သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Gorbachev  စ်ာပန သမၼတ Putin တက္ေရာက္ႏိုင္မည္ မဟုတ္


(Zawgyi / Unicode)

ကြယ္လြန္သူ ဆိုဗီယက္ေခါင္းေဆာင္ေဟာင္း Mikhail Gorbachev ရဲ႕ စ်ာပနကို အလုပ္ကိစၥေတြအတြက္ အခ်ိန္မရတာေၾကာင့္ ႐ုရွားသမၼတ Vladimir Putin တက္ေရာက္ႏိုင္မွာ မဟုတ္ေၾကာင္း သမၼတ႐ုံးကေျပာလိုက္ပါတယ္။ ဒီသီတင္းပတ္ အေစာပိုင္းက ကြယ္လြန္သြားတဲ့ Gorbachev ကို ႏိုင္ငံေတာ္စ်ာပနအဆင့္ အျပည့္အ၀ က်င္းပေပးႏိုင္မွာ မဟုတ္ေပမဲ့၊ ႏိုင္ငံေတာ္ စ်ာပနေတြမွာ ပါ၀င္ေလ့ရွိတဲ့ ဂုဏ္ျပဳတပ္ဖဲြ႕နဲ႔ တျခားအစီအစဥ္ေတြ ပါ၀င္မွာ ျဖစ္ေၾကာင္းလည္း ႐ုရွားသမၼတ႐ုံး ေျပာခြင့္ရ Dmitry Peskov က ၾကာသပေတးေန႔မွာ ေျပာခဲ့တာပါ။

ကာလၾကာရွည္ ခံစားခဲ့ရတဲ့ ေရာဂါနဲ႔ ၾသဂုတ္လ ၃၀ ရက္ေန႔က ကြယ္လြန္သြားခဲ့တ့ဲ ေမာ္စကိုၿမိဳ႕ေတာ္က ေဆး႐ုံမွာ သမၼတပူတင္ သြားေရာက္ၾကည့္႐ႈခဲ့ေၾကာင္းလည္း ေျပာပါတယ္။ အလုပ္ကိစၥေတြနဲ႔ တိုက္ေနတာေၾကာင့္ စ်ာပနအခမ္းအနားကို တက္ႏိုင္မွာ မဟုတ္တဲ့အတြက္၊ ၾကာသပေတးေန႔က ေဆး႐ုံကို သြားခဲ့တာလို႔လည္း ေျပာခြင့္ရပုဂၢိဳလ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

Nikita Khrushchev ကလဲြလို႔ ႐ုရွားေခါင္းေဆာင္ေတြရဲ႕ ႏိုင္ငံေတာ္ စ်ာပနအခမ္းအနားေတြ က်င္းပခဲ့တဲ့ ေမာ္စကိုၿမိဳ႕ေတာ္က သမၼတ႐ုံးစိုက္ရာ ကရင္မလင္နန္းေတာ္နဲ႔ မလွမ္းမကမ္းမွာရွိတဲ့ သမိုင္း၀င္ House of the Unions အေဆာက္အဦးမွာ စက္တင္ဘာလ ၃ ရက္ေန႔ စ်ာပနက်င္းပမွာ ျဖစ္ေၾကာင္း Gorbachev ရဲ႕ သမီးျဖစ္သူ Irina Virganskaya ကေျပာဆိုထားပါတယ္။ စ်ာပနကို သမၼတပူတင္ မတက္ဖို႔ ဆုံးျဖတ္ခ်က္ဟာ စစ္ေအးေခတ္ကို အဆုံးသတ္ခဲ့တဲ့ သမိုင္း၀င္ပုဂၢိဳလ္အျဖစ္နဲ႔ အမ်ားေလးစားခံရတဲ့ Gorbachev နဲ႔ ဆက္ဆံေရး ခပ္တန္းတန္း အေျခအေနကိုလည္း ထင္ဟပ္ေနပါတယ္။

Gorbachev ဟာ သူ႔လက္ထက္မွာ glasnost လြတ္လပ္ပြင့္လင္းမႈနဲ႔ perestroika ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ေတြနဲ႔ ႏိုင္ငံေရး၊ စီးပြားေရး အေျပာင္းအလဲေတြ လုပ္ခဲ့သလို၊ ဂ်ာမနီႏိုင္ငံ ျပန္လည္ေပါင္းစည္းေအာင္ ပံ့ပိုးေပးခဲ့သူ အျဖစ္နဲ႔လည္း ထင္ရွားေပမဲ့ ဆိုဗီယက္ယူနီယံကေတာ့ ၿပိဳကဲြခဲ့တာပါ။ ႐ုရွားသမၼတပူတင္ကေတာ့ ဆိုဗီယက္ယူနီယံ ၿပိဳကဲြမႈဟာ ၂၀ ရာစုေခတ္ရဲ႕ ပထဝီႏိုင္ငံေရးမွာ အႀကီးမားဆုံး ကပ္ေဘးဆိုးႀကီးအျဖစ္ မွတ္ခ်က္ေပးခဲ့ဖူးပါတယ္။ Gorbachev ကလည္း ဆိုဗီယက္ ယူနီယံ လက္ထက္ကလို ဖိႏွိပ္မႈမ်ဳိးေတြ ျပန္လုပ္လာတာ၊ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးေတြ ေနာက္ျပန္ဆုတ္လာတာေတြအတြက္ သမၼတပူတင္ကို သတိထား ေ၀ဖန္ခဲ့ဖူးပါတယ္။

Gorbachev  စ်ာပန သမၼတ Putin တက္ေရာက္ႏိုင္မည္ မဟုတ္
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

Gorbachev ဈာပန သမ္မတ Putin တက်ရောက်နိုင်မည် မဟုတ်

ကွယ်လွန်သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း Mikhail Gorbachev ရဲ့ ဈာပနကို အလုပ်ကိစ္စတွေအတွက် အချိန်မရတာကြောင့် ရုရှားသမ္မတ Vladimir Putin တက်ရောက်နိုင်မှာ မဟုတ်ကြောင်း သမ္မတရုံးကပြောလိုက်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက ကွယ်လွန်သွားတဲ့ Gorbachev ကို နိုင်ငံတော်ဈာပနအဆင့် အပြည့်အ၀ ကျင်းပပေးနိုင်မှာ မဟုတ်ပေမဲ့၊ နိုင်ငံတော် ဈာပနတွေမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခြားအစီအစဉ်တွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း ရုရှားသမ္မတရုံး ပြောခွင့်ရ Dmitry Peskov က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

ကာလကြာရှည် ခံစားခဲ့ရတဲ့ ရောဂါနဲ့ သြဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မော်စကိုမြို့တော်က ဆေးရုံမှာ သမ္မတပူတင် သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း ပြောပါတယ်။ အလုပ်ကိစ္စတွေနဲ့ တိုက်နေတာကြောင့် ဈာပနအခမ်းအနားကို တက်နိုင်မှာ မဟုတ်တဲ့အတွက်၊ ကြာသပတေးနေ့က ဆေးရုံကို သွားခဲ့တာလို့လည်း ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောပါတယ်။

Nikita Khrushchev ကလွဲလို့ ရုရှားခေါင်းဆောင်တွေရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားတွေ ကျင်းပခဲ့တဲ့ မော်စကိုမြို့တော်က သမ္မတရုံးစိုက်ရာ ကရင်မလင်နန်းတော်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ သမိုင်းဝင် House of the Unions အဆောက်အဦးမှာ စက်တင်ဘာလ ၃ ရက်နေ့ ဈာပနကျင်းပမှာ ဖြစ်ကြောင်း Gorbachev ရဲ့ သမီးဖြစ်သူ Irina Virganskaya ကပြောဆိုထားပါတယ်။ ဈာပနကို သမ္မတပူတင် မတက်ဖို့ ဆုံးဖြတ်ချက်ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်အဖြစ်နဲ့ အများလေးစားခံရတဲ့ Gorbachev နဲ့ ဆက်ဆံရေး ခပ်တန်းတန်း အခြေအနေကိုလည်း ထင်ဟပ်နေပါတယ်။

Gorbachev ဟာ သူ့လက်ထက်မှာ glasnost လွတ်လပ်ပွင့်လင်းမှုနဲ့ perestroika ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်ခဲ့သလို၊ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းအောင် ပံ့ပိုးပေးခဲ့သူ အဖြစ်နဲ့လည်း ထင်ရှားပေမဲ့ ဆိုဗီယက်ယူနီယံကတော့ ပြိုကွဲခဲ့တာပါ။ ရုရှားသမ္မတပူတင်ကတော့ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုဟာ ၂၀ ရာစုခေတ်ရဲ့ ပထဝီနိုင်ငံရေးမှာ အကြီးမားဆုံး ကပ်ဘေးဆိုးကြီးအဖြစ် မှတ်ချက်ပေးခဲ့ဖူးပါတယ်။ Gorbachev ကလည်း ဆိုဗီယက် ယူနီယံ လက်ထက်ကလို ဖိနှိပ်မှုမျိုးတွေ ပြန်လုပ်လာတာ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်လာတာတွေအတွက် သမ္မတပူတင်ကို သတိထား ဝေဖန်ခဲ့ဖူးပါတယ်။

XS
SM
MD
LG