သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္း တုိက္ပြဲေတြေၾကာင့္ အရပ္သား ထိခုိက္ ေသဆုံးမႈတုိး


(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္းက ေက်းရြာတရြာမွာ ပစ္ခတ္မႈေတြေၾကာင့္ အရပ္သားထိခိုက္ေသဆံုးမႈေတြရိွခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီ ရြာကို တပ္မေတာ္စစ္ေၾကာင္းတေၾကာင္း ၀င္သြားတာ သတိျပဳတယ္လို႔ ေဒသတြင္း လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။ အျပည့္အစံုကို ကိုသက္ႏိုင္သတင္းေပးပို႔ထားတာပါ။

ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနရာမွာ၊ ဒီကေန႔မွာေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္အုပ္ ေက်းရြာမွာ ပစ္ခတ္မႈေတြျဖစ္ပြားၿပီး ေဒသခံေတြ ေသဆံုး ဒဏ္ရာရတာရိွခဲ့တယ္လို႔ အဲဒီေက်းရြာကေန ထြက္ေျပးလာတဲ့ ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

"အေသအေပ်ာက္ေတာ့ရွိတယ္ ေလာေလာဆယ္မွာေတာ့ ေသတာအတိအက် ၃ေယာက္ပဲရေသးတယ္။ အခုက ဖုန္းလိုင္းေတြလည္းမရေတာ့ တစ္ေယာက္မွေျပာလို႔မရဘူးေလ။ ၿပီးေတာ့ သူတို႔က အိမ္ေတြကို လိုက္ရွာ လူေတြကိုလည္း ဖမ္းၿပီးေတာ့ ႀကိဳခ်ည္ထားတယ္။ ေနအိမ္တစ္လံုးလည္း မီးရိူ႕ထားတယ္။ အခ်ိန္လည္း ရွိေသး ေတာ့ ေနာက္ဆိုရင္ ဘာလုပ္မလဲေတာ့ မသိေသးဘူး။ ရြာသားေတြလည္း ဘယ္ကို ေျပးလို႔ ေျပးၾက မွန္းမသိ ဘူး ဟိုတစ္ေယာက္ ဒီတစ္ေယာက္ ထြက္ေျပးေနၾကတယ္။မိသားစုလို႔ မဟုတ္ေတာ့ဘူး တစ္ကြဲတစ္ျပား ေျပး ေနၾက တယ္။ ေနာက္မွ လူေတြကို ျပန္ၿပီးေတာ့ လိုက္ရွာရမွာ။"

သရက္အုပ္ေက်းရြာဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ရဲ႕ အေနာက္ဖက္ ႏွစ္မိုင္ခန္႔အကြာမွာရွိၿပီး ဒီကေန႔မနက္ပိုင္းက တပ္မေတာ္ဘက္က စစ္ေဆးေမးျမန္းတာေတြလုပ္ေနတယ္ဆိုတာ သိရတဲ့အေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။

" ေက်ာက္ေတာ္ဘက္ကေနၿပီးေတာ့ စစ္ေၾကာင္းတစ္ခု အဲဒီရြာကို ဝင္သြားတယ္ အဲဒီမွာ စစ္ကားေတြပါတယ္ စစ္သားေလး ေတာ္ေတာ္မ်ားမ်ား ပါတယ္လို႔ ေျပာတယ္။ အဲဒီရြာကို ဝိုင္းတာေပါ့ ဒီေန႔မနက္ပိုင္းက ဝုိင္းၿပီးေတာ့ ရြာသားတစ္ခ်ိ္ဳ႕ကို စုၿပီးေတာ့မွ ရြာသားတစ္ခ်ိဳ႕ေျပာတာကေတာ့ ႀကိဳးတုတ္ထားတာေပါ့ေနာ္။ စစ္တာေဆး တာေတြ လုပ္ပါလိမ့္မယ္။ အဲဒီမွာ တစ္ဆက္တည္း က်ေနာ္ၾကားတာကေတာ့ ပစ္ခတ္မႈ ျဖစ္တယ္ တပ္ကေနၿပီး ေတာ့မွ ပစ္လို႔ ရြာသားတစ္ခ်ိဳ႕ေသတယ္ဆိုၿပီးေတာ့မွ က်ေနာ္တို႔ ၾကားေနရတယ္။ ခက္တာက အဲဒီရြာ တစ္ရြာလံုး ကို ဝိုင္းထားတဲ့ အခါက်ေတာ့ အဲဒီမွာ ရွိေနတဲ့ ရြာသားေတြနဲ႔လည္း က်ေနာ္တို႔ ဆက္သြယ္လို႔ မရဘူး ျဖစ္ေန တယ္။ ဆိုေတာ့ ပစ္ခတ္သံေတြလည္း ၾကားေနတယ္။ ဆိုေတာ့ အဲဒီ ရြာနဲ႔ ကပ္တဲ့ ရြာနားမွာရွိေနတဲ့ လူတခ်ိဳ႕ကေတာ့ က်ေနာ္တို႔ ဆက္သြယ္တဲ့အခ်ိန္မွာ သူတို႔ကေတာ့ အတည္ျပဳတယ္ ဘယ္သူဘယ္သူ ေသတယ္ဆိုတာ အတည္ျပဳေပးတာရွိတယ္။ ဆိုေတာ့ ေသတာကေတာ့ က်ေနာ္တို႔ confirm လုပ္ႏိုင္တဲ့ အေျခအေနရွိတယ္။ "

ေက်ာက္ေတာ္ပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီးေတာ့ သတင္းမရေသးဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ထြန္းထြန္းညီကေျပာပါတယ္။

“အဲတာနဲ႔ ပတ္သတ္ၿပီး က်ေနာ္တို႔လည္း မသိေသးပါဘူးဗ်ာ။ တိုက္ပြဲသတင္းေတြကေတာ့ အခ်ိန္နဲ႔ တစ္ေျပးညီ သိႏိုင္ဖို႔ ခက္ပါတယ္ေလေနာ္။”

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ အရွိန္ျမင့္လာသလို အရပ္သားေသဆံုးဒဏ္ရာရတာေတြလည္း ဒီတစ္လႏွစ္လ အတြင္းမွာ ပိုၿပီးေတာ့ မ်ားလာတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းက ေျပာပါတယ္။

" ပိုမ်ားလာတယ္ ဒီလအတြင္းမွာကို က်ေနာ္တို႔ စာရင္းအရ အကုန္လံုးဆို က်ေနာ္တို႔ ဒီတစ္လႏွစ္လ အတြင္း မွာကို ၂၀ ေက်ာ္ေလာက္ရွိတယ္ ေသဆံုးတဲ့ စာရင္းက ဒဏ္ရာတဲ့သူေတြကလည္း ၃၀ ေက်ာ္ေလာက္ ရွိတာေပါ့။ ဖမ္းဆီးခံရသူေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိေနတယ္။ အဲဒီစာရင္းမွာက ဖမ္းၿပီးေတာ့ ျပန္လြတ္တဲ့ သူေတြမပါ ေသးဘူး။ ျပန္လြတ္လာတဲ့ သူေတြမွာလည္း ဒဏ္ရာေတြနဲ႔ ဆိုေတာ့ တပ္ထဲမွာ ညဥ္းပမ္းႏိုပ္ စက္တာေတြရွိ ေနတယ္။ အဲဒီလို ဆိုးဆိုးဝါးဝါး အေျခအေနမ်ိဳးေတြကေတာ့ ဒီေနာက္ပိုင္းမွာ ေတာ္ေတာ္ျဖစ္လာတယ္။ "

ရခိုင္ေျမာက္ပိုင္းက ျဖစ္စဥ္ေတြနဲ႔ ပတ္သတ္ၿပီး ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ကို တင္ျပထားေပမယ့္လည္း တစ္စံုတစ္ရာ အေၾကာင္းထူးလာတာမ်ိဳးမရွိဘူးလို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္ဘက္က ဒီရက္ပိုင္းအတြင္း လူအင္အား လက္နက္အင္အားေတြ တိုးျမင့္ေနတာေတြေၾကာင့္ တိုက္ပြဲ ေတြ ပိုၿပီးေတာ့ ျပင္းထန္လာႏိုင္တယ္လို႔ AAအဖြဲ႔ဖက္က ေျပာဆိုထားပါတယ္။ တခ်ိန္တည္းမွာပဲ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ကို မတရားအသင္းအျဖစ္ေရာ အၾကမ္းဖက္အဖဲြ႔အျဖစ္ပါ အစိုးရက ေၾကညာထားတာပါ။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကျေးရွာတရွာမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ရွာကို တပ်မတော်စစ်ကြောင်းတကြောင်း ဝင်သွားတာ သတိပြုတယ်လို့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို ကိုသက်နိုင်သတင်းပေးပို့ထားတာပါ။

ရခိုင်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေရာမှာ၊ ဒီကနေ့မှာတော့ ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဒေသခံတွေ သေဆုံး ဒဏ်ရာရတာရှိခဲ့တယ်လို့ အဲဒီကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"အသေအပျောက်တော့ရှိတယ် လောလောဆယ်မှာတော့ သေတာအတိအကျ ၃ယောက်ပဲရသေးတယ်။ အခုက ဖုန်းလိုင်းတွေလည်းမရတော့ တစ်ယောက်မှပြောလို့မရဘူးလေ။ ပြီးတော့ သူတို့က အိမ်တွေကို လိုက်ရှာ လူတွေကိုလည်း ဖမ်းပြီးတော့ ကြိုချည်ထားတယ်။ နေအိမ်တစ်လုံးလည်း မီးရိူ့ထားတယ်။ အချိန်လည်း ရှိသေး တော့ နောက်ဆိုရင် ဘာလုပ်မလဲတော့ မသိသေးဘူး။ ရွာသားတွေလည်း ဘယ်ကို ပြေးလို့ ပြေးကြ မှန်းမသိ ဘူး ဟိုတစ်ယောက် ဒီတစ်ယောက် ထွက်ပြေးနေကြတယ်။မိသားစုလို့ မဟုတ်တော့ဘူး တစ်ကွဲတစ်ပြား ပြေး နေကြ တယ်။ နောက်မှ လူတွေကို ပြန်ပြီးတော့ လိုက်ရှာရမှာ။"

သရက်အုပ်ကျေးရွာဟာ ကျောက်တော်မြို့နယ်ရဲ့ အနောက်ဖက် နှစ်မိုင်ခန့်အကွာမှာရှိပြီး ဒီကနေ့မနက်ပိုင်းက တပ်မတော်ဘက်က စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်ဆိုတာ သိရတဲ့အကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

" ကျောက်တော်ဘက်ကနေပြီးတော့ စစ်ကြောင်းတစ်ခု အဲဒီရွာကို ဝင်သွားတယ် အဲဒီမှာ စစ်ကားတွေပါတယ် စစ်သားလေး တော်တော်များများ ပါတယ်လို့ ပြောတယ်။ အဲဒီရွာကို ဝိုင်းတာပေါ့ ဒီနေ့မနက်ပိုင်းက ဝိုင်းပြီးတော့ ရွာသားတစ်ချို့ကို စုပြီးတော့မှ ရွာသားတစ်ချို့ပြောတာကတော့ ကြိုးတုတ်ထားတာပေါ့နော်။ စစ်တာဆေး တာတွေ လုပ်ပါလိမ့်မယ်။ အဲဒီမှာ တစ်ဆက်တည်း ကျနော်ကြားတာကတော့ ပစ်ခတ်မှု ဖြစ်တယ် တပ်ကနေပြီး တော့မှ ပစ်လို့ ရွာသားတစ်ချို့သေတယ်ဆိုပြီးတော့မှ ကျနော်တို့ ကြားနေရတယ်။ ခက်တာက အဲဒီရွာ တစ်ရွာလုံး ကို ဝိုင်းထားတဲ့ အခါကျတော့ အဲဒီမှာ ရှိနေတဲ့ ရွာသားတွေနဲ့လည်း ကျနော်တို့ ဆက်သွယ်လို့ မရဘူး ဖြစ်နေ တယ်။ ဆိုတော့ ပစ်ခတ်သံတွေလည်း ကြားနေတယ်။ ဆိုတော့ အဲဒီ ရွာနဲ့ ကပ်တဲ့ ရွာနားမှာရှိနေတဲ့ လူတချို့ကတော့ ကျနော်တို့ ဆက်သွယ်တဲ့အချိန်မှာ သူတို့ကတော့ အတည်ပြုတယ် ဘယ်သူဘယ်သူ သေတယ်ဆိုတာ အတည်ပြုပေးတာရှိတယ်။ ဆိုတော့ သေတာကတော့ ကျနော်တို့ confirm လုပ်နိုင်တဲ့ အခြေအနေရှိတယ်။ "

ကျောက်တော်ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ သတင်းမရသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ထွန်းထွန်းညီကပြောပါတယ်။

“အဲတာနဲ့ ပတ်သတ်ပြီး ကျနော်တို့လည်း မသိသေးပါဘူးဗျာ။ တိုက်ပွဲသတင်းတွေကတော့ အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ ခက်ပါတယ်လေနော်။”

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်လာသလို အရပ်သားသေဆုံးဒဏ်ရာရတာတွေလည်း ဒီတစ်လနှစ်လ အတွင်းမှာ ပိုပြီးတော့ များလာတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

" ပိုများလာတယ် ဒီလအတွင်းမှာကို ကျနော်တို့ စာရင်းအရ အကုန်လုံးဆို ကျနော်တို့ ဒီတစ်လနှစ်လ အတွင်း မှာကို ၂၀ ကျော်လောက်ရှိတယ် သေဆုံးတဲ့ စာရင်းက ဒဏ်ရာတဲ့သူတွေကလည်း ၃၀ ကျော်လောက် ရှိတာပေါ့။ ဖမ်းဆီးခံရသူတွေလည်း တော်တော်များများရှိနေတယ်။ အဲဒီစာရင်းမှာက ဖမ်းပြီးတော့ ပြန်လွတ်တဲ့ သူတွေမပါ သေးဘူး။ ပြန်လွတ်လာတဲ့ သူတွေမှာလည်း ဒဏ်ရာတွေနဲ့ ဆိုတော့ တပ်ထဲမှာ ညဉ်းပမ်းနိုပ် စက်တာတွေရှိ နေတယ်။ အဲဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေကတော့ ဒီနောက်ပိုင်းမှာ တော်တော်ဖြစ်လာတယ်။ "

ရခိုင်မြောက်ပိုင်းက ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားပေမယ့်လည်း တစ်စုံတစ်ရာ အကြောင်းထူးလာတာမျိုးမရှိဘူးလို့ ကျောက်တော်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်ဘက်က ဒီရက်ပိုင်းအတွင်း လူအင်အား လက်နက်အင်အားတွေ တိုးမြင့်နေတာတွေကြောင့် တိုက်ပွဲ တွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်လို့ AAအဖွဲ့ဖက်က ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ အစိုးရက ကြေညာထားတာပါ။

XS
SM
MD
LG