သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီငလ်င္ ဘာေၾကာင့္ေသေၾကပ်က္စီးမႈ မ်ားရသလဲ 


ျပင္းအား ၇.၈ ငလ်င္နဲ႔ ေနာက္ဆက္တြဲ ၇.၄ နဲ႔ ငလ်င္ငယ္ေပါင္း ၄ ေထာင္ေက်ာ္ဒဏ္ကိုခံစားေနရတဲ့ တူရကီႏိုင္ငံ Hatay ခရိုင္၊ Antakya ၿမိဳ႕က အပ်က္အစီးျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၃) 

{{Zawgyi/Unicode}}

တူရကီႏိုင္ငံအေရွ႕ေတာင္ပိုင္းနဲ႔ ဆီးရီယားအေနာက္ေျမာက္ပိုင္း ၂ ႏိုင္ငံ နယ္စပ္ေဒသမွာ လြန္ခဲ့တဲ့ သီတင္းပတ္က လႈပ္ခတ္သြားတဲ့ အားျပင္းငလ်င္ေၾကာင့္ေသဆံုးရသူဟာ ဆယ္ရက္အၾကာမွာ အတည္ျပဳေသဆံုးရသူက ၄ ေသာင္းေက်ာ္ေနၿပီျဖစ္သလို တူရကီတႏိုင္ငံတည္းမွာတင္ အေဆာက္အဦးေပါင္း ၆,၀၀၀ နီးပါး ပ်က္စီးခဲ့ရပါတယ္။ ဘာ့ေၾကာင့္ ဒီေလာက္ ေသေၾကပ်က္စီးမႈ မ်ားရတာပါလဲ။ ဒီသီတင္းပတ္ရဲ့ သိပၸံနဲ႔နည္းပညာက႑မွာ ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

တူရကီကလူေပါင္း ၁၅ သန္းနဲ႔ ဆီးရီးယားက လူေပါင္း ၁၁ သန္း စုစုေပါင္း ၂၆ သန္းေလာက္အတြက္ သက္ေရာက္မႈရွိေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးကခန္႔မွန္းထားတဲ့ ဒီငလ်င္ဟာ ေဖေဖၚဝါရီ ၆ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၄ နာရီ ၁၇ မိနစ္မွာ တူရကီေတာင္ပိုင္း ကာရာမန္ မရာခ်္ Kahramanmaras ျပည္နယ္မွာ လႈပ္ခတ္ခဲ့တာျဖစ္ပါတယ္။

ျပင္းအား ၇.၈ ရွိတဲ့ ဒီငလ်င္ဟာ ဒီျပည္နယ္ထဲက Gaziantep ၿမိဳ႕ အေနာက္ဘက္ မိုင္ ၂၀ ေက်ာ္က ေျမေအာက္ ၁၁ မိုင္ေလာက္အနက္မွာဗဟိုျပဳခဲ့တာျဖစ္ၿပီး ငလ်င္ လႈပ္ခတ္တဲ့ၾကာျမင့္ခ်ိန္က စကၠန္႔ ၆၀ ကေန ၇၅ စကၠန္႔ၾကားမွာရွိတယ္လို႔ အေမရိကန္ဘူမိတိုင္းတာေရး USGS က ကနဦးတြက္ခ်က္ထား တာပါ။

ဒီ ကာရာမန္ မရာ့ခ်္ ငလ်င္ႀကီးလႈပ္ခဲ့တဲ့ေနာက္ ၉ နာရီေလာက္ အၾကာမွာ မိုင္ ၆၀ ေလာက္ကြာတဲ့ ေနရာမွာ ငလ်င္ထပ္လႈပ္ခဲ့ၿပီး ဒီ ေနာက္ဆက္တြဲ ငလ်င္ရဲ့ျပင္းအားက ၇.၅ ရွိတဲ့အျပင္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေပါင္းက ေဖေဖၚဝါရီ ၁၆ ရက္ အထိဆို ၄,၃၀၀ ေက်ာ္ထပ္လႈပ္ခဲ့တယ္လုိ႔ တူရကီ အေရးေပၚအႏၱရာယ္ စီမံခန္႔ ခြဲေရးဌာနက ေျပာပါတယ္။

ဒီေဒသဟာ တကယ္ေတာ့ ငလ်င္နဲ႔စိမ္းတဲ့ေဒသမ်ိဳးမဟုတ္ပါဘူး။ အစၥတန္ဘူလ္ အေျခစိုက္ တူရကီငလ်င္ေဖါင္ေဒးရွင္းက ငလ်င္ပညာရွင္ ေစဟြန္း Seyhun Puskulcu ကေတာ့ သူတုိ႔ရဲ့တူရကီႏိုင္ငံ သားေတြက ငလ်င္အႏၱရာယ္ရွွိတယ္ဆိုတာသိထားၾကတဲ့အတြက္ သိပ္ေတာ့မအံ့ၾသၾကဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္ ဒီတခါလႈပ္ခဲ့တဲ့ငလ်င္ဟာ အႏုျမဴဗံုးေလာက္အားျပင္းသလို သီတင္းတပတ္ အတြင္း လူေပါင္း ၃ ေသာင္းခြဲကိုေသဆံုးခဲ့ရၿပီး ေထာင္ေပါင္းမ်ားစြာေသာ အေဆာက္အဦးေတြဟာ လူေနလို႔မရဘဲျဖစ္ခဲ့ရတယ္လုိ႔ တူရကီသမၼတ Recep Tayyip Erdogan ကေျပာပါတယ္။

ဒီေလာက္ျပင္းထန္တဲ့ ငလ်င္လႈပ္ခဲ့တဲ့ ဒီေနရာရဲ့ ဘူမိအေနထားကိုၾကည့္ရေအာင္ ပါ။ ဒီေနရာဟာ ထူးထူးျခားျခားပဲ ေက်ာက္ခ်ပ္ထုႀကီး ၃ ခု ဆံုၿပီး တိုက္တဲ့ေနရာျဖစ္သလို ေဘးတိုက္ေရြ႕တဲ့ ျပတ္ေရြ႕ပါ ရွိေနတဲ့ေနရာျဖစ္ပါတယ္။

တကယ္ေတာ့တူရကီဟာ အဓိကျပတ္ေရြ႔ေၾကာင္းႀကီး ၂ ခုျဖစ္တဲ့ အေရွ႕နဲ႔ေျမာက္ အနာတိုလီယံ ျပတ္ေရြ႕ ၂ ခု ၾကားက အနာတိုလီယံ (Anatolian) ေက်ာက္ခ်ပ္ ထုေပၚမွာထိုင္ေနတဲ့ ႏိုင္ငံပါ။

သူ႔အေရွ႕ဘက္က ဆီးရီးယားႏိုင္ငံရဲ့ေအာက္မွာေတာ့ အာေရဗ်ေက်ာက္ခ်ပ္ထုရွိပါတယ္။ သူက ေျမာက္ဘက္မွာရွိတဲ့ Eurasia ေက်ာက္ခ်ပ္ထုဘက္ကို တိုးသြားေနတာျဖစ္ၿပီး သူတုိ႔ ၂ ခ်ပ္တိုက္တဲ့အခါ တူရကီကို အေရွ႕ Anatolian ျပတ္ေရြ႔ေၾကာင္းအတိုင္း တႏွစ္ကို ၂ စင္တီမီတာေလာက္ အေနာက္ဘက္ကိုေရြ႕ေအာင္ လုပ္ေနတာျဖစ္ၿပီး အခုဒီျပတ္ေရြ႕မွာ အားသိပ္ေကာင္းလာတာေၾကာင့္ အခုလို ငလ်င္ႀကီးျဖစ္လာတာလို႔ ၿဗိတိန္ Milton Keynes Open University က ဘူမိသိပၸံပညာရွင္ David Rothery ရဲ့ ေျပာၾကားခ်က္ကို Nature စာေစာင္မွာ ေဖၚျပထားပါတယ္။

ငလ်င္ဆိုင္ရာ အင္ဂ်င္နီယာဘူမိနည္းပညာ သုေတသနပညာရွင္တဦးျဖစ္တဲ့ အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုတကၠသိုလ္ ၿမိဳ႕ျပ၊ ဝန္းက်င္နဲ႔ဗိသုကာ အင္ဂ်င္နီယာဌာနက လက္ေထာက္ပါေမာကၡ ရွီဒါ ဒက္ရွ္ရွီ (Shideh Dashti) ကေတာ့ ဒီတူရကီ ကာရာမန္မရာခ်္ Kahramanmaras ငလ်င္လို ငလ်င္မ်ိဳးကို ကမာၻမွာ ဘယ္ေနရာမွာမွ မေတြ႔ဘူး ေသးဘူးလုိ႔ ေျပာပါတယ္။

“ဒီေဒသဟာငလ်င္ေတြ မၾကာခဏ လႈပ္ေလ့ရွိတဲ့ေနရာျဖစ္ပါတယ္။ ပထမဆံုးလႈပ္တဲ့ငလ်င္နဲ႔ ေနာက္ ဆက္တြဲငလ်င္ေတြရဲ ့ ျပင္းအားပမာဏကိုေလ့လာတဲ့အခါ ဒါဟာ ကမာၻေပၚက ဘယ္ေနရာမွာမွ မေပၚဘူးေသးတဲ့အင္မတန္ရွားပါးတဲ့ ငလ်င္မ်ိဳး ျဖစ္တာေတြ႔ရပါတယ္။ ဆုိလိုတာက ဒီလို စြမ္းအင္မ်ိဳးနဲ႔ လႈပ္တာ မရွိေသးပါဘူး။ ေက်ာက္လႊာထုခ်ပ္ေတြ ဆံုရာ တေလွ်ာက္မွာ ငလ်င္လႈပ္ေလ့ရွိၿပီး အခု ဒီေနရာကေတာ့ ေက်ာက္လႊာထုခ်ပ္ ၃ ခု ဆံုတဲ့ေနရာျဖစ္ေနတဲ့အျပင္ အဲဒီေဒသဟာေဘးတိုက္ေရြ႕တဲ့ ျပတ္ေရြ႕ေၾကာင္းေပၚမွာပါ က်ေနတာေၾကာင့္ပါ။”

ငလ်င္ဒဏ္ကို ေဒသခံေတြ အခုလိုျပင္းျပင္းထန္ထန္ခံစားခဲ့ရတဲ့ ေနာက္အဓိက အေၾကာင္းရင္း တခုကေတာ့ ငလ်င္ဟာ ေျမေအာက္သိပ္မနက္တဲ့ေနရာကို ဗဟိုျပဳလႈပ္ခတ္တာေၾကာင့္လို႔ ေျပာပါတယ္။ ငလ်င္က တိမ္ေလေလ အပ်က္အစီးက ပိုမ်ားေလေလပဲလို႔္လည္း ေျပာပါတယ္။

“ငလ်င္ဗဟိုခ်က္က သိပ္တိမ္ပါတယ္။ ေျမျပင္ကေန သိပ္မနက္တဲ့ ေနရာမွာဗဟိုျပဳတဲ့ ငလ်င္လႈပ္တာ မ်ိဳးကို ေနရာတိုင္းမွာ ေတြ႔ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလုိ ငလ်င္ဗဟိုခ်က္တိမ္ရင္ ေျမျပင္ေပၚမွာလႈပ္ခါတဲ့ ျပင္းအားက ႀကီးမားလာတတ္ပါတယ္။ အထူးသျဖင့္ဆို လူဦးေရထူထပ္တဲ့ေနရာမ်ိဳးမွာလႈပ္တဲ့ငလ်င္မ်ိဳးဟာ လူသိပ္မေနတဲ့ ေဝးလံေခါင္ဖ်ားေဒသေတြမွာ လႈပ္တဲ့ငလ်င္နဲ႔ ျပင္းအားပမာဏတူတယ္ထားအံုး၊ သူက ပ်က္စီးမႈပမာဏအေနနဲ႔ ပိုၿပီး မ်ားတတ္ပါတယ္။”

ဒါ့အျပင္ ဒီေဒသဟာ seismic liquefaction လို႔ေခၚတဲ့ငလ်င္ေၾကာင့္ အစိုင္အခဲေတြ အရည္လို ေရြ႕သြားႏိုင္တဲ့အႏၱရာယ္ႀကီးတဲ့ ေဒသျဖစ္ေနတာေၾကာင့္လုိ႔လည္း တြက္ျပပါတယ္။

“ဘူမိနည္းပညာဆိုင္ရာရႈေဒါင့္ကၾကည့္ရင္ေတာ့ ဒီေဒသဟာ ငလ်င္ေၾကာင့္အစိုင္အခဲေတြ အရည္လို ေရြ႕သြားႏုိင္တဲ့ အႏၱရာယ္- ေျမၿပိဳတဲ့အႏၱရာယ္ႀကီးတဲ့ ေဒသပါ။ ဒီလို ျဖစ္စဥ္ဟာ ေျမလႊာက်စ္လ်စ္မာေက်ာတဲ့ ေဒသမ်ိဳးမွာျဖစ္ေလ့ရွိပါတယ္။ ပံုမွန္အေနထားေအာက္မွာ ငလ်င္လႈပ္လိုက္တဲ့အခါ မာေက်ာတဲ့ေျမလႊာက အရည္လို ေရြ႕လ်ားလာႏိုင္တာေၾကာင့္ ပ်က္စီးမႈက သိပ္ႀကီးႏိုင္ပါတယ္။

ေျမျပင္တေလွ်ာက္ ငလ်င္လႈိင္းေတြ ျပန္႔လာၿပီး ငလ်င္လုႈပ္လိုက္တဲ့အခ်ိန္မွာေပၚလာတဲ့ ဖိစီးတဲ့အားဟာ ေျမလႊာမွာသက္ေရာက္ေစပါတယ္။ ဒီဖိစီးမႈအားက အထဲမွာရွိတဲ့ေရရဲ့ဖိအားကိုတိုးလာေစသလို အစိုင္အခဲေတြကို သူတုိ႔ရဲ့ခိုင္မာမႈလံုးဝ ပ်က္သုဥ္းသြားတဲ့အထိ ေလ်ာ့သြားေစတာပါ။”

ဒီလို အေျခေနေအာက္မွာေရာက္ေနတဲ့ေဒသမွာ ၁၉၃၉ ခုႏွစ္က ျပင္းအား ၇.၈ ရွိတဲ့ ငလ်င္လႈပ္ခဲ့တာေၾကာင့္ ေျမာက္ Anatolian ျပတ္ေရြ႕အတိုင္း ၁၂ ေပေလာက္ ေရြ႕သြားခဲ့သလို လူေပါင္း ၃ ေသာင္းေက်ာ္ ေသဆံုးခဲ့ရတာပါ။ ၁၉၉၉ ခုႏွစ္၊ တူရကီငလ်င္ကေတာ့ ျပင္းအား ၇.၄ ရွိၿပီး လူေပါင္း ၁၇,၀၀၀ ေလာက္ ေသေၾကခဲ့ရသလို ၂၀၂၀ မွာလႈပ္ခဲ့တဲ့ ျပင္းအား ၆.၇ ရွိတဲ့ ငလ်င္ကေတာ့ ပ်က္စီးမႈ အေတာ္ႀကီးမားခဲ့တာပါ။

အခု ၂၀၂၃ ငလ်င္လႈပ္တဲ့ေနရာမွာ လူေနထူထပ္မႈေၾကာင့္ အေသအေပ်ာက္လည္း ပိုမ်ားခဲ့ရပါတယ္။ ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးတဲ့ အေဆာက္အအံုအမ်ားစုဟာ အေဆာက္အဦးေဆာက္လုပ္ရာမွာ လိုက္နာရမယ့္စည္းမ်ဥ္းစည္းကမ္းေတြကို ေကာင္းေကာင္းလိုက္နာတာမေတြ႔ရတဲ့အတြက္ တာဝန္ရွိတယ္လို႔ သံသယရွိသူ ၁၀၀ ေက်ာ္ကို တူရကီအစိုးရက ဖမ္းဝရမ္းထုတ္ခဲ့တာပါ။

ဂ်ပန္လို ငလ်င္အႏၱရာယ္ အၿမဲရင္ဆိုင္ေနရတဲ့ႏိုင္ငံမ်ိဳးမွာေတာ့ သန္းနဲ႔ခ်ီတဲ့လူေတြ အထပ္ျမင့္ အေဆာက္အဦးေတြမွာ စုၿပဳံေနထိုင္ေနတာျဖစ္ေပမယ့္ ျပင္းထန္တဲ့ငလ်င္ဒဏ္ခံရခ်ိန္ေတြမွာ ၿပိဳမက်တာဟာ ငလ်င္ဒဏ္ခံႏိုင္ဖုိ႔ခ်မွတ္ထားတဲ့ အေဆာက္အဦးစည္းမ်ဥ္းေတြအတိုင္း လိုက္နာေဆာက္လုပ္ထားတာေၾကာင့္ျဖစ္ေၾကာင္းတင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

================

{{Unicode}}

တူရကီငလျင် ဘာကြောင့်သေကြေပျက်စီးမှု များရသလဲ

တူရကီနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ဆီးရီယားအနောက်မြောက်ပိုင်း ၂ နိုင်ငံ နယ်စပ်ဒေသမှာ လွန်ခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့်သေဆုံးရသူဟာ ဆယ်ရက်အကြာမှာ အတည်ပြုသေဆုံးရသူက ၄ သောင်းကျော်နေပြီဖြစ်သလို တူရကီတနိုင်ငံတည်းမှာတင် အဆောက်အဦးပေါင်း ၆,၀၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။ ဘာ့ကြောင့် ဒီလောက် သေကြေပျက်စီးမှု များရတာပါလဲ။ ဒီသီတင်းပတ်ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တူရကီကလူပေါင်း ၁၅ သန်းနဲ့ ဆီးရီးယားက လူပေါင်း ၁၁ သန်း စုစုပေါင်း ၂၆ သန်းလောက်အတွက် သက်ရောက်မှုရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကခန့်မှန်းထားတဲ့ ဒီငလျင်ဟာ ဖေဖေါ်ဝါရီ ၆ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၇ မိနစ်မှာ တူရကီတောင်ပိုင်း ကာရာမန် မရာချ် Kahramanmaras ပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပြင်းအား ၇.၈ ရှိတဲ့ ဒီငလျင်ဟာ ဒီပြည်နယ်ထဲက Gaziantep မြို့ အနောက်ဘက် မိုင် ၂၀ ကျော်က မြေအောက် ၁၁ မိုင်လောက်အနက်မှာဗဟိုပြုခဲ့တာဖြစ်ပြီး ငလျင် လှုပ်ခတ်တဲ့ကြာမြင့်ချိန်က စက္ကန့် ၆၀ ကနေ ၇၅ စက္ကန့်ကြားမှာရှိတယ်လို့ အမေရိကန်ဘူမိတိုင်းတာရေး USGS က ကနဦးတွက်ချက်ထား တာပါ။

ဒီ ကာရာမန် မရာ့ချ် ငလျင်ကြီးလှုပ်ခဲ့တဲ့နောက် ၉ နာရီလောက် အကြာမှာ မိုင် ၆၀ လောက်ကွာတဲ့ နေရာမှာ ငလျင်ထပ်လှုပ်ခဲ့ပြီး ဒီ နောက်ဆက်တွဲ ငလျင်ရဲ့ပြင်းအားက ၇.၅ ရှိတဲ့အပြင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်းက ဖေဖေါ်ဝါရီ ၁၆ ရက် အထိဆို ၄,၃၀၀ ကျော်ထပ်လှုပ်ခဲ့တယ်လို့ တူရကီ အရေးပေါ်အန္တရာယ် စီမံခန့် ခွဲရေးဌာနက ပြောပါတယ်။

ဒီဒေသဟာ တကယ်တော့ ငလျင်နဲ့စိမ်းတဲ့ဒေသမျိုးမဟုတ်ပါဘူး။ အစ္စတန်ဘူလ် အခြေစိုက် တူရကီငလျင်ဖေါင်ဒေးရှင်းက ငလျင်ပညာရှင် စေဟွန်း Seyhun Puskulcu ကတော့ သူတို့ရဲ့တူရကီနိုင်ငံ သားတွေက ငလျင်အန္တရာယ်ရှိတယ်ဆိုတာသိထားကြတဲ့အတွက် သိပ်တော့မအံ့သြကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီတခါလှုပ်ခဲ့တဲ့ငလျင်ဟာ အနုမြူဗုံးလောက်အားပြင်းသလို သီတင်းတပတ် အတွင်း လူပေါင်း ၃ သောင်းခွဲကိုသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော အဆောက်အဦးတွေဟာ လူနေလို့မရဘဲဖြစ်ခဲ့ရတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ကပြောပါတယ်။

ဒီလောက်ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တဲ့ ဒီနေရာရဲ့ ဘူမိအနေထားကိုကြည့်ရအောင် ပါ။ ဒီနေရာဟာ ထူးထူးခြားခြားပဲ ကျောက်ချပ်ထုကြီး ၃ ခု ဆုံပြီး တိုက်တဲ့နေရာဖြစ်သလို ဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့ပါ ရှိနေတဲ့နေရာဖြစ်ပါတယ်။

တကယ်တော့တူရကီဟာ အဓိကပြတ်ရွေ့ကြောင်းကြီး ၂ ခုဖြစ်တဲ့ အရှေ့နဲ့မြောက် အနာတိုလီယံ ပြတ်ရွေ့ ၂ ခု ကြားက အနာတိုလီယံ (Anatolian) ကျောက်ချပ် ထုပေါ်မှာထိုင်နေတဲ့ နိုင်ငံပါ။

သူ့အရှေ့ဘက်က ဆီးရီးယားနိုင်ငံရဲ့အောက်မှာတော့ အာရေဗျကျောက်ချပ်ထုရှိပါတယ်။ သူက မြောက်ဘက်မှာရှိတဲ့ Eurasia ကျောက်ချပ်ထုဘက်ကို တိုးသွားနေတာဖြစ်ပြီး သူတို့ ၂ ချပ်တိုက်တဲ့အခါ တူရကီကို အရှေ့ Anatolian ပြတ်ရွေ့ကြောင်းအတိုင်း တနှစ်ကို ၂ စင်တီမီတာလောက် အနောက်ဘက်ကိုရွေ့အောင် လုပ်နေတာဖြစ်ပြီး အခုဒီပြတ်ရွေ့မှာ အားသိပ်ကောင်းလာတာကြောင့် အခုလို ငလျင်ကြီးဖြစ်လာတာလို့ ဗြိတိန် Milton Keynes Open University က ဘူမိသိပ္ပံပညာရှင် David Rothery ရဲ့ ပြောကြားချက်ကို Nature စာစောင်မှာ ဖေါ်ပြထားပါတယ်။

ငလျင်ဆိုင်ရာ အင်ဂျင်နီယာဘူမိနည်းပညာ သုတေသနပညာရှင်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ် မြို့ပြ၊ ဝန်းကျင်နဲ့ဗိသုကာ အင်ဂျင်နီယာဌာနက လက်ထောက်ပါမောက္ခ ရှီဒါ ဒက်ရှ်ရှီ (Shideh Dashti) ကတော့ ဒီတူရကီ ကာရာမန်မရာချ် Kahramanmaras ငလျင်လို ငလျင်မျိုးကို ကမ္ဘာမှာ ဘယ်နေရာမှာမှ မတွေ့ဘူး သေးဘူးလို့ ပြောပါတယ်။

“ဒီဒေသဟာငလျင်တွေ မကြာခဏ လှုပ်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။ ပထမဆုံးလှုပ်တဲ့ငလျင်နဲ့ နောက် ဆက်တွဲငလျင်တွေရဲ့ ပြင်းအားပမာဏကိုလေ့လာတဲ့အခါ ဒါဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မပေါ်ဘူးသေးတဲ့အင်မတန်ရှားပါးတဲ့ ငလျင်မျိုး ဖြစ်တာတွေ့ရပါတယ်။ ဆိုလိုတာက ဒီလို စွမ်းအင်မျိုးနဲ့ လှုပ်တာ မရှိသေးပါဘူး။ ကျောက်လွှာထုချပ်တွေ ဆုံရာ တလျှောက်မှာ ငလျင်လှုပ်လေ့ရှိပြီး အခု ဒီနေရာကတော့ ကျောက်လွှာထုချပ် ၃ ခု ဆုံတဲ့နေရာဖြစ်နေတဲ့အပြင် အဲဒီဒေသဟာဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့ကြောင်းပေါ်မှာပါ ကျနေတာကြောင့်ပါ။”

ငလျင်ဒဏ်ကို ဒေသခံတွေ အခုလိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ နောက်အဓိက အကြောင်းရင်း တခုကတော့ ငလျင်ဟာ မြေအောက်သိပ်မနက်တဲ့နေရာကို ဗဟိုပြုလှုပ်ခတ်တာကြောင့်လို့ ပြောပါတယ်။ ငလျင်က တိမ်လေလေ အပျက်အစီးက ပိုများလေလေပဲလို့်လည်း ပြောပါတယ်။

“ငလျင်ဗဟိုချက်က သိပ်တိမ်ပါတယ်။ မြေပြင်ကနေ သိပ်မနက်တဲ့ နေရာမှာဗဟိုပြုတဲ့ ငလျင်လှုပ်တာ မျိုးကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ငလျင်ဗဟိုချက်တိမ်ရင် မြေပြင်ပေါ်မှာလှုပ်ခါတဲ့ ပြင်းအားက ကြီးမားလာတတ်ပါတယ်။ အထူးသဖြင့်ဆို လူဦးရေထူထပ်တဲ့နေရာမျိုးမှာလှုပ်တဲ့ငလျင်မျိုးဟာ လူသိပ်မနေတဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ လှုပ်တဲ့ငလျင်နဲ့ ပြင်းအားပမာဏတူတယ်ထားအုံး၊ သူက ပျက်စီးမှုပမာဏအနေနဲ့ ပိုပြီး များတတ်ပါတယ်။”

ဒါ့အပြင် ဒီဒေသဟာ seismic liquefaction လို့ခေါ်တဲ့ငလျင်ကြောင့် အစိုင်အခဲတွေ အရည်လို ရွေ့သွားနိုင်တဲ့အန္တရာယ်ကြီးတဲ့ ဒေသဖြစ်နေတာကြောင့်လို့လည်း တွက်ပြပါတယ်။

“ဘူမိနည်းပညာဆိုင်ရာရှုဒေါင့်ကကြည့်ရင်တော့ ဒီဒေသဟာ ငလျင်ကြောင့်အစိုင်အခဲတွေ အရည်လို ရွေ့သွားနိုင်တဲ့ အန္တရာယ်- မြေပြိုတဲ့အန္တရာယ်ကြီးတဲ့ ဒေသပါ။ ဒီလို ဖြစ်စဉ်ဟာ မြေလွှာကျစ်လျစ်မာကျောတဲ့ ဒေသမျိုးမှာဖြစ်လေ့ရှိပါတယ်။ ပုံမှန်အနေထားအောက်မှာ ငလျင်လှုပ်လိုက်တဲ့အခါ မာကျောတဲ့မြေလွှာက အရည်လို ရွေ့လျားလာနိုင်တာကြောင့် ပျက်စီးမှုက သိပ်ကြီးနိုင်ပါတယ်။

မြေပြင်တလျှောက် ငလျင်လှိုင်းတွေ ပြန့်လာပြီး ငလျင်လုှုပ်လိုက်တဲ့အချိန်မှာပေါ်လာတဲ့ ဖိစီးတဲ့အားဟာ မြေလွှာမှာသက်ရောက်စေပါတယ်။ ဒီဖိစီးမှုအားက အထဲမှာရှိတဲ့ရေရဲ့ဖိအားကိုတိုးလာစေသလို အစိုင်အခဲတွေကို သူတို့ရဲ့ခိုင်မာမှုလုံးဝ ပျက်သုဉ်းသွားတဲ့အထိ လျော့သွားစေတာပါ။”

ဒီလို အခြေနေအောက်မှာရောက်နေတဲ့ဒေသမှာ ၁၉၃၉ ခုနှစ်က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် မြောက် Anatolian ပြတ်ရွေ့အတိုင်း ၁၂ ပေလောက် ရွေ့သွားခဲ့သလို လူပေါင်း ၃ သောင်းကျော် သေဆုံးခဲ့ရတာပါ။ ၁၉၉၉ ခုနှစ်၊ တူရကီငလျင်ကတော့ ပြင်းအား ၇.၄ ရှိပြီး လူပေါင်း ၁၇,၀၀၀ လောက် သေကြေခဲ့ရသလို ၂၀၂၀ မှာလှုပ်ခဲ့တဲ့ ပြင်းအား ၆.၇ ရှိတဲ့ ငလျင်ကတော့ ပျက်စီးမှု အတော်ကြီးမားခဲ့တာပါ။

အခု ၂၀၂၃ ငလျင်လှုပ်တဲ့နေရာမှာ လူနေထူထပ်မှုကြောင့် အသေအပျောက်လည်း ပိုများခဲ့ရပါတယ်။ ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ အဆောက်အအုံအများစုဟာ အဆောက်အဦးဆောက်လုပ်ရာမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းလိုက်နာတာမတွေ့ရတဲ့အတွက် တာဝန်ရှိတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို တူရကီအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ဂျပန်လို ငလျင်အန္တရာယ် အမြဲရင်ဆိုင်နေရတဲ့နိုင်ငံမျိုးမှာတော့ သန်းနဲ့ချီတဲ့လူတွေ အထပ်မြင့် အဆောက်အဦးတွေမှာ စုပြုံနေထိုင်နေတာဖြစ်ပေမယ့် ပြင်းထန်တဲ့ငလျင်ဒဏ်ခံရချိန်တွေမှာ ပြိုမကျတာဟာ ငလျင်ဒဏ်ခံနိုင်ဖို့ချမှတ်ထားတဲ့ အဆောက်အဦးစည်းမျဉ်းတွေအတိုင်း လိုက်နာဆောက်လုပ်ထားတာကြောင့်ဖြစ်ကြောင်းတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG