သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီဆိုင်ရာ ကန်အထူးသံတမန်ဂျွန်ကယ်ရီ ရာထူးမှနုတ်ထွက်မည်


အမေရိကန်ရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန် - John Kerry (ဒီဇင်ဘာ ၆၊ ၂၀၂၃)
အမေရိကန်ရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန် - John Kerry (ဒီဇင်ဘာ ၆၊ ၂၀၂၃)

အမေရိကန်နိုင်ငံရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန်အဖြစ်ကနေ လာမယ့် ရက်သတ္တပတ်တွေ မှာ မစ္စတာဂျွန်ကယ်ရီ နုတ်ထွက်တော့မယ်လို့ သူ့အစီအစဥ်ကို သိသူနှစ်ယောက်က အေပီ သတင်းဌာနကို ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်ပြီး သိပ်မကြာမီမှာပဲ အမေရိကန်အစိုးရကို နိုင်ငံတကာမှာကိုယ်စားပြုပြီး ဥတုရာသီအပြောင်းအလဲ တိုက်ဖျက်ရေးကိုဆောင်ရွက်နိုင်ဖို့ သမ္မတဘိုင်ဒန်က မစ္စတာဂျွန်ကယ်ရီကို ခန့်ထားခဲ့တာဖြစ်ပါတယ်။

မစ္စတာကယ်ရီ ခုလို ထွက်မယ့်သတင်းကို စနေနေ့က ပထမဆုံးတင်ပြခဲ့တာကတော့ Axios အင်တာနက် သတင်းစာမျက်နှာဖြစ်ပါတယ်။ မစ္စတာဂျွန်ကယ်ရီဟာ ဥတုရာသီဆိုင်ရာ ၂၀၁၅ ပါရီ သဘောတူညီချက်မူကြမ်းကို ရေးဆွဲခဲ့ကြသူတွေထဲကတဦးဖြစ်ပြီး သမ္မတအိုဘားမားလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မီတီဝင်အဖြစ် နှစ်ပေါင်း ၃၀ နီးနီး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဥတုရာသီအကျပ်အတည်းဟာ ကမ္ဘာတဝှမ်း လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ မြန်နိုင်သမျှအမြန်ဆုံး ဒါကိုကိုင်တွယ်ကြဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့နွေရာသီမှာ ဒုတိယသမ္မတဟန်ကျင်း (Han Zheng) နဲ့ ဥတုရာသီဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ရှိနေစဥ် ဂျွန်ကယ်ရီက ပြောခဲ့ဖူးပါတယ်။

ဥတုရာသီဆိုင်ရာ ကန်အထူးသံတမန်ဂျွန်ကယ်ရီ ရာထူးမှနုတ်ထွက်မည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG