သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး သရေကျ၊ ချယ်လ်ဆီး ရှုံး


မန်စီးတီးအတွက် ဒုတိယဂိုးသွင်းယူနေသည့် Sergio Aguero (ဝဲစွန်) (ဇန်နဝါရီ ၁၈၊ ၂၀၂၀)
မန်စီးတီးအတွက် ဒုတိယဂိုးသွင်းယူနေသည့် Sergio Aguero (ဝဲစွန်) (ဇန်နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ကို စနေနေ့က ကစားကြတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးငါးသင်းထဲက မန်စီးတီး သရေကျပြီး ချယ်လ်ဆီး အသင်း ရှုံးပွဲကြုံပါတယ်။

မန်စီးတီးဟာ ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရပေမယ့် တဘက် ၂ ဂိုးစီ သရေရလဒ်နဲ့ ၁ မှတ်ပဲ ရယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ နယူးကက်ဆယ်လ်ကို ပေးဂိုး ၁ ဂိုးထဲနဲ့ ရှုံးသွားတာဖြစ်ပါတယ်။

တခြားပွဲတွေမှာ နော်ဝစ်ချ်က ဘုန်းန်မောက်သ်ကို ၁ ဂိုး ဂိုးမရှိ၊ ဝို့လ်ဗ်စ်က ဆောက်သမ်ပ်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရ ပါတယ်။

ဝတ်တ်ဖို့ဒ်နဲ့ စပါးက ဂိုးမရှိသရေကျပြီး ဘရိုက်တန်နဲ့ ဗီလာ၊ ဝက်စ်ဟမ်းမ်နဲ့ အဲဗာတန်၊ အာဆယ်နယ်လ်နဲ့ ရှက်ဖီး ပွဲသုံးပွဲက တဘက် ၁ ဂိုးစီ သရေရလဒ်တွေနဲ့ အဆုံးသတ်ပါတယ်။

တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းကတော့ လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲဖြစ်ပါလိမ့်မယ်။ နောက်ပွဲတပွဲကတော့ ဘန်လေနဲ့ လက်စတာပွဲပါ။ ၂၁ ပွဲ ကစားထားတဲ့ လီဗာပူးလ်ဟာ ရမှတ် ၆၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြတ်ပြတ်သားသား ဆက် ဦးဆောင်နေပြီး ယူနိုက်တက်ကတော့ ၂၂ ပွဲကစားပြီးချိန်မှာ ၃၄ မှတ်နဲ့ အဆင့် ၅ မှာရှိနေပါတယ်။

မန်စီးတီးဟာ အခုပွဲ သရေကျတာကြောင့် ၄၈ မှတ်နဲ့ အဆင့် ၂ မှာ ဆက်ရှိနေပြီး အဆင့် ၃ က လက်စတာအသင်း တနင်္ဂနွေနေ့ ပွဲကို နိုင်တယ်ဆိုရင်တောင် ရဂိုးကွာခြားချက်ကြောင့် မန်စီးတီးကို အဆင့်လျှော့ချနိုင်သေးမှာ မဟုတ်ပါဘူး။

---------------------------------

(Unicode)








မန်စီးတီး သရေကျ၊ ချယ်လ်ဆီး ရှုံး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG