သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MH370 လေယာဉ်ပျောက်ဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်ပြုလုပ်


MALAYSIA AIRLINES-MH370/
MALAYSIA AIRLINES-MH370/

လွန်ခဲ့တဲ့ ၁၀ နှစ်က ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 နဲ့အတူလိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေက ရှာဖွေမှုတွေထပ်လုပ်ပေးဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။ လေယာဥ်ပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကိုမသိရဘဲ လက်ရှိအချိန်ထိ ပူဆွေးနေကြတဲ့ ဆွေမျိုးသားချင်းတွေက တောင်းဆိုကြတာပါ။

ခရီးသည် ၂၃၉ ဦးလိုက်ပါသွားတဲ့ MH370 လေယာဥ်ဟာ ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကိုအသွား လမ်းမှာတင် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ MH370 လေယာဥ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဟာ လေကြောင်းပျံသန်းမှုသမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ခဲ့ပေမယ့် ဒီကနေ့ထိ ရှာမတွေ့သေးပါဘူး။

မလေးရှားနိုင်ငံမြို့တော် ကွာလာလာမ်ပူက စျေးဝယ်စင်တာတခုအနီးမှာပဲ ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်း ၅၀၀ လောက်စုရုံးပြီး အောက်မေ့ဖွယ်နေ့ကို ကျင်းပခဲ့ကြပါတယ်။ တက်ရောက်လာသူအတော်များများဟာ ဝမ်းနည်းပူဆွေးနေကြတာကိုလည်း တွေ့ရပါတယ်။ လေယာဥ်နဲ့လိုက်ပါသွားတဲ့ခရီးသည် အရေအတွက်အတိုင်း ဖယောင်းတိုင် ၂၃၉ တိုင်ကို ထွန်းညှိခဲ့ကြပါတယ်။

MH370 လေယာဥ်နဲ့လိုက်ပါသွားသူ ၃ ပုံ ၂ ပုံလောက်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး အောက်မေ့ဖွယ်နေ့ကို ရောက်လာသူတွေထဲမှာ တရုတ်နိုင်ငံက ဆွေမျိုးသားချင်းတွေလည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG