သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံများ ထပ်မံထွက်ပြေး


လေးကေ့ကော်မြို့သစ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူ ဒေသခံ ကရင်တိုင်းရင်းသားများ။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၁။ ဓာတ်ပုံ-SAW)
လေးကေ့ကော်မြို့သစ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူ ဒေသခံ ကရင်တိုင်းရင်းသားများ။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၁။ ဓာတ်ပုံ-SAW)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ မလှမ်းမကမ်း နေရာတွေကို မြန်မာစစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ ဒီကနေ့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့အကြား လေးကေ့ကော်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြပြီးဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ ဘေးလွတ်ရာကို ရှောင်ပုန်းနေရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီ ရှိနေတာပါ။

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေထဲက တချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားနေကြပြီလို့ ထိုင်းစစ်တပ်က ပြောတာကို ကိုးကားပြီး Bangkok Post သတင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့ တဖက်ခြမ်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းက မဲဆောက်မြို့ကို ကရင်တိုင်းရင်းသား စစ်ဘေးရှောင် ၂,၆၇၆ ဦး ထွက်ပြေးလာခဲ့ကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို ထိုင်းနိုင်ငံအတွင်းက စာသင်ကျောင်းမှာ ထိုင်းစစ်တပ်နဲ့ နယ်ခြားလုံခြုံရေးအဖွဲ့တွေက စာနာမှု အကူအညီတွေ ပေးထားတယ်လို့လည်း ထိုင်းစစ်တပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ရေးပါတယ်။ မြန်မာနိုင်ငံဘက်အခြမ်းမှာ တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် အရှိန်လျော့သွားတာကြောင့် သူတို့အနေနဲ့ နေရပ်ကို ပြန်လိုကြောင်း စစ်ဘေးရှောင်တွေဘက်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ဒုက္ခသည် တနေ့ကို ၁၀၀ ကနေ ၂၀၀ အကြား မြန်မာနိုင်ငံဘက်ကို ပြန်နိုင်အောင် ထိုင်းလုံခြုံရေးအဖွဲ့တွေဘက်က စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG