သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ အရပ္သားေသဆုံးမႈေတြအေပၚ စုိးရိမ္ေၾကာင္း UNHCR ေျပာ


UNHCR ေျပာခြင့္ရ Andrej Mahecic

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ အေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ေသဆုံးေနရမႈေတြ အေပၚ စိုးရိမ္ ပူပန္မိတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး ႐ုံး UNHCR ရဲ႕ ေျပာခြင့္ရ Andrej Mahecic က ေသာၾကာေန႔က လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ျမန္မာႏိုင္ငံ အေနာက္ပိုင္းက တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ထိခိုက္ ေသဆုံးေနတဲ့ သတင္းေတြ ထြက္ေနတာအေပၚ စိုးရိမ္ ပူပန္ မိေၾကာင္း၊ ေနာက္ဆုံး ရရွိတဲ့ သတင္းေတြအရ ရခိုင္နဲ႔ ခ်င္းျပည္နယ္ ထိစပ္ေနတဲ့ ေနရာနားက ေက်း႐ြာေတြမွာ အရပ္သား ၂၁ ဦး တိုက္ပြဲေတြေၾကာင့္ ေသဆုံးခဲ့ေၾကာင္း၊ အရပ္သားေတြကို အကာအကြယ္ေပးဖို႔ သက္ဆိုင္သူအားလုံးကို UNHCR က ထပ္မံ ေမတၱာ ရပ္ခံလိုေၾကာင္း” ဂ်ီနီဗာၿမိဳ႕ အေျခစိုက္ UNHCR အဖြဲ႕ ေျပာခြင့္ရ Andrej Mahecic က ေျပာသြားတာပါ။

အခုလို COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးကို ကမာၻသူ ကမာၻသားေတြ ရင္ဆိုင္တိုက္ပြဲ ၀င္ေနရခ်ိန္မွာ လက္နက္ကိုင္ ပဋိပကၡေတြ ရပ္စဲဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Gutteress က ေမတၱာရပ္ခံထားပါတယ္လို႔လည္း သူက ဆိုပါတယ္။

ျမန္မာ အာဏာပိုင္ေတြရဲ႕အဆိုအရ မတ္လ ၁၅ ရက္ေန႔အထိ ရခိုင္ျပည္နယ္ထဲ အိုးအိမ္ စြန္႔ခြာေျပးရသူေပါင္း ၆၁၀၀၀ ေထာင္ ေက်ာ္ ရွိခဲ့လို႔ ၿပီးခဲ့တဲ့ လကထက္ ၁ ေသာင္းေက်ာ္ ပိုမ်ားလာတာပါ။ အဲဒီလို အိုးအိမ္ စြန္႔ခြာေျပးရသူေတြဟာ ေနရာ ၁၃၃ ေနရာမွာ ခိုလႈံ ေနၾကရပါတယ္။ ခ်င္းျပည္နယ္ထဲ အိုးအိမ္ စြန္႔ခြာေျပးရသူေပါင္း ၄ ေထာင့္ ၈ ရာ ေက်ာ္ရွိေနၿပီး ေနရာ ၃၄ ေနရာမွာ ခိုလႈံေနရ တယ္လို႔လည္း UNHCR က ေျပာပါတယ္။

အိုးအိမ္ စြန္႔ခြာ ထြက္ေျပးရသူေတြဟာ သူတို႔အတြက္ မရွိမျဖစ္တဲ့ ေနရာထိုင္ခင္း၊ အစားအေသာက္၊ ေရနဲ႔ တစ္ကိုယ္ေရ သန္႔ရွင္းေရး ပစၥည္းေတြ လိုအပ္ေနတယ္လို႔ UNHCR ကို ေျပာေၾကာင္းနဲ႔ သူတို႔တေတြဟာ အနီးအနား ေက်း႐ြာေတြက စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီး ေက်ာင္းေတြနဲ႔ လက္သင့္ခံတဲ့ အိမ္တစ္ခ်ိဳ႕မွာ ခိုကပ္ေနၾကရတာ ျဖစ္ေၾကာင္း UNHCR က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရခိုင်မှာ အရပ်သားသေဆုံးမှုတွေအပေါ် စိုးရိမ်ကြောင်း UNHCR ပြော

(Unicode)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးနေရမှုတွေ အပေါ် စိုးရိမ် ပူပန်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR ရဲ့ ပြောခွင့်ရ Andrej Mahecic က သောကြာနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံ အနောက်ပိုင်းက တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးနေတဲ့ သတင်းတွေ ထွက်နေတာအပေါ် စိုးရိမ် ပူပန် မိကြောင်း၊ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့ နေရာနားက ကျေးရွာတွေမှာ အရပ်သား ၂၁ ဦး တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ကြောင်း၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်သူအားလုံးကို UNHCR က ထပ်မံ မေတ္တာ ရပ်ခံလိုကြောင်း” ဂျီနီဗာမြို့ အခြေစိုက် UNHCR အဖွဲ့ ပြောခွင့်ရ Andrej Mahecic က ပြောသွားတာပါ။

အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကို ကမ္ဘာသူ ကမ္ဘာသားတွေ ရင်ဆိုင်တိုက်ပွဲ ဝင်နေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Gutteress က မေတ္တာရပ်ခံထားပါတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ အာဏာပိုင်တွေရဲ့အဆိုအရ မတ်လ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲ အိုးအိမ် စွန့်ခွာပြေးရသူပေါင်း ၆၁၀၀၀ ထောင် ကျော် ရှိခဲ့လို့ ပြီးခဲ့တဲ့ လကထက် ၁ သောင်းကျော် ပိုများလာတာပါ။ အဲဒီလို အိုးအိမ် စွန့်ခွာပြေးရသူတွေဟာ နေရာ ၁၃၃ နေရာမှာ ခိုလှုံ နေကြရပါတယ်။ ချင်းပြည်နယ်ထဲ အိုးအိမ် စွန့်ခွာပြေးရသူပေါင်း ၄ ထောင့် ၈ ရာ ကျော်ရှိနေပြီး နေရာ ၃၄ နေရာမှာ ခိုလှုံနေရ တယ်လို့လည်း UNHCR က ပြောပါတယ်။

အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူတွေဟာ သူတို့အတွက် မရှိမဖြစ်တဲ့ နေရာထိုင်ခင်း၊ အစားအသောက်၊ ရေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ UNHCR ကို ပြောကြောင်းနဲ့ သူတို့တတွေဟာ အနီးအနား ကျေးရွာတွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေနဲ့ လက်သင့်ခံတဲ့ အိမ်တစ်ချို့မှာ ခိုကပ်နေကြရတာ ဖြစ်ကြောင်း UNHCR က ပြောပါတယ်။

XS
SM
MD
LG