[[Zawgyi/Unicode]]
အေမရိကန္သမၼတ Joe Biden ဟာ သမၼတတာဝန္ သက္တမ္းတဝက္ျဖစ္တဲ့ အေရးႀကီးလွတဲ့ ၂ ႏွစ္ျပည့္ေျမာက္ခ်ိန္မွာ ဒုတိယအႀကိမ္ႏိုင္ငံေတာ္ အေျချပမိန႔္ခြန္းေျပာၾကားမွာျဖစ္ပါတယ္။ အေမရိကန္ျပည္သူအေတာ္မ်ားမ်ားကေတာ့ သမၼတဘိုင္ဒန္အေနနဲ႔ လက္ရွိခ်ိန္ထိ ေအာင္ျမင္စြာလုပ္ကုိင္ႏုိင္တာအနည္းငယ္ပဲရွိတယ္လို႔ယုံၾကည္ေနၾကပါတယ္။
သမၼတဘိုင္ဒန္ကလည္း သူ႔ရဲ ႔ေအာင္ျမင္မႈေတြကို ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းမွာ ကာကြယ္ေျပာဆိုဖို႔ ျပင္ဆင္ထားပါတယ္။ ဝါရွင္တန္ပို႔စ္နဲ႔ ABC သတင္းဌာနက ေကာက္ယူထားတဲ့လူထုသေဘာထား စစ္တမ္းေတြမွာေတာ့ ရာထူးသက္တမ္း ၂ ႏွစ္ အတြင္း သမၼတဘိုင္ဒန္ သိပ္ၿပီးေအာင္ျမင္ေအာင္ မေဆာင္ရြက္ႏုိင္ဘူးလို႔ေျဖဆိုသူက ၆၂ ရာခိုင္ႏႈန္းရွိေနပါတယ္။ တခ်ိန္တည္းမွာပဲ သမၼတဘုိင္ဒန္ကေတာ့ သူ႔လက္ထက္မွာ အလုပ္အကုိင္သစ္ ေထာင္ေပါင္းမ်ားစြာဖန္တီးႏုိင္ခဲ့တာ၊ ဥတုရာသီ ေဖာက္ျပန္မႈတားဆီးေရး ဥပေဒေတြျပဌာန္းႏိုင္ခဲ့တာနဲ႔ ႏုိင္ငံတြင္း ပ်က္စီးယိုယြင္းလာေနတဲ့ လမ္းတံတားျပဳျပင္ေရး ဘ႑ာေငြခ်ေပးႏုိင္ခဲ့တာေတြအျပင္ ယူကရိန္းကိုက်ဴးေက်ာ္တုိက္ခိုက္ေနတဲ့ ရုရွားကို သူ႔ဦးေဆာင္မႈနဲ႔ အေနာက္ႏုိင္ငံေတြ စည္းလုံးညီညႊတ္စြာတန္ျပန္တုိက္ခိုက္ေနတာကို မၾကာခဏ ထည့္သြင္းေျပာဆိုေလ့ရွိပါတယ္။
၂၀၂၄ ခုႏွစ္ သမၼတေရြးေကာက္ပြဲမွာ ျပန္လည္အေရြးခံမယ့္ အသက္ ၈၀ အရြယ္သမၼတဘုိင္ဒန္အတြက္ မဲဆြယ္စည္းရုံးေရးလုပ္ဖို႔ နီးကပ္လာခိ်န္မွာပဲ လႊတ္ေတာ္ႏွစ္ရပ္ေရွ႕ေမွာက္ေျပာၾကားမယ့္ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းဟာ လူထုကို သိမ္းသြင္းႏုိ္င္မယ့္ အခြင့္အေရးလည္းျဖစ္ပါတယ္။
============
[[Unicode]]
သမ္မတဘိုင်ဒန် ဒုတိယအကြိမ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်
အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတတာဝန် သက်တမ်းတဝက်ဖြစ်တဲ့ အရေးကြီးလှတဲ့ ၂ နှစ်ပြည့်မြောက်ချိန်မှာ ဒုတိယအကြိမ်နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ အမေရိကန်ပြည်သူအတော်များများကတော့ သမ္မတဘိုင်ဒန်အနေနဲ့ လက်ရှိချိန်ထိ အောင်မြင်စွာလုပ်ကိုင်နိုင်တာအနည်းငယ်ပဲရှိတယ်လို့ယုံကြည်နေကြပါတယ်။
သမ္မတဘိုင်ဒန်ကလည်း သူ့ရဲ့အောင်မြင်မှုတွေကို နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ကာကွယ်ပြောဆိုဖို့ ပြင်ဆင်ထားပါတယ်။ ဝါရှင်တန်ပို့စ်နဲ့ ABC သတင်းဌာနက ကောက်ယူထားတဲ့လူထုသဘောထား စစ်တမ်းတွေမှာတော့ ရာထူးသက်တမ်း ၂ နှစ် အတွင်း သမ္မတဘိုင်ဒန် သိပ်ပြီးအောင်မြင်အောင် မဆောင်ရွက်နိုင်ဘူးလို့ဖြေဆိုသူက ၆၂ ရာခိုင်နှုန်းရှိနေပါတယ်။ တချိန်တည်းမှာပဲ သမ္မတဘိုင်ဒန်ကတော့ သူ့လက်ထက်မှာ အလုပ်အကိုင်သစ် ထောင်ပေါင်းများစွာဖန်တီးနိုင်ခဲ့တာ၊ ဥတုရာသီ ဖောက်ပြန်မှုတားဆီးရေး ဥပဒေတွေပြဌာန်းနိုင်ခဲ့တာနဲ့ နိုင်ငံတွင်း ပျက်စီးယိုယွင်းလာနေတဲ့ လမ်းတံတားပြုပြင်ရေး ဘဏ္ဍာငွေချပေးနိုင်ခဲ့တာတွေအပြင် ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို သူ့ဦးဆောင်မှုနဲ့ အနောက်နိုင်ငံတွေ စည်းလုံးညီညွှတ်စွာတန်ပြန်တိုက်ခိုက်နေတာကို မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ့် အသက် ၈၀ အရွယ်သမ္မတဘိုင်ဒန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ဖို့ နီးကပ်လာချိန်မှာပဲ လွှတ်တော်နှစ်ရပ်ရှေ့မှောက်ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ လူထုကို သိမ်းသွင်းနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။