သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဦးဆောင်ဆန္ဒပြမှုကြောင့် အစွန်းရောက်မှုတိုးလာမှာ မြန်မာစိုးရိမ်


កងកម្លាំងពិសេសរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានបិទផ្លូវក្នុងពេលមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងមន្ត្រីអនុវត្តច្បាប់ នៅជិតនិវេសដ្ឋានរបស់អតីតប្រធានាធិបតី នៅភូមិ Koy-Tash ប្រមាណ២០គ.ម ពីរដ្ឋធានីប៊ីស្កេក។
កងកម្លាំងពិសេសរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានបិទផ្លូវក្នុងពេលមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងមន្ត្រីអនុវត្តច្បាប់ នៅជិតនិវេសដ្ឋានរបស់អតីតប្រធានាធិបតី នៅភូមិ Koy-Tash ប្រមាណ២០គ.ម ពីរដ្ឋធានីប៊ីស្កេក។

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့နိုဝင်ဘာလတွေအတွင်း ရခိုင်ပြည်နယ်မောင်တောမြို့က နယ်ခြားစောင့်ကင်းစခန်း တွေတိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာတပ်မတော်ဘက်က နယ်မြေ ရှင်းလင်းရေးလုပ်ခဲ့ရာမှာ ဒေသတွင်းက မွတ်ဆလင်လူနည်းစုတွေကို ရက်ရက် စက်စက် နှိပ်ကွပ်မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှားဝန်ကြီးချုပ်ဦးဆောင်တဲ့ လူထုစုဝေးဆန္ဒပြမှုတရပ် မလေးရှားနိုင်ငံမြို့တော်မှာ တနင်္ဂနွေနေ့မှာ ပြုလုပ်ပါတယ်။ ဒါဟာ ဒေသတွင်းအစွန်းရောက်မှုနဲ့အကြမ်းဖက်မှုတွေ တိုးပွားလာဖို့ လှုံဆော်ရာရောက်တာကြောင့် စိုးရိမ်စရာကောင်းတယ်လို့ မြန်မာသမ္မတရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့်ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီး တဲ့နောက်နယ်ခြားစောင့်ရဲတပ်ဖွဲဝင် တွေနဲ့မြန်မာတပ်မတော်ဘက်ကလည်းကျဆုံးခဲ့ရပါတယ်။ ဒီအတွက် မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ အကြမ်းဖက်သူလို့သံသယရှိသူ ပေါင်း ၅၀၀ကျော်ကိုဖမ်းဆိးခဲ့သလိုဒီဖြစ်စဉ်အတွင်းမှာဒေသခံ ၇၀ လောက်လည်း သေဆုံးမူတွေရှိခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒေသတွင်းက မူဆလင်နိုင်ငံတွေမှာကန့် ကွက်မူတွေက ပိုတိုးလာနေပါတယ်။ တနင်္ဂနွေနေမှာတော့ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြိး မလေးရှားနိုင်ငံမှာ ကန့်ကွက်ဆန္ဒပြမူခဲ့တာကြောင့်ဒါဟာအကြမ်းဖက်မူတွေဖြစ်လာစေဖို့အတွက် သွေးထိုးလှုံးဆော်တဲ့သဘောဖြစ်နေတယ်လို့သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးေဇော်ဌေးက ပြောပါတယ်။

“စိုးရိမ်မှုကတော့ ပထမဆုံးအချက်အနေနဲ့ ဒီမောင်တောတိုက်ခိုက်ခံရမှုဖြစ်စဉ်ကို ဥပဒေနဲ့အညီ နိုင်ငံတကာ စာချုပ်တွေနဲ့အညီ အစိုးရက ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုး မီးလောင်ရာလေပင့် သွေးထိုးလှုံ့ဆော်တဲ့သဘောမျိုး သက်ရောက်လာတယ်၊ သက်ရောက်တဲ့အနေအထားကို တွေ့ရှိရတယ်။ ဘယ်လောက်အထိသက်ရောက်နိုင်သလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာသာမက အာဆီယံ နဲ့ ပြင်ပ ကမ္ဘာအထိကို ဘာသာရေး အစွန်းရောက်တွေတိုးပွားပြီး အစွန်းရောက်စိတ်တွေမြင့်မားအောင် လှုံ့ဆော်ရာရောက်တယ်။ အစွန်းရောက်တွေတိုးပွားတာကတဆင့် အကြမ်းဖက်မှုတွေပိုမိုပြီးဖြစ်ပွားလာအောင် ၊ အကြမ်းဖက်ဝါဒီတွေ တိုးပွားလာအောင် သွေးထိုးလှုံ့ဆော်ပေးတဲ့ သဘောလို့ ကျနော်တို့ တွေ့မြင်ရပါတယ်။”

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ကိုဘိုကြည်ကတော့ အခုလို မလေးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ဆန္ဒပြမူတွေဟာအာဆီယံနိုင်ငံတွေရဲ့ပဋိဉာဉ်စာချုပ်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုမလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်တယ်ဆိုတဲ့အခါကျတော့ ဒါက အစိုးရကနေ ဦးဆောင်ပြီးလုပ်နေတဲ့ ပုံစံမျိုးသက်ရောက်နေတဲ့အတွက် အာဆီယံ ပဋိဉာဉ်ကိုချိုးဖောက်ရာရောက်တယ်ပေါ့နော်။ ဒီကြားထဲမှာက ကျနော်တို့ ဘာသာရေးအသွင်ဆောင်တဲ့ ပုံစံမျိုးတွေမဖြစ်ဖို့ကတော့ လိုပါတယ်။ အဲဒီလိုမျိုး ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ အဲဒီမှာ နေနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ လုံခြုံရေးအရ တော်တော်စိုးရိမ်စရာကောင်းပါတယ်။တဆက်ထဲမှာပဲ မြန်မာနိုင်ငံထဲမှာလည်း နိုင်ငံရေးသမားတွေရော တခြား တက်ကြွလှုပ်ရှားသူတွေကောက ဒီပြဿနာကို ပြေလည် အောင်ကိုင်တယ်ဖြေရှင်းတဲ့အခါမှာ ဘာသာရေး အသွင်သဏ္ဍန်ဆောင်ပြီးတော့ မဖြေရှင်းဖို့ လိုပါလိမ့်မယ်။”

သမ္မတရုံးဝန်ကြီးဌာနေပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကတော့ မလေးရှားအစိုးရရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာအာဆီယံနိုင်ငံ အချင်းချင်းပေါ်ထားတဲ့သဘောထားတွေကို မေးခွန်းထုတ် စရာဖြစ်လာတယ်လို့ပြောပါတယ်။

“မလေးရှားနဲ့ မြန်မာက ရင်းနှီးချစ်ကြည်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အာဆီယံမိတ်ဆွေနိုင်ငံတွေလည်း ဖြစ်တယ်။ ဒီလိုဖြစ်စဉ် ဖြစ်ရပ်တွေအပေါ်မှာ တနိုင်ငံနဲ့ တနိုင်ငံ သံတမန်လမ်းကြောင်းအရ ၂ ဖက်မှာ သံအမတ်ကြီးတွေရှိတယ်။ အလားတူ အခြားသောခရီးစဉ်တွေပေါ့နော် Special Delegation တွေလွှတ်ပြီးတော့ ဆောင်ရွက်နေတဲ့အနေအထားမှာ အခုလိုမျိုး အတည်မပြုနိုင်တဲ့ ၊ အခြေအမြစ်မခိုင်မာတဲ့ Video တွေ ဓါတ်ပုံတွေနဲ့ မလေးရှားမီဒီယာတွေမှာ ပျံ့နှံ့ပြီးတော့ မလေးရှားအစိုးရကိုယ်တိုင် ဦးဆောင်ပြီးတော့ ဆောင်ရွက်လာတဲ့ အချက်က ကျနော်တို့ မိတ်ဆွေချင်း နိုင်ငံချင်း ဆက်ဆံရေးနဲ့ ပတ်သက်လို့၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့က မေးခွန်းထုတ်စရာဖြစ်လာတယ်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်ဝင်းလှိုင်ကတော့ ရခိုင်ပြည်နယ်ရဲအခြေအနေဟာ နိုင်ငံသားစီစစ်မူတွေရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုအပ်နေတာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ ပြဿနာရဲ့အဖြေကို ရှင်းရှင်းလင်းလင်းဖော်ထုတ်စေချင်တယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေတွေကို သူကိုယ်တိုင် ဂဃနဏ သိစေချင်တယ်။ ဘင်္ဂါလီတွေက ဘင်္ဂါလီတွေပေါ့ဗျာ၊ သူတို့ ရိုဟင်ဂျာဘယ်လောက်ပဲတောင်းတောင်း ဘင်္ဂါလီတွေအဖြစ်ပဲ လက်ခံတယ်ဆိုရင် ဘင်္ဂါလီကို နိုင်ငံသားအဖြင့် လက်ခံ စီစစ်ခွင့် ၊ စိစစ်ခံခွင့်ကို ပွင့်ပွင့်လင်းလင်းပေးပါ။ ပွင့်ပွင့်လင်းလင်းပေးပြီးတော့မှ နိုင်ငံသား တကယ်ဖြစ်တဲ့လူတွေကို ပွင့်ပွင့်လင်းလင်း ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်ခင်ဗျ။ အခုက ဒီပြဿနာကြီးထဲမှာပဲ အစိုးရကော တိုင်းပြည်ကော နိုင်ငံတကာရောက အကုန်လုံး လုံးချာလည်ပြီးတော့ အဖြေမထွက်ဘူးပေါ့နော်။”

လက်ရှိရခိုင်ပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့မြန်မာအစိုးရဟာ ပွင်းလင်းစွာဆောင်ရွက်ဖို့တွေလိုအပ်နေသေးတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဘိုကြည်က တော့ဆိုပါတယ်။

“မြန်မာအစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဖို့လိုပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါလိမ့်မယ်။ ဆိုတော့ အခုက ပွင့်လင်းမြင်သာမှု အားနည်းနေတဲ့ သဘောရှိပါတယ်။ စွပ်စွဲချက်တွေလည်း အများကြီးရှိနေတယ်။ အဲဒီ စွပ်စွဲချက်တွေကို တကယ် ပွင့်လင်းမြင်သာဖြေရှင်းဖို့ လိုပါလိမ့်မယ်။”

မြန်မာအစိုးရအနေနဲ့ကတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ အာဆီယံအဖွဲဝင်နိုင်ငံတချိုရဲ့ဝေဖန်မူတွေကန့်ကွက်မူတွေနဲ့ ဖိအားပေးမူတွေ ရင်ဆိုင်နေရပြီး ပြဿနာကိုဖြေရှင်းနိုင်ဖို့ အတွက် သံတမန်နည်းလမ်းတွေနဲ့ အဖြေရှာဆောင်ရွက်နေတယ်လို့လည်း သတမ္မရုံးဝန်ကြီးဌာနကတော့ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG