သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါက္တာေအာင္မိုးညိဳကို ပုဒ္မ ၅၀၅(ခ) နဲ႔ စဲြဆိုမည္


မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ

{{Zawgyi/ Unicode}}

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳကို ပုဒ္မ ၅၀၅(ခ)နဲ႔ စစ္ေကာင္စီက တရားစြဲဆိုလိုက္တဲ့အေၾကာင္း မိသားစုဝင္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာပါ။

မေကြးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူ ေဒါက္တာေအာင္မိုးညိဳကို မေကြးၿမိဳ႕နယ္ရဲမႉး ျမင့္လြင္က တရားလိုလုပ္ၿပီး ပုဒ္မ(၅၀၅-ခ) နဲ႔ တရားစြဲဆိုတာ ျဖစ္တယ္လို႔ ေဒါက္တာ ေအာင္မိုးညိဳနဲ႔ ညီအငယ္ဆုံးျဖစ္တဲ့ ဦးေအာင္သူညိဳက VOA ကိုရွင္းျပပါတယ္။

"အာဏာသိမ္းစစ္ေကာင္စီ က ဂုဏ္သိကၡာညႇိဳးႏြမ္းေစမႈတဲ့ (၅ဝ၅၊ခ) နဲ႔ဖြင့္ထားတယ္ခင္ဗ်။ (၅ဝ၅၊ခ) ကေတာ့ ေသခ်တယ္ခင္ဗ်"။ ေန႔လည္ကေပါ့ေလ အကိုမိတ္ေဆြတေယာက္ကို လွမ္းၿပီးေတာ့ ေျပာတာေပါ့ေနာ္ ေရွ႕ေနငွားဖို႔ စီစဥ္ပါဆိုေတာ့ ေရွ႕ေနႀကီးကိုပဲ အပ္လိုက္တာေပါ့ေနာ္။ ေရွ႕ေနႀကီးက ဦးျမင့္ေအာင္ ။ အမႈဖြင့္တာကေတာ့ က်ေနာ္တို႔ထင္တာက မေကြးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ရဲမႉးက ဖြင့္တာတဲ့။ အမႈဖြင့္တာနဲ႔ အမႈရင္ဆိုင္တာနဲ႔ ဗြီဒီယိုကြန္ဖရင့္နဲ႔ပဲလုပ္မယ္ေျပာပါတယ္ခင္ဗ်။
"မနက္ဖန္ကို က်ေနာ္တို႔သိတာကေတာ့ ရဲမႉးက ဦးျမင့္လြင္တဲ့ ။ဝန္ႀကီးခ်ဳပ္အေနနဲ႔ ေရွ႕ေနတေယာက္ပဲငွားပါတဲ့။ မိသားစုေတြက ဘာေတြေဆာင္႐ြက္ေပးရမလဲဆို ေရွ႕ေနငွားဖို႔ပဲေျပာတယ္ခင္ဗ်။ မနက္ဖန္ကို ေရွ႕ေနပါဝါတင္ဖို႔ရွိတယ္ အဲေလာက္ပဲသိရတယ္ခင္ဗ်။ ဘယ္ေန႔စြဲမယ္ဘာေတာ့ မသိရဘူး။ အမႈစစ္မဲ့ပုံစံကလည္း ဗြီဒီယိုကြန္ဖရင့္လို႔ပဲသိရပါတယ္ခင္ဗ်"။

ပုဒ္မ ၅၀၅-ခ နဲ႔ တရားစြဲတဲ့အေၾကာင္းရင္းကို သိရေအာင္ေမးျမန္းဖို႔ မေကြးၿမိဳ႕နယ္ ရဲမႉးျမင့္လြင္ကို VOA က ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ အဆက္သြယ္ မရခဲ့ပါဘူး။ ပုဒ္မ ၅၀၅-ခ ဟာ အမ်ားျပည္သူအၾကား တည္ၿငိမ္ ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈ (ဒါမွမဟုတ္) လုပ္ေဆာင္မႈလို႔ ျပဌာန္းထားတာပါ။ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ အေနနဲ႔ အဲဒီလိုအခ်က္ေတြကို က်ဴးလြန္ခဲ့တယ္လို႔ သူ မယူဆေၾကာင္း ညီျဖစ္သူ ဦးေအာင္သူညိဳက ေျပာပါတယ္။

"ဝန္ႀကီးခ်ဳပ္ကို တရက္ေန႔က ဖမ္းတယ္။ တပ္ကအာဏာသိမ္းတာဆိုေတာ့ တံခါးေတြဘာေတြဖ်က္ဝင္တာမ်ိဳးေတာ့ရွိတယ္။ က်ေနာ္တို႔ေရွ႕မွာေတာ့မဟုတ္ဘူး။ ကားေပၚေရာက္ေတာ့ လက္ထိပ္ခတ္တယ္။ အဲဒါမ်ိဳးမလုပ္သင့္ဘူး။ ျမန္မာ့တပ္မေတာ္ဂုဏ္သိကၡာညႇိဳးႏြမ္းေစတယ္ ေျပာဆိုတာမ်ိဳးေတာ့ရွိတယ္ခင္ဗ်ာ့"။

အခုေတာ့ ေဒါက္တာေအာင္မိုးညိဳကို ဘယ္ေနရာမွာ ဖမ္းဆီးထိန္းသိမ္းထားတာဆိုတာ လုံးဝ မသိရတာေၾကာင့္ မိသားစုအေနနဲ႔ စိုးရိမ္ပူပန္မိ တယ္လို႔ ဦးေအာင္သူညိဳက ေျပာပါတယ္။

"ကိုယ္မ်က္စီေအာက္မွာ ျမင္ရေတြ႕ရတာမဟုတ္ေတာ့ တယ္လီဖုန္းလည္းမဆက္ရဘူးဆိုေတာ့ နည္းနည္းေတာ့ စိုးရိမ္တာေပါ့ေလ။ ဒါေပမဲ့လည္း တိုင္းေဒသႀကီးတခုရဲ႕ ျပည္သူလူထုက ေ႐ြးခ်ယ္ထားတာဆိုေတာ့ ေနာက္ဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔ ႐ိုး႐ိုးသားသားနဲ႔ တတ္စြမ္းသေလာက္ လုပ္ကိုင္ခဲသူဆိုေတာ့ တရားခံထားသလို ထားမယ္ေတာ့မထင္ပါဘူး။ က်န္းမာေရးေစာင့္ေရွာက္မႈတို႔ သူစားခ်င္တာလည္းစာႏိုင္ေအာင္ ရိပ္သာလိုေနရာမ်ိဳးမွာထားမယ္ထင္ပါတယ္ဗ်"။

စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ေဖေဖၚဝါရီ(၁)ေန႔တုန္းက မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳလည္း အဖမ္းဆီးခံခဲ့ရၿပီး မေကြးၿမိဳ႕ ၿမိဳသစ္နားက က-ပ-စ တပ္စခန္းထဲမွာ ခ်ဳပ္ေႏွာင္ထားခဲ့ပါတယ္။ ၃ ရက္အၾကာမွာ သူေနထိုင္တဲ့ ဝန္ႀကီးခ်ဳပ္အိမ္ယာကို ျပန္ပို႔ေပးခဲ့ၿပီး ၊ ေနာက္ထပ္ တပတ္ေလာက္အၾကာမွာ ဒုတိယတႀကိမ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာအောင်မိုးညိုကို မကွေးမြို့နယ်ရဲမှူး မြင့်လွင်က တရားလိုလုပ်ပြီး ပုဒ်မ(၅၀၅-ခ) နဲ့ တရားစွဲဆိုတာ ဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုနဲ့ ညီအငယ်ဆုံးဖြစ်တဲ့ ဦးအောင်သူညိုက VOA ကိုရှင်းပြပါတယ်။

"အာဏာသိမ်းစစ်ကောင်စီ က ဂုဏ်သိက္ခာညှိုးနွမ်းစေမှုတဲ့ (၅ဝ၅၊ခ) နဲ့ဖွင့်ထားတယ်ခင်ဗျ။ (၅ဝ၅၊ခ) ကတော့ သေချတယ်ခင်ဗျ"။ နေ့လည်ကပေါ့လေ အကိုမိတ်ဆွေတယောက်ကို လှမ်းပြီးတော့ ပြောတာပေါ့နော် ရှေ့နေငှားဖို့ စီစဉ်ပါဆိုတော့ ရှေ့နေကြီးကိုပဲ အပ်လိုက်တာပေါ့နော်။ ရှေ့နေကြီးက ဦးမြင့်အောင် ။ အမှုဖွင့်တာကတော့ ကျနော်တို့ထင်တာက မကွေးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက ဖွင့်တာတဲ့။ အမှုဖွင့်တာနဲ့ အမှုရင်ဆိုင်တာနဲ့ ဗွီဒီယိုကွန်ဖရင့်နဲ့ပဲလုပ်မယ်ပြောပါတယ်ခင်ဗျ။
"မနက်ဖန်ကို ကျနော်တို့သိတာကတော့ ရဲမှူးက ဦးမြင့်လွင်တဲ့ ။ဝန်ကြီးချုပ်အနေနဲ့ ရှေ့နေတယောက်ပဲငှားပါတဲ့။ မိသားစုတွေက ဘာတွေဆောင်ရွက်ပေးရမလဲဆို ရှေ့နေငှားဖို့ပဲပြောတယ်ခင်ဗျ။ မနက်ဖန်ကို ရှေ့နေပါဝါတင်ဖို့ရှိတယ် အဲလောက်ပဲသိရတယ်ခင်ဗျ။ ဘယ်နေ့စွဲမယ်ဘာတော့ မသိရဘူး။ အမှုစစ်မဲ့ပုံစံကလည်း ဗွီဒီယိုကွန်ဖရင့်လို့ပဲသိရပါတယ်ခင်ဗျ"။

ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲတဲ့အကြောင်းရင်းကို သိရအောင်မေးမြန်းဖို့ မကွေးမြို့နယ် ရဲမှူးမြင့်လွင်ကို VOA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။ ပုဒ်မ ၅၀၅-ခ ဟာ အများပြည်သူအကြား တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု (ဒါမှမဟုတ်) လုပ်ဆောင်မှုလို့ ပြဌာန်းထားတာပါ။ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အနေနဲ့ အဲဒီလိုအချက်တွေကို ကျူးလွန်ခဲ့တယ်လို့ သူ မယူဆကြောင်း ညီဖြစ်သူ ဦးအောင်သူညိုက ပြောပါတယ်။

"ဝန်ကြီးချုပ်ကို တရက်နေ့က ဖမ်းတယ်။ တပ်ကအာဏာသိမ်းတာဆိုတော့ တံခါးတွေဘာတွေဖျက်ဝင်တာမျိုးတော့ရှိတယ်။ ကျနော်တို့ရှေ့မှာတော့မဟုတ်ဘူး။ ကားပေါ်ရောက်တော့ လက်ထိပ်ခတ်တယ်။ အဲဒါမျိုးမလုပ်သင့်ဘူး။ မြန်မာ့တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေတယ် ပြောဆိုတာမျိုးတော့ရှိတယ်ခင်ဗျာ့"။

အခုတော့ ဒေါက်တာအောင်မိုးညိုကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာဆိုတာ လုံးဝ မသိရတာကြောင့် မိသားစုအနေနဲ့ စိုးရိမ်ပူပန်မိ တယ်လို့ ဦးအောင်သူညိုက ပြောပါတယ်။

"ကိုယ်မျက်စီအောက်မှာ မြင်ရတွေ့ရတာမဟုတ်တော့ တယ်လီဖုန်းလည်းမဆက်ရဘူးဆိုတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့လေ။ ဒါပေမဲ့လည်း တိုင်းဒေသကြီးတခုရဲ့ ပြည်သူလူထုက ရွေးချယ်ထားတာဆိုတော့ နောက်ဝန်ကြီးချုပ်တယောက်အနေနဲ့ ရိုးရိုးသားသားနဲ့ တတ်စွမ်းသလောက် လုပ်ကိုင်ခဲသူဆိုတော့ တရားခံထားသလို ထားမယ်တော့မထင်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတို့ သူစားချင်တာလည်းစာနိုင်အောင် ရိပ်သာလိုနေရာမျိုးမှာထားမယ်ထင်ပါတယ်ဗျ"။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖေါ်ဝါရီ(၁)နေ့တုန်းက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း အဖမ်းဆီးခံခဲ့ရပြီး မကွေးမြို့ မြိုသစ်နားက က-ပ-စ တပ်စခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၃ ရက်အကြာမှာ သူနေထိုင်တဲ့ ဝန်ကြီးချုပ်အိမ်ယာကို ပြန်ပို့ပေးခဲ့ပြီး ၊ နောက်ထပ် တပတ်လောက်အကြာမှာ ဒုတိယတကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG