သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ံႈးပြဲမရွိစံခ်ိန္ ၂၁ ပြဲဆက္တိုက္ လီဗာပူးလ္ ဆက္ထိန္း


စပါးအသင္းဘက္သို႔ တလံုးတည္းေသာ အႏုိင္ဂိုးကို သြင္းယူေနသည့္ Firmino ။ ဇန္နဝါရီ ၁၁၊ ၂၀၁၉။

(Zawgyi/Unicode)

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆံုးမွာ အမွတ္ျပတ္နဲ႔ ဆက္ၿပီးရပ္တည္ေနတဲ့ လီဗာပူးလ္အသင္းဟာ စေနေန႔က အိမ္ရွင္ စပါးအသင္းနဲ႔ကစားတဲ့ သူ႔အတြက္ပြဲစဥ္ ၂၁ မွာလည္း အိမ္ရွင္အသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရၿပီး ႐ံႈးပြဲမရွိစံခ်ိန္ကို ဆက္ထိန္း လိုက္ႏုိင္ပါတယ္။

လီဗာပူးလ္အတြက္ တလံုးတည္းေသာ အႏုိင္ဂိုးကို ပြဲခ်ိန္ ၃၇ မိနစ္မွာ Firmino က သြင္းယူေပးတာပါ။ ဒီပြဲ႐ံႈးသြားတဲ့ စပါးအသင္း ဟာ ၂၂ ပြဲကစားၿပီးတဲ့ေနာက္ ရမွတ္ ၃၀ နဲ႔ အဆင့္ ၈ မွာရွိေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ အိမ္ကြင္းမွာ ေနာ္ဝစ္ခ်္ကို ၄ ဂိုးျပတ္ အႏုိင္ရလိုက္တဲ့အတြက္ အဆင့္ ၅ ေနရာကို ဆက္ထိန္းထားလိုက္ႏုိင္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာလည္း အိမ္ကြင္းမွာပဲ ဘန္ေလကို ၃ ဂိုးျပတ္နဲ႔ အႏုိင္္ရတာေၾကာင့္ ယူႏိုက္တက္ကို ၅ မွတ္ျဖတ္ၿပီး အဆင့္ ၄ ေနရာမွာ ဆက္ရွိေနပါတယ္။

အဆင့္ ၂ ေနရာက လက္စတာအသင္းဟာ အဆင့္ ၁၂ မွာရွိတဲ့ ေဆာက္သမ္ပ္တန္္အသင္းကို အိ္မ္ကြင္းမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အေရး နိမ့္သြားတာေၾကာင့္ အခုဆိုရင္ ပြဲစဥ္ ၂၂ မကစားရေသးတဲ့ ၁ မွတ္ေလ်ာ့ မန္စီးတီးအသင္းကို ဒုတိယေနရာေပးလိုက္ရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါၿပီ။

တျခားပြဲေတြမွာေတာ့ ရွက္ဖီးက ဝက္စ္ဟမ္းမ္ကို ၁ ဂိုး ဂိုးမရွိ၊ အဲဗာတန္ကလည္း ဘ႐ိုက္တန္ကို ၁ ဂိုး ဂိုးမရွိနဲ႔ အသီးသီး အႏုိင္ရ ၿပီး ပဲေလ့စ္နဲ႔ အာဆင္နယ္လ္တုိ႔ တဖက္ ၁ ဂိုးစီနဲ႔ သေရက်ပါတယ္။

တနဂၤေႏြေန႔မွာ ဘုန္းန္ေမာက္သ္နဲ႔ ဝတ္တ္ဖို႔ဒ္၊ ဗီလာနဲ႔ မန္စီးတီးတို႔ ကစားၾကမွာျဖစ္ပါတယ္။

-----------------------------

(Unicode)

ရှုံးပွဲမရှိစံချိန် ၂၁ ပွဲဆက်တိုက် လီဗာပူးလ် ဆက်ထိန်း

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်ပြတ်နဲ့ ဆက်ပြီးရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ စနေနေ့က အိမ်ရှင် စပါးအသင်းနဲ့ကစားတဲ့ သူ့အတွက်ပွဲစဉ် ၂၁ မှာလည်း အိမ်ရှင်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်း လိုက်နိုင်ပါတယ်။

လီဗာပူးလ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၃၇ မိနစ်မှာ Firmino က သွင်းယူပေးတာပါ။ ဒီပွဲရှုံးသွားတဲ့ စပါးအသင်း ဟာ ၂၂ ပွဲကစားပြီးတဲ့နောက် ရမှတ် ၃၀ နဲ့ အဆင့် ၈ မှာရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ နော်ဝစ်ချ်ကို ၄ ဂိုးပြတ် အနိုင်ရလိုက်တဲ့အတွက် အဆင့် ၅ နေရာကို ဆက်ထိန်းထားလိုက်နိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာလည်း အိမ်ကွင်းမှာပဲ ဘန်လေကို ၃ ဂိုးပြတ်နဲ့ အနိုင််ရတာကြောင့် ယူနိုက်တက်ကို ၅ မှတ်ဖြတ်ပြီး အဆင့် ၄ နေရာမှာ ဆက်ရှိနေပါတယ်။

အဆင့် ၂ နေရာက လက်စတာအသင်းဟာ အဆင့် ၁၂ မှာရှိတဲ့ ဆောက်သမ်ပ်တန််အသင်းကို အိ်မ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေး နိမ့်သွားတာကြောင့် အခုဆိုရင် ပွဲစဉ် ၂၂ မကစားရသေးတဲ့ ၁ မှတ်လျော့ မန်စီးတီးအသင်းကို ဒုတိယနေရာပေးလိုက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

တခြားပွဲတွေမှာတော့ ရှက်ဖီးက ဝက်စ်ဟမ်းမ်ကို ၁ ဂိုး ဂိုးမရှိ၊ အဲဗာတန်ကလည်း ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရ ပြီး ပဲလေ့စ်နဲ့ အာဆင်နယ်လ်တို့ တဖက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့မှာ ဘုန်းန်မောက်သ်နဲ့ ဝတ်တ်ဖို့ဒ်၊ ဗီလာနဲ့ မန်စီးတီးတို့ ကစားကြမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG