သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေဆာက္ေရာက္ အေထာက္အထားမဲ႔ ျမန္မာေတြကို ထိုင္းကကိုဗစ္ကာကြယ္ေဆးထိုး


Zawgyi

မဲေဆာက္ေရာက္ အေထာက္အထားမဲ႔ ျမန္မာေတြကို ထိုင္းက ကိုဗစ္ကာကြယ္ေဆးထိုး

ထိုင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္မဲေဆာက္ျမိဳ့နယ္မွာတရားမ၀င္အေထာက္အထားမဲ့ေတြအပါအ၀င္ ျမန္မာႏိုင္ငံသားေတြကို ကုိဗစ္ကာကြယ္ေဆးေနရာတိုင္းမွာထုိးႏိုင္ဖုိ့ထုိင္းက်န္းမာေရး ကစီစဥ္ေဆာင္ရြက္ရာမွာႏို၀င္ဘာလ ၁၇ ရက္ေန့က‌ေတာ့ မဲေဆာက္ျမိဳလယ္က ဘုန္းေတာ္ႀကီးေက်ာင္းတခုမွာလူ၅၀၀လာက္ကို ကာကြယ္ေဆးထုိးေပးခဲ့ပါတယ္ ။
မေန့ကေတာ့ မဲေဆာက္ေစ်းႀကီးထဲက ေစ်းသူေစ်းသားေတြအပါအ၀င္အေထာက္အထားမဲ့ေတြကိုကာကြယ္ေဆးထိုးႏွံေပးခဲ့ပါတယ္ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။
###

ထိုင္းျမန္မာနယ္စပ္ျမိဳ့ျဖစ္တဲ့ တာ့ခ္ျပည္နယ္မဲေဆာက္ျမိဳ ့မွာေနစဥ္လိုလို ျမန္မာေတြ အမ်ာစုရွိရာေနရာေတြနဲ့ရပ္ကြက္ေက်းရြာေတြမွာကုိဗစ္ကာကြယ္ေဆးေတြကို ထိုင္းက်န္းမာေရးဌာနရဲ့ အစီစဥ္နဲ့လိုက္လံထုိးေပးေနပါတယ္ ။ ႏုိ၀င္ဘာလ ၁၇ ရက္ေန့မွာေတာ့ မဲေဆာက္ျမိဳလယ္က ဘုန္းေတာ္ႀကီးေက်ာင္းတခုမွာလူ ၅၀၀ေလာက္ကို ကာကြယ္ေဆးထိုးေပးခဲ့တယ္လို့ ့့ျမန္မာေတြကာကြယ္ေဆးထိုးႏွံႏိုင္ဖို့
ေစတနာ၀န္ထမ္းအျဖစ္လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ဦးမန္းမ်ိဳးျမင့္ကအခုလိုေျပာပါတယ္။

"ဒီေန့ကေတာ့၀ပ္ဘံုက်၀ပ္ မဲေဆာက္ျမိဳ့လယ္ေခါင္မွာပဲလူ၅၀၀ေလာက္ကို ဒီေန့ ထုိးေပးပါတယ္။ မေန့ကေဆးထုိးေပးတာကေတာ့ ေစ်းထဲမွာ အလုပ္လုပ္ေနတဲ့အလုပ္သမားေတြ ေစ်းေရာင္းတဲ့သူေတြ ေစ်းသယ္ေတြေပါ့ လက္မွတ္ရိွတဲ့သူေကာလက္မွတ္မရွိတဲ့သူေကာထုိးေပးေနတယ္။ လက္မွတ္မရွိတဲ့သူက အမ်ားစုပါ။သူတုိ့ကေစ်းေရာင္းေနေတာ့အမ်ားနဲ့ဆက္ဆံေနရေတာ့ ဒီလူေတြကမထုိးေပးလို့မရဘူးေလ။က်န္းမာေရးဌာနက ထုိးေပးေနတာ။ အခုကတရား၀င္ေကာတရားမ၀င္ ေကာအကုန္လံုးထုိးေပးတယ္ မဲေဆာက္မွာရွိတဲ့ရပ္ကြက္ေက်းရြာအကုန္လံုးပဲ လိုက္ထုိးေပးေနတယ္။ဒီေန့ ဒီရပ္ကြက္ဆုိ ေနာက္ေန့ ဟိုရပ္ကြက္ေပါ့ ဥပမာတေန့တည္းလဲ ၃ေနရာေလာက္မွာထုိးေပးေနတာ။"

အခုဆိုရင္တာ့ခ္ျပည္နယ္ထဲမွာေတာ့ျမန္မာႏိုင္ငံသားေတြသိန္းဂဏန္းေလာက္ထိ ကိုဗစ္ကာကြယ္ေဆးထိုးႏွံျပီးစီးခဲ့ျပီလို့အလုပ္သမားေရးေဆာင္ရြက္သူေတြကဆိုပါတယ္။ဒါေပမယ့္ျမန္မာႏိုင္ငံသားေတြဟာကိုဗစ္ကာကြယ္ေဆး၂ႀကိမ္ထိုးရမွာျဖစ္ေပမယ့္တႀကိမ္ထုိးျပီးဆက္မထုိးတာ သတ္မွတ္ရက္ေတြမွာလာျပီးမထိုးႏွံတာ ေတြ ေနာက္ပိုင္းမွရက္ေက်ာ္ျပီးလာေရာက္ထုိးႏွံႀကတာေတြ ေတြျဖစ္ေနတဲ့အတြက္ထုိင္းက်န္းမာေရးဌာနက ကြန္ျပဴတာစံနစ္နဲ့အခ်က္အလက္ေတြ ထည့္သြင္းရာမွာ ေႏွာင္ေႏွးမူေတြ ႀကန့္ႀကာမူ့ေတြ ႀကံုေနရတယ္လို့လည္း ဦးမန္းမ်ိဳးျမင့္ကေျပာပါတယ္။

" ျမန္မာႏိုင္ငံသားေတြကျပသနာတခုရွိတာကေဆးက တခါထုိးျပီး ဆက္မထုိးခ်င္ေတာ့ဘူး။ တခ်ိဳ့ က်ေတာ့ ေဆးထိုးျပီးရက္ခ်ိန္းမမွန္ေတာ့အားလံုးအတြက္အလုပ္ရွုတ္တယ္ ။ျမန္မာႏိုင္ငံသားေတြက ရက္ခ်ိန္းမမွန္တာ ရက္ေက်ာ္တာေတြ ျဖစ္ေတာ့ က်န္းမာေရးဌာနအတြက္အလုပ္ေတြပိုရွုတ္ရတယ္။ တခ်ိဳ ့ကေပါ့ေလ်ာ့တယ္အေလးမထားတယ္ပဲေျပာရမွာေပါ့။"

အခုဆိုရင္ထုိင္းအစုိးရက စက္တင္ဘာလကစျပီး ၄လအတြင္းတႏိုင္ငံလံုးအႏွံကုိဗစ္ကာကြယ္ေဆးထုိးႏွံႏိုင္ဖုိ့ ရည္မွန္းထားျပိီး ၂၀၂၂ ခုႏွစ္ႏွစ္စပိုင္းမွာ ျမန္မာအပါအ၀င္အိမ္နီးခ်င္ႏိုင္ငံေတြက နယ္စပ္ေတြကိုျပန္ဖြင့္ဖို့လည္းစီစဥ္ေဆာင္ရြက္ေနပါတယ္။ဒီအတြက္ျမန္မာႏိုင္ငံသားေတြ၀င္ေပါက္ထြက္ေပါက္ႀကီးလို့ျဖစ္ေနတဲ့မဲေဆာက္ျမိဳ ့ကို အထူးသတိထားျပီး ကိုဗစ္ကင္းစင္ႏိုင္ဖုိ့အတြက္ေဆာင္ရြက္ေနတာပါ။ ဒီအတြက္တရား၀င္ေကာတရားမ၀င္ အေထာက္အထားမဲ့ေတြကုိ ေနစဥ္ရပ္ကြက္အလုိက္ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးေနတာျဖစ္ပါတယ္ရွင္။

###

တိုက္႐ိုက္ လင့္ခ္

Unicode

မဲဆောက်ရောက် အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းကကိုဗစ်ကာကွယ်ဆေးထိုး

ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ်မဲဆောက်မြို့နယ်မှာတရားမဝင်အထောက်အထားမဲ့တွေအပါအဝင် မြန်မာနိုင်ငံသားတွေကို ကိုဗစ်ကာကွယ်ဆေးနေရာတိုင်းမှာထိုးနိုင်ဖို့ထိုင်းကျန်းမာရေး ကစီစဉ်ဆောင်ရွက်ရာမှာနိုဝင်ဘာလ ၁၇ ရက်နေ့က‌တော့ မဲဆောက်မြိုလယ်က ဘုန်းတော်ကြီးကျောင်းတခုမှာလူ၅၀၀လာက်ကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ် ။
မနေ့ကတော့ မဲဆောက်ဈေးကြီးထဲက ဈေးသူဈေးသားတွေအပါအဝင်အထောက်အထားမဲ့တွေကိုကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
###

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာ့ခ်ပြည်နယ်မဲဆောက်မြို့မှာနေစဉ်လိုလို မြန်မာတွေ အမျာစုရှိရာနေရာတွေနဲ့ရပ်ကွက်ကျေးရွာတွေမှာကိုဗစ်ကာကွယ်ဆေးတွေကို ထိုင်းကျန်းမာရေးဌာနရဲ့ အစီစဉ်နဲ့လိုက်လံထိုးပေးနေပါတယ် ။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ မဲဆောက်မြိုလယ်က ဘုန်းတော်ကြီးကျောင်းတခုမှာလူ ၅၀၀လောက်ကို ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့မြန်မာတွေကာကွယ်ဆေးထိုးနှံနိုင်ဖို့
စေတနာဝန်ထမ်းအဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးမန်းမျိုးမြင့်ကအခုလိုပြောပါတယ်။

"ဒီနေ့ကတော့ဝပ်ဘုံကျဝပ် မဲဆောက်မြို့လယ်ခေါင်မှာပဲလူ၅၀၀လောက်ကို ဒီနေ့ ထိုးပေးပါတယ်။ မနေ့ကဆေးထိုးပေးတာကတော့ ဈေးထဲမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေ ဈေးရောင်းတဲ့သူတွေ ဈေးသယ်တွေပေါ့ လက်မှတ်ရှိတဲ့သူကောလက်မှတ်မရှိတဲ့သူကောထိုးပေးနေတယ်။ လက်မှတ်မရှိတဲ့သူက အများစုပါ။သူတို့ကဈေးရောင်းနေတော့အများနဲ့ဆက်ဆံနေရတော့ ဒီလူတွေကမထိုးပေးလို့မရဘူးလေ။ကျန်းမာရေးဌာနက ထိုးပေးနေတာ။ အခုကတရားဝင်ကောတရားမဝင် ကောအကုန်လုံးထိုးပေးတယ် မဲဆောက်မှာရှိတဲ့ရပ်ကွက်ကျေးရွာအကုန်လုံးပဲ လိုက်ထိုးပေးနေတယ်။ဒီနေ့ ဒီရပ်ကွက်ဆို နောက်နေ့ ဟိုရပ်ကွက်ပေါ့ ဥပမာတနေ့တည်းလဲ ၃နေရာလောက်မှာထိုးပေးနေတာ။"

အခုဆိုရင်တာ့ခ်ပြည်နယ်ထဲမှာတော့မြန်မာနိုင်ငံသားတွေသိန်းဂဏန်းလောက်ထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီလို့အလုပ်သမားရေးဆောင်ရွက်သူတွေကဆိုပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံသားတွေဟာကိုဗစ်ကာကွယ်ဆေး၂ကြိမ်ထိုးရမှာဖြစ်ပေမယ့်တကြိမ်ထိုးပြီးဆက်မထိုးတာ သတ်မှတ်ရက်တွေမှာလာပြီးမထိုးနှံတာ တွေ နောက်ပိုင်းမှရက်ကျော်ပြီးလာရောက်ထိုးနှံကြတာတွေ တွေဖြစ်နေတဲ့အတွက်ထိုင်းကျန်းမာရေးဌာနက ကွန်ပြူတာစံနစ်နဲ့အချက်အလက်တွေ ထည့်သွင်းရာမှာ နှောင်နှေးမူတွေ ကြန့်ကြာမူ့တွေ ကြုံနေရတယ်လို့လည်း ဦးမန်းမျိုးမြင့်ကပြောပါတယ်။

" မြန်မာနိုင်ငံသားတွေကပြသနာတခုရှိတာကဆေးက တခါထိုးပြီး ဆက်မထိုးချင်တော့ဘူး။ တချို့ ကျတော့ ဆေးထိုးပြီးရက်ချိန်းမမှန်တော့အားလုံးအတွက်အလုပ်ရှုတ်တယ် ။မြန်မာနိုင်ငံသားတွေက ရက်ချိန်းမမှန်တာ ရက်ကျော်တာတွေ ဖြစ်တော့ ကျန်းမာရေးဌာနအတွက်အလုပ်တွေပိုရှုတ်ရတယ်။ တချို့ကပေါ့လျော့တယ်အလေးမထားတယ်ပဲပြောရမှာပေါ့။"

အခုဆိုရင်ထိုင်းအစိုးရက စက်တင်ဘာလကစပြီး ၄လအတွင်းတနိုင်ငံလုံးအနှံကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ်နှစ်စပိုင်းမှာ မြန်မာအပါအဝင်အိမ်နီးချင်နိုင်ငံတွေက နယ်စပ်တွေကိုပြန်ဖွင့်ဖို့လည်းစီစဉ်ဆောင်ရွက်နေပါတယ်။ဒီအတွက်မြန်မာနိုင်ငံသားတွေဝင်ပေါက်ထွက်ပေါက်ကြီးလို့ဖြစ်နေတဲ့မဲဆောက်မြို့ကို အထူးသတိထားပြီး ကိုဗစ်ကင်းစင်နိုင်ဖို့အတွက်ဆောင်ရွက်နေတာပါ။ ဒီအတွက်တရားဝင်ကောတရားမဝင် အထောက်အထားမဲ့တွေကို နေစဉ်ရပ်ကွက်အလိုက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတာဖြစ်ပါတယ်ရှင်။

နိုဝင်ဘာလ၁၇ ရက်နေ့က မဲဆောက်မြို့လယ်ဘုန်းတော်ကြီးကျောင်းမှာကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပုံ နဲ့ နိုဝင်ဘာလ၁၆ရက်နေ့က မဲဆောက်ဈေးမှာကိုဗစ်ကာကွယ်ဆေးထိုးပေးနေပုံ( VOA)

XS
SM
MD
LG