သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas သေနတ်သမားရဲ့ ချစ်သူကို FBI စစ်ဆေးမေးမြန်း


Las Vegas သေနပ်သမား Paddock ရဲ့ချစ်သူ Marilou Danley
Las Vegas သေနပ်သမား Paddock ရဲ့ချစ်သူ Marilou Danley

အမေရိကန်ပြည်ထောင်စု၊ လက်စ် ဗေးဂက်စ်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခဲ့သူ Stephen Paddock က တိုက်ခိုက်မှုတခုခုလုပ်ဖို့ ကြံစည်နေခဲ့တယ်ဆိုတာ သူ့ရဲ့ချစ်သူ လုံး၀ မသိခဲ့ဘူးလို့ Paddock ရဲ့ချစ်သူ Marilou Danley ရဲ့ရှေ့နေကပြောပါတယ်။

Marilou Danley ဟာ ဖိလစ်ပိုင်နိုင်ငံကနေ ပြန်ရောက်လာပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ တနေ့လုံး လော့စ်အိန်ဂျလိစ်မြို့မှာ FBI တာဝန်ရှိသူတွေက သူ့ကို မေးမြန်း စစ်ဆေးခဲ့ ကြပါတယ်။

သူဟာ ဖိလစ်ပိုင်က မိသားစုဆီကို သွားလည်တာဖြစ်တယ်လို့ Danley ရဲ့ရှေ့နေက ပြောပါတယ်။ သူအဲဒီမှာရှိနေတဲ့အချိန် Paddock က ဒေါ်လာငွေ တသိန်းပို့ပေးပြီး အိမ်တလုံးဝယ်ဖို့ ပြောခဲ့ပါတယ်။

Paddock က သူ့ကို အဆက်ဖြတ်တော့မှာလားဆိုတာ Danley က စိတ်ပူခဲ့တယ်လို့ ရှေ့နေကပြောပါတယ်။ Paddock ဟာ ဂရု တစိုက်ရှိသူ၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်သူ ဖြစ်တယ်လို့ Danley က သတ်မှတ်ထားခဲ့တယ်လို့လဲ ရှေ့နေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတ Donald Trump ဟာ ဗုဒ္ဓဟူးနေ့က Las Vegas ကိုသွားပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေး လုပ်သားတွေနဲ့ တွေ့ဆုံသလို သေနတ်ပစ်ခံ ရတဲ့ထဲမှာ ပါခဲ့သူတွေကိုလဲ တွေ့ဆုံအားပေးပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ကူညီလုပ်ဆောင်ပေးတဲ့ အရေးပေါ် ကူညီ ကယ်ဆယ်ရေး လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို သမ္မတက ချီးကျူးပြောဆိုခဲ့ပြီး သမ္မတကတော် Melania Trump လဲ အတူရှိနေခဲ့ပါတယ်။ အဲဒီသေနတ်ပစ်ခတ် မှုမှာ လူပေါင်း ၅၈ ယောက်ထက်မနည်းသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Las Vegas ပစ်ခတ်မှု
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG