(Zawgyi/Unicode)
ဒီႏွစ္ေဘာလံုးရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ လီဗာပူးလ္အသင္းဟာ ၁၈ ပြဲကစားၿပီးခ်ိန္ထိ ႐ံႈးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းထားႏုိင္ဆဲျဖစ္ပါတယ္။
ဒီဇင္ဘာလ ၂၆ ရက္ ၾကာသပေတးေန႔က လီဗာပူူးလ္ရဲ႕ ပြဲစဥ္ ၁၈ အျဖစ္ ဒုတိယေနရာက လက္စတာ စီးတီးအသင္းနဲ႔ အေဝး ကြင္းမွာ ကစားတာမွာလည္း ၄ ဂိုးျပတ္ အႏိုင္ရလိုက္တာပါ။ လက္စတာကေတာ့ ပြဲစဥ္ ၁၉ ကစားရတာျဖစ္ၿပီး ဒီပြဲၿပီးတဲ့ေနာက္ ဇယားထိပ္က လီဗာပူးလ္ထက္ တပြဲပို ၃၉ မွတ္နဲ႔ ၁၃ မွတ္တိတိ ကြာသြားသလို ပြဲစဥ္ ၁၉ မကန္ရေသးတဲ့ မန္စီးတီးနဲ႔ ၁ မွတ္ပဲ ကြာေတာ့တာမို႔ အဆင့္ ၃ ေရာက္သြားမယ့္ အလားအလာေတာင္ ရွိေနပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာလည္း အိမ္ကြင္းမွာ ေဆာက္သမ္ပ္တန္ကို ၂ ဂိုးျပတ္နဲ႔႐ံႈးၿပီး အဆင့္ ၄ မွာ ၃၂ မွတ္ရထားတာမို႔ အဆင့္ ၃ က တပြဲေလ်ာ့ မန္စီးတီးနဲ႔ ၆ မွတ္ကြာသြားပါၿပီ။
တျခားႏုိင္ပြဲေတြကေတာ့ မန္ခ်က္စတာ ယူႏုိုက္တက္က အိုးလ္ဒ္ ထရက္ဖို႔ဒ္မွာ နယူးကက္ဆယ္လ္ကို ၄ ဂိုး ၁ ဂိုး၊ စပါးက ဘ႐ိုက္တန္ကို ၂ ဂိုး ၁ ဂိုး၊ ဗီလာက ေနာ္္ဝစ္ခ်္ကို ၁ ဂိုး ဂိုးမရွိ၊ အဲဗာတန္က ဘန္ေလကို ၁ ဂိုး ဂိုးမရွိနဲ႔ အသီးသီး အႏုိင္ရပါတယ္။
ရွက္ဖီးနဲ႔ ဝတ္တ္ဖို႔ကေတာ့ တဘက္ ၁ ဂိုးစီနဲ႔ သေရက်သြားပါတယ္။
ၾကာသပေတးေန႔မွာ (ဒီကေန႔မွာေတာ့) မန္စီးတီးက လက္ရွိ အဆင့္ ၈ မွာရွိတဲ့ ဝို႔လ္ဗ္စ္အသင္းအိမ္ကြင္းမွာ ပြဲစဥ္ ၁၉ ကစားရမွာ ျဖစ္ပါတယ္။
------------------------------------
(Unicode)
လီဗာပူးလ် ဂိုးပြတ်နိုင််ပြီး ရှုံးပွဲမရှိစံချိန် ဆက်ထိန်း
ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးလ်အသင်းဟာ ၁၈ ပွဲကစားပြီးချိန်ထိ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက် ကြာသပတေးနေ့က လီဗာပူူးလ်ရဲ့ ပွဲစဉ် ၁၈ အဖြစ် ဒုတိယနေရာက လက်စတာ စီးတီးအသင်းနဲ့ အဝေး ကွင်းမှာ ကစားတာမှာလည်း ၄ ဂိုးပြတ် အနိုင်ရလိုက်တာပါ။ လက်စတာကတော့ ပွဲစဉ် ၁၉ ကစားရတာဖြစ်ပြီး ဒီပွဲပြီးတဲ့နောက် ဇယားထိပ်က လီဗာပူးလ်ထက် တပွဲပို ၃၉ မှတ်နဲ့ ၁၃ မှတ်တိတိ ကွာသွားသလို ပွဲစဉ် ၁၉ မကန်ရသေးတဲ့ မန်စီးတီးနဲ့ ၁ မှတ်ပဲ ကွာတော့တာမို့ အဆင့် ၃ ရောက်သွားမယ့် အလားအလာတောင် ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာလည်း အိမ်ကွင်းမှာ ဆောက်သမ်ပ်တန်ကို ၂ ဂိုးပြတ်နဲ့ရှုံးပြီး အဆင့် ၄ မှာ ၃၂ မှတ်ရထားတာမို့ အဆင့် ၃ က တပွဲလျော့ မန်စီးတီးနဲ့ ၆ မှတ်ကွာသွားပါပြီ။
တခြားနိုင်ပွဲတွေကတော့ မန်ချက်စတာ ယူနိုုက်တက်က အိုးလ်ဒ် ထရက်ဖို့ဒ်မှာ နယူးကက်ဆယ်လ်ကို ၄ ဂိုး ၁ ဂိုး၊ စပါးက ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုး၊ ဗီလာက နော််ဝစ်ချ်ကို ၁ ဂိုး ဂိုးမရှိ၊ အဲဗာတန်က ဘန်လေကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရပါတယ်။
ရှက်ဖီးနဲ့ ဝတ်တ်ဖို့ကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။
ကြာသပတေးနေ့မှာ (ဒီကနေ့မှာတော့) မန်စီးတီးက လက်ရှိ အဆင့် ၈ မှာရှိတဲ့ ဝို့လ်ဗ်စ်အသင်းအိမ်ကွင်းမှာ ပွဲစဉ် ၁၉ ကစားရမှာ ဖြစ်ပါတယ်။