သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္မွာ ရက္ပိုင္းအတြင္း စစ္ေဘးေရွာင္၂၀,၀၀၀ တိုး


စစ္ေကာင္စီတပ္ေတြရဲ႕ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေညာင္ေလးပင္ခ႐ိုင္က အရပ္သားေနအိမ္ မီးေလာင္ေနစဥ္ (photo: KNU)

{{Zawgyi/Unicode}}

ကရင္အမ်ိဳးသားအစည္းအရံုးထိန္းခ်ဳပ္ရာ တပ္မဟာ (၃) နယ္ေျမ ေက်ာက္ႀကီးနဲ႔ မုန္းျမိဳ ့နယ္ထဲမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူ၊ ပီဒီအက္ဖ္ပူးေပါင္းတပ္ဖဲြ ့ေတြ တိုက္ပဲြေတြျဖစ္ေနျပီး ေက်းရြာေပါင္း ၁၀ ရြာေက်ာ္ဟာ လက္နက္ႀကီးပစ္ခတ္ခံရမႈေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၃) နယ္ေျမ ေက်ာက္ႀကီးနဲ ့မုန္းျမိဳ ့နယ္ ထဲက ေက်းရြာေပါင္း ၁၀ ရြာေက်ာ္ဟာ ႏွစ္ဘက္တိုက္ပဲြေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတာမို႔ ဒီရက္ပိုင္းမွာပဲ ထြက္ေျပးေနရတဲ့ေက်းရြာေပါင္း ၁၀ ရြာေက်ာ္က ေဒသခံ ၂၀,၀၀၀ ေလာက္ရွိေနျပီလို ့စစ္ေဘးေရွာင္ေတြကိုအကူညီေပးေနတဲ့ ေဒသခံတဦးကေျပာျပပါတယ္။

“စစ္တပ္ကလည္း ထိေတြ႔မႈျဖစ္တယ္။ မေန႔ကလည္း ေညာင္ပင္ရြာေတြမွာလည္းျဖစ္တယ္။ အခုက ႏွစ္ဘက္ေစာင့္ၾကည့္ေနတယ္။ စစ္ေရးက တင္းမာေနတယ္။ စစ္ေဘးေရွာင္ ေရႊ႕ေျပာင္းရြာေတြက ၁၀ ရြာေက်ာ္ရွိတယ္။ လွည္းလမ္းကူး၊ တလိုင္းအုိင္၊ ဂြအုိင္၊ သေျပညြန္႔၊ ေက်ာက္ႀကီးဖတ္၊ မဲ့ပလာ၊ ေညာင္ပင္သာ၊ ေညာင္ပင္သာေျမာက္ပုိင္း၊ ေရာက္တဝ ဆယ္ရြာေက်ာ္ရွိတယ္။ ၁၀ ရြာကုိ စစ္ေဘးေရွာင္က ၂ ေသာင္းဝန္းက်င္ေလာက္ရွိတယ္။ စစ္ေဘးေရွာင္က အားလံုး ၂ ေသာင္းခဲြ၊ ၃ ေသာင္းဝန္းက်င္ရွိျပီ။။”

တပ္မဟာ (၃) နယ္ေျမထဲမွာ ထိေတြ႔တိုက္ပဲြေတြကလည္း ျပင္းထန္ေနသလို စစ္ေကာင္စီတပ္ေတြက ရြာေတြကုိ မီးရွို ့မယ္လို ့ျခိမ္းေျခာက္တာေတြရိွေနေၾကာင္း ေဒသခံက ဆက္ေျပာျပပါတယ္။

“စစ္ေရးအရေတာ့ ႏွစ္ဘက္တိုက္ပဲြက ဟိုဘက္ကလည္း စစ္ေၾကာင္းထုိးလာတယ္။ ဒီဘက္ကလည္း ေနာက္မဆုတ္ေပးဘူး။ ဒီေန႔မွာေတာ့ စစ္ေကာင္စီဘက္က ရြာကိုလက္နက္ႀကီးနဲ႔ထုေနတယ္။ စစ္ေကာင္စီက ရြာကိုကားနဲ့ပတ္ျပီး ရြာထဲက လူေတြ ထြက္ၾက၊ ရြာကုိမီးနဲ့ရွို ့မယ္လို ့ေျပာတယ္။”

ၿပီးခဲ့တဲ့ရက္ကပဲ တပ္မဟာ (၃) နယ္ေျမမွာ စစ္ေကာင္စီရဲ ့ခမရ-၂၀ က ေက်းရြာေတြကို လက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ ေက်းရြာသား ၂ ဦးေသဆံုးခဲ့ၿပီး ၂ ဦးကေတာ့ ျပင္းထန္တဲ့ဒဏ္ရာေတြ ရရွိခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===================

{{Unicode}}

ကရင်ပြည်နယ်မှာ ရက်ပိုင်းအတွင်း စစ်ဘေးရှောင်၂၀,၀၀၀ တိုး

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ၊ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်ဟာ လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးနဲ့မုန်းမြို့နယ် ထဲက ကျေးရွာပေါင်း ၁၀ ရွာကျော်ဟာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာမို့ ဒီရက်ပိုင်းမှာပဲ ထွက်ပြေးနေရတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၂၀,၀၀၀ လောက်ရှိနေပြီလို့စစ်ဘေးရှောင်တွေကိုအကူညီပေးနေတဲ့ ဒေသခံတဦးကပြောပြပါတယ်။

“စစ်တပ်ကလည်း ထိတွေ့မှုဖြစ်တယ်။ မနေ့ကလည်း ညောင်ပင်ရွာတွေမှာလည်းဖြစ်တယ်။ အခုက နှစ်ဘက်စောင့်ကြည့်နေတယ်။ စစ်ရေးက တင်းမာနေတယ်။ စစ်ဘေးရှောင် ရွှေ့ပြောင်းရွာတွေက ၁၀ ရွာကျော်ရှိတယ်။ လှည်းလမ်းကူး၊ တလိုင်းအိုင်၊ ဂွအိုင်၊ သပြေညွန့်၊ ကျောက်ကြီးဖတ်၊ မဲ့ပလာ၊ ညောင်ပင်သာ၊ ညောင်ပင်သာမြောက်ပိုင်း၊ ရောက်တဝ ဆယ်ရွာကျော်ရှိတယ်။ ၁၀ ရွာကို စစ်ဘေးရှောင်က ၂ သောင်းဝန်းကျင်လောက်ရှိတယ်။ စစ်ဘေးရှောင်က အားလုံး ၂ သောင်းခွဲ၊ ၃ သောင်းဝန်းကျင်ရှိပြီ။။”

တပ်မဟာ (၃) နယ်မြေထဲမှာ ထိတွေ့တိုက်ပွဲတွေကလည်း ပြင်းထန်နေသလို စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့မယ်လို့ခြိမ်းခြောက်တာတွေရှိနေကြောင်း ဒေသခံက ဆက်ပြောပြပါတယ်။

“စစ်ရေးအရတော့ နှစ်ဘက်တိုက်ပွဲက ဟိုဘက်ကလည်း စစ်ကြောင်းထိုးလာတယ်။ ဒီဘက်ကလည်း နောက်မဆုတ်ပေးဘူး။ ဒီနေ့မှာတော့ စစ်ကောင်စီဘက်က ရွာကိုလက်နက်ကြီးနဲ့ထုနေတယ်။ စစ်ကောင်စီက ရွာကိုကားနဲ့ပတ်ပြီး ရွာထဲက လူတွေ ထွက်ကြ၊ ရွာကိုမီးနဲ့ရှို့မယ်လို့ပြောတယ်။”

ပြီးခဲ့တဲ့ရက်ကပဲ တပ်မဟာ (၃) နယ်မြေမှာ စစ်ကောင်စီရဲ့ခမရ-၂၀ က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျေးရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်ရှင်။

XS
SM
MD
LG