သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕အလယ္ပိုင္းေဒသ လုံၿခဳံေရး ကန္ကာကြယ္ေရးဝန္ႀကီး အခိုင္အမာ ကတိျပဳ


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin. (စက္တင္ဘာ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

အေရွ႕အလယ္ပိုင္းေဒသ လံုၿခံဳေရး အေမရိကန္ရဲ႕ သႏၷိ႒ာန္ဟာ ခုိင္မာၿပီး ေသခ်ာပါတယ္လုိ႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ဒီကေန႔ ေျပာပါတယ္။

ဘာရိန္းႏုိင္ငံ၊ Manama ၿမိဳ႕မွာက်င္းပတဲ့ Manama Dialogue လို႔ေခၚတဲ့ အေရွ႕အလယ္ပိုင္းေဒသ လံုၿခံဳေရးဆုိင္ရာ ေဆြးေႏြးပြဲမွာ ဝန္ႀကီး Austin က အဲဒီလိုေျပာတာပါ။

ေဒသတြင္း တာဝန္ရွိသူေတြဟာ အေမရိကန္ရဲ႕ ခုိင္မာမႈနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနၾကတာပါ။ အထူးသျဖင့္ေတာ့ အီရန္နဲ႔ ႏ်ဴကလီးယားဆိုင္ရာ သေဘာတူညီခ်က္တခုရဖို႔ ႀကိဳးစားေနတာနဲ႔ အာဖဂန္နစၥတန္ကေန အေမရိကန္တပ္ေတြ ႐ုပ္သိမ္းခဲ့တဲ့ အေျခအေနေတြေၾကာင့္ ျဖစ္ပါတယ္။

"ဒါေပမယ့္ မၾကာေသးခင္လေတြအတြင္း အီရန္ရဲ႕ လုပ္ရပ္ေတြက အားတက္စရာ မေကာင္းလွပါဘူး၊ အထူးသျဖင့္ေတာ့ သူတို႔ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ကို တိုးခ်ဲ႕ေနတာေၾကာင့္ပါ" လို႔ ဝန္ႀကီး Austin က ေျပာပါတယ္။

ဒါေပမယ့္ အေမရိကန္က ဘာေတြလုပ္ႏုိင္စြမ္းရွိတယ္ဆိုတာ မိတ္ေဆြေတြေရာ ရန္သူေတြပါ သိၾကပါတယ္လုိ႔လည္း ဝန္ႀကီး Austin က ဆိုပါတယ္။

သမၼတဘိုင္ဒန္ရဲ႕ အစိုးရမွာ သံခင္းတမန္ခင္း နည္းလမ္းဟာ ျပႆနာေတြကို ေျဖရွင္းေရး ပထမဆံုးနည္းလမ္း ျဖစ္တာေၾကာင့္ သံတမန္ေရးနည္းလမ္းနဲ႔ အေျဖတခုကို အေမရိကန္က ရွာေဖြသြားႏုိင္ေျခ ရွိပါတယ္လုိ႔လည္း ဝန္ႀကီး Austin က ဒီကေန႔ ေျပာပါတယ္။

"လက္နက္သံုး ေျဖရွင္းတဲ့ နည္းလမ္းတခုတည္းနဲ႔ ကမၻာႀကီးအတြက္ ထာဝရၿငိမ္းခ်မ္းေရး မရႏုိင္ဘူး" လို႔ အေမရိကန္သမၼတေဟာင္း Dwight Eisenhower က ေျပာခဲ့တာကိုလည္း ဝန္ႀကီး Austin က ကိုးကားေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေး ကန်ကာကွယ်ရေးဝန်ကြီး အခိုင်အမာ ကတိပြု

အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေး အမေရိကန်ရဲ့ သန္နိဋ္ဌာန်ဟာ ခိုင်မာပြီး သေချာပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောပါတယ်။

ဘာရိန်းနိုင်ငံ၊ Manama မြို့မှာကျင်းပတဲ့ Manama Dialogue လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဝန်ကြီး Austin က အဲဒီလိုပြောတာပါ။

ဒေသတွင်း တာဝန်ရှိသူတွေဟာ အမေရိကန်ရဲ့ ခိုင်မာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာပါ။ အထူးသဖြင့်တော့ အီရန်နဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်တခုရဖို့ ကြိုးစားနေတာနဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့တဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

"ဒါပေမယ့် မကြာသေးခင်လတွေအတွင်း အီရန်ရဲ့ လုပ်ရပ်တွေက အားတက်စရာ မကောင်းလှပါဘူး၊ အထူးသဖြင့်တော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို တိုးချဲ့နေတာကြောင့်ပါ" လို့ ဝန်ကြီး Austin က ပြောပါတယ်။

ဒါပေမယ့် အမေရိကန်က ဘာတွေလုပ်နိုင်စွမ်းရှိတယ်ဆိုတာ မိတ်ဆွေတွေရော ရန်သူတွေပါ သိကြပါတယ်လို့လည်း ဝန်ကြီး Austin က ဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အစိုးရမှာ သံခင်းတမန်ခင်း နည်းလမ်းဟာ ပြဿနာတွေကို ဖြေရှင်းရေး ပထမဆုံးနည်းလမ်း ဖြစ်တာကြောင့် သံတမန်ရေးနည်းလမ်းနဲ့ အဖြေတခုကို အမေရိကန်က ရှာဖွေသွားနိုင်ခြေ ရှိပါတယ်လို့လည်း ဝန်ကြီး Austin က ဒီကနေ့ ပြောပါတယ်။

"လက်နက်သုံး ဖြေရှင်းတဲ့ နည်းလမ်းတခုတည်းနဲ့ ကမ္ဘာကြီးအတွက် ထာဝရငြိမ်းချမ်းရေး မရနိုင်ဘူး" လို့ အမေရိကန်သမ္မတဟောင်း Dwight Eisenhower က ပြောခဲ့တာကိုလည်း ဝန်ကြီး Austin က ကိုးကားပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG