သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တပ်နဲ့ လက်နက်အင်အားတိုး


(Zawgyi/Unicode)

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တပ်မတော်ဘက်က ကြည်းတပ်လူအင်အားလက်နက်အင်အားဖြည့်တင်းလာသလို ရေတပ် စစ်အကူတွေကို လည်း ပိုအသုံးချလာတာကြောင့်၊ လာမယ့် ရက်တွေမှာ ပိုပြီး တိုက်ပွဲတွေပြင်း ထန် လာနိုင်တယ်လို့ AA ဘက်က ပြောလာပါတယ်။

လတ်တလောမှာဆိုရင်လည်း ရခိုင်မြောက်ပိုင်းရော ချင်းပြည်နယ် ၊ ပလက်ဝဘက်မှာ နှစ်ဖက် တိုက်ပွဲတွေက အရှိန်မြင့်နေတာပါ။ အခုလို တပ်မတော်ဘက်က လူသူလက်နက်အင်အားပိုသုံးလာဖို့ ပြင်ဆင်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသက်နိုင်က စစ်တွေကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ တပ်မတော်ဘက်က လူအင်အားလက်နက်အင် အား တွေ အလွန်အကျွံ ဖြည့်တင်းနေတာကြောင့် လာမယ့်ရက် ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန် လာ နိုင်တယ် လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

" မြန်မာစစ်တပ်ကတော့ သူတို့ လူအင်အားတွေ လက်နက်အင်အားတွေကို ရခိုင်ပြည်နယ်အနှံ့မှာ နေပြီးတော့ အလွန်အကျွံ ဖြည့်တင်းနေတာကို တွေ့ရတယ်။ ဒီရက်ပိုင်းမှာလေ။ ဒါကြောင့် ရှေ့လာမယ့် ရက်တွေမှာ တိုက်ပွဲအနေအထားက ပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားအများကြီးရှိတယ်။"

မနေ့က ညနေပိုင်းမှာလည်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်းမှာ တပ်မတော် ရေတပ်ဘက်က တက်လာတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ကစိုးရိမ်နေကြပါတယ်။

“ညနေ ၉နာရီလောက်မှာ စစ်တွေကနေ နေဗီ ၇စင်းလောက် တင်ကားတွေ တင်ပြီးတော့ တက်လာတယ်လို့ သတင်းရတယ်။ အဲတော့ ကျနော်တို့လည်း မအိပ်နိုင်ပဲ စောင့်နေကြတယ်။ အဲဒီမှာ ညတစ်နာရီလောက်မှာ ကစ္စပနဒီ တံတားရဲ့ ၇မိုင်လောက်အရောက်မှာ ပစ်ခတ်သံတွေ ကြားတယ်။ မနက်ကျတော့ ကျနော်တို့ တံတားကို တက်ကြည့်တော့ တံတားဘောင်တွေ ကျိုးပြီးတော့ ကေပဲကြိုးတွေလည်း ပြတ်နေတာကို တွေ့ရတယ်။ ကျည်ဆန် ထိထားတာတော့ ၃နေရာလောက်တွေ့ရတယ်။”

တပ်မတော်ဘက်ကတော့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဘက်မှာ လူအင်အား လက်နက်အင်အားတွေ အလွန် အကျွံဖြည့်တင်းနေတာနဲ့ ပတ်သတ်ပြီး မသိသေးသလို ကျောက်တော်ဘက်မှာလည်း ပစ်ခတ်မှုတွေ မရှိဘူလို့ တပ်မတော်သင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

" မသိသေးပါဘူးခင်မျာ။ လောလောဆယ်တော့ ကျောက်တော်ဘက်မှာတော့ ဖြစ်ပွားတဲ့ ဟာတော့ မရှိသေးပါဘူးခင်မျာ။ "

တပ်မတော်ဘက်က အခုလို ပစ်ခတ်တာမရှိပါဘူးလို့ ပြောပေမယ့် ကျောက်တော်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရတာတွေနဲ့ သေဆုံးတာတွေလည်း ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ရသူတွေ လည်း အများအပြားရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

......................


(Unicode)











XS
SM
MD
LG