သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္ပစ္ခတ္မႈ အရပ္သားမ်ား ေသဆံုး ဒဏ္ရာရ


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားတဲ့ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကေသာ ရခိုင္စစ္ေရွာင္မ်ား (ဇန္န၀ါရီ ၀၄၊ ၂၀၁၉ )

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ မေန႔က ညေနပိုင္းမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး အရပ္သား ၅ ဦး ေသဆံုးၿပီး ၇ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ေက်ာက္ေတာ္ပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီးေတာ့ တိတိက်က် မသိရေသးဘူးလို႔ ေျပာဆိုထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ မေန႔က ညေနပိုင္းမွာ တစ္နာရီနီးပါးၾကာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ဗီြအိုေအကို ေျပာပါတယ္။

"ည ၅ နာရီေလာက္ ျဖစ္မယ္ အဲဒီမွာ စျဖစ္တာေပါ့။ ေက်ာက္ေတာ္၊ ျပည္ေတာ္သာျပင္ပိုင္းလို႔ေျပာရမွာေပါ့။ ၿမိဳ႕အစြန္ပိုင္းက စတင္ၿပီး ပစ္ခတ္မႈ ျဖစ္တယ္လို႔ ဆိုတယ္။ ပစ္ခတ္မႈက မိနစ္ ၄၀ ေလာက္ၾကာတယ္။ အျပင္းထန္ဆံုး ပစ္ခတ္မႈလို႔ ေျပာရမွာေပါ့။ ေနအိမ္ေတြလည္း ေခါင္းမိုးေတြ ပြင့္ထြက္သြားတာ ရွိတယ္။ ဘာသာေရး အေဆာက္အအံုေတြလည္း ေခါင္းမိုးေတြ ပ်က္စီးသြားၾကတယ္။"

အဲဒီပစ္ခတ္မႈအတြင္းမွာ အရပ္သား ၅ ဦး ေသဆံုးၿပီး ၇ ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ဗီြအိုေအကို ေျပာပါတယ္။

"ေသသြားတာက က်ေနာ္တို႔ ၅ ေယာက္ ေသတယ္။ ဒဏ္ရာ ျပင္းျပင္းထန္ထန္ရတာေတြလည္း ရွိတယ္။ အကုန္လံုးကေတာ့ က်ေနာ့္ဆီကို သတင္းေရာက္လာတာကေတာ့ ၇ ေယာက္ေပါ့။ "

တပ္မေတာ္ဘက္ကေတာ့ မေန႔က ေက်ာက္ေတာ္ၿမိဳ႕တြင္း ပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီးေတာ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက အခုလိုေျပာပါတယ္။

"ေက်ာက္ေတာ္ၿမိဳ႕ထဲမွာေတာ့ အဲလိုပစ္တာ ခတ္တာတို႔ က်ေနာ္ေတာ့ မၾကားဘူးဗ်ာ။ တိုက္ပြဲျဖစ္တယ္ဆိုတဲ့ သေဘာသဘာဝကေတာ့ က်ေနာ္တို႔က တမင္လိုက္တိုက္ေနတာ ေတာ့ မဟုတ္ပါဘူး။ AA ကေနၿပီးေတာ့ တိုက္ခိုက္တာေတြ ပိုမ်ားလာတယ္။ AA က လာတိုက္တာကို က်ေနာ္တုိ႔ က ျပန္ၿပီးေတာ့ တိုက္ေနရတဲ့ အေနအထားမ်ိဳးေပါ့ေနာ္။ AA ကေနေတာ့ ေနရာ မေရွာင္ဘူး က်ေနာ္တို႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသလိုပဲ။ ဒါေၾကာင့္လဲ သူ႔ကို အၾကမ္းဖက္အဖြဲ႔အစည္းအေနနဲ႔ သတ္မွတ္တာေပါ့ေနာ့္။ AA ကေတာ့ စဥ္းစားဖို႔ေကာင္းတယ္။ ျပည္သူလူထုအတြက္ အမ်ားႀကီး စဥ္းစားဖို႔ေကာင္းတယ္။ အျမန္ဆံုးၿငိမ္းခ်မ္းသြားဖို႔ လိုအပ္တယ္ အျမန္ဆံုးၿငိမ္းခ်မ္းဖို႔လည္း ပါးစပ္က ေလွ်ာက္ေျပာေနလို႔ မရဘူး လက္ေတြ႔က်က် လုပ္ဖို႔လည္း လိုအပ္တယ္။"

လက္ရွိအခ်ိန္မွာ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ စစ္ေရွာင္ေတြလည္း တိုးလာေနၿပီး အခုလို ေက်ာက္ေတာ္ၿမိဳ႕ေပၚ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တာေၾကာင့္ ၿမိဳ႕ တခုလံုး တိတ္ဆိတ္ေနသလို ေဒသခံေတြဟာလည္း ေနာက္ထပ္ ပစ္ခတ္မႈေတြ ျဖစ္လာမွာကို စိုးရိမ္ေနၾကတယ္လို႔ ဦးထြန္းဝင္းက ဗီြအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်တော်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့ပေါ်မှာ မနေ့က ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ကျောက်တော်ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ တိတိကျကျ မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့ပေါ်မှာ မနေ့က ညနေပိုင်းမှာ တစ်နာရီနီးပါးကြာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ည ၅ နာရီလောက် ဖြစ်မယ် အဲဒီမှာ စဖြစ်တာပေါ့။ ကျောက်တော်၊ ပြည်တော်သာပြင်ပိုင်းလို့ပြောရမှာပေါ့။ မြို့အစွန်ပိုင်းက စတင်ပြီး ပစ်ခတ်မှု ဖြစ်တယ်လို့ ဆိုတယ်။ ပစ်ခတ်မှုက မိနစ် ၄၀ လောက်ကြာတယ်။ အပြင်းထန်ဆုံး ပစ်ခတ်မှုလို့ ပြောရမှာပေါ့။ နေအိမ်တွေလည်း ခေါင်းမိုးတွေ ပွင့်ထွက်သွားတာ ရှိတယ်။ ဘာသာရေး အဆောက်အအုံတွေလည်း ခေါင်းမိုးတွေ ပျက်စီးသွားကြတယ်။"

အဲဒီပစ်ခတ်မှုအတွင်းမှာ အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

"သေသွားတာက ကျနော်တို့ ၅ ယောက် သေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတာတွေလည်း ရှိတယ်။ အကုန်လုံးကတော့ ကျနော့်ဆီကို သတင်းရောက်လာတာကတော့ ၇ ယောက်ပေါ့။ "

တပ်မတော်ဘက်ကတော့ မနေ့က ကျောက်တော်မြို့တွင်း ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက အခုလိုပြောပါတယ်။

"ကျောက်တော်မြို့ထဲမှာတော့ အဲလိုပစ်တာ ခတ်တာတို့ ကျနော်တော့ မကြားဘူးဗျာ။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကတော့ ကျနော်တို့က တမင်လိုက်တိုက်နေတာ တော့ မဟုတ်ပါဘူး။ AA ကနေပြီးတော့ တိုက်ခိုက်တာတွေ ပိုများလာတယ်။ AA က လာတိုက်တာကို ကျနော်တို့ က ပြန်ပြီးတော့ တိုက်နေရတဲ့ အနေအထားမျိုးပေါ့နော်။ AA ကနေတော့ နေရာ မရှောင်ဘူး ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသလိုပဲ။ ဒါကြောင့်လဲ သူ့ကို အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်တာပေါ့နော့်။ AA ကတော့ စဉ်းစားဖို့ကောင်းတယ်။ ပြည်သူလူထုအတွက် အများကြီး စဉ်းစားဖို့ကောင်းတယ်။ အမြန်ဆုံးငြိမ်းချမ်းသွားဖို့ လိုအပ်တယ် အမြန်ဆုံးငြိမ်းချမ်းဖို့လည်း ပါးစပ်က လျှောက်ပြောနေလို့ မရဘူး လက်တွေ့ကျကျ လုပ်ဖို့လည်း လိုအပ်တယ်။"

လက်ရှိအချိန်မှာ ကျောက်တော်မြို့ပေါ်မှာ စစ်ရှောင်တွေလည်း တိုးလာနေပြီး အခုလို ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် မြို့ တခုလုံး တိတ်ဆိတ်နေသလို ဒေသခံတွေဟာလည်း နောက်ထပ် ပစ်ခတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဦးထွန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG