သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အေရး ႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ ေဝဖန္မႈေတြရွိ


ခ်င္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တိုက္ပြဲမ်ားရပ္ရန္ ဆႏၵျပေတာင္းဆိုသည့္ ခ်င္းတိုင္းရင္းသားမ်ား။ (ဇူလုိင္ ၁၃၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံ အေနာက္ျခမ္း ရခိုင္ျပည္နယ္က စစ္ေရးပဋိပကၡေတြထဲက ရခိုင္လက္နက္ကိုင္တပ္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲက အသံုးအႏႈန္းေတြဟာ စစ္ေရးပဋိပကၡေတြကို ပိုၿပီးေတာ့ ျပင္းထန္ တင္းမာလာေစတယ္လို႔ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ရခိုင္အေရး လႈပ္ရွားသူေတြက ေဝဖန္ပါတယ္။ ေလေၾကာင္း၊ ေရေၾကာင္းနဲ႔ ေျမျပင္ ရင္ဆိုင္တိုက္ပြဲေတြပါ အေတာ္ေလး ဆက္ျပင္းထန္ေနခ်ိန္ စစ္ေရးကို ေျပလည္ေအာင္ ႏုိင္ငံေရးနည္းလမ္းနဲ႔ပဲ ေျဖရွင္းပါလို႔လည္း သူတို႔က တုိက္တြန္းၾကပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ဒီ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ဟာ ရခိုင္စစ္ေရးပဋိပကၡနဲ႔ ပတ္သက္ၿပီး ပထမဆံုး ထုတ္ျပန္ခ်က္လည္း ျဖစ္ပါတယ္။ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဦးေဆာင္ဝန္ႀကီးကလည္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ေနတာေၾကာင့္မို႔လို႔ ဒီေၾကညာခ်က္မ်ိဳးမွာ အသံုးအႏႈန္းေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုေနၾကတာပါ။

၂၀၁၉ ဇန္နဝါရီလကတည္းက စတင္ တုိက္ပြဲေတြျဖစ္ခဲ့တဲ့ ရခုိင္တိုင္းရင္းသားလက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္တြင္းက ေနရာတခ်ိဳ႕မွာ တုိက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနဆဲျဖစ္ၿပီး တိုက္ပြဲေတြကေန အသက္ေဘးကလြတ္ေအာင္ စစ္ေရွာင္ေျပးေနရတဲ့ စစ္ေျပးဒုကၡသည္ ျပည္သူေပါင္း ၁ သိန္းေက်ာ္သြားၿပီ ျဖစ္္ပါတယ္။

ဒီအေျခအေန ျဖစ္ရတာကေတာ့ ရခိုင္တိုင္းရင္းသားလက္နက္ကိုင္တပ္ရဲ႕ အဖ်က္အေမွာက္ လုပ္ရပ္သာျဖစ္ၿပီး AA ေသာင္းက်န္းသူေတြနဲ႔ ျမန္မာ့တပ္မေတာ္ၾကား တိုက္ပြဲေတြျဖစ္ေစၿပီး အရပ္သားအမ်ားအျပား ေနရပ္စြန္႔ခြာေစခဲ့တယ္လို႔ ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၂၀ ရက္ေန႔ ေသာၾကာေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ဒီလိုသံုးႏႈန္းခ်က္ေတြ၊ ထုတ္ျပန္ခ်က္ေတြဟာ စစ္ေရးတင္းမာမႈေတြနဲ႔ စစ္ေရးပဋိပကၡေတြအေပၚ ပိုၿပီးေတာ့ တင္းမာမႈေတြ ျဖစ္လာႏုိင္တဲ့အတြက္ ေျပလည္ႏုိင္မယ့္ ႏိုင္ငံေရးနည္းလမ္းေတြနဲ႔ ေျဖရွင္းသင့္တယ္လို႔ ရခိုင္အေရး ေဆာင္ရြက္ေနသူေတြက သံုးသပ္ပါတယ္။

တုိက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ႏိုင္ငံျခားေရးဝန္ႀကီးဌာန အေနနဲ႔ စစ္ေရးပဋိပကၡေတြကို ပိုျပင္းထန္လာေစႏုိင္မယ့္ အသံုးအႏႈန္းေတြကို သတိထားသင့္တယ္လို႔ ေျပာပါတယ္။

“တဖက္နဲ႔တဖက္ ဒီလိုအသံုးမ်ဳိးေတြ မသံုးရင္ ပိုၿပီးေတာ့ ေကာင္းလိမ့္မယ္လို႔ က်မက ျမင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အခု လက္နက္ကုိင္ၿပီးေတာ့ တုိက္ပြဲေတြ ျဖစ္ေနၾကတယ္ ဆုိတာလည္း ႏုိင္ငံေရးအရ ေျဖရွင္းဖို႔လည္း လုိတယ္။ ကိုယ့္ရဲ႕ ျပည္နယ္အတြင္းထဲမွာ ျဖစ္ေနတဲ့ တုိင္းရင္းသား ညီအစ္ကိုအခ်င္းခ်င္း ျဖစ္ေနတဲ့ တုိက္ပြဲလို႔လည္း ေျပာလို႔ရပါတယ္။ အဲဒီအတြက္ေၾကာင့္ အခုလုိ ေၾကညာခ်က္ေတြမွာ ဒီလိုအသုံးအႏႈန္း မသုံးေစခ်င္ဘူး။ အဲလုိသုံးႏႈန္းျခင္းအားျဖင့္လည္း တဖက္နဲ႔တဖက္ သံသယေတြ ပုိႀကီးထြားလာၿပီး ျပႆနာေတြ ပုိၿပီး ႀကီးထြားလာႏုိင္ပါတယ္။ ေတြ႔ဆုံေဆြးေႏြးတဲ့ အခါမွာလည္း ဒီလုိစာသားေတြ ျဖည့္ၿပီး မေရးတဲ့အခါၾကေတာ့ ပိုၿပီး သူတုိ႔အတြက္ တေယာက္နဲ႔တေယာက္ သံသယပိုကင္းတဲ့ ပုိၿပီး ေဆြးေႏြးႏုိင္လိမ့္မယ္လို႔ က်မအေနနဲ႔ ျမင္မိပါတယ္။”

အရပ္သား ထိခိုက္ေသဆံုးမႈေတြအတြက္ အရပ္သားေတြကို အကာကြယ္ေပးေရး လိုအပ္တဲ့ အစီအမံေတြ ေဆာင္ရြက္သြားမယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒါေပမယ့္လို႔ အရပ္သားတရာေက်ာ္ ထိခိုက္ေသဆံုးေနရတဲ့ အေျခအေနအရ အရပ္သားျပည္သူေတြအတြက္ ထိေရာက္တဲ့ ကာကြယ္မႈကို အျမန္ဆံုး ေပးသင့္ေနၿပီလို႔လည္း ရခိုင္အမတ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“တကယ္ အကာအကြယ္ေပးဖုိ႔ေတာ့ အခုခ်ိန္မွာ ေတာ္ေတာ္ေလး လုိအပ္ေနပါတယ္။ ဟုိတေလာကဆုိရင္ ေက်ာက္ေတာ္ဘက္မွာ ခမီလူမ်ဳိးေတြ ေတာ္ေတာ္ေလး ေသဆုံးသြားတာေတြ ရွိတယ္။ ေနာက္ ပုဏၰားကၽြန္းဘက္မွာလည္း ရွင္ျပဳေနတဲ့အထဲ ရွင္လာျပဳတဲ့ အမ်ဳိးသမီး ေသတာေတြရွိတယ္။ အမ်ားႀကီးပါ၊ ေသတဲ့ဟာေတြကိုလည္း မီဒီယာေတြမွာ အမ်ားႀကီးတက္တယ္။ အဲဒီအတြက္ေၾကာင့္ ဒါေတြကို ျပည္သူအစုိးရတရပ္ အေနနဲ႔ ျပည္သူေတြကုိ ကူညီေပးဖို႔ အစုိးရမွာ တာဝန္ရွိပါတယ္။ လုပ္ေပးသင့္ပါတယ္။ ဒါက ေနာက္ေတာင္ က်ေနပါၿပီ။ တကယ္လုပ္ဖို႔ဆုိရင္ သူတို႔ကိုလည္း က်မတုိ႔ အၿမဲ ေတာင္းဆုိတယ္။ ေျမစာပင္ျဖစ္ေနတဲ့ ျပည္သူေတြ၊ တိုက္ပြဲဆုိတာကေတာ့ မေက်နပ္လို႔ ျဖစ္ၾကတယ္၊ အခ်င္းခ်င္း တုိက္ပြဲျဖစ္ၾကတယ္။ ဒါေပမယ့္ ၾကားမွာရွိေနတဲ့ ေျမစာပင္ေတြက ေတာ္ေတာ္ေလးခံေနရတယ္။ တုိက္ပြဲေတြျဖစ္လုိ႔ ေသဆုံးလာတုိင္း ဘယ္ဘက္ကမွ တာဝန္မယူဘူး။ ဟုိဘက္ကလည္း မဟုတ္ဘူး၊ ဒီဘက္ကလည္း မဟုတ္ဘူးဆုိတဲ့ ျငင္းဆုိသံေတြကိုပဲ ၾကားေနရပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ရခိုင္အေရး ထုတ္ျပန္ခ်က္အေပၚ ရခိုင္ျပည္္အမ်ိဳးသားေကာင္စီ (ANC) ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္ကလည္း အခုလိုသံုးသပ္ပါတယ္။

“ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဒီလိုထုတ္ျပန္ခ်က္ကေတာ့ က်ေနာ္ျမင္တာ အဓိကေတာ့ ႏုိင္ငံတကာ မ်က္ႏွာစာမွာ ျမန္မာျပည္အေပၚ ဖိအားေတြ သက္ေရာက္ေနတဲ့ ကိစၥကုိ ေလွ်ာ့ခ်ဖုိ႔ ေျဖေလွ်ာ့ဖို႔အတြက္ ႀကိဳးစားတဲ့ေနရာမွာ ျပည္တြင္းမွာ ဒီလိုမ်ဳိး အဖ်က္အေမွာက္လုပ္ငန္းေတြ ရွိတယ္၊ ျပည္တြင္းမွာ အၾကမ္းဖက္ ေသာင္းက်န္းမႈေတြ ရွိေနတယ္ ဆုိတဲ့ဟာကုိ ေပၚလြင္ထင္ရွားေအာင္ ျပသဖို႔အတြက္ ဒါကို ထုတ္ျပန္တယ္လို႔ပဲ ႐ုိး႐ိုးရွင္းရွင္းေလး ျမင္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ႀကီးမွဴးတဲ့ ဌာနကေန ထုတ္ျပန္တဲ့အတြက္ ဒီအသုံးအႏႈန္းေတြက၊ အရင္တုန္းကေတာ့ စစ္အစိုးရေပါ့ ေတာက္ေလွ်ာက္ သုံးခဲ့တဲ့ အသံုးအႏႈန္း ျဖစ္ပါတယ္။ အခုလည္း အရပ္သားအစိုးရလို႔ ေျပာတဲ့ NLD အစုိးရလက္ထက္မွာလည္း အသုံးျပဳတယ္ ဆုိတဲ့အခါၾကေတာ့ NLD အစုိးရက ေႂကြးေၾကာ္ထားတဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးတို႔ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးတုိ႔ ဆုိတဲ့ဟာနဲ႔ သူ႔ရဲ႕မူဝါဒနဲ႔ အေျပာတျခား အလုပ္တျခား ျဖစ္ေနတယ္ဆုိတဲ့ အဓိပၸာယ္မ်ဳိးေတာ့ ေဆာင္တာေပါ့။”

အစိုးရအေနနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႔ (ICRC) အပါအဝင္ ႏုိင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ မိတ္ဘက္အဖြဲ႔အစည္းေတြရဲ႕ အကူအညီေတြနဲ႔ လံုၿခံဳေရး အေျခအေနေပးမႈအေပၚ မူတည္ၿပီး ထိေရာက္ေအာင္ အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္သြားမယ္လို႔လည္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲ ပါရွိပါတယ္။

အခုအခ်ိန္အထိေတာ့ တိမ္းေရွာင္ေျပးေနရတဲ့ စစ္ေျပးဒုကၡသည္က ၁ သိန္း ၂ ေသာင္း ၈ ေထာင္ေက်ာ္အထိ ျဖစ္သြားၿပီလို႔ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုး (REC) က ေနာက္ဆံုးစာရင္း ထုတ္ျပန္ပါတယ္။ သူတို႔အတြက္ ေသာက္သံုးေရနဲ႔ အေျခခံစားနပ္ရိကၡာ ေဆးဝါးအကူအညီေတြ အေရးတႀကီး လိုအပ္ေနတယ္လို႔လည္း ဒုကၡသည္ေတြကို လိုက္လံကူညီေပးေနတဲ့ လူမႈအဖြဲ႔အစည္းေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရခိုင်အရေး နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ဝေဖန်မှုတွေရှိ

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေပါ အတော်လေး ဆက်ပြင်းထန်နေချိန် စစ်ရေးကို ပြေလည်အောင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပါလို့လည်း သူတို့က တိုက်တွန်းကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ ရခိုင်စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဦးဆောင်ဝန်ကြီးကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတာကြောင့်မို့လို့ ဒီကြေညာချက်မျိုးမှာ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြတာပါ။

၂၀၁၉ ဇန်နဝါရီလကတည်းက စတင် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွင်းက နေရာတချို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲတွေကနေ အသက်ဘေးကလွတ်အောင် စစ်ရှောင်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူပေါင်း ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

ဒီအခြေအနေ ဖြစ်ရတာကတော့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ရဲ့ အဖျက်အမှောက် လုပ်ရပ်သာဖြစ်ပြီး AA သောင်းကျန်းသူတွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေဖြစ်စေပြီး အရပ်သားအများအပြား နေရပ်စွန့်ခွာစေခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့ သောကြာနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီလိုသုံးနှုန်းချက်တွေ၊ ထုတ်ပြန်ချက်တွေဟာ စစ်ရေးတင်းမာမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေအပေါ် ပိုပြီးတော့ တင်းမာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပြေလည်နိုင်မယ့် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ရခိုင်အရေး ဆောင်ရွက်နေသူတွေက သုံးသပ်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ စစ်ရေးပဋိပက္ခတွေကို ပိုပြင်းထန်လာစေနိုင်မယ့် အသုံးအနှုန်းတွေကို သတိထားသင့်တယ်လို့ ပြောပါတယ်။

“တဖက်နဲ့တဖက် ဒီလိုအသုံးမျိုးတွေ မသုံးရင် ပိုပြီးတော့ ကောင်းလိမ့်မယ်လို့ ကျမက မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခု လက်နက်ကိုင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်နေကြတယ် ဆိုတာလည်း နိုင်ငံရေးအရ ဖြေရှင်းဖို့လည်း လိုတယ်။ ကိုယ့်ရဲ့ ပြည်နယ်အတွင်းထဲမှာ ဖြစ်နေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲလို့လည်း ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့် အခုလို ကြေညာချက်တွေမှာ ဒီလိုအသုံးအနှုန်း မသုံးစေချင်ဘူး။ အဲလိုသုံးနှုန်းခြင်းအားဖြင့်လည်း တဖက်နဲ့တဖက် သံသယတွေ ပိုကြီးထွားလာပြီး ပြဿနာတွေ ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း ဒီလိုစာသားတွေ ဖြည့်ပြီး မရေးတဲ့အခါကြတော့ ပိုပြီး သူတို့အတွက် တယောက်နဲ့တယောက် သံသယပိုကင်းတဲ့ ပိုပြီး ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မြင်မိပါတယ်။”

အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် အရပ်သားတွေကို အကာကွယ်ပေးရေး လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမယ့်လို့ အရပ်သားတရာကျော် ထိခိုက်သေဆုံးနေရတဲ့ အခြေအနေအရ အရပ်သားပြည်သူတွေအတွက် ထိရောက်တဲ့ ကာကွယ်မှုကို အမြန်ဆုံး ပေးသင့်နေပြီလို့လည်း ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“တကယ် အကာအကွယ်ပေးဖို့တော့ အခုချိန်မှာ တော်တော်လေး လိုအပ်နေပါတယ်။ ဟိုတလောကဆိုရင် ကျောက်တော်ဘက်မှာ ခမီလူမျိုးတွေ တော်တော်လေး သေဆုံးသွားတာတွေ ရှိတယ်။ နောက် ပုဏ္ဏားကျွန်းဘက်မှာလည်း ရှင်ပြုနေတဲ့အထဲ ရှင်လာပြုတဲ့ အမျိုးသမီး သေတာတွေရှိတယ်။ အများကြီးပါ၊ သေတဲ့ဟာတွေကိုလည်း မီဒီယာတွေမှာ အများကြီးတက်တယ်။ အဲဒီအတွက်ကြောင့် ဒါတွေကို ပြည်သူအစိုးရတရပ် အနေနဲ့ ပြည်သူတွေကို ကူညီပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ လုပ်ပေးသင့်ပါတယ်။ ဒါက နောက်တောင် ကျနေပါပြီ။ တကယ်လုပ်ဖို့ဆိုရင် သူတို့ကိုလည်း ကျမတို့ အမြဲ တောင်းဆိုတယ်။ မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေ၊ တိုက်ပွဲဆိုတာကတော့ မကျေနပ်လို့ ဖြစ်ကြတယ်၊ အချင်းချင်း တိုက်ပွဲဖြစ်ကြတယ်။ ဒါပေမယ့် ကြားမှာရှိနေတဲ့ မြေစာပင်တွေက တော်တော်လေးခံနေရတယ်။ တိုက်ပွဲတွေဖြစ်လို့ သေဆုံးလာတိုင်း ဘယ်ဘက်ကမှ တာဝန်မယူဘူး။ ဟိုဘက်ကလည်း မဟုတ်ဘူး၊ ဒီဘက်ကလည်း မဟုတ်ဘူးဆိုတဲ့ ငြင်းဆိုသံတွေကိုပဲ ကြားနေရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရခိုင်အရေး ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကလည်း အခုလိုသုံးသပ်ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလိုထုတ်ပြန်ချက်ကတော့ ကျနော်မြင်တာ အဓိကတော့ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာပြည်အပေါ် ဖိအားတွေ သက်ရောက်နေတဲ့ ကိစ္စကို လျှော့ချဖို့ ဖြေလျှော့ဖို့အတွက် ကြိုးစားတဲ့နေရာမှာ ပြည်တွင်းမှာ ဒီလိုမျိုး အဖျက်အမှောက်လုပ်ငန်းတွေ ရှိတယ်၊ ပြည်တွင်းမှာ အကြမ်းဖက် သောင်းကျန်းမှုတွေ ရှိနေတယ် ဆိုတဲ့ဟာကို ပေါ်လွင်ထင်ရှားအောင် ပြသဖို့အတွက် ဒါကို ထုတ်ပြန်တယ်လို့ပဲ ရိုးရိုးရှင်းရှင်းလေး မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးတဲ့ ဌာနကနေ ထုတ်ပြန်တဲ့အတွက် ဒီအသုံးအနှုန်းတွေက၊ အရင်တုန်းကတော့ စစ်အစိုးရပေါ့ တောက်လျှောက် သုံးခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အခုလည်း အရပ်သားအစိုးရလို့ ပြောတဲ့ NLD အစိုးရလက်ထက်မှာလည်း အသုံးပြုတယ် ဆိုတဲ့အခါကြတော့ NLD အစိုးရက ကြွေးကြော်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ ဆိုတဲ့ဟာနဲ့ သူ့ရဲ့မူဝါဒနဲ့ အပြောတခြား အလုပ်တခြား ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ ဆောင်တာပေါ့။”

အစိုးရအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ လုံခြုံရေး အခြေအနေပေးမှုအပေါ် မူတည်ပြီး ထိရောက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အခုအချိန်အထိတော့ တိမ်းရှောင်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်က ၁ သိန်း ၂ သောင်း ၈ ထောင်ကျော်အထိ ဖြစ်သွားပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က နောက်ဆုံးစာရင်း ထုတ်ပြန်ပါတယ်။ သူတို့အတွက် သောက်သုံးရေနဲ့ အခြေခံစားနပ်ရိက္ခာ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG