သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kavanaugh ရာထူးအတည်ပြုနိုင်ရေး ရီပတ်ဘလီကန်တွေ မျှော်လင့်ဆဲ


Kavanaugh
Kavanaugh

အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အမည်စာရင်းတင်သွင်းထားတဲ့ Brett Kavanaugh ကို အတည်ပြုခန့်ထားရေးအပေါ် အကောင်းမြင် မျှော်လင့်ချက် ရှိနေတာကိုရော စိတ်မရှည်တော့တာကိုပါ အထက် လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်တွေ ကြာသပတေးနေ့က ပြောဆိုကြပါတယ်။

Kavanaugh အပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ FBI က စုံစမ်းစစ်ဆေးပြီး တင်ပြတဲ့ အစီရင်ခံစာမှာ စွပ်စွဲချက်တွေ မှန်ကန် တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ရီပတ်ဘလီကန် ခေါင်းဆောင်တွေက ပြောပါတယ်။

အထက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ Chuck Grassley က “တရားရုံးချုပ်မှာ တရားသူကြီးအသစ်တဦး ရလာဖို့ ၄၈ နာရီပဲ လိုတော့တယ်လို့ မျှော်လင့်ရပါတယ်” ဆိုပြီး ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

Utah ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Orrin Hatch ကလည်း “သူ့ကို ချက်ခြင်း အတည်ပြု ခန့်အပ်ဖို့ လိုပါတယ်၊ ပုဂ္ဂိုလ်ရေး အခြေအမြစ်မဲ့ ဖျက်လိုဖျက်ဆီးလုပ်တဲ့ နိုင်ငံရေးမျိုးအတွက် ဒီမှာ နေရာမရှိပါဘူး” လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက် အထက်လွှတ်တော်အမတ်တွေကတော့ တရားသူကြီး Kavanaugh ကို ကန့်ကွက်မဲပေးဖို့ အခိုင်အမာ စုစည်းထားကြပြီးဖြစ်ပါတယ်။

ခန့်အပ်ရေးကိစ္စ အတည်ပြု မပြုဆိုတာ အထက်လွှတ်တော်တခုလုံးမှာ စနေနေ့ကျရင် မဲခွဲဆုံးဖြတ်မှာပါ။ အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ် ၅၁ ဦးနဲ့ ဒီမိုကရက်အမတ်က ၄၉ ဦးရှိပြီး အတည်ပြုဖို့ဆိုရင် ရီပတ်ဘလီကန်ဘက်မှာ ထောက်ခံမဲ အရေအတွက် အနည်းဆုံး ၅၀ လိုပါတယ်။ မဲအရေအတွက် တူနေတယ်ဆိုရင် ဒုသမ္မတ Mike Pence က ရီပတ်ဘလီကန်ဘက် ကနေ ထောက်ခံမဲပေးပြီး အတည်ပြုနိုင်မှာပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG