သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္တကၠသုိလ္ေက်ာင္းထဲ စစ္တပ္ခ်ထားမႈ ေဒသခံေက်ာင္းသားေတြ ကန္႔ကြက္


ကယားျပည္နယ္က ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူမ်ား ( Photo: ကယားျပည္နယ္ ေက်ာင္းသားမ်ားသမဂၢ)

[ ZawGyi / Unicode ]

ကယားျပည္နယ္က လိြဳင္ေကာ္တကၠသုိလ္ထဲမွာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ တပ္ဖဲြ၀င္ေတြ တပ္စဲြတာကို ့ေဒသခံေက်ာင္းသားသမဂၢေတြက ကန့္ကြက္ခဲ့ပါတယ္။ ဒီအေၾကာင္း VOA သတင္းေထာက္ မေအးေအးမာက ေျပာျပမွာပါ။

ကယားျပည္နယ္မွာ မတ္လ ၆ရက္ေန့က လိြဳင္ေကာ္တကၠသိုလ္ထဲမွာ ရဲတပ္ဖဲြေတြ ၀င္ေရာက္တပ္စဲြတာကို ေဒသခံ ေက်ာင္းသားသမဂၢေတြက ကန့္ကြက္ခဲ့ႀကတာေႀကာင့္ စခန္းခ် တပ္စဲြတာေတြ မလုပ္ေတာ့ပဲ ျပန္ဆုတ္ခြါ သြားႀကတယ္လို့ လိြဳင္ေကာ္ျမိဳ ့ဆႏၵျပလွဳပ္ရွားရာမွာ ေခါင္းေဆာင္တဦးလည္းျဖစ္တဲ့ ဗကသေခါင္းေဆာင္ေဟာင္း ကုိေကာင္းထက္ေက်ာ္က ေျပာျပပါတယ္။

"သူတို့က တကၠသိုလ္၀င္းထဲမွာ လံုျခံုေရးခ်ျပိီးတဲ့ေနာက္ က်ေနာ္တို့ ကယားျပည္နယ္ေက်ာင္းသာသမဂၢနဲ့ လူထုက လက္မခံခဲ့ဘူး။ လက္မခံတဲ့အတြက္ သူတို့က ေနာက္ေတာ့ျပန္ဆုတ္သြားတယ္။ လိြဳင္ေကာ္တကၠသိုလ္ ေက်ာင္းသားသမဂၢနဲ့ ကယားျပည္နယ္ ေက်ာင္းသားသမဂၢတုိ့က ဦးေဆာင္ျပီး ဒါကို လက္မခံဘူး။ တကၠသိုလ္ဆုိတာ က်ေနာ္တို့ ေက်ာင္းသားေက်ာင္းသူေတြရဲ ့နယ္ေျမျဖစ္တယ္၊ ေအာင္ေျမျဖစ္တယ္။ ဒီေပၚမွာ လူသတ္ေနတဲ့ စစ္အုပ္စုရဲ႕ ့ေဒါက္တုိင္ေတြ စခန္းခ်တာကို လက္မခံဘူး။ လူထုနဲ့ေက်ာင္းသားသမဂၢေတြက ၀ိုင္း၀န္းဆႏၵျပတဲ့အခါမွာ သူတို့ စခန္းခ်မူကို ျပန္ဆုတ္သြားတယ္။"

ကယားျပည္နယ္မွာ မတ္လ ၆ ရက္ေန့အထိ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM)မွာ ပါ၀င္တဲ့ ရဲတပ္ဖဲြ၀င္အင္အား ၁၅၀ ေက်ာ္ ရွိသြာျပီျဖစ္တဲ့အေႀကာင္းကုိလည္း ကုိေကာင္းထက္ေက်ာ္က ဆက္ေျပာျပပါတယ္။

" ထူးျခားခ်က္ကေတာ့ အဲဒီ လံုျခံုေရးခ်တဲ့ရဲေတြထဲက တေယာက္က CDM လုပ္တယ္။ ဆိုေတာ့ ကယားျပည္နယ္မွာ ဒီကေန့ လက္ရွိခ်ိန္ထိ ၁၅၁ ေယာက္ ျဖစ္သြားျပီ။ ဒိီေန့ အတည္ျပဳႏိုင္တာ CDM လုပ္တဲ့ရဲ စာရင္းက ၁၅၁ ေယာက္ ျဖစ္သြားျပီေပါ့။ "

ကယားျပည္နယ္တခုလံုးမွာ စစ္အာဏာရွင္ဆန့္က်င္ေရး ဆႏၵျပလွုပ္ရွားေနရာမွာေတာ့ ျမိဳ႕မိျမိဳ႕ဖကတဖဲြ ့၊ လူထုလွဳပ္ရွားမူ သပိတ္ေကာ္မတီက တဖဲြ ့ ၂ဖဲြ ရွိခဲ့ၿပီး၊ မတ္လ ၆ ရက္ေန့မွာေတာ့ ၂ဖဲြလံုးစုစည္းခဲ့ျပီးေနာက္ ကယားျပည္နယ္မွာ တခုတည္းေသာ သပိတ္ေကာ္မတီအျဖစ္ လွဳပ္ရွားမူေတြလုပ္ဖို့ ဆံုးျဖတ္ခဲ့ၾကတယ္လို့ သိရပါတယ္။ ကယားျပည္နယ္ဟာ ရဲတပ္ဖဲြ၀င္ေတြအမ်ားဆံုး CDM (အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ) လုပ္ေနတဲ့ ျပည္နယ္လည္း ျဖစ္ပါတယ္ရွင္။

= = = = = = = =

ကယားျပည္နယ္ CDM ထဲ ရဲတပ္ဖဲြ႔တခ်ဳိ႕ ပူးေပါင္းလာ
ကယားျပည္နယ္ CDM ထဲ ရဲတပ္ဖဲြ႔တခ်ဳိ႕ ပူးေပါင္းလာ

[ Unicode ]

လွိုင်ကော်တက္ကသိုလ်ကျောင်းထဲ စစ်တပ်ချထားမှု ဒေသခံကျောင်းသားတွေ ကန့်ကွက်

ကယားပြည်နယ်က လွိုင်ကော်တက္ကသိုလ်ထဲမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်ဖွဲဝင်တွေ တပ်စွဲတာကို့ဒေသခံကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ခဲ့ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မအေးအေးမာက ပြောပြမှာပါ။

ကယားပြည်နယ်မှာ မတ်လ ၆ရက်နေ့က လွိုင်ကော်တက္ကသိုလ်ထဲမှာ ရဲတပ်ဖွဲတွေ ဝင်ရောက်တပ်စွဲတာကို ဒေသခံ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ခဲ့ကြတာကြောင့် စခန်းချ တပ်စွဲတာတွေ မလုပ်တော့ပဲ ပြန်ဆုတ်ခွါ သွားကြတယ်လို့ လွိုင်ကော်မြို့ဆန္ဒပြလှုပ်ရှားရာမှာ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဗကသခေါင်းဆောင်ဟောင်း ကိုကောင်းထက်ကျော်က ပြောပြပါတယ်။

"သူတို့က တက္ကသိုလ်ဝင်းထဲမှာ လုံခြုံရေးချပြီးတဲ့နောက် ကျနော်တို့ ကယားပြည်နယ်ကျောင်းသာသမဂ္ဂနဲ့ လူထုက လက်မခံခဲ့ဘူး။ လက်မခံတဲ့အတွက် သူတို့က နောက်တော့ပြန်ဆုတ်သွားတယ်။ လွိုင်ကော်တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂတို့က ဦးဆောင်ပြီး ဒါကို လက်မခံဘူး။ တက္ကသိုလ်ဆိုတာ ကျနော်တို့ ကျောင်းသားကျောင်းသူတွေရဲ့နယ်မြေဖြစ်တယ်၊ အောင်မြေဖြစ်တယ်။ ဒီပေါ်မှာ လူသတ်နေတဲ့ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေ စခန်းချတာကို လက်မခံဘူး။ လူထုနဲ့ကျောင်းသားသမဂ္ဂတွေက ဝိုင်းဝန်းဆန္ဒပြတဲ့အခါမှာ သူတို့ စခန်းချမူကို ပြန်ဆုတ်သွားတယ်။"

ကယားပြည်နယ်မှာ မတ်လ ၆ ရက်နေ့အထိ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ ရဲတပ်ဖွဲဝင်အင်အား ၁၅၀ ကျော် ရှိသွာပြီဖြစ်တဲ့အကြောင်းကိုလည်း ကိုကောင်းထက်ကျော်က ဆက်ပြောပြပါတယ်။

" ထူးခြားချက်ကတော့ အဲဒီ လုံခြုံရေးချတဲ့ရဲတွေထဲက တယောက်က CDM လုပ်တယ်။ ဆိုတော့ ကယားပြည်နယ်မှာ ဒီကနေ့ လက်ရှိချိန်ထိ ၁၅၁ ယောက် ဖြစ်သွားပြီ။ ဒီနေ့ အတည်ပြုနိုင်တာ CDM လုပ်တဲ့ရဲ စာရင်းက ၁၅၁ ယောက် ဖြစ်သွားပြီပေါ့။ "

ကယားပြည်နယ်တခုလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားနေရာမှာတော့ မြို့မိမြို့ဖကတဖွဲ့၊ လူထုလှုပ်ရှားမူ သပိတ်ကော်မတီက တဖွဲ့ ၂ဖွဲ ရှိခဲ့ပြီး၊ မတ်လ ၆ ရက်နေ့မှာတော့ ၂ဖွဲလုံးစုစည်းခဲ့ပြီးနောက် ကယားပြည်နယ်မှာ တခုတည်းသော သပိတ်ကော်မတီအဖြစ် လှုပ်ရှားမူတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကယားပြည်နယ်ဟာ ရဲတပ်ဖွဲဝင်တွေအများဆုံး CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်နေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်ရှင်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG