(Zawgyi / Unicode)
ကယား (ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ မေန႔ စက္တင္ဘာ ၂၅ ရက္မွာ ၈ နာရီၾကာ စစ္ေကာင္စီတပ္နဲ႔ ျပင္းျပင္းထန္ထန္ တုိက္ပြဲျဖစ္ပြားခဲ့တယ္လို႔ KNDF တပ္စုမွဴးတဦးက ဗြီအိုေအကို အတည္ျပဳပါတယ္။ တိုက္ပြဲအတြင္း KNDF တပ္ဖြဲ႔ဝင္တဦး ဒဏ္ရာရရွိခဲ့သလို အနီးက ေသာ္ဖူးၾကာရြာ ေက်းရြာသားေတြလည္း ထပ္မံ ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံက ေျပာပါတယ္။ ဒီးေမာ့ဆိုဘက္က အေျခအေန ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။
ကယား (ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ရက္ဆက္ဆိုသလို တိုက္ပြဲ ျဖစ္ပြားေနပါတယ္။
စက္တင္ဘာ ၂၄ ရက္ ညေနပိုင္း ကုန္းသာရြာနားမွာ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) နဲ႔ ကရင္နီတပ္မေတာ္ (KA) ပူးေပါင္းအဖြဲ႔နဲ႔ စစ္တပ္ၾကား တိုက္ပြဲျဖစ္ခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔ စက္တင္ဘာ ၂၅ ရက္ေန႔ မနက္ ၉ နာရီကေန ညေန ၆ နာရီအထိ ကုန္းသာရြာ၊ ေဒါငံခါးရြာဘက္မွာပဲ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ခဲ့တယ္လို႔ KNDF တပ္ရင္း ၆ တပ္စုမွဴးတဦးက ဗြီအုိေအကို အတည္ျပဳေျပာပါတယ္။
ကယား (ကရင္နီ) ျပည္နယ္မွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြျဖစ္တဲ့ KNDF၊ KA၊ PDF တို႔ သုံးဖြဲ႔ပူးေပါင္းနဲ႔ စစ္ေကာင္စီတပ္တို႔ၾကား အခ်ိန္ ၈ နာရီေလာက္ ျပင္းျပင္းထန္ထန္ တုိက္ပြဲျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္ေကာင္စီက အေဝးပစ္ လက္နက္ႀကီးေတြ အဆက္မျပတ္ အသုံးျပဳေနတာလို႔ KNDF တပ္ရင္း ၆ တပ္စုမွဴးတဦးက ဗြီအုိေအကို ေျပာပါတယ္။
“တေန႔ကုန္ေလာက္ တုိက္ရတာေပါ့ေနာ္၊ သူတို႔က လက္နက္ႀကီးအားကိုးတယ္ေပါ့ေနာ္။ သူတို႔က ဟိုအေဝးကေန လွမ္းထုေသးတာေပါ့၊ အဲ့ဒါ က်ေနာ္တို႔နဲ႔ သူတို႔က ထိေတြ႔မႈ မေတြ႔ႏိုင္ဘူးေပ့ါေနာ္။ မေတြ႔ႏိုင္တဲ့အတြက္ က်ေနာ္တို႔က အေဝးကေန လွမ္းပစ္ၾကရတာေပါ့။ ဒီညေနပိုင္းက်ေတာ့ က်ေနာ္တို႔က သူတို႔ကို ပစ္ၿပီးေတာ့ သူတို႔ ျပန္ဆုတ္ခြာသြားတာေပါ့ေနာ္။ ထိခိုက္ဒဏ္ရာရမႈက တေယာက္ေတာ့ ထိခိုက္တယ္။ ဒါေပမယ့္ အဲ့ေလာက္မဆိုးဘူး။ ရြာကေတာ့ ကုန္းသာရြာက အိမ္မီးေလာင္သြားတာ ေလးအိမ္ေလာက္ ေလာင္သြားတယ္။”
စစ္ေကာင္စီက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ဟာ ေက်းရြာအတြင္း က်ေရာက္ၿပီး ေနအိမ္မီးေလာင္မႈတခ်ိဳ႕ ရွိခဲ့ပါတယ္။ စက္တင္ဘာ ၂၄ ရက္ေန႔က တိုက္ပြဲအေျခအေနေၾကာင့္ ကုန္းသာရြာ၊ ေဒါငံခါးရြာနဲ႔ ေသးဆူလယ္ရြာက ေဒသခံေတြ အကုန္လုံးနီးပါး ထြက္ေျပးေနရသလို ဒီကေန႔မွာ ေသာ္ဖူးၾကာရြာ ေက်းရြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ၾကရတယ္လို႔ ေသာ္ဖူးၾကာရြာသားတဦးက ေျပာပါတယ္။
“ဒီေန႔ကေတာ့ စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းေရး လုပ္ရင္းလုပ္ရင္းနဲ႔ ဒီလို ေနရာခ်ဲ႕ရင္းနဲ႔ ထိပ္တိုက္ေတြ႔ၾကတာ။ အေျမာက္ႀကီးေတြလည္း သုံးတယ္ဗ်။ ေနာက္ ေငြေတာင္ ၄၂၇၊ ၁၀၂ တပ္ရင္းကေန သူတို႔ အေျမာက္လွမ္းထု ကူတာေတြလည္း ရွိတယ္။ ေနာက္ ဒီေျမျပင္မွာလည္း သူတို႔ ပစ္ၾက ခတ္ၾကတာလည္း အခ်ိန္လည္း အရမ္းၾကာတယ္ေပါ့ေနာ္။ လက္နက္ႀကီးေတြကေတာ့ က်ေနာ္တို႔ဘက္ က်ေနာ္တို႔ရြာနဲ႔ သိပ္ေတာ့ နီးနီးေလး က်တာမ်ိဳးေတာ့ မရွိေသးေပမယ့္ တိုက္ပြဲကေတာ့ ရြာနဲ႔နီးတဲ့အတြက္ က်ေနာ္တို႔လည္း ေရွာင္ရတာေပါ့။ အျခားရြာေတြ ေျပးလား မေျပးလားေတာ့ က်ေနာ္လည္း ေသခ်ာမသိဘူး။ က်ေနာ္တို႔ရြာကေတာ့ အကုန္ေျပးၾကတယ္။”
အာဏာသိမ္း စစ္ေကာင္စီတပ္ေတြဟာ ကယားနယ္ဘက္မွာ အင္အားတိုးခ်ထားၿပီး လက္နက္ႀကီးေတြ အဆမတန္ အသုံးျပဳ ပစ္ခတ္၊ ေဒသခံေတြကို ရက္ရက္စက္စက္ ဖိႏွိပ္ေနတာလို႔ KNDF တပ္ရင္း ၆ တပ္စုမွဴးက ေျပာပါတယ္။
“သူတို႔က က်ေနာ္တို႔ကို လာမတိုက္ရင္ က်ေနာ္တုိ႔က မတိုက္ဘူးေပါ့ေနာ္။ သူတို႔လိုခ်င္တဲ့ဟာေတြက ဘာေတြလိုခ်င္လဲ အဲ့ဒါမ်ိဳးေပါ့။ သို႔မဟုတ္ က်ေနာ္တို႔ျပည္သူပဲ သူတို႔က ဟို အျပဳတ္တိုက္ခ်င္တာလား၊ အဲ့ဒါမ်ိဳးေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔က အခု ဒီ KNDF အဖြဲ႔အစည္းက သူတို႔လက္နက္အင္အားက သူတို႔ဟာေလာက္ မေကာင္းဘူးေပ့ါေနာ္။ အဲ့ဒါကို က်ေနာ္တို႔ကို မတရား ဖိႏွိပ္ၿပီးေတာ့မွ တိုက္ေနတယ္။ လက္နက္ႀကီးကို အားကိုးၿပီးမွ က်ေနာ္တို႔ကို အေဝးကေန လွမ္းပစ္ေနတယ္။ က်ေနာ္တို႔ ရြာထဲကလူေတြ အခုက ျပည္သူလူထုေတြ အကုန္လုံး ထြက္ေျပးရတယ္ေပါ့ေနာ္။”
ဒီးေမာ့ဆိုၿမိဳ႕နယ္က တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖဆိုတာ မရွိသလို စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။
---------------------
(Unicode)
ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၅ ရက်မှာ ၈ နာရီကြာ စစ်ကောင်စီတပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF တပ်စုမှူးတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့သလို အနီးက သော်ဖူးကြာရွာ ကျေးရွာသားတွေလည်း ထပ်မံ ထွက်ပြေးနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီးမော့ဆိုဘက်က အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ရက်ဆက်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ကုန်းသာရွာနားမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကုန်းသာရွာ၊ ဒေါငံခါးရွာဘက်မှာပဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တယ်လို့ KNDF တပ်ရင်း ၆ တပ်စုမှူးတဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
ကယား (ကရင်နီ) ပြည်နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KNDF၊ KA၊ PDF တို့ သုံးဖွဲ့ပူးပေါင်းနဲ့ စစ်ကောင်စီတပ်တို့ကြား အချိန် ၈ နာရီလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက အဝေးပစ် လက်နက်ကြီးတွေ အဆက်မပြတ် အသုံးပြုနေတာလို့ KNDF တပ်ရင်း ၆ တပ်စုမှူးတဦးက ဗွီအိုအေကို ပြောပါတယ်။
“တနေ့ကုန်လောက် တိုက်ရတာပေါ့နော်၊ သူတို့က လက်နက်ကြီးအားကိုးတယ်ပေါ့နော်။ သူတို့က ဟိုအဝေးကနေ လှမ်းထုသေးတာပေါ့၊ အဲ့ဒါ ကျနော်တို့နဲ့ သူတို့က ထိတွေ့မှု မတွေ့နိုင်ဘူးပေ့ါနော်။ မတွေ့နိုင်တဲ့အတွက် ကျနော်တို့က အဝေးကနေ လှမ်းပစ်ကြရတာပေါ့။ ဒီညနေပိုင်းကျတော့ ကျနော်တို့က သူတို့ကို ပစ်ပြီးတော့ သူတို့ ပြန်ဆုတ်ခွာသွားတာပေါ့နော်။ ထိခိုက်ဒဏ်ရာရမှုက တယောက်တော့ ထိခိုက်တယ်။ ဒါပေမယ့် အဲ့လောက်မဆိုးဘူး။ ရွာကတော့ ကုန်းသာရွာက အိမ်မီးလောင်သွားတာ လေးအိမ်လောက် လောင်သွားတယ်။”
စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပြီး နေအိမ်မီးလောင်မှုတချို့ ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့က တိုက်ပွဲအခြေအနေကြောင့် ကုန်းသာရွာ၊ ဒေါငံခါးရွာနဲ့ သေးဆူလယ်ရွာက ဒေသခံတွေ အကုန်လုံးနီးပါး ထွက်ပြေးနေရသလို ဒီကနေ့မှာ သော်ဖူးကြာရွာ ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သော်ဖူးကြာရွာသားတဦးက ပြောပါတယ်။
“ဒီနေ့ကတော့ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး လုပ်ရင်းလုပ်ရင်းနဲ့ ဒီလို နေရာချဲ့ရင်းနဲ့ ထိပ်တိုက်တွေ့ကြတာ။ အမြောက်ကြီးတွေလည်း သုံးတယ်ဗျ။ နောက် ငွေတောင် ၄၂၇၊ ၁၀၂ တပ်ရင်းကနေ သူတို့ အမြောက်လှမ်းထု ကူတာတွေလည်း ရှိတယ်။ နောက် ဒီမြေပြင်မှာလည်း သူတို့ ပစ်ကြ ခတ်ကြတာလည်း အချိန်လည်း အရမ်းကြာတယ်ပေါ့နော်။ လက်နက်ကြီးတွေကတော့ ကျနော်တို့ဘက် ကျနော်တို့ရွာနဲ့ သိပ်တော့ နီးနီးလေး ကျတာမျိုးတော့ မရှိသေးပေမယ့် တိုက်ပွဲကတော့ ရွာနဲ့နီးတဲ့အတွက် ကျနော်တို့လည်း ရှောင်ရတာပေါ့။ အခြားရွာတွေ ပြေးလား မပြေးလားတော့ ကျနော်လည်း သေချာမသိဘူး။ ကျနော်တို့ရွာကတော့ အကုန်ပြေးကြတယ်။”
အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ကယားနယ်ဘက်မှာ အင်အားတိုးချထားပြီး လက်နက်ကြီးတွေ အဆမတန် အသုံးပြု ပစ်ခတ်၊ ဒေသခံတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတာလို့ KNDF တပ်ရင်း ၆ တပ်စုမှူးက ပြောပါတယ်။
“သူတို့က ကျနော်တို့ကို လာမတိုက်ရင် ကျနော်တို့က မတိုက်ဘူးပေါ့နော်။ သူတို့လိုချင်တဲ့ဟာတွေက ဘာတွေလိုချင်လဲ အဲ့ဒါမျိုးပေါ့။ သို့မဟုတ် ကျနော်တို့ပြည်သူပဲ သူတို့က ဟို အပြုတ်တိုက်ချင်တာလား၊ အဲ့ဒါမျိုးပေါ့နော်။ ပြောရမယ်ဆိုရင် ကျနော်တို့က အခု ဒီ KNDF အဖွဲ့အစည်းက သူတို့လက်နက်အင်အားက သူတို့ဟာလောက် မကောင်းဘူးပေ့ါနော်။ အဲ့ဒါကို ကျနော်တို့ကို မတရား ဖိနှိပ်ပြီးတော့မှ တိုက်နေတယ်။ လက်နက်ကြီးကို အားကိုးပြီးမှ ကျနော်တို့ကို အဝေးကနေ လှမ်းပစ်နေတယ်။ ကျနော်တို့ ရွာထဲကလူတွေ အခုက ပြည်သူလူထုတွေ အကုန်လုံး ထွက်ပြေးရတယ်ပေါ့နော်။”
ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။