ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္မွာ ေရာက္ရွိေနတဲ့ နာဂလူငယ္ ၅၀ ခန႔္ကို လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုက ဒီလ အေစာပိုင္းမွာ လူသစ္စုေဆာင္းတဲ့အေနနဲ႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ ဒီလိုဖမ္းဆီးၿပီးတဲ့ေနာက္ နာဂ႐ိုးရာယဥ္ေက်းမႈအဖြဲ႕က သြားေရာက္ ညႇိႏႈိင္းခဲ့ရာမွာ ၁၆ဦးျပန္လႊတ္ေပးၿပီး ၃၃ဦးကိုေတာ့ ထိန္းသိမ္းထား ဆဲျဖစ္ပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုစံေက်ာ္က တင္ျပထားပါတယ္။
ဖားကန႔္ၿမိဳ႕နယ္မွာ ေက်ာက္စိမ္းတူးေဖာ္ဖို႔နဲ႔ အျခားစီးပြားေရးလုပ္ကိုင္ဖို႔ ေရာက္ရွိေနတဲ့ နာဂလူငယ္ေတြကို လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုက ဒီလ ပထမပတ္အတြင္းက စတင္ဖမ္းဆီးခဲ့တာပါ။
ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဖားကန႔္ေဒသေရာက္ နာဂအမ်ိဳးသား တစ္ဦးက VOA ကို အခုလို ေျပာပါတယ္။
“ အဓိကကေတာ့ ဖားကန႔္ၿမိဳ႕နယ္၊ ေမ်ာက္ျဖဴ႐ြာနဲ႔ မန႐ြာမွာေပါ့ေနာ္။ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခု အဲဒီအဖြဲ႕အစည္းကေန ပထမ ၅ ရက္ေန႔က်ေတာ့ တစ္ေယာက္။ ေနာက္ေန႔ ၈ ရက္ေန႔မွာ ၃၀။ ေနာက္ဆုံးရက္က်ေတာ့ ၁၇ေယာက္။ အဲဒါဆိုေတာ့ အကုန္လုံး ၅၀ ဝန္းက်င္ျဖစ္မယ္။ ၇၊ ၈ ၊ ၉ ေတာက္ေလ်ာက္ အဲလိုမ်ိဳး ဆြဲသြားတာ။ ”
ဖမ္းဆီးခံရတဲ့ လူငယ္ေတြဟာ တန္ခြန္နဲ႔ ကိုကာ့ နာဂမ်ိဳးႏြယ္စုဝင္ေတြ အမ်ားစုျဖစ္ေၾကာင္း ေျပာပါတယ္။
နာဂလူငယ္ေတြ ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး ဖားကန႔္ၿမိဳ႕ရွိ နာဂ႐ိုးရာယဥ္ေက်းမႈအဖြဲ႕က သြားေရာက္ ညႇိႏႈိင္းခဲ့ေပမဲ့ အမ်ားစုကို ျပန္လည္လႊတ္ေပးတာမရွိေၾကာင္း ဖားကန႔္ၿမိဳ႕က နာဂ႐ိုးရာယဥ္ေက်းမႈအဖြဲ႕နဲ႔ နီးစပ္သူ တစ္ဦးက ေျပာပါတယ္။
“ ဖားကန႔္မွာက က်ေနာ္တို႔ နာဂယဥ္ေက်းမႈအဖြဲ႕ရွိတယ္။ သူတို႔ ယဥ္ေက်းမႈအဖြဲ႕ကေနၿပီးေတာ့မွ သြားၿပီး ညႇိႏႈိင္းတယ္လို႔ေတာ့ ၾကားတယ္ေပါ့ေလ။ ဖမ္းသြားတာေတာ့ အေယာက္ ၅၀ေလာက္ ဖမ္းသြားတယ္ေပါ့ေနာ္။ ဒါေပမဲ့ အဲဒီမွာ အိမ္ေထာင္ရွိတဲ့လူေတြ၊ ၿပီးေတာ့ က်န္းမာေရး မေကာင္းတဲ့လူေတြ၊ ၿပီးေတာ့ ညီအကိုႏွစ္ေယာက္ ပါသြားတဲ့လူေတြေပါ့ေနာ္။ အဲလို လူေတြကိုေတာ့ ျပန္လႊတ္ေပးၿပီးေတာ့ က်န္တဲ့လူေတြကိုေတာ့ သူတို႔ ျပန္မလႊတ္ေပးေတာ့ဘူးေပါ့။”
ေနာက္ဆုံးရရွိတဲ့သတင္းအရ ဖမ္းဆီးသြားသူေတြအနက္ ၁၆ဦးျပန္လည္လြတ္ေျမာက္လာၿပီး ၃၃ဦးက်န္ေနေသးေၾကာင္း ဆက္ေျပာပါတယ္။
“ သူတို႔ ဖမ္းသြားတဲ့အထဲမွာ ၁၆ေယာက္ျပန္လြတ္လာတယ္။ ၃၃ေယာက္ က်န္ေသးတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒီ ၁၆ေယာက္က ဘယ္သူေတြ ပါလဲ။ ၿပီးေတာ့ က်န္ခဲ့တဲ့သူေတြက ဘယ္သူေတြလဲဆိုတာေတာ့ အေသးစိတ္ကေတာ့ မသိရေသးဘူးေပါ့ေလ။ ျပန္လြတ္လာတဲ့သူေတြနဲ႔လည္း အဆက္အသြယ္မရေသးဘူး။”
ေလာေလာဆည္ ကခ်င္ျပည္နယ္မွာ ၂၀၂၁ အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းလိုက္တဲ့ နာဂျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ NPDF နဲ႔ အေရွ႕ပိုင္းနာဂ အမ်ိဳးသားအဖြဲ႕ ENNO ေခၚတဲ့ လက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕ ေရာက္ရွိေနတာျဖစ္ပါတယ္။
နာဂျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ NPDF ကေတာ့ နာဂလူငယ္ေတြကို သူတို႔ဖမ္းဆီးတာ မဟုတ္ေၾကာင္း၊ ဒီလုပ္ရပ္ကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ အေရွ႕ပိုင္းနာဂ အမ်ိဳးသားအဖြဲ႕ ENNOကေတာ့ ထုတ္ျပန္တာ မရွိပါဘူး။
{Unicode}
ဖားကန့် မှာ နာဂလူငယ် ၅၀ ခန့်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး ခေါ်ဆောင်သွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရောက်ရှိနေတဲ့ နာဂလူငယ် ၅၀ ခန့်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဒီလ အစောပိုင်းမှာ လူသစ်စုဆောင်းတဲ့အနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုဖမ်းဆီးပြီးတဲ့နောက် နာဂရိုးရာယဉ်ကျေးမှုအဖွဲ့က သွားရောက် ညှိနှိုင်းခဲ့ရာမှာ ၁၆ဦးပြန်လွှတ်ပေးပြီး ၃၃ဦးကိုတော့ ထိန်းသိမ်းထား ဆဲဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ဖို့နဲ့ အခြားစီးပွားရေးလုပ်ကိုင်ဖို့ ရောက်ရှိနေတဲ့ နာဂလူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဒီလ ပထမပတ်အတွင်းက စတင်ဖမ်းဆီးခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖားကန့်ဒေသရောက် နာဂအမျိုးသား တစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ အဓိကကတော့ ဖားကန့်မြို့နယ်၊ မျောက်ဖြူရွာနဲ့ မနရွာမှာပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု အဲဒီအဖွဲ့အစည်းကနေ ပထမ ၅ ရက်နေ့ကျတော့ တစ်ယောက်။ နောက်နေ့ ၈ ရက်နေ့မှာ ၃၀။ နောက်ဆုံးရက်ကျတော့ ၁၇ယောက်။ အဲဒါဆိုတော့ အကုန်လုံး ၅၀ ဝန်းကျင်ဖြစ်မယ်။ ၇၊ ၈ ၊ ၉ တောက်လျောက် အဲလိုမျိုး ဆွဲသွားတာ။ ”
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ တန်ခွန်နဲ့ ကိုကာ့ နာဂမျိုးနွယ်စုဝင်တွေ အများစုဖြစ်ကြောင်း ပြောပါတယ်။
နာဂလူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဖားကန့်မြို့ရှိ နာဂရိုးရာယဉ်ကျေးမှုအဖွဲ့က သွားရောက် ညှိနှိုင်းခဲ့ပေမဲ့ အများစုကို ပြန်လည်လွှတ်ပေးတာမရှိကြောင်း ဖားကန့်မြို့က နာဂရိုးရာယဉ်ကျေးမှုအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ ဖားကန့်မှာက ကျနော်တို့ နာဂယဉ်ကျေးမှုအဖွဲ့ရှိတယ်။ သူတို့ ယဉ်ကျေးမှုအဖွဲ့ကနေပြီးတော့မှ သွားပြီး ညှိနှိုင်းတယ်လို့တော့ ကြားတယ်ပေါ့လေ။ ဖမ်းသွားတာတော့ အယောက် ၅၀လောက် ဖမ်းသွားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီမှာ အိမ်ထောင်ရှိတဲ့လူတွေ၊ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့လူတွေ၊ ပြီးတော့ ညီအကိုနှစ်ယောက် ပါသွားတဲ့လူတွေပေါ့နော်။ အဲလို လူတွေကိုတော့ ပြန်လွှတ်ပေးပြီးတော့ ကျန်တဲ့လူတွေကိုတော့ သူတို့ ပြန်မလွှတ်ပေးတော့ဘူးပေါ့။”
နောက်ဆုံးရရှိတဲ့သတင်းအရ ဖမ်းဆီးသွားသူတွေအနက် ၁၆ဦးပြန်လည်လွတ်မြောက်လာပြီး ၃၃ဦးကျန်နေသေးကြောင်း ဆက်ပြောပါတယ်။
“ သူတို့ ဖမ်းသွားတဲ့အထဲမှာ ၁၆ယောက်ပြန်လွတ်လာတယ်။ ၃၃ယောက် ကျန်သေးတယ်ပေါ့နော်။ ဆိုတော့ အဲဒီ ၁၆ယောက်က ဘယ်သူတွေ ပါလဲ။ ပြီးတော့ ကျန်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲဆိုတာတော့ အသေးစိတ်ကတော့ မသိရသေးဘူးပေါ့လေ။ ပြန်လွတ်လာတဲ့သူတွေနဲ့လည်း အဆက်အသွယ်မရသေးဘူး။”
လောလောဆည် ကချင်ပြည်နယ်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နာဂပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ NPDF နဲ့ အရှေ့ပိုင်းနာဂ အမျိုးသားအဖွဲ့ ENNO ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF ကတော့ နာဂလူငယ်တွေကို သူတို့ဖမ်းဆီးတာ မဟုတ်ကြောင်း၊ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အရှေ့ပိုင်းနာဂ အမျိုးသားအဖွဲ့ ENNOကတော့ ထုတ်ပြန်တာ မရှိပါဘူး။