သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ရဲ႕ ကခ်င္လက္နက္ကိုင္ ၂၀ အလင္းဝင္သတင္း KIA ျငင္းဆို


KIA အဖြဲ႕မွ အဖြဲ႕ဝင္ ၂၁ ဦး ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္ (ဓါတ္ပံု- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

(Zawgyi/ Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မံုးကိုးၿမိဳ႔နယ္မွာ KIA ကခ်င္လက္နက္ကိုင္တပ္ဖဲြ႔၀င္ ၂၀ေက်ာ္ ဥပေဒေဘာင္အတြင္း ၀င္ေရာက္လာတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားတဲ့အေပၚ KIA ဘက္က သူတို႔တပ္ဖဲြ႔၀င္ေတြ မဟုတ္ေၾကာင္းနဲ႔ သတင္းဓါတ္ပံုမွာ ေဖာ္ျပတဲ့ စစ္၀တ္စံုနဲ႔ ေသနတ္ေတြကလည္း လက္ရိွ သူတုိ႔ သံုးစဲြေနတဲ့ လက္နက္ေတြနဲ႔ လဲြေနတာေတြရိွေၾကာင္း ျငင္းဆိုထားပါတယ္။

ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ရွမ္းေျမာက္ပိုင္းတိုက္ပဲြမ်ား ခပ္စိတ္စိတ္ျပန္ျဖစ္လာတဲ့ သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

KIA တပ္ဖဲြ႔ ဗိုလ္ၾကီးအဆင့္ ၃ဦးအပါအ၀င္ ၂၁ဦးဟာ လက္နက္မ်ိဳးစံု ၁၀လက္၊ က်ည္မ်ိဳးစံု ၁၂၈ေတာင့္၊ က်ည္အိမ္မ်ိဳးစံု၉ခုနဲ႔ မံုးကိုးၿမိဳ႔နယ္ နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္ စခန္းကို ဇန္န၀ါရီလ ၃၀ရက္ေန႔ မနက္ပိုင္းက ၀င္ေရာက္လာေၾကာင္း တပ္မေတာ္က ဓါတ္ပံုနဲ႔ တကြ သတင္းထုတ္ ျပန္ထားတာပါ။

ဒီလို ၀င္ေရာက္လာသူေတြကို မံုးကိုးတပ္နယ္က ႀကိဳဆုိၿပီး လိုအပ္တဲ့ အကူညီမႈေတြကိုလည္း ေဆာင္ရြက္ ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

KIA ရဲ႕ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ သူတို႔တပ္ဖဲြ႔က အလင္း၀င္တာ မရိွေၾကာင္း အခုလို ေျပာပါတယ္။

“ အဲဒီမုံးကိုးေဒသမွာရိွတဲ့ လူေတြေပါ့ေနာ္။ သူတို႔က ျပည္သူ႔စစ္ဖဲြ႔ခ်င္လို႔ သူတို႔ဟာသူတို႔ ျပည္သူ႔စစ္ဖဲြ႔တာ။ တပ္မေတာ္က အသိအမွတ္ျပဳမေပးဘူး။ မျပဳတဲ့အျပင္ သူတို႔ကိုေတာင္မွ ဖမ္းဖို႔ကေတာ့ ေျပာထားတာဆိုတဲ့ သတင္းေတြကေတာ့ ထြက္တာၾကာၿပီ။ ဆိုေတာ့ အဲဒီျပည္သူ႔စစ္တပ္ဖဲြ႔၀င္ေတြကေတာ့ အလင္း၀င္ၿပီးမွ တရား၀င္ ျပည္သူ႔စစ္ျပန္ဖဲြ႔ဖို႔ စီစဥ္ေနတဲ့ သတင္းပဲျဖစ္ပါတယ္။ ဒါက မေန႔က မံုးကိုးေဒသမွာရိွတဲ့ တပ္မေတ္ာ ဗ်ဴဟာမႈးနဲ႔ အဲဒီေဒသမွာရိွတဲ့ ဒီ ျပည္သူ႔စစ္ဖဲြ႔ခ်င္တဲ့ ပုဂၢိဳလ္ေတြက ဖန္တီးၿပီးမွ လုပ္လုိက္တဲ့သတင္းပဲ ျဖစ္ပါတယ္။ KIA တပ္ဖဲြ႔၀င္ေတြ အဲဒီဘက္မွာ အလင္း၀င္တာလည္း မရိွပါဘူး။ ”

ဆက္လက္ၿပီး သတင္းဓါတ္ပံုမွာ ပါတဲ့ စစ္၀တ္စံုနဲ႔ လက္နက္ေတြကလည္း လဲြမွားတာေတြ ရိွေနေၾကာင္း ဗိုလ္မႈးၾကီးေနာ္ဘူက ဆက္ေျပာပါတယ္။

“ သူတို႔ ၀တ္စံုေတြလည္း က်ေနာ္တုိ႔ ၀တ္စံုမဟုတ္တာေတြ အမ်ားၾကီး ပါတာေပ့ါေနာ္။ ေနာက္ ေသနတ္ေတြ ကလည္း သူတို႔လက္နက္ေတြ ေသနတ္ေတြကလည္း က်ေနာ္တုိ႔ မကိုင္တဲ့ ေသနတ္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီသတင္းကေတာ့ မွန္ကန္မႈ မရိွပါဘူးခင္ဗ်။”

ဒီလို သတင္းမွားေတြ ထုတ္ျပန္တဲ့အတြက္ တပ္မေတာ္ေရာ၊ KIA အတြက္ပါ ဂုဏ္သိကၡာ ထိခုိက္ရေၾကာင္း ေျပာပါတယ္။

KIA ရဲ႕ေျပာဆုိခ်က္နဲ႔ပတ္သတ္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္း ေခၚဆိုလို ႔မရခဲ့ပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ အဓိကအားျဖင့္ KIA တပ္မဟာ ၄၊ ၆နဲ႔ ၁၀တို႔ အေျချပဳထားၿပီး မံုးကိုးေဒသ မွာေတာ့ တပ္မဟာ ၆က အဓိက လႈပ္ရွားေနတာ ျဖစ္ပါတယ္။

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ PCG က ဦးလမိုင္ဂြမ္ဂ်ာကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္အၾကားမွာ ဆိုးဆုိး၀ါး၀ါး ထိခိုက္ႏိုင္ဖြယ္မရိွေၾကာင္း သံုးသပ္ပါတယ္။

“ ျပႆနာေတာ့ ဘာမွ မရိွပါဘူး။ ဒါကေတာ့ အတုလား၊ အစစ္လား အဲဒါကေတာ့ ကာယကံရွင္ပဲ သိမွာပဲေလ။ ဒါ KIA အေနနဲ႔လည္း သူတုိ႔လူမဟုတ္ဘူးလုိ႔ ေျပာထားၿပီးသား။ တပ္ကလည္းပဲ KIA ဘက္က အလင္း၀င္ လာတယ္လို႔ ေျပာတယ္ဆုိတယ္ဆုိတဲ့အခါက်ေတာ့ ျပႆနာေတာ့ ဘာမွ မရိွပါဘူး။ ေတြ႔ဆံုညိွႏိႈင္း ေဆြးေႏြးမႈ မွာေတာ့ အေႏွာက္အယွက္ အဟန္႔အတား ဘာမွ မရိွႏိုင္ဘူးလုိ႔ က်ေနာ္ ဒီလုိပဲ ယံုၾကည္တယ္ဗ်။”

KIA အပါအ၀င္ျဖစ္တဲ့ ေျမာက္ပိုင္းမဟာမိတ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔ဟာ ဒီဇင္ဘာလ ၁၅ရက္ေန႔က တရုတ္ႏိုင္ငံကူးမင္းၿမိဳ႔မွာ ေနာက္ဆံုးေတြ႔ဆံုခဲ့ၿပီး ေနာက္တစ္ၾကိမ္ ဇန္န၀ါလအတြင္းေတြ႔ဆံုဖို႔ သေဘာတူခဲ့ေပမယ့္ တရုတ္ ႏွစ္သစ္ကူးကာလနဲ႔ တုိက္ဆိုင္တာေၾကာင့္ ေဖေဖာ္၀ါရီလ အတြင္းကို ရက္ျပန္လည္ ေရႊ႔ေျပာင္းခဲ့ပါတယ္။ ေလာေလာဆည္မွာေတာ့ ျပည္ေထာင္စုေန႔အၿပီးမွာ ထပ္မံေတြ႔ဆံုဖို႔ လ်ာထားၾကေပမဲ့ ေနရာနဲ႔ ေန႔ရက္ အတိအက် သတ္မွတ္ႏိုင္တာေတာ့ မရိွေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.....................

တပ်မတော်ရဲ့ ကချင်လက်နက်ကိုင် ၂၀ အလင်းဝင်သတင်း KIA ငြင်းဆို

( Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀ကျော် ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့အပေါ် KIA ဘက်က သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်းနဲ့ သတင်းဓါတ်ပုံမှာ ဖော်ပြတဲ့ စစ်ဝတ်စုံနဲ့ သေနတ်တွေကလည်း လက်ရှိ သူတို့ သုံးစွဲနေတဲ့ လက်နက်တွေနဲ့ လွဲနေတာတွေရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIA တပ်ဖွဲ့ ဗိုလ်ကြီးအဆင့် ၃ဦးအပါအဝင် ၂၁ဦးဟာ လက်နက်မျိုးစုံ ၁၀လက်၊ ကျည်မျိုးစုံ ၁၂၈တောင့်၊ ကျည်အိမ်မျိုးစုံ၉ခုနဲ့ မုံးကိုးမြို့နယ် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စခန်းကို ဇန်နဝါရီလ ၃၀ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာကြောင်း တပ်မတော်က ဓါတ်ပုံနဲ့ တကွ သတင်းထုတ် ပြန်ထားတာပါ။

ရှမ်းမြောက်ပိုင်းတိုက်ပွဲများ ခပ်စိတ်စိတ်ပြန်ဖြစ်လာတဲ့ သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီလို ဝင်ရောက်လာသူတွေကို မုံးကိုးတပ်နယ်က ကြိုဆိုပြီး လိုအပ်တဲ့ အကူညီမှုတွေကိုလည်း ဆောင်ရွက် နေကြောင်းလည်း ဖော်ပြထားပါတယ်။

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကတော့ သူတို့တပ်ဖွဲ့က အလင်းဝင်တာ မရှိကြောင်း အခုလို ပြောပါတယ်။

“ အဲဒီမုံးကိုးဒေသမှာရှိတဲ့ လူတွေပေါ့နော်။ သူတို့က ပြည်သူ့စစ်ဖွဲ့ချင်လို့ သူတို့ဟာသူတို့ ပြည်သူ့စစ်ဖွဲ့တာ။ တပ်မတော်က အသိအမှတ်ပြုမပေးဘူး။ မပြုတဲ့အပြင် သူတို့ကိုတောင်မှ ဖမ်းဖို့ကတော့ ပြောထားတာဆိုတဲ့ သတင်းတွေကတော့ ထွက်တာကြာပြီ။ ဆိုတော့ အဲဒီပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကတော့ အလင်းဝင်ပြီးမှ တရားဝင် ပြည်သူ့စစ်ပြန်ဖွဲ့ဖို့ စီစဉ်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒါက မနေ့က မုံးကိုးဒေသမှာရှိတဲ့ တပ်မတေ်ာ ဗျူဟာမှုးနဲ့ အဲဒီဒေသမှာရှိတဲ့ ဒီ ပြည်သူ့စစ်ဖွဲ့ချင်တဲ့ ပုဂ္ဂိုလ်တွေက ဖန်တီးပြီးမှ လုပ်လိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေ အဲဒီဘက်မှာ အလင်းဝင်တာလည်း မရှိပါဘူး။ ”

ဆက်လက်ပြီး သတင်းဓါတ်ပုံမှာ ပါတဲ့ စစ်ဝတ်စုံနဲ့ လက်နက်တွေကလည်း လွဲမှားတာတွေ ရှိနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ သူတို့ ဝတ်စုံတွေလည်း ကျနော်တို့ ဝတ်စုံမဟုတ်တာတွေ အများကြီး ပါတာပေ့ါနော်။ နောက် သေနတ်တွေ ကလည်း သူတို့လက်နက်တွေ သေနတ်တွေကလည်း ကျနော်တို့ မကိုင်တဲ့ သေနတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီသတင်းကတော့ မှန်ကန်မှု မရှိပါဘူးခင်ဗျ။”

ဒီလို သတင်းမှားတွေ ထုတ်ပြန်တဲ့အတွက် တပ်မတော်ရော၊ KIA အတွက်ပါ ဂုဏ်သိက္ခာ ထိခိုက်ရကြောင်း ပြောပါတယ်။

KIA ရဲ့ပြောဆိုချက်နဲ့ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ခေါ်ဆိုလို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အဓိကအားဖြင့် KIA တပ်မဟာ ၄၊ ၆နဲ့ ၁၀တို့ အခြေပြုထားပြီး မုံးကိုးဒေသ မှာတော့ တပ်မဟာ ၆က အဓိက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG က ဦးလမိုင်ဂွမ်ဂျာကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြားမှာ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ပါတယ်။

“ ပြဿနာတော့ ဘာမှ မရှိပါဘူး။ ဒါကတော့ အတုလား၊ အစစ်လား အဲဒါကတော့ ကာယကံရှင်ပဲ သိမှာပဲလေ။ ဒါ KIA အနေနဲ့လည်း သူတို့လူမဟုတ်ဘူးလို့ ပြောထားပြီးသား။ တပ်ကလည်းပဲ KIA ဘက်က အလင်းဝင် လာတယ်လို့ ပြောတယ်ဆိုတယ်ဆိုတဲ့အခါကျတော့ ပြဿနာတော့ ဘာမှ မရှိပါဘူး။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှု မှာတော့ အနှောက်အယှက် အဟန့်အတား ဘာမှ မရှိနိုင်ဘူးလို့ ကျနော် ဒီလိုပဲ ယုံကြည်တယ်ဗျ။”

KIA အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ရက်နေ့က တရုတ်နိုင်ငံကူးမင်းမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်တစ်ကြိမ် ဇန်နဝါလအတွင်းတွေ့ဆုံဖို့ သဘောတူခဲ့ပေမယ့် တရုတ် နှစ်သစ်ကူးကာလနဲ့ တိုက်ဆိုင်တာကြောင့် ဖေဖော်ဝါရီလ အတွင်းကို ရက်ပြန်လည် ရွှေ့ပြောင်းခဲ့ပါတယ်။ လောလောဆည်မှာတော့ ပြည်ထောင်စုနေ့အပြီးမှာ ထပ်မံတွေ့ဆုံဖို့ လျာထားကြပေမဲ့ နေရာနဲ့ နေ့ရက် အတိအကျ သတ်မှတ်နိုင်တာတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG