(Zawgyi/Unicode)
ကမၻာအႏွံ႔ ကူးစက္ခံေနရတဲ့ ကိုရုိနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံအတြင္းမွာလည္း ကူးစက္ခံေန ရၿပီျဖစ္ ပါတယ္။ အဲတာေၾကာင့္ ျပည္သူေတြကိုစုိးရိမ္ေနၾကပါတယ္။ ရခိုင္ျပည္နယ္ တြင္းမွာလည္း ျပည္ပ ထြက္ခြာ အလုပ္ လုပ္ ကိုင္ေနၾကသူေတြ လက္ရွိအခ်ိန္မွာ ျပန္လည္ ဝင္ေရာက္တာေတြ ရွိေနတာေၾကာင့္ ရခိုင္ေဒသခ ံေတြအေနနဲ႔ ကိုရုိနာဗိုင္းရပ္စ္ ကူးခံရမွာကို ေၾကာက္လန္႔ေနၾကပါတယ္။ ကိုသက္ႏိုင္ က စစ္ေတြၿမိဳ႕ကေန သတင္းေပးပို႔ထားပါတယ္။
ဒါေၾကာင့္မို႔လို႔ ရခိုင္ျပည္နယ္ စစ္ေတြေဆးရံုႀကီးမွာ Covid-19 ေရာဂါျဖစ္လာႏိုင္ေခ်အတြက္ ဘာေတြ ျပင္ဆင္ထားလဲဆိုတာ စစ္ေတြအေထြေထြေရာဂါကု ေဆးရံုအုပ္ႀကီး ေဒါက္တာေဇာ္လင္း က အခုလိုေျပာပါတယ္။
" ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သတ္ၿပီးေတာ့ ဘာေတြျပင္ဆင္ ထားလဲဆိုေတာ့ နံပတ္ ၁ ကေတာ့ လူနာေတြလာလို႔ရွိရင္ ထားဖို႔ fever room မွာ အဖ်ားရွိလားစမ္းသတ္မယ္ ၿပီးေတာ့ အဖ်ားရွိတယ္ဆိုရင္ သီးသန္႔ မွာထားၿပီးေတာ့ လူနာ ၆ေယာက္စာကို ျပင္ဆင္ကုသႏိုင္ဖို႔အတြက္ ျပင္ဆင္ၿပီးသား ရွိပါတယ္။ ဒါကေတာ့ ကုသတဲ့ အပိုင္းေပါ့။ ကာကြယ္တဲ့အပိုင္းကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ ကုသေရးဝန္ႀကီးဌာ နကေန ျပဌာန္း ထားတဲ့ က်န္းမာေရး အသိပညာေပး စာေစာင္ေတြ ၊ ဗီႏိုင္းေတြကို လူအမ်ားစုျမင္ႏိုင္တဲ့ေနရာမွာ ကပ္ၿပီးေတာ့ အသိပညာေပးပါတယ္။ ဒီကာကြယ္ေရးအပိုင္းမွာေတာ့ လက္ေဆးျခင္းဟာ အေရးပါတဲ့အတြက္ လုပ္ေပးထားတယ္ ၊ လက္ေဆးလို႔ရေအာင္ လက္ေဆးမယ့္ေနရာေတြ လုပ္ထားတယ္။ ေနာက္ၿပီးေတာ့ hand gel ေတြကို အဆင္သင့္ ေဆးရံုမွာ လုပ္ေပးထားတယ္။"
လက္ရွိအခ်ိန္မွာ ျပည္ပထြက္ၿပီး အလုပ္လုပ္ကိုင္ေနၾကတဲ့ ရခိုင္ေဒသခံေတြဟာ မိမိေနရပ္ကို ျပန္လာေနၾက တာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြ ပါလာမွာကို ျပည္သူေတြက စိုးရိမ္ေနၾကပါတယ္။
ေစ်းသည္ တစ္ဦး ျဖစ္တဲ့ မသူဇာက အခုလိုေျပာပါတယ္။
"ျပည္သူေတြကေတာ့ တအားစိုးရိမ္ေနၾကပါတယ္။ မၾကီးကေတာ့ လမ္းေပၚထြက္ၿပီး အလုပ္လုပ္ေနရ တာဆိုေတာ့ အိမ္မွာေနလို႔လည္း မရဘူးေလ။ ဒီေရာဂါကူးမွာကိုေတာ့ တအားကို စိုးရိမ္မိတယ္။ ႏိုင္ငံျခားက လာတဲ့လူေတြကိုေတာ့ စစ္ေဆးေနတယ္လို႔ ေျပာတာပဲ။ လာတဲ့ ေလဆိပ္ေတြက စစ္ေဆးေနတယ္လို႔ ေျပာတာပဲ။ သူတို႔ကိုလည္း ေၾကာက္တာေပါ့။ ေရာဂါပိုးေတြ ပါလာမွာ စိုးလို႔ေပါ့။"
လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္အတြင္းက စစ္ေတြေဆးရံုမွာ သံသယလူနာႏွစ္ဦးသာ ရွိေသးၿပီး သူတို႔ႏွစ္ဦးရဲ႕ ဓာတ္ခြဲခန္း အေျဖကလည္း ေရာဂါပိုးကူးစက္ခံထားရတာမေတြ႔ေသးဘူးလို႔ စစ္ေတြေဆးရံုအုပ္ႀကီး ေဒါက္တာ ေဇာ္လင္း ကေျပာပါတယ္။
"ဒီထက္လူနာေတြ ပိုမ်ားလာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ေဆးရံုမွာ အားသာခ်က္တစ္ခုက ေလးထပ္ေဆာင္ႀကီး အသစ္ၿပီးသြားတဲ့ အခါက်ေတာ့ အဲဒီမွာ ေအာက္ထပ္ရယ္ အေပၚထက္ရယ္ဆိုၿပီး ရွိတယ္။ ရွိတဲ့အခါက်ေတာ့ COVID- 19 ျပင္းထန္ၿပီး လူနာေတြ အမ်ားႀကီးေရာက္လာမယ္ဆိုရင္ အေဆာင္ေဟာင္းမွာ လူေလးဆယ္ေလာက္ကို ခြဲၿပီးေတာ့ သီသန္႔ကုလို႔ရေအာင္ ျပင္ထားပါတယ္။ သံသယလူနာကလည္း ႏွစ္ဦးပဲ ရွိပါေသးတယ္ ႏွစ္ဦးလံုးကို စစ္ေဆးၾကည့္တဲ့အခါမွာလည္း ႏွစ္ဦးလံုးက negative အေျဖထြက္တယ္။ ျပည္သူေတြကို ေျပာခ်င္တာကေတာ့ အခုအခ်ိန္မွာ ႏိုင္ငံျခားကေန ျပန္လာတဲ့ သူေတြ မ်ားေနတာေၾကာင့္ အဲဒီလူေတြက စနစ္တက်လိုက္နာေဆာင္ရြက္ဖို႔ လိုတာေပါ့ေနာ္။"
ရခိုင္ျပည္နယ္အတြင္း စား၀တ္ေနေရးအေျခအေနေၾကာင့္ ေဒသခံအမ်ားအျပားဟာ ျမန္မာႏို္င္ငံအျခား ေဒသေတြနဲ႔ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕မွာ သြားေရာက္ အလုပ္လုပ္ကိုင္ေနၾကရတာပါ။
အခုလို အေျခအေနမွာ အလုပ္အကိုင္ေတြပ်က္ကုန္တာမို႔ လူအေတာ္မ်ားမ်ားဟာ ကိုယ့္ေဒသကိုယ္ ျပန္ေနၾကရပါတယ္။ ဒါေၾကာင့္လည္း ရခိုင္ျပည္နယ္ က်န္းမာေရးတာ၀န္ရိွသူေတြအေနနဲ႔ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ႀကိဳတင္ျပင္ဆင္တယ္ဆိုေပမယ့္၊ ေဒသခံေတြကေတာ့ ေရာဂါကူးစက္မႈေတြျဖစ္လာမွာကို စိုးရိမ္ေနၾကတာပါ။
.....................
COVID-19 အတွက် ရခိုင်ဒေသခံတွေ စိုးရိမ်
(Unicode)
ကမ္ဘာအနှံ့ ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံအတွင်းမှာလည်း ကူးစက်ခံနေ ရပြီဖြစ် ပါတယ်။ အဲတာကြောင့် ပြည်သူတွေကိုစိုးရိမ်နေကြပါတယ်။ ရခိုင်ပြည်နယ် တွင်းမှာလည်း ပြည်ပ ထွက်ခွာ အလုပ် လုပ် ကိုင်နေကြသူတွေ လက်ရှိအချိန်မှာ ပြန်လည် ဝင်ရောက်တာတွေ ရှိနေတာကြောင့် ရခိုင်ဒေသခ ံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးခံရမှာကို ကြောက်လန့်နေကြပါတယ်။ ကိုသက်နိုင် က စစ်တွေမြို့ကနေ သတင်းပေးပို့ထားပါတယ်။
ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှာ Covid-19 ရောဂါဖြစ်လာနိုင်ချေအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာ စစ်တွေအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လင်း က အခုလိုပြောပါတယ်။
" ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီးတော့ ဘာတွေပြင်ဆင် ထားလဲဆိုတော့ နံပတ် ၁ ကတော့ လူနာတွေလာလို့ရှိရင် ထားဖို့ fever room မှာ အဖျားရှိလားစမ်းသတ်မယ် ပြီးတော့ အဖျားရှိတယ်ဆိုရင် သီးသန့် မှာထားပြီးတော့ လူနာ ၆ယောက်စာကို ပြင်ဆင်ကုသနိုင်ဖို့အတွက် ပြင်ဆင်ပြီးသား ရှိပါတယ်။ ဒါကတော့ ကုသတဲ့ အပိုင်းပေါ့။ ကာကွယ်တဲ့အပိုင်းကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကုသရေးဝန်ကြီးဌာ နကနေ ပြဌာန်း ထားတဲ့ ကျန်းမာရေး အသိပညာပေး စာစောင်တွေ ၊ ဗီနိုင်းတွေကို လူအများစုမြင်နိုင်တဲ့နေရာမှာ ကပ်ပြီးတော့ အသိပညာပေးပါတယ်။ ဒီကာကွယ်ရေးအပိုင်းမှာတော့ လက်ဆေးခြင်းဟာ အရေးပါတဲ့အတွက် လုပ်ပေးထားတယ် ၊ လက်ဆေးလို့ရအောင် လက်ဆေးမယ့်နေရာတွေ လုပ်ထားတယ်။ နောက်ပြီးတော့ hand gel တွေကို အဆင်သင့် ဆေးရုံမှာ လုပ်ပေးထားတယ်။"
လက်ရှိအချိန်မှာ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ရခိုင်ဒေသခံတွေဟာ မိမိနေရပ်ကို ပြန်လာနေကြ တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ပါလာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဈေးသည် တစ်ဦး ဖြစ်တဲ့ မသူဇာက အခုလိုပြောပါတယ်။
"ပြည်သူတွေကတော့ တအားစိုးရိမ်နေကြပါတယ်။ မကြီးကတော့ လမ်းပေါ်ထွက်ပြီး အလုပ်လုပ်နေရ တာဆိုတော့ အိမ်မှာနေလို့လည်း မရဘူးလေ။ ဒီရောဂါကူးမှာကိုတော့ တအားကို စိုးရိမ်မိတယ်။ နိုင်ငံခြားက လာတဲ့လူတွေကိုတော့ စစ်ဆေးနေတယ်လို့ ပြောတာပဲ။ လာတဲ့ လေဆိပ်တွေက စစ်ဆေးနေတယ်လို့ ပြောတာပဲ။ သူတို့ကိုလည်း ကြောက်တာပေါ့။ ရောဂါပိုးတွေ ပါလာမှာ စိုးလို့ပေါ့။"
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေဆေးရုံမှာ သံသယလူနာနှစ်ဦးသာ ရှိသေးပြီး သူတို့နှစ်ဦးရဲ့ ဓာတ်ခွဲခန်း အဖြေကလည်း ရောဂါပိုးကူးစက်ခံထားရတာမတွေ့သေးဘူးလို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လင်း ကပြောပါတယ်။
"ဒီထက်လူနာတွေ ပိုများလာမယ်ဆိုရင်တော့ ကျနော်တို့ ဆေးရုံမှာ အားသာချက်တစ်ခုက လေးထပ်ဆောင်ကြီး အသစ်ပြီးသွားတဲ့ အခါကျတော့ အဲဒီမှာ အောက်ထပ်ရယ် အပေါ်ထက်ရယ်ဆိုပြီး ရှိတယ်။ ရှိတဲ့အခါကျတော့ COVID- 19 ပြင်းထန်ပြီး လူနာတွေ အများကြီးရောက်လာမယ်ဆိုရင် အဆောင်ဟောင်းမှာ လူလေးဆယ်လောက်ကို ခွဲပြီးတော့ သီသန့်ကုလို့ရအောင် ပြင်ထားပါတယ်။ သံသယလူနာကလည်း နှစ်ဦးပဲ ရှိပါသေးတယ် နှစ်ဦးလုံးကို စစ်ဆေးကြည့်တဲ့အခါမှာလည်း နှစ်ဦးလုံးက negative အဖြေထွက်တယ်။ ပြည်သူတွေကို ပြောချင်တာကတော့ အခုအချိန်မှာ နိုင်ငံခြားကနေ ပြန်လာတဲ့ သူတွေ များနေတာကြောင့် အဲဒီလူတွေက စနစ်တကျလိုက်နာဆောင်ရွက်ဖို့ လိုတာပေါ့နော်။"
ရခိုင်ပြည်နယ်အတွင်း စားဝတ်နေရေးအခြေအနေကြောင့် ဒေသခံအများအပြားဟာ မြန်မာနိုင်ငံအခြား ဒေသတွေနဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာ သွားရောက် အလုပ်လုပ်ကိုင်နေကြရတာပါ။
အခုလို အခြေအနေမှာ အလုပ်အကိုင်တွေပျက်ကုန်တာမို့ လူအတော်များများဟာ ကိုယ့်ဒေသကိုယ် ပြန်နေကြရပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်တယ်ဆိုပေမယ့်၊ ဒေသခံတွေကတော့ ရောဂါကူးစက်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။