သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ တႏွစ္ဆက္ထားဖို႔ ကုလေကာ္မတီ သေဘာတူ
{{Zawgyi/Unicode}}
ကုလသမဂၢ အေထြေထြညီလာခံ Credential ေကာ္မတီက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကို ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ ဆက္လက္ထားရွိၿပီး ႏိုင္ငံကိုယ္စားျပဳမႈအေရးကိုေတာ့ ဆိုင္းငံ့ထားမယ္လို႔ ကုလသမဂၢက ရရွိတဲ့သတင္းကအတည္ျပဳပါတယ္။
တနလာၤေန႔ က်င္းပတဲ့ ကုလသမဂၢမွာ ႏိုင္ငံကိုယ္စားျပဳမႈ သတ္မွတ္တဲ့ Credential ေကာ္မတီ အစည္းအေဝးကေန သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကို ေနၿမဲအတိုင္း ေနာက္ထပ္သက္တမ္း တႏွစ္ထားရွိဖို႔ သေဘာတူ ဆုံးျဖတ္ခ်က္ ခ်လိုက္တာျဖစ္ပါတယ္။
ကုလသမဂၢမွာ ႏိုင္ငံကိုယ္စားျပဳမႈ အေရးကိုလည္း ဆိုင္းငံ့ထားၾကဖို႔ ေကာ္မတီဝင္ေတြက သေဘာတူခဲ့ၾကပါတယ္။
ဗြီအိုေအ ကေန ဦးေက်ာ္မိုးထြန္း ကို Credential ေကာ္မတီ အစည္းအေဝး ဆုံးျဖတ္ခ်က္ မတိုင္ခင္တရက္ က ေတြ႔ဆုံေမးျမန္းခဲ့ရာမွာ ယူကရိန္း ကို ကူညီေနသလို ျမန္မာျပည္သူေတြကိုလည္း ကူညီဖို႔ ကုလသမဂၢမွာ ေျပာၾကားခဲ့သလို ၊ ယူကရိန္းအေရး နဲ႔ ပတ္သက္ၿပီးလည္း ကုလသမဂၢမွာ ေထာက္ခံေျပာၾကားခဲ့ေၾကာင္း ေျပာပါတယ္။
ဒါအျပင္ Credential ေကာ္မတီမွာ ပါဝင္တဲ့ ႏိုင္ငံအမ်ားစုရဲ႕ ေထာက္ခံမႈကို ရရွိလိမ့္မယ္လို႔လည္း သူအေနနဲ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
Credential ေကာ္မတီမွာ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ အၿမဲတမ္း အဖြဲ႔ဝင္ အေမရိကန္ ျပည္ေထာင္စု၊ ရုရွား ၊ တရုတ္ တို႔အပါအဝင္ ႏိုင္ငံ ၉ ႏိုင္ငံပါဝင္ၾကပါတယ္။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တနှစ်ဆက်ထားဖို့ ကုလကော်မတီ သဘောတူ
{{Zawgyi/Unicode}}
ကုလသမဂ္ဂ အထွေထွေညီလာခံ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထားမယ်လို့ ကုလသမဂ္ဂက ရရှိတဲ့သတင်းကအတည်ပြုပါတယ်။
တနလာၤနေ့ ကျင်းပတဲ့ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု သတ်မှတ်တဲ့ Credential ကော်မတီ အစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို နေမြဲအတိုင်း နောက်ထပ်သက်တမ်း တနှစ်ထားရှိဖို့ သဘောတူ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု အရေးကိုလည်း ဆိုင်းငံ့ထားကြဖို့ ကော်မတီဝင်တွေက သဘောတူခဲ့ကြပါတယ်။
ဗွီအိုအေ ကနေ ဦးကျော်မိုးထွန်း ကို Credential ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် မတိုင်ခင်တရက် က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ယူကရိန်း ကို ကူညီနေသလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ ကုလသမဂ္ဂမှာ ပြောကြားခဲ့သလို ၊ ယူကရိန်းအရေး နဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂမှာ ထောက်ခံပြောကြားခဲ့ကြောင်း ပြောပါတယ်။
ဒါအပြင် Credential ကော်မတီမှာ ပါဝင်တဲ့ နိုင်ငံအများစုရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့လည်း သူအနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။
Credential ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန် ပြည်ထောင်စု၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံပါဝင်ကြပါတယ်။