သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြး ေလတပ္စခန္းအတြင္း ပစ္ခတ္သံမ်ား ၾကားရ


ဧၿပီလအတြင္းက အေဝးပစ္ လွ်ပ္စစ္ေရွာ့တိုက္ဒံုးေတြနဲ႔ တိုက္ခိုက္ခံခဲ့ရတဲ့ မေကြး ေလတပ္စခန္းနဲ႔ မိတီၳလာေလတပ္စခန္းျပ ေျမပုံ။ (ဧၿပီ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

မေကြးတိုင္း မေကြးၿမိဳ႕မွာရွိတဲ့ စစ္ေကာင္စီရဲ႕ ေလတပ္စခန္းတခုျဖစ္တဲ့ မေကြးေလတပ္စခန္းဌာနခ်ဳပ္ အတြင္းထဲမွာ ပစ္ခတ္သံေတြ အခ်ိန္ေတာ္ေတာ္ၾကာ ၾကားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေကြးၿမိဳ႕တြင္းမွာေတာ့ အေျခအေနေတြ ပုံမွန္အတိုင္းရွိၿပီး ၿမိဳ႕အဝင္အထြက္ စစ္ေဆးေရးဂိတ္ေတြေတာ့ ဆက္ရွိေနတုန္းပါ။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

မေကြးတိုင္း မေကြးၿမိဳ႕မွာ စစ္ေကာင္စီရဲ႕ ေလတပ္ဌာနခ်ဳပ္တခုျဖစ္တဲ့ မေကြးေလတပ္စခန္း ဌာနခ်ဳပ္ အတြင္းထဲမွာ မေန႔ ဒီဇင္ဘာ ၅ ရက္ ညပိုင္းနဲ႔ ဒီကေန႔ ဒီဇင္ဘာ ၆ ရက္ မနက္အေစာပိုင္း ပစ္ခတ္သံေတြ ၾကားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေလတပ္စခန္းအနီးက ေက်းရြာေတြျဖစ္တဲ့ စကိုင္ကန္၊ မႀကီးကန္၊ သန္းေတာကုန္း၊ ႏြားကူး စတဲ့ ေက်းရြာေတြက ေဒသခံေတြဟာ အခ်ိန္ေတာ္ေတာ္ၾကာ ပစ္ခတ္သံေတြ ၾကားရတာလည္း ျဖစ္ပါတယ္။

ဒီပစ္ခတ္မႈအသံေတြနဲ႔ ပတ္သက္လို႔ မေကြးေဒသခံတဦးက အခုလိုေျပာပါတယ္။

“မနက္က ၆ နာရီေက်ာ္ေလာက္ကစၿပီး ၉ နာရီခြဲ ၁၀ နာရီအထိေတာ့ အဆက္မျပတ္ ပစ္ခတ္သံေတြ ၾကားရတယ္၊ အျပင္ကေန၊ မေန႔က ညကေတာ့ ပစ္တယ္ဆိုတဲ့ အသံကေတာ့ ေလးငါးခ်က္ေလာက္ပဲ။ ဒီေန႔မနက္မွ ပိုၿပီးေတာ့ ဆိုးဆိုးရြားရြားျဖစ္တာ။ အခုမနက္က က်ေနာ္ကိုယ္တိုင္သြားၿပီး ေလ့လာခဲ့တာ။ ေလတပ္စခန္းထဲမွာ ေသနတ္သံေတြ ၾကားရတာ အခ်က္ေပါင္း ေျမာက္ျမားစြာေပါ့။ ေလာေလာဆယ္ေတာ့ ပစ္ခတ္သံနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ပစ္တယ္ဆိုတာ သတင္းအရင္းအျမစ္က မရဘူးခင္ဗ်။ သူတို႔တပ္ထဲမွာလည္း အခ်က္ေပါင္းမ်ားစြာ အႀကိမ္ေပါင္းမ်ားစြာ ပစ္ခတ္ေနတာ။”

ဒီလို လက္နက္ငယ္ ပစ္ခတ္သံမ်ိဳးကို ဟိုးအရင္အခ်ိန္ေတြတုန္းက တခါမွ မၾကားရဘဲ အခုမွ ၾကားရတာေၾကာင့္ ထူးျခားမႈျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေကြးတဝိုက္မွာ အရင္တုန္းက လက္နက္ႀကီးပစ္ စမ္းသပ္မႈေတြ လုပ္မယ္ဆိုရင္ လမ္းေတြ ႀကိဳပိတ္တာ သက္ဆိုင္ရာ အနီးအနား ေဒသခံေတြကို အသိေပးတာမ်ိဳးေတြ လုပ္ေလ့ရွိပါတယ္။

အခုလို ပစ္ခတ္သံေတြၾကားတာနဲ႔ ပတ္သက္လို႔ ေျဖၾကားေပးဖို႔ စစ္ေကာင္စီျပန္ၾကားေရးကို ဗြီအိုေအက ေမးျမန္းထားေပမယ့္ အခု သတင္းေရးသားၿပီးခ်ိန္ထိ ျပန္လည္ေျဖၾကားေပးတာ မရွိေသးပါဘူး။

မေကြးေလတပ္စခန္းဌာနခ်ဳပ္ဟာ မေကြးၿမိဳ႕ကေန ေတာင္တြင္းႀကီးၿမိဳ႕ကို သြားတဲ့ မေကြး-ေတာင္တြင္း လမ္းမေပၚမွာ ရွိတာပါ။ အခုလို ပစ္ခတ္သံေတြ ၾကားရေပမယ့္ ၿမိဳ႕တြင္းလုံၿခဳံေရးက ပုံမွန္အတိုင္းပဲလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ၿမိဳ႕တြင္းလုံၿခဳံေရးက ၿမိဳ႕ထဲမွာေတာ့ သိပ္ၿပီး သြားတာလာတာ မေတြ႔ရဘူး။ သူတို႔ စခန္းခ်ရာ ေနရာေတြမွာပဲ ေနၾကတာေပါ့ေနာ္။ အဲ့ေလာက္အတိုင္းတာပါပဲ။ ၿမိဳ႕ထဲပတ္တာေတြ ဘာေတြ တအားႀကီးမရွိဘူး။ ၿမိဳ႕အဝင္ေတြမွာေတာ့ အကုန္လုံး စစ္ေဆးေရးဂိတ္ေတြကေတာ့ ရွိေနတာပဲ။”

စစ္ေကာင္စီက အာဏာသိမ္းၿပီး ၄ လအၾကာ ဧၿပီ ၂၉ ရက္ မနက္အေစာပိုင္းတုန္းက မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို အေဝးပစ္ လွ်ပ္စစ္ ေရွာ့တိုက္ဒုံးနဲ႔ ပစ္ခတ္တိုက္ခိုက္တာ ခံခဲ့ရၿပီး ေလတပ္စခန္း ဌာနခ်ဳပ္ထဲက အေဆာက္အဦးတခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။ အလားတူပဲ မိတၳီလာ ေလတပ္စခန္းဌာနခ်ဳပ္လည္း ေရွာ့တိုက္ဒုံးနဲ႔ ပစ္ခတ္တိုက္ခိုက္တာ ခံခဲ့ရပါတယ္။

-------------------------

(Unicode)

မကွေး လေတပ်စခန်းအတွင်း ပစ်ခတ်သံများ ကြားရ

မကွေးတိုင်း မကွေးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ မကွေးလေတပ်စခန်းဌာနချုပ် အတွင်းထဲမှာ ပစ်ခတ်သံတွေ အချိန်တော်တော်ကြာ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးမြို့တွင်းမှာတော့ အခြေအနေတွေ ပုံမှန်အတိုင်းရှိပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေတော့ ဆက်ရှိနေတုန်းပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မကွေးတိုင်း မကွေးမြို့မှာ စစ်ကောင်စီရဲ့ လေတပ်ဌာနချုပ်တခုဖြစ်တဲ့ မကွေးလေတပ်စခန်း ဌာနချုပ် အတွင်းထဲမှာ မနေ့ ဒီဇင်ဘာ ၅ ရက် ညပိုင်းနဲ့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်း ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေတပ်စခန်းအနီးက ကျေးရွာတွေဖြစ်တဲ့ စကိုင်ကန်၊ မကြီးကန်၊ သန်းတောကုန်း၊ နွားကူး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ အချိန်တော်တော်ကြာ ပစ်ခတ်သံတွေ ကြားရတာလည်း ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုအသံတွေနဲ့ ပတ်သက်လို့ မကွေးဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက်က ၆ နာရီကျော်လောက်ကစပြီး ၉ နာရီခွဲ ၁၀ နာရီအထိတော့ အဆက်မပြတ် ပစ်ခတ်သံတွေ ကြားရတယ်၊ အပြင်ကနေ၊ မနေ့က ညကတော့ ပစ်တယ်ဆိုတဲ့ အသံကတော့ လေးငါးချက်လောက်ပဲ။ ဒီနေ့မနက်မှ ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်တာ။ အခုမနက်က ကျနော်ကိုယ်တိုင်သွားပြီး လေ့လာခဲ့တာ။ လေတပ်စခန်းထဲမှာ သေနတ်သံတွေ ကြားရတာ အချက်ပေါင်း မြောက်မြားစွာပေါ့။ လောလောဆယ်တော့ ပစ်ခတ်သံနဲ့ ပတ်သက်ပြီး ဘာကြောင့်ပစ်တယ်ဆိုတာ သတင်းအရင်းအမြစ်က မရဘူးခင်ဗျ။ သူတို့တပ်ထဲမှာလည်း အချက်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ပစ်ခတ်နေတာ။”

ဒီလို လက်နက်ငယ် ပစ်ခတ်သံမျိုးကို ဟိုးအရင်အချိန်တွေတုန်းက တခါမှ မကြားရဘဲ အခုမှ ကြားရတာကြောင့် ထူးခြားမှုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတဝိုက်မှာ အရင်တုန်းက လက်နက်ကြီးပစ် စမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် လမ်းတွေ ကြိုပိတ်တာ သက်ဆိုင်ရာ အနီးအနား ဒေသခံတွေကို အသိပေးတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

အခုလို ပစ်ခတ်သံတွေကြားတာနဲ့ ပတ်သက်လို့ ဖြေကြားပေးဖို့ စစ်ကောင်စီပြန်ကြားရေးကို ဗွီအိုအေက မေးမြန်းထားပေမယ့် အခု သတင်းရေးသားပြီးချိန်ထိ ပြန်လည်ဖြေကြားပေးတာ မရှိသေးပါဘူး။

မကွေးလေတပ်စခန်းဌာနချုပ်ဟာ မကွေးမြို့ကနေ တောင်တွင်းကြီးမြို့ကို သွားတဲ့ မကွေး-တောင်တွင်း လမ်းမပေါ်မှာ ရှိတာပါ။ အခုလို ပစ်ခတ်သံတွေ ကြားရပေမယ့် မြို့တွင်းလုံခြုံရေးက ပုံမှန်အတိုင်းပဲလို့ ဒေသခံတဦးက ပြောပါတယ်။

“မြို့တွင်းလုံခြုံရေးက မြို့ထဲမှာတော့ သိပ်ပြီး သွားတာလာတာ မတွေ့ရဘူး။ သူတို့ စခန်းချရာ နေရာတွေမှာပဲ နေကြတာပေါ့နော်။ အဲ့လောက်အတိုင်းတာပါပဲ။ မြို့ထဲပတ်တာတွေ ဘာတွေ တအားကြီးမရှိဘူး။ မြို့အဝင်တွေမှာတော့ အကုန်လုံး စစ်ဆေးရေးဂိတ်တွေကတော့ ရှိနေတာပဲ။”

စစ်ကောင်စီက အာဏာသိမ်းပြီး ၄ လအကြာ ဧပြီ ၂၉ ရက် မနက်အစောပိုင်းတုန်းက မကွေးလေတပ်စခန်းဌာနချုပ်ကို အဝေးပစ် လျှပ်စစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပြီး လေတပ်စခန်း ဌာနချုပ်ထဲက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ အလားတူပဲ မိတ္ထီလာ လေတပ်စခန်းဌာနချုပ်လည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

XS
SM
MD
LG