သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေ ပြင်းထန်


ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေ ပြင်းထန် (photo: SOF)
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေ ပြင်းထန် (photo: SOF)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ဒေသခံတပ်တွေက စစ်ကောင်စီရဲ့ရုံးတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ၂ ဘက်သေဆုံးမှုတွေရှိနေပြီးဘေးလွတ်ရာပုန်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေ ပြင်းထန်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ဒေသခံတပ်တွေက စစ်ကောင်စီရဲ့ရုံးတွေကိုဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက်စစ်ကောင်စီဘက်က လေကြောင်းကနေပြန်လည်တိုက်ခိုက် နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ၂ ဘက်သေဆုံးမှုတွေရှိနေပြီး ဘေးလွတ်ရာပုန်းရှောင်နေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ကြာအင်းဆိပ်ကြီးက နောက်ဆုံး အခြေနေကို ဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။
##
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့လဝကရုံး ထွေအုပ်ရုံး ရဲစခန်း၊ တရားသူကြီးရုံးစတဲ့ နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မူတွေအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေ ကဆိုပါတယ်

“ ၂ ရက်နေ့ကနေ စပြီးတော့လေယာဉ်တွေနဲ့ဗုံးလာကြဲတယ် အရပ်ဖက် အရပ်သားတွေ ဘုန်းကြီးတွေထိခိုက် ဒဏ်ရာရတာရှိတယ် စစ်တပ်ဘက်ကကျတာတွေလည်းရှိတယ် ဒီဘက်ကလည်း ဌာနဆိုင်ရာတွေ ဝင်တိုက်တာ တွေရှိတယ် စစ်တပ်ဘက်ကကျဆုံးတာတွေလည်းအတော်များတယ်”


စစ်ကောင်စီဘက်က တော့ ဒီကိစ္စနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်း တပ်ဖွဲ့တို့ပူးပေါင်းပြီး ကြာအင်းဆိပ်ကြီမြို့နယ်ထဲက ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ တရား သူကြီးရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဇွန်လ ၃ရက်နေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ် ။


စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပေမယ့် VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဇွန်လ ၂ရက်နေ့က အခုလိုဝင်ရောက်စီးနင်းပြီးတဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မူတွေ လုပ်ခဲ့တာကြောင့် ရဟန်းသံဃာတွေအရပ်သားတွေ ၃ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

XS
SM
MD
LG