သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းသေဒဏ်ချခံရသူတွေ အသနားခံစာတင်ရေး သံရုံးလုပ်ဆောင်


သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်း (ယာ) နှင့် ဇော်လင်း (ဝဲ) (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)
သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်း (ယာ) နှင့် ဇော်လင်း (ဝဲ) (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး ထိုင်းနိုင်ငံ မြန်မာသံရုံး သံအမတ်ကြီးနဲ့ ထိုင်းရှေ့နေများကောင်စီ တိုင်ပင်ပြီး အသနားခံစာတင်ဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။ မြန်မာအလုပ်သမားနှစ်ဦးရှိတဲ့ အကျဉ်းထောင်အထိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုယ်တိုင် သွားရောက်တွေ့ဆုံ အားပေးစကား ပြောခဲ့တာပါ။ သူတို့လွတ်မြောက်ရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဘာတွေ ဆောင်ရွက်နေပါသလဲ။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ကို သွားရောက်ခဲ့ပြီးနောက် ထိုင်းရှေေ့နများကောင်စီနဲ့ပါ သူတို့ လွတ်မြောက်ရေးအတွက် အသနားခံစာတင်ဖို့ ကိစ္စတွေကို ဆွေးနွေးပွဲလုပ်ခဲ့ကြောင်း မြန်မာသံရုံး ကိုယ်စားပြုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ပေးနေသူ ရှေေ့န ဦးအောင်မျိုးသန့်က ပြောပါတယ်။

“မနက်ပိုင်းမှာတော့ ကလေးတွေ သွားတွေ့တယ်။ ပြီးတော့ စားသောက်စရာနဲ့ စာရွက်စာတမ်းတွေ ပေးခဲ့တယ်။ အားပေးစကားပြောခဲ့တယ်။ ညနေပိုင်းကျတော့ ရှေေ့နများကောင်စီနဲ့ သွားတွေ့တယ်။ ရှေ့နေများကောင်စီက လူ ၂၀ လောက်ရှိတယ်။ သူတို့အချင်းချင်း ဒီကနေ့မှာ တွေ့ကြမယ်။ သူတို့ ထိုင်ပြီးတော့မှ ရှေေ့နများကောင်စီရဲ့ အစီစဉ်ပြီးသွားရင်တော့ သံအမတ်ကြီးဆီကို သံံရုံးကို စာပို့လာမယ်လို့ ပြောပါတယ်။”

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ်ကနေ လွတ်မြောက်နိုင်ဖို့ကသာ အရေးကြီးကြောင်း၊ နောက်ပိုင်းမှာ ဘုရင်လွတ်ငြိမ်းချမ်းသာခွင့်တွေ နှစ်တိုင်းပေးရင်လည်း လျှော့ရက်တွေရလာပြီး လွတ်သွားမှာဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။

“သေဒဏ်က လွတ်သွားရင်တော့ တဖြည်းဖြည်းနဲ့ ပြီးသွားမှာပေါ့။ အခု ၅ နှစ်ရှိပြီ။ နောက်ဆို လျှော့ရက်ရရင် နှစ်ကြီးသမားဆိုရင် ဒါနဲ့တောင် လွတ်သွားမှာပါ။ အဓိကတော့ သေဒဏ်ကနေ ပြောင်းသွားဖို့ အရေးကြီးတာ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပန်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်လူငယ် ၂ ဦး အသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG