သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမုိကေရစီနဲ႔ ဖယ္ဒရယ္တၿပိဳင္ထဲသြားေရး NLD နဲ႔ေတြ႔ဆုံစဥ္ SNLD တင္ျပ 


ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁

(Zawgyi/Unicode)

ေရြးေကာက္ပြဲအႏိုင္ရ NLD အမ်ိဳးသားဒီမိုကေရဒီအဖြဲ႔ခ်ဳပ္ အစိုးရပါတီအေနနဲ႔၊ မေန႔ကၿပီဆံုးခဲ့တဲ့ ရွမ္းျပည္နယ္ခရီးစဥ္ထဲ၊ အင္အားႀကီး SNLD ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အပါအဝင္ အျခားတိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆံုခဲ့ရာမွာ၊ ထူးျခားခဲ့တာကို ႏွစ္ဖက္ဦးေဆာင္ေဆြးေႏြးခဲ့သူေတြကို ကိုဝင္းမင္းကေမးရာမွာ၊ NLD အတြင္းေရးမူး (၃) နဲ႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက -

“ထူးျခားမႈေလးက ဒီမွာ သူတို႔ ခံစားခ်က္ေလးေတြလည္း ေျပာတာေပါ့ဗ်ာ။ သို႔ေသာ္လည္း ရွမ္းျပည္မွာ တိုင္းရင္းသားေတြကလည္း လက္နက္ကိုင္အဖြဲ႔အစည္းေတြလည္းရွိတယ္၊ တိုင္းရင္းသားေတြကလည္း အမ်ားႀကီးရွိတယ္။ မေကြးတိုင္းထက္ ၂ ဆ ေက်ာ္ ၃ ဆ ေက်ာ္ရွိတဲ့ေနရာႀကီးေလ၊ အက်ယ္ႀကီးေလ။ ဒီၾကားထဲမွာလည္း ဒီ SNLD အဖြဲ႔မ်ိဳးကလည္း အစဥ္အလာလည္းႀကီးတယ္၊ အမ်ားႀကီးကို ႏိုင္ထားတဲ့အဖြဲ႔ႀကီး။ အဲဒီအဖြဲ႔က လာၿပီးေတာ့ေတြ႔တယ္၊ သူတို႔လည္း အျပန္အလွန္ယံုၾကည္မႈနဲ႔ ေဆြးေႏြးၾကတယ္ဆိုေတာ့၊ ဒီရွမ္းျပည္နယ္ခရီးစဥ္က မြန္နဲ႔ ကယားမွာ မေတြ႔ခဲ့ရတာကို လႊမ္းမိုးၿပီးေတာ့၊ ေအာင္ျမင္မႈရတယ္လို႔ ေျပာခ်င္တာေပါ့ဗ်ာ။”

ဒါေပမယ့္ SNLD အေထြေထြအတြင္းေရးမွဴးနဲ႔ ေျပာခြင့္ရ ဦးစိုင္းလိတ္ကေတာ့ -

“ထူးျခားမႈလို႔ေျပာရရင္ေတာ့ က်ေနာ္တို႔ဘက္က ျဖစ္ခ်င္တာ၊ ျဖစ္သင့္တယ္လို႔ က်ေနာ္တို႔ ျမင္တဲ့အျမင္ေတြကို သြားေရာက္ရွင္းလင္းခြင့္ရခဲ့ေပမယ့္လို႔၊ တဖက္မွာေတာ့ Mandate (လုပ္ပိုင္ခြင့္) ေတြပါမလာဘူး၊ ဆံုးျဖတ္ခ်က္ေပးႏိုင္တဲ့ ပုဂၢိဳလ္ေတြမဟုတ္တဲ့အခါက်ေတာ့၊ က်ေနာ္တို႔ ေျပာခဲ့သမွ်ကို အကုန္လံုးေရးမွတ္ၿပီးေတာ့မွ၊ CEC (ဗဟိုအလုပ္အမူေဆာင္) အစည္းအေ၀း၊ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြကို သြားေရာက္တင္ျပပါမယ္ဆိုတဲ့ အေနအထားပဲ ရွိပါေသးတယ္။ Discussion (ေဆြးေႏြးတဲ့) ပံုစံမ်ိဳးေတာ့ အျပန္အလွန္ ေျပာႏိုင္တဲ့ အေနအထားမ်ိဳးေတာ့ မရွိခဲ့ဘူးခင္ဗ်။”

အလားတူ SNLD ဒုတိယဥကၠ႒ ဦးစိုင္းညႊန္႔လြင္ကလည္း၊ သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ပါးစပ္မပါ ၊ နားရြက္သာပါတဲ့လူပုဂၢိဳလ္္မ်ားနဲ႔ ေတြ႔ဆံုေဆြးေႏြးခ်င္းလို႔၊ မေန႔က ေ၀ဖန္ထားတဲ့အေပၚမွာ ေမးရာမွာ၊ ေဒါက္တာေအာင္မိုးညိဳက -

“က်ေနာ္တုိ႔မွာ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္ ဘာမွ Authority ပါမလာဘူး။ ဥပမာအားျဖင့္ ေျပာၾကတာေတြရွိတယ္၊ ကခ်င္မွာလည္း ေျပာၾကတာေတြရွိတယ္၊ ေနာက္ဒီမွာလည္းပဲ၊ ဒီ SNLD နဲ႔ ေတြ႔တဲ့အခ်ိန္မွာလည္း၊ ျပည္ေထာင္စုအဆင့္မွာေရာ ျပည္နယ္အဆင့္မွာေရာ၊ ေဒသခံ တိုင္းရင္းသားပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း ေနရာေပးေစခ်င္ပါတယ္ဆိုတာကို ေျပာတယ္။ က်ေနာ္တို႔ကေတာ့ စိတ္သာခ် ေပးမယ္၊ ဘာမွမေျပာခဲ့ဘူး။ သူတို႔ေျပာတာကို မနက္ျဖန္ စာတမ္းျပဳစုၿပီးေတာ့၊ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔ကို တင္ျပမယ္။ အဲဒီ က်ေနာ္တို႔ တင္ျပခ်က္ေပၚမွာ ၾကည့္ၿပီးေတာ့၊ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔က လိုအပ္သလို တံု႔ျပန္မယ္။”

အဲဒီေတာ့ အျပန္အလွန္ေဆြးေႏြးတာ မျဖစ္ေပမယ့္လည္း၊ ကိုယ့္ဘက္က ထူးထူးျခားျခားဘာေတြေဆြးေႏြးၿပီး၊ NLD ဘက္က တံု႔ျပန္သမွ်ကို ေမးရာမွာေတာ့ ဦးစိုင္းလိတ္က -

“NLD ရဲ႕ အေနအထားကေတာ့ အင္မတန္ေကာင္းေနပါတယ္၊ တစ္ျပည္လံုးနီးပါးရဲ႕ ေထာက္ခံမႈေတြရထားတဲ့ ပါတီျဖစ္တယ္။ ထိပ္ပိုင္းေခါင္းေဆာင္ေတြအေနနဲ႔ အမ်ိဳးသားညီညြတ္ေရးကိစၥကိုသာ တစိုက္မတ္မတ္ ဦးတည္ၿပီးေတာ့မွ လုပ္မယ္ဆိုရင္၊ အခ်ိန္ေကာင္းမို႔လို႔ ဒီကိစၥကို အေလးအနက္ထားၿပီးေတာ့မွလုပ္ပါလို႔ က်ေနာ္တုိ႔တုိက္တြန္းတာကို၊ ဟိုဘက္ကလည္း ေသခ်ာမွတ္သားသြားတဲ့အတြက္ေၾကာင့္၊ NLD မွာလည္း ဒီ message ရသြားၿပီ။ ဒါက ေကာင္းတဲ့အခ်က္လို႔ ေျပာလို႔ရပါတယ္။”

အခုလို SNLD ဘက္ကေျပာရာမွာ ဘယ္လိုထူးျခားမႈရွိခဲ့တယ္လို႔ ခံစားရပါသလဲ လို႔ ေမးရာမွာ ေဒါက္တာေအာင္မိုးညိဳက -

“SNLD က တင္ျပတာကေတာ့ တကယ့္ကို ျပည္ေထာင္စုၾကီးတခုလံုးအတြက္ကို၊ သူတို႔ ပိုၿပီးေတာ့ အျမင္က်ယ္တယ္လို႔ က်ေနာ္ထင္တယ္။ သူတို႔နဲ႔ NLD နဲ႔ ေတြ႔ဆံုရရင္ၿပီးေရာ၊ သူတို႔ပါတီေအာင္ျမင္တယ္ ဒါမ်ိဳးကိုသာမကဘူး၊ မေတြ႔ခဲ့ရတဲ့ ေတြ႔ဆံုေဆြးေႏြးခြင့္မရခဲ့တဲ့ ကယားနဲ႔ မြန္အေပၚမွာေရာ၊ သူတို႔က ျပန္ေတြ႔ဖို႔ႀကိဳးစားေပးေစခ်င္ပါတယ္တဲ့။ ဒီ ေအာင္သြယ္လုပ္ေပးဖို႔လိုရင္လည္း သူတို႔ ႀကိဳးစားေပးမယ္၊ ေအာင္ျမင္ေစခ်င္တယ္ ေစတနာ ေမတၱာထားတာ၊ တကယ့္ကို တိုင္းျပည္အတြက္ ေကာင္းတဲ့အလားအလာပဲ။ ဒါက ကိုယ္က်ိဳးတစ္ခုတည္းၾကည့္တာမဟုတ္ဘူး။ ျပည္ေထာင္စုအက်ိဳးကိုၾကည့္တယ္ဆိုတာသိရတာ၊ မနဲကို ကၽြန္ေတာ္တို႔က ၀မ္းသာပါတယ္။”

အဲဒီေတာ့ ေနာက္ထပ္ေရာ၊ လက္ရွိတျပည္လံုးအတြက္အေရးပါတာ ဘာအဓိက ေဆြးေႏြးခဲ့ၿပီး၊ တံု႔ျပန္သမွ်ကိုေမးရာမွာ ဦးစိုင္းလိတ္ကပဲ -

“ပထမတစ္ခ်က္ကေတာ့ ဒီမိုကေရစီအေရးနဲ႔ ဖယ္ဒရယ္အေရးကို ဘယ္ဟာကအရင္၊ ဘယ္ဟာကေနာက္မွဆိုတာ မဟုတ္ပဲနဲ႔၊ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း လုပ္ဖို႔လိုအပ္တယ္၊ အဲဒါ အဓိက ေျပာပါတယ္။ ေနာက္တစ္ခုက ဖယ္ဒရယ္ျပည္ေထာင္စုလို႔ေျပာတဲ့ေနရာမွာ၊ ျပည္ေထာင္စုရဲ႕ သရုပ္သ႑န္ကိုေဖာ္ေဆာင္တဲ့ေနရာမွာ၊ အသြင္သ႑ာန္ထက္ကို အႏွစ္သာရကို ပိုၿပီးေတာ့ ဦးစားေပးၿပီးေတာ့မွ၊ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း လုပ္ဖို႔ဆိုတဲ့၊ ဒီ၂ ခ်က္ကို အဓိကထားၿပီးေဆြးေႏြးတဲ့အခါမွာ၊ ဟိုဘက္ကလည္း လိုလိုလားလားပဲ ေရးမွတ္ၿပီးေတာ့မွ၊ ေခါင္းေဆာင္ပိုင္းေတြကို တင္ျပပါမယ္ဆိုတာေလး ရခဲ့တာပါ။”

ဒီအေပၚ အေရးပါမႈကိုလည္း ေဒါက္တာေအာင္မိုးညိဳက -

“၁၉၈၉-၉၀ တုန္းက CRPP ေပါ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဘ၀ကတည္းကိုက၊ ဒီမိုကေရစီအေရးကိစၥ၊ ဖယ္ဒရယ္အေရးကိစၥေတြကို တစ္ၿပိဳင္တည္းေဖာ္ေဆာင္ၾကမယ္ဆိုၿပီးေတာ့ သေဘာတူခဲ့တာတဲ့။ ဒီမိုကေရစီအရင္လား၊ ဖယ္ဒရယ္အရင္လားဆိုတာကို၊ တစ္ၿပိဳင္တည္း အေကာင္အထည္ေဖာ္မယ္ဆိုၿပီး သေဘာတူခဲ့ၾကပါတယ္တဲ့။ အခုလည္း ဒီမူအတိုင္း ဆက္သြားခ်င္ပါတယ္တဲ့။”

အဲဒီေတာ့ အခုလို ဒီ SNLD နဲ႔ ေတြ႔ဆံုမႈမွာ ျပႆနာမျဖစ္ပဲရွိခဲ့တာမ်ိဳး၊ ေနာင္ေရွ႔ခရီးစဥ္မွာျဖစ္ဖို႔ ဘယ္လိုအၾကံျပဳခ်င္ပါသလဲလို႔ ေမးရာမွာ ဦးစိုင္းလိတ္က -

“ဖုတ္ပူမီးတိုက္ လုပ္မယ့္အစား၊ အခ်ိန္ယူၿပီးေတာ့မွ Informal (အျပင္မွာအလြတ္သေဘာ) ပံုစံမ်ိဳးနဲ႔ ႀကိဳတင္ညိွႏိႈင္းမယ္ဆိုရင္ေတာ့၊ ပိုၿပီးေတာ့ အဆင္ေျပႏိုင္တာေပါ့ေနာ္။ လက္ရွိမွာေတာ့ NLD က အကိုႀကီး၊ ညီေလး ပံုစံမ်ိဳး ဆက္ဆံေနတယ္။ အဲဒိေတာ့ တန္းတူထားၿပီးေတာ့မွ ေဆြးေႏြးရမယ္၊ ေနရာအဓိကမထားပဲနဲ႔၊ အေၾကာင္းအရာကို အဓိကထားေဆြးေႏြးမယ္ဆိုလို႔ရွိရင္ေတာ့၊ ၂ ဖက္ပိုၿပီးေတာ့မွ ရင္းႏွီး၊ နီးစပ္လာႏိုင္မယ္ဆိုတဲ့ Message (အမွာစကား) တစ္ခုလည္း၊ က်ေနာ္တို႔ တိတိက်က် ေပးလိုက္ႏိုင္ပါတယ္။”

ေဒါက္တာေအာင္မိုးညိဳကေတာ့ ေရွ႕ခရီးစဥ္အတြက္ NLD ဗဟိုအလုပ္မႈေဆာင္ေကာ္မတီအစည္းေ၀း ဆံုးျဖတ္ခ်က္ ေစာင့္ရဦးမွာျဖစ္ေပမယ့္၊ အလားတူ အဆင္ေျပေအာင္ ႀကိဳျပင္ဖို႔ေတာ့၊ အေကာင္းျမင္တယ္လို႔ ဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

ဒီမိုကရေစီနဲ့ ဖယ်ဒရယ်တပြိုင်ထဲသွားရေး NLD နဲ့တွေ့ဆုံစဉ် SNLD တင်ပြ

(Unicode)

ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် အစိုးရပါတီအနေနဲ့၊ မနေ့ကပြီဆုံးခဲ့တဲ့ ရှမ်းပြည်နယ်ခရီးစဉ်ထဲ၊ အင်အားကြီး SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အခြားတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့ရာမှာ၊ ထူးခြားခဲ့တာကို နှစ်ဖက်ဦးဆောင်ဆွေးနွေးခဲ့သူတွေကို ကိုဝင်းမင်းကမေးရာမှာ၊ NLD အတွင်းရေးမူး (၃) နဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက -

“ထူးခြားမှုလေးက ဒီမှာ သူတို့ ခံစားချက်လေးတွေလည်း ပြောတာပေါ့ဗျာ။ သို့သော်လည်း ရှမ်းပြည်မှာ တိုင်းရင်းသားတွေကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းရှိတယ်၊ တိုင်းရင်းသားတွေကလည်း အများကြီးရှိတယ်။ မကွေးတိုင်းထက် ၂ ဆ ကျော် ၃ ဆ ကျော်ရှိတဲ့နေရာကြီးလေ၊ အကျယ်ကြီးလေ။ ဒီကြားထဲမှာလည်း ဒီ SNLD အဖွဲ့မျိုးကလည်း အစဉ်အလာလည်းကြီးတယ်၊ အများကြီးကို နိုင်ထားတဲ့အဖွဲ့ကြီး။ အဲဒီအဖွဲ့က လာပြီးတော့တွေ့တယ်၊ သူတို့လည်း အပြန်အလှန်ယုံကြည်မှုနဲ့ ဆွေးနွေးကြတယ်ဆိုတော့၊ ဒီရှမ်းပြည်နယ်ခရီးစဉ်က မွန်နဲ့ ကယားမှာ မတွေ့ခဲ့ရတာကို လွှမ်းမိုးပြီးတော့၊ အောင်မြင်မှုရတယ်လို့ ပြောချင်တာပေါ့ဗျာ။”

ဒါပေမယ့် SNLD အထွေထွေအတွင်းရေးမှူးနဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်ကတော့ -

“ထူးခြားမှုလို့ပြောရရင်တော့ ကျနော်တို့ဘက်က ဖြစ်ချင်တာ၊ ဖြစ်သင့်တယ်လို့ ကျနော်တို့ မြင်တဲ့အမြင်တွေကို သွားရောက်ရှင်းလင်းခွင့်ရခဲ့ပေမယ့်လို့၊ တဖက်မှာတော့ Mandate (လုပ်ပိုင်ခွင့်) တွေပါမလာဘူး၊ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေမဟုတ်တဲ့အခါကျတော့၊ ကျနော်တို့ ပြောခဲ့သမျှကို အကုန်လုံးရေးမှတ်ပြီးတော့မှ၊ CEC (ဗဟိုအလုပ်အမူဆောင်) အစည်းအဝေး၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို သွားရောက်တင်ပြပါမယ်ဆိုတဲ့ အနေအထားပဲ ရှိပါသေးတယ်။ Discussion (ဆွေးနွေးတဲ့) ပုံစံမျိုးတော့ အပြန်အလှန် ပြောနိုင်တဲ့ အနေအထားမျိုးတော့ မရှိခဲ့ဘူးခင်ဗျ။”

အလားတူ SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်ကလည်း၊ သူ့ရဲ့ Facebook စာမျက်နှာမှာ ပါးစပ်မပါ ၊ နားရွက်သာပါတဲ့လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆွေးနွေးချင်းလို့၊ မနေ့က ဝေဖန်ထားတဲ့အပေါ်မှာ မေးရာမှာ၊ ဒေါက်တာအောင်မိုးညိုက -

“ကျနော်တို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဘာမှ Authority ပါမလာဘူး။ ဥပမာအားဖြင့် ပြောကြတာတွေရှိတယ်၊ ကချင်မှာလည်း ပြောကြတာတွေရှိတယ်၊ နောက်ဒီမှာလည်းပဲ၊ ဒီ SNLD နဲ့ တွေ့တဲ့အချိန်မှာလည်း၊ ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အဆင့်မှာရော၊ ဒေသခံ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နေရာပေးစေချင်ပါတယ်ဆိုတာကို ပြောတယ်။ ကျနော်တို့ကတော့ စိတ်သာချ ပေးမယ်၊ ဘာမှမပြောခဲ့ဘူး။ သူတို့ပြောတာကို မနက်ဖြန် စာတမ်းပြုစုပြီးတော့၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တင်ပြမယ်။ အဲဒီ ကျနော်တို့ တင်ပြချက်ပေါ်မှာ ကြည့်ပြီးတော့၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့က လိုအပ်သလို တုံ့ပြန်မယ်။”

အဲဒီတော့ အပြန်အလှန်ဆွေးနွေးတာ မဖြစ်ပေမယ့်လည်း၊ ကိုယ့်ဘက်က ထူးထူးခြားခြားဘာတွေဆွေးနွေးပြီး၊ NLD ဘက်က တုံ့ပြန်သမျှကို မေးရာမှာတော့ ဦးစိုင်းလိတ်က -

“NLD ရဲ့ အနေအထားကတော့ အင်မတန်ကောင်းနေပါတယ်၊ တစ်ပြည်လုံးနီးပါးရဲ့ ထောက်ခံမှုတွေရထားတဲ့ ပါတီဖြစ်တယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးကိစ္စကိုသာ တစိုက်မတ်မတ် ဦးတည်ပြီးတော့မှ လုပ်မယ်ဆိုရင်၊ အချိန်ကောင်းမို့လို့ ဒီကိစ္စကို အလေးအနက်ထားပြီးတော့မှလုပ်ပါလို့ ကျနော်တို့တိုက်တွန်းတာကို၊ ဟိုဘက်ကလည်း သေချာမှတ်သားသွားတဲ့အတွက်ကြောင့်၊ NLD မှာလည်း ဒီ message ရသွားပြီ။ ဒါက ကောင်းတဲ့အချက်လို့ ပြောလို့ရပါတယ်။”

အခုလို SNLD ဘက်ကပြောရာမှာ ဘယ်လိုထူးခြားမှုရှိခဲ့တယ်လို့ ခံစားရပါသလဲ လို့ မေးရာမှာ ဒေါက်တာအောင်မိုးညိုက -

“SNLD က တင်ပြတာကတော့ တကယ့်ကို ပြည်ထောင်စုကြီးတခုလုံးအတွက်ကို၊ သူတို့ ပိုပြီးတော့ အမြင်ကျယ်တယ်လို့ ကျနော်ထင်တယ်။ သူတို့နဲ့ NLD နဲ့ တွေ့ဆုံရရင်ပြီးရော၊ သူတို့ပါတီအောင်မြင်တယ် ဒါမျိုးကိုသာမကဘူး၊ မတွေ့ခဲ့ရတဲ့ တွေ့ဆုံဆွေးနွေးခွင့်မရခဲ့တဲ့ ကယားနဲ့ မွန်အပေါ်မှာရော၊ သူတို့က ပြန်တွေ့ဖို့ကြိုးစားပေးစေချင်ပါတယ်တဲ့။ ဒီ အောင်သွယ်လုပ်ပေးဖို့လိုရင်လည်း သူတို့ ကြိုးစားပေးမယ်၊ အောင်မြင်စေချင်တယ် စေတနာ မေတ္တာထားတာ၊ တကယ့်ကို တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာပဲ။ ဒါက ကိုယ်ကျိုးတစ်ခုတည်းကြည့်တာမဟုတ်ဘူး။ ပြည်ထောင်စုအကျိုးကိုကြည့်တယ်ဆိုတာသိရတာ၊ မနဲကို ကျွန်တော်တို့က ဝမ်းသာပါတယ်။”

အဲဒီတော့ နောက်ထပ်ရော၊ လက်ရှိတပြည်လုံးအတွက်အရေးပါတာ ဘာအဓိက ဆွေးနွေးခဲ့ပြီး၊ တုံ့ပြန်သမျှကိုမေးရာမှာ ဦးစိုင်းလိတ်ကပဲ -

“ပထမတစ်ချက်ကတော့ ဒီမိုကရေစီအရေးနဲ့ ဖယ်ဒရယ်အရေးကို ဘယ်ဟာကအရင်၊ ဘယ်ဟာကနောက်မှဆိုတာ မဟုတ်ပဲနဲ့၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဖို့လိုအပ်တယ်၊ အဲဒါ အဓိက ပြောပါတယ်။ နောက်တစ်ခုက ဖယ်ဒရယ်ပြည်ထောင်စုလို့ပြောတဲ့နေရာမှာ၊ ပြည်ထောင်စုရဲ့ သရုပ်သဏ္ဍန်ကိုဖော်ဆောင်တဲ့နေရာမှာ၊ အသွင်သဏ္ဍာန်ထက်ကို အနှစ်သာရကို ပိုပြီးတော့ ဦးစားပေးပြီးတော့မှ၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဖို့ဆိုတဲ့၊ ဒီ၂ ချက်ကို အဓိကထားပြီးဆွေးနွေးတဲ့အခါမှာ၊ ဟိုဘက်ကလည်း လိုလိုလားလားပဲ ရေးမှတ်ပြီးတော့မှ၊ ခေါင်းဆောင်ပိုင်းတွေကို တင်ပြပါမယ်ဆိုတာလေး ရခဲ့တာပါ။”

ဒီအပေါ် အရေးပါမှုကိုလည်း ဒေါက်တာအောင်မိုးညိုက -

“၁၉၈၉-၉၀ တုန်းက CRPP ပေါ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဘဝကတည်းကိုက၊ ဒီမိုကရေစီအရေးကိစ္စ၊ ဖယ်ဒရယ်အရေးကိစ္စတွေကို တစ်ပြိုင်တည်းဖော်ဆောင်ကြမယ်ဆိုပြီးတော့ သဘောတူခဲ့တာတဲ့။ ဒီမိုကရေစီအရင်လား၊ ဖယ်ဒရယ်အရင်လားဆိုတာကို၊ တစ်ပြိုင်တည်း အကောင်အထည်ဖော်မယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်တဲ့။ အခုလည်း ဒီမူအတိုင်း ဆက်သွားချင်ပါတယ်တဲ့။”

အဲဒီတော့ အခုလို ဒီ SNLD နဲ့ တွေ့ဆုံမှုမှာ ပြဿနာမဖြစ်ပဲရှိခဲ့တာမျိုး၊ နောင်ရှေ့ခရီးစဉ်မှာဖြစ်ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲလို့ မေးရာမှာ ဦးစိုင်းလိတ်က -

“ဖုတ်ပူမီးတိုက် လုပ်မယ့်အစား၊ အချိန်ယူပြီးတော့မှ Informal (အပြင်မှာအလွတ်သဘော) ပုံစံမျိုးနဲ့ ကြိုတင်ညှိနှိုင်းမယ်ဆိုရင်တော့၊ ပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့နော်။ လက်ရှိမှာတော့ NLD က အကိုကြီး၊ ညီလေး ပုံစံမျိုး ဆက်ဆံနေတယ်။ အဲဒိတော့ တန်းတူထားပြီးတော့မှ ဆွေးနွေးရမယ်၊ နေရာအဓိကမထားပဲနဲ့၊ အကြောင်းအရာကို အဓိကထားဆွေးနွေးမယ်ဆိုလို့ရှိရင်တော့၊ ၂ ဖက်ပိုပြီးတော့မှ ရင်းနှီး၊ နီးစပ်လာနိုင်မယ်ဆိုတဲ့ Message (အမှာစကား) တစ်ခုလည်း၊ ကျနော်တို့ တိတိကျကျ ပေးလိုက်နိုင်ပါတယ်။”

ဒေါက်တာအောင်မိုးညိုကတော့ ရှေ့ခရီးစဉ်အတွက် NLD ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းဝေး ဆုံးဖြတ်ချက် စောင့်ရဦးမှာဖြစ်ပေမယ့်၊ အလားတူ အဆင်ပြေအောင် ကြိုပြင်ဖို့တော့၊ အကောင်းမြင်တယ်လို့ ဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG