ ၄နာရီကျော်လောက်အထိကို လက်ခံပေးခဲ့ရတယ်။ လူဦးရေပေါင်း ၅၀၀ ကျော်ကို။”

နန်းတော်ဂိတ်နဲ့ ဝေးတဲ့ဒေသတွေမှာ တရားမဝင် နယ်စပ်ပေါက်တွေကနေ တရုတ်အာဏာပိုင်တွေက ပြန်လွှတ်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း ဆက်ပြီးမလုပ်ဖို့ မြန်မာဘက်က ညှိနှိုင်းထားတယ်လို့ဆိုပါတယ်။

“ တရားမဝင်ပေါက်တွေကနေ ပြန်လွှတ်တာတွေကတော့ အများကြီးမရှိပါဘူး၊ ရှိလာခဲ့ရင်လည်း ကျနော်တို့က အောက်ခြေအဆင့် ဒေသအာဏာပိုင်တွေနဲ့ ချက်ချင်းကန့်ကွက်တာပေါ့နော်။ ဒါမျိုးမလုပ်ပါနဲ့ နှစ်ဘက်နှစ်နိုင်ငံအနေနဲ့ ကိုဗစ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ကာလမို့ ညှိနှိုင်းပြီး ဆောင်ရွက်သင့်တယ်၊ နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်းပဲ တရားဝင်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်သင့်တယ်လို့ ကျနော်တို့က ကန့်ကွက်တာပေါ့။”

လက်ရှိမှာ ဦးစားပေးအနေနဲ့ တရုတ်ကျယ်ဂေါင်မြို့က မြန်မာတွေကို ပြန်ခွင့်ပေးနေတာဖြစ်ပြီး၊ ရွှေလီမြို့က မြန်မာတွေကတော့ ဒုတိယဦးစားပေး ဖြစ်ပါတယ်။ ဝမ်တိန်မြို့က မြန်မာတွေကတော့ လာမယ့်တပတ်မှာ ပန်ဆိုင်းဂိတ်ကနေ ပြန်ခွင့်ရဖို့ နှစ်နိုင်ငံညှိနှိုင်းထားကြတာပါ။ ဒီအခြေအနေကို မူဆယ်မြို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက်တာဝန်ခံ ကိုဌေးက ပြောပြပါတယ်။

“ အခုပြဿနာက ဘာလဲဆိုတော့ ရွှေလီ၊ မန်စီဘက်မှာလည်း ကွာရန်တင်းစခန်းတွေက ကိုယ့်နိုင်ငံသားတွေက အရမ်းများတယ်၊ အရမ်းများတော့ တခါတည်း ပြန်လွှတ်မယ်ဆိုရင် တရုတ်ကျယ်ဂေါင်ထဲမှာလည်း အရမ်းလူတွေ ကျပ်တည်းသွားမယ်၊ မူဆယ်မှာလည်း ကျပ်တည်းသွားမယ်ဆို ကျနော်တို့က တရက်ကို လူဦးရေ ၄၀၀ ဝန်းကျင်လောက်ပေါ့နော် လုပ်ပေးနိုင်တဲ့ အနေအထား ရှိတာပေါ့။ အဲဒီတော့ တရုတ်ကလည်း ၄၀၀ လောက်ထိန်းပြီးလွှတ်မယ်လို့ မျှော်လင့်တာပေါ့နော်။ ဟိုနေ့ကဆို ၅၀၀ ကျော်သွားတယ်။”

ကျယ်ဂေါင်နဲ့ ရွှေလီမြို့က ပြန်လာမယ့်မြန်မာတွေက ၁၀၀၀၀၀ ဝန်းကျင်မှာရှိလိမ့်မယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ တရုတ်ပြည်ကနေ မူဆယ်ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ဖို့ သွားရေးလာရေး အခက်အခဲရှိပါတယ်။ ဒါတွေကို လူမှုကူညီရေးအဖွဲ့တွေကပဲ တာဝန်ယူလုပ်ပေးနေရပြီး သူတို့စားသောက်ဖို့အတွက်ပါ စီစဉ်ပေးထားကြောင်း မူဆယ်က ဒေသခံလုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံတွင်းကိုဗစ်ရောဂါပိုးကူးစက်မှုတွေတိုးလာတာကြောင့် တရုတ်နိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေကတဆင့် တရုတ်နိုင်ငံတွင်း ကိုဗစ်ပိုး ပိုပြန်နှံလာမှာ တရုတ်အာဏာပိုင်တွေကစိုးရိမ်နေပါတယ်။ ဒီလို နယ်စပ်တင်းကြပ်မှုတွေလုပ်နေချိန်မှာပဲ တရုတ်နိုင်ငံတွင်း Delta ကိုဗစ်မျိုးကွဲကူးစက်မှုတွေလည်း တကျော့ပြန် ပြန်ဖြစ်နေပါတယ်။

China Myanmar Border
please wait

No media source currently available

0:00 0:03:13 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG