သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးကြောင့် မြဝတီဒေသခံတချို့နေရပ်ရှောင် 


 သောင်ရင်းမြစ်အနီးက စစ်ဘေးရှောင်စခန်းကိုရောက်ရှိလာသူများ၊ (ဓာတ်ပုံ-CJ/မတ်လ ၁၁၊ ၂၀၂၄)
သောင်ရင်းမြစ်အနီးက စစ်ဘေးရှောင်စခန်းကိုရောက်ရှိလာသူများ၊ (ဓာတ်ပုံ-CJ/မတ်လ ၁၁၊ ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူးပေါင်းတပ်တွေကြား မတ်လ ၇ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ မတ်လ ၁၁ ရက်နေ့ညထိ ပြင်းထန်ခဲ့ပါတယ်။ နေ့စဉ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကိုထွက်ပြေးနေရသလို နယ်စပ် သောင်ရင်းမြစ်ဘေးက စစ်ဘေးရှောင်နေရာကိုလည်း ခိုလှုံသူတွေ တိုးလာနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေက မတ်လ ၇ ရက်နေ့က စတင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ညထိ ဆက်တိုက် ဖြစ်နေတာပါ။ မတ်လ ၁၁ ရက်နေ့ညကတော့ ဖလူးဘက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး သောင်ရင်းမြစ်တလျှောက်က စစ်ဘေးရှောင်စခန်းရှိတဲ့နေရာကို ကလေးသူငယ်တွေ၊ အမျိုးသမီးစစ်ဘေးရှောင်တွေ ရောက်ရှိလာကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးကပြောပြပါတယ်။

"သင်္ကန်းညီနောင်တိုက်ပွဲအခြေအနေတွေကြောင့် နောက်ဆက်တွဲအဖြစ် မြဝတီခရိုင်ထဲက အနီးအနားရွာတွေကနေ စစ်ဘေးရှောင်လာကြတယ်။ ဒီနေ့ဆိုရင် သောင်ရင်းမြစ်ကမ်းနဖူးနားကို လူအင်အား အိမ်ထောင်စုပေါင်း ၁၁၀ ကျော် လူ ၄၀၀ လောက် ဒီနေ့မှာပဲ စစ်ရှောင်လာကြပါတယ်။"

တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူ ၃ ထောင်ကျော်ရှိနေပြီး နီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

"အဲဒီဘက်မှာအတော်ဆိုးတယ်။ တိုက်ပွဲလည်း ဖြစ်နေတယ်။ တချို့ရွာတွေဆို အတော်လေးလည်းပျက်စီးကုန်ပြီ။ လေယာဉ်နဲ့လည်းဗုံးကြဲတာတွေရှိတယ်။ ထိုးစစ်တွေလည်းအပြန်အလှန်ဖြစ်တယ်။ စစ်အင်အားကလည်း ဟိုဘက်ဒီဘက် အပြန်အလှန်ဖြည့်တင်းနေကြတယ်။ တိုက်ပွဲတွေကလည်း အခုထိ ဆက်ဖြစ်နေတုန်းပဲ။ အခုရက်ပိုင်းအတွင်းဖြစ်တဲ့ သင်္ကန်းညီနောင်ဘက်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူ ထောင်ကျော်လောက် ထွက်ပြေးနေရတယ်။"

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ဖလူးစခန်းကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းရပေမယ့် အတည်ပြုနိုင်ဖို့ ဆက်သွယ်လို့မရသေးပါဘူး။ ဒီရက်ပိုင်းမှာပဲ ခမရ ၃၅၅ တပ်ရင်းနဲ့ သင်္ကန်းညီနောင်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG