သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ အေမရိကန္နဲ႔ဂ်ာမနီ အဆင့္ျမင့္တင့္ကားေတြေပးမည္


Tank M1 Abram 

[[Zawgyi/Unicode]]

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ကိုတြန္းလွန္ေနတဲ့ ယူကရိန္းအတြက္ အေမရိကန္က M1 Abram တင့္ကားေတြေပးမွာျဖစ္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ဗုဒၶဟူးေန႔မွာ ေၾကညာပါတယ္။ တခ်ိန္တည္းမွာပဲ ဂ်ာမနီကလည္း သူ႔ႏိုင္ငံထုတ္ Leopard 2 တင့္ကားေတြ ယူကရိန္းကိုေပးမယ့္အျပင္ ၿဗိတိန္နဲ႔တျခားဥေရာပ ႏိုင္ငံတခ်ိဳ႕ကပါ တင့္ကားနဲ႔ေျမျပင္တိုက္ခိုက္ေရးသုံးယာဥ္ေတြ ပို႔ေပးဖို႔လုပ္ေနတဲ့အတြက္ ၁၁ လ ျပည့္လာၿပီျဖစ္တဲ့ ယူကရိန္းစစ္ပြဲ အေျခေနဟာ တနည္းတဖုံအေျပာင္းအလဲေတြ ျဖစ္လာေစႏိုင္ပါတယ္။ အျပည့္အစုံကို ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

အေမရိကန္လုပ္ စစ္ေျမျပင္သုံး M1 Abrams တင့္ကားေတြဟာ ယူကရိန္းတပ္သားေတြအတြက္ ကိုင္တြယ္ရာမွာေရာ ထိန္းသိမ္းရာမွာပါ သိပ္ခဲႏိုင္တယ္ဆိုၿပီး သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အစိုးရအဖြဲ႕က လနဲ႔ခ်ီၿပီး ျငင္းပယ္ေနရာကေန ဗုဒၶဟူးေန႔ကေတာ့ ၃၁ စင္းပို႔ေပးမယ္လို႔ သမၼတဘိုင္ဒန္က ေၾကညာလိုက္ပါတယ္။

" အေမရိကန္ျပည္ေထာင္စုကေန ယူကရိန္းအတြက္ Abrams တင့္ကား ၃၁ စီးပို႔ေပးမွာ ျဖစ္ပါတယ္။ ဒါဟာ ယူကရိန္း တပ္ရင္းတရင္းအင္အားနဲ႔ ညီမွ်ပါတယ္။ ယူကရိန္းေတြ သူတို႔ပိုင္နက္ကို သူတို႔ကာကြယ္ေရးႏိုင္ေရးနဲ႔ သူတို႔မဟာဗ်ဴဟာေအာင္ျမင္ေရးအတြက္ ပိုေကာင္းလာေစမယ္လို႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကလည္း အႀကံေပးပါတယ္။”

Abrams တင့္ကားေတြဟာ ကမာၻမွာအစြမ္းအထက္ဆုံးတင့္ကားျဖစ္ နာမည္ႀကီးပါတယ္။ သူ႔ကို ကိုင္တြယ္ဖို႔ေရာ ထိန္းသိမ္းဖို႔ပါ အလြန္ရႈပ္ေထြးတဲ့အတြက္ ယူကရိန္းကို ဒီတင့္ကားေတြနဲ႔အတူ တျခားလိုအပ္တဲ့စက္ပစၥည္း အစိတ္အပိုင္းေတြကိုပါ ေပးမယ္လို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ ဒီတင့္ကားေတြကို စစ္ေျမျပင္မွာ ယူကရိန္းေတြ ထိထိေရာက္ေရာက္ အသုံးျပဳႏိုင္ဖို႔လည္း သင္တန္းေတြ စေပးေတာ့မယ္လို႔ေျပာပါတယ္။

ဒါေပမဲ့ ဒီတင့္ကားေတြကို စစ္ေျမျပင္ေရာက္ဖို႔ အခ်ိန္ေပးရမွာျဖစ္ၿပီး ဒါေတြကို ယူကရိန္းတပ္သားေတြ အေသအခ်ာသုံးႏိုင္ေအာင္ လုပ္ရအုံးမယ္လို႔လည္း ေျပာပါတယ္။

႐ုရွားတပ္ေတြက ယူကရိန္းကို စတင္က်ဴးေက်ာ္ဝင္ေရာက္တာ အခုဆို ၁၁ လထဲ ေရာက္လာၿပီျဖစ္ၿပီး ႐ုရွားက တိုက္ခိုက္မႈေတြ ျပင္ျပင္းထန္ထန္ ဆက္လုပ္ေနသလို ယူကရိန္းျပည္သူေတြကလည္း သတၱိအျပည့္နဲ႔ ျပန္တြန္းလွန္ေနတာကို ႐ုရွားသမၼတ Vladimir Putin သာမက တကမာၻလုံးကို ျပသေနတာပါ။

ဒီလိုအခ်ိန္မွာ ယူကရိန္းျပည္သူေတြအတြက္ သူတို႔ ႏိုင္ငံ၊ သူတို႔မိသားစုကို ကာကြယ္ဖို႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ ႐ုရွားရဲ႕ဖိႏွိပ္မႈကို တြန္းလွန္ႏိုင္ေအာင္ ကမာၻတလႊားက မိတ္ေဆြေတြနဲ႔အတူ အေမရိကန္က အကူအညီေပးေနတာ ျဖစ္ေၾကာင္းလည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။

လာမယ့္ သီတင္းပတ္ေတြအတြင္း ဂ်ာမနီအပါအဝင္ တျခားႏိုင္ငံေတြကလည္း ယူကရိန္းအတြက္ စစ္ေျမျပင္သုံး တိုက္ခိုက္ေရးယဥ္ေတြပို႔ေပးဖို႔ ေျပာလာခ်ိန္မွာ အေမရိကန္က အခုလို Abrams တင့္ကားေတြ ေပးဖို႔ လုပ္လာတာပါ။

ဂ်ာမနီက သူ႔ရဲ႕ Leopard 2 A6 အမ်ိဳးအစား တင့္ကား ၁၄ စင္း ယူကရိန္းကို ေပးပို႔ေရးအတြက္ အေမရိကန္က အခုလို လုပ္ေဆာင္လိုက္တာလည္း ျဖစ္ပါတယ္။ သူ႔တင့္ကားေတြေပးဖို႔ မဆုံးျဖတ္ႏိုင္ဘဲျဖစ္ေနတဲ့ ဂ်ာမနီကို အီးယူ ဥေရာပႏိုင္ငံေတြက ဝိုင္းဝန္း ေဝဖန္လာခ်ိန္မွာ ႐ုရွားဘက္က တုံ႔ျပန္လာမယ့္ ေဒါသကို သူ႔တႏိုင္ငံထဲမခံလိုတဲ့ဂ်ာမနီက အေမရိကန္ဘက္က Abrams တင့္ကားေတြ ပို႔မေပးရင္ သူလည္းပို႔ေပးမွာမဟုတ္ဘူးလို႔ တင္းခံခဲ့တာပါ။

ဗုဒၶဟူးေန႔ သမၼတအိမ္ျဖဴမွာ ေျပာၾကားရာမွာေတာ့ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြၾကား စိတ္ဝမ္းကြဲဖို႔ ႐ုရွားက ေမွ်ာ္လင့္ေနေပမဲ့ အေမရိကန္နဲ႔ မဟာမိတ္ေတြၾကား ေသြးစည္းမႈဟာ လုံးဝ ခိုင္မာတယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။

“ ဟိုအရင္က က်ေနာ္ ေျပာေနက်အတိုင္းပါပဲ။ က်ေနာ္တို႔ေတြ စည္းစည္းလုံးလုံး မရွိဖို႔၊ ေသြးကြဲသြားဖို႔ကို ႐ုရွားက ေမွ်ာ္လင့္ေနတာပါ။ ဒါေပမယ့္ က်ေနာ္တို႔က လုံးဝ တကယ့္ကို စည္းလုံးညီၫြတ္ပါတယ္။ အခု ေႏြဦးကာလ ေရာက္လာေတာ့မွာမို႔ ယူကရိန္းတပ္ေတြက သူတို႔ပိုင္နက္ကို ကာကြယ္ဖို႔လုပ္ေနသလို တန္ျပန္ထိုးစစ္ဆင္ဖို႔ပါ ျပင္ေနၾကပါတယ္။ သူတို႔နယ္ေျမေတြ ျပန္ရဖို႔ စစ္ေျမျပင္မွာ ႐ုရွားဘက္က ေျပာင္းလဲလာမယ့္ နည္းဗ်ဴဟာေတြကို သူတို႔ တြန္းလွန္ႏိုင္စြမ္းရွိဖို႔လိုသလို ေျမျပင္တိုက္ခိုက္ႏိုင္စြမ္း တိုးတက္ဖို႔လိုပါတယ္။”

ဒီလိုတိုက္ခိုက္ႏိုင္စြမ္း တိုးတက္လာေအာင္ ဂ်ာမနီက လုပ္ေဆာင္လာတာနဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz ရဲ႕ စည္းလုံးညီၫြတ္မႈရွိေၾကာင္း ခိုင္ခိုင္မာမာ ျပသမႈအတြက္ ေက်းဇူးတင္ေၾကာင္းလည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ ဒါ့အျပင္ ဂ်ာမနီဝန္ႀကီးခ်ဳပ္က ယူကရိန္းကို ဂ်ာမနီထုတ္ Leopard 2 တင့္ကားေတြေပးၿပီး ဥေရာပႏိုင္ငံေတြကေန ယူကရိန္းအတြက္ တင့္ကားတပ္ရင္း ၂ ရင္းစာေလာက္ အားျဖည့္ေပးလာေအာင္ စည္း႐ုံးႏိုင္မႈရွိတယ္လို႔လည္း ခ်ီးက်ဴးခဲ့ပါတယ္။

အေမရိကန္ကယူကရိန္းအတြက္ ေဒၚလာ သန္း ၄၀၀ တန္ ပစၥည္းေတြ ေပးအပ္မယ္လို႔လည္း ဗုဒၶဟူးေန႔မွာပဲ ေၾကညာခဲ့တာပါ။ ဒီအထဲမွာ Abrams တင့္ကားအတြက္ စစ္ေျမျပင္ထဲ တစုံတရာပ်က္စီးခ်ိဳ႕ယြင္းမႈရွိရင္ သယ္ထုတ္ႏိုင္တဲ့ တင့္ကားလိုယဥ္တမ်ိဳး ျဖစ္တဲ့ M88 ကယ္ဆယ္ေရး ယဥ္ ၈ စီးလည္း ပါဝင္ပါတယ္။

ယူကရိန္းအတြက္ ျပင္သစ္၊ ၿဗိတိန္၊ အေမရိကန္၊ ပိုလန္၊ ဂ်ာမနီ၊ နယ္သာလန္နဲ႔ ဆြီဒင္ ႏိုင္ငံေတြကေပးပို႔မယ့္တင့္ကားနဲ႔ စစ္ေျမျပင္သုံး လက္နက္တပ္ဆင္ထားတဲ့ယာဥ္ေတြက အစီးေပါင္း ရာနဲ႔ခ်ီရွိေနတာပါ။ အခုလို တိုက္ခိုက္ေရး အကူအညီေတြ တိုးၿပီးရလာေနတဲ့ ယူကရိန္းအတြက္ ႐ုရွားရဲ႕အင္အားေတာင့္တင္းမႈကို ၿဖိဳခြင္းဖို႔ သူတို႔ရဲ႕ ႀကိဳးစားမႈနဲ႔ သူတို႔တြန္းလွန္ေနတဲ့စစ္ပြဲဟာ က႑သစ္တခု ေျပာင္းလာေနၿပီလို႔ အမ်ားက သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

ရုရှားရဲ့ကျူးကျော်စစ်ကိုတွန်းလှန်နေတဲ့ ယူကရိန်းအတွက် အမေရိကန်က M1 Abram တင့်ကားတွေပေးမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ တချိန်တည်းမှာပဲ ဂျာမနီကလည်း သူ့နိုင်ငံထုတ် Leopard 2 တင့်ကားတွေ ယူကရိန်းကိုပေးမယ့်အပြင် ဗြိတိန်နဲ့တခြားဥရောပ နိုင်ငံတချို့ကပါ တင့်ကားနဲ့မြေပြင်တိုက်ခိုက်ရေးသုံးယာဉ်တွေ ပို့ပေးဖို့လုပ်နေတဲ့အတွက် ၁၁ လ ပြည့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲ အခြေနေဟာ တနည်းတဖုံအပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန်လုပ် စစ်မြေပြင်သုံး M1 Abrams တင့်ကားတွေဟာ ယူကရိန်းတပ်သားတွေအတွက် ကိုင်တွယ်ရာမှာရော ထိန်းသိမ်းရာမှာပါ သိပ်ခဲနိုင်တယ်ဆိုပြီး သမ္မတဂျိုးဘိုင်ဒန်ရဲ့အစိုးရအဖွဲ့က လနဲ့ချီပြီး ငြင်းပယ်နေရာကနေ ဗုဒ္ဓဟူးနေ့ကတော့ ၃၁ စင်းပို့ပေးမယ်လို့ သမ္မတဘိုင်ဒန်က ကြေညာလိုက်ပါတယ်။

" အမေရိကန်ပြည်ထောင်စုကနေ ယူကရိန်းအတွက် Abrams တင့်ကား ၃၁ စီးပို့ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်း တပ်ရင်းတရင်းအင်အားနဲ့ ညီမျှပါတယ်။ ယူကရိန်းတွေ သူတို့ပိုင်နက်ကို သူတို့ကာကွယ်ရေးနိုင်ရေးနဲ့ သူတို့မဟာဗျူဟာအောင်မြင်ရေးအတွက် ပိုကောင်းလာစေမယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း အကြံပေးပါတယ်။”

Abrams တင့်ကားတွေဟာ ကမ္ဘာမှာအစွမ်းအထက်ဆုံးတင့်ကားဖြစ် နာမည်ကြီးပါတယ်။ သူ့ကို ကိုင်တွယ်ဖို့ရော ထိန်းသိမ်းဖို့ပါ အလွန်ရှုပ်ထွေးတဲ့အတွက် ယူကရိန်းကို ဒီတင့်ကားတွေနဲ့အတူ တခြားလိုအပ်တဲ့စက်ပစ္စည်း အစိတ်အပိုင်းတွေကိုပါ ပေးမယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒီတင့်ကားတွေကို စစ်မြေပြင်မှာ ယူကရိန်းတွေ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့လည်း သင်တန်းတွေ စပေးတော့မယ်လို့ပြောပါတယ်။

ဒါပေမဲ့ ဒီတင့်ကားတွေကို စစ်မြေပြင်ရောက်ဖို့ အချိန်ပေးရမှာဖြစ်ပြီး ဒါတွေကို ယူကရိန်းတပ်သားတွေ အသေအချာသုံးနိုင်အောင် လုပ်ရအုံးမယ်လို့လည်း ပြောပါတယ်။

ရုရှားတပ်တွေက ယူကရိန်းကို စတင်ကျူးကျော်ဝင်ရောက်တာ အခုဆို ၁၁ လထဲ ရောက်လာပြီဖြစ်ပြီး ရုရှားက တိုက်ခိုက်မှုတွေ ပြင်ပြင်းထန်ထန် ဆက်လုပ်နေသလို ယူကရိန်းပြည်သူတွေကလည်း သတ္တိအပြည့်နဲ့ ပြန်တွန်းလှန်နေတာကို ရုရှားသမ္မတ Vladimir Putin သာမက တကမ္ဘာလုံးကို ပြသနေတာပါ။

ဒီလိုအချိန်မှာ ယူကရိန်းပြည်သူတွေအတွက် သူတို့ နိုင်ငံ၊ သူတို့မိသားစုကို ကာကွယ်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ ရုရှားရဲ့ဖိနှိပ်မှုကို တွန်းလှန်နိုင်အောင် ကမ္ဘာတလွှားက မိတ်ဆွေတွေနဲ့အတူ အမေရိကန်က အကူအညီပေးနေတာ ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း ဂျာမနီအပါအဝင် တခြားနိုင်ငံတွေကလည်း ယူကရိန်းအတွက် စစ်မြေပြင်သုံး တိုက်ခိုက်ရေးယဉ်တွေပို့ပေးဖို့ ပြောလာချိန်မှာ အမေရိကန်က အခုလို Abrams တင့်ကားတွေ ပေးဖို့ လုပ်လာတာပါ။

ဂျာမနီက သူ့ရဲ့ Leopard 2 A6 အမျိုးအစား တင့်ကား ၁၄ စင်း ယူကရိန်းကို ပေးပို့ရေးအတွက် အမေရိကန်က အခုလို လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ သူ့တင့်ကားတွေပေးဖို့ မဆုံးဖြတ်နိုင်ဘဲဖြစ်နေတဲ့ ဂျာမနီကို အီးယူ ဥရောပနိုင်ငံတွေက ဝိုင်းဝန်း ဝေဖန်လာချိန်မှာ ရုရှားဘက်က တုံ့ပြန်လာမယ့် ဒေါသကို သူ့တနိုင်ငံထဲမခံလိုတဲ့ဂျာမနီက အမေရိကန်ဘက်က Abrams တင့်ကားတွေ ပို့မပေးရင် သူလည်းပို့ပေးမှာမဟုတ်ဘူးလို့ တင်းခံခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ သမ္မတအိမ်ဖြူမှာ ပြောကြားရာမှာတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြား စိတ်ဝမ်းကွဲဖို့ ရုရှားက မျှော်လင့်နေပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကြား သွေးစည်းမှုဟာ လုံးဝ ခိုင်မာတယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

“ ဟိုအရင်က ကျနော် ပြောနေကျအတိုင်းပါပဲ။ ကျနော်တို့တွေ စည်းစည်းလုံးလုံး မရှိဖို့၊ သွေးကွဲသွားဖို့ကို ရုရှားက မျှော်လင့်နေတာပါ။ ဒါပေမယ့် ကျနော်တို့က လုံးဝ တကယ့်ကို စည်းလုံးညီညွတ်ပါတယ်။ အခု နွေဦးကာလ ရောက်လာတော့မှာမို့ ယူကရိန်းတပ်တွေက သူတို့ပိုင်နက်ကို ကာကွယ်ဖို့လုပ်နေသလို တန်ပြန်ထိုးစစ်ဆင်ဖို့ပါ ပြင်နေကြပါတယ်။ သူတို့နယ်မြေတွေ ပြန်ရဖို့ စစ်မြေပြင်မှာ ရုရှားဘက်က ပြောင်းလဲလာမယ့် နည်းဗျူဟာတွေကို သူတို့ တွန်းလှန်နိုင်စွမ်းရှိဖို့လိုသလို မြေပြင်တိုက်ခိုက်နိုင်စွမ်း တိုးတက်ဖို့လိုပါတယ်။”

ဒီလိုတိုက်ခိုက်နိုင်စွမ်း တိုးတက်လာအောင် ဂျာမနီက လုပ်ဆောင်လာတာနဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ရဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း ခိုင်ခိုင်မာမာ ပြသမှုအတွက် ကျေးဇူးတင်ကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် ဂျာမနီဝန်ကြီးချုပ်က ယူကရိန်းကို ဂျာမနီထုတ် Leopard 2 တင့်ကားတွေပေးပြီး ဥရောပနိုင်ငံတွေကနေ ယူကရိန်းအတွက် တင့်ကားတပ်ရင်း ၂ ရင်းစာလောက် အားဖြည့်ပေးလာအောင် စည်းရုံးနိုင်မှုရှိတယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

အမေရိကန်ကယူကရိန်းအတွက် ဒေါ်လာ သန်း ၄၀၀ တန် ပစ္စည်းတွေ ပေးအပ်မယ်လို့လည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။ ဒီအထဲမှာ Abrams တင့်ကားအတွက် စစ်မြေပြင်ထဲ တစုံတရာပျက်စီးချို့ယွင်းမှုရှိရင် သယ်ထုတ်နိုင်တဲ့ တင့်ကားလိုယဉ်တမျိုး ဖြစ်တဲ့ M88 ကယ်ဆယ်ရေး ယဉ် ၈ စီးလည်း ပါဝင်ပါတယ်။

ယူကရိန်းအတွက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ ပိုလန်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွီဒင် နိုင်ငံတွေကပေးပို့မယ့်တင့်ကားနဲ့ စစ်မြေပြင်သုံး လက်နက်တပ်ဆင်ထားတဲ့ယာဉ်တွေက အစီးပေါင်း ရာနဲ့ချီရှိနေတာပါ။ အခုလို တိုက်ခိုက်ရေး အကူအညီတွေ တိုးပြီးရလာနေတဲ့ ယူကရိန်းအတွက် ရုရှားရဲ့အင်အားတောင့်တင်းမှုကို ဖြိုခွင်းဖို့ သူတို့ရဲ့ ကြိုးစားမှုနဲ့ သူတို့တွန်းလှန်နေတဲ့စစ်ပွဲဟာ ကဏ္ဍသစ်တခု ပြောင်းလာနေပြီလို့ အများက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG