သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္စစ္ပဲြကိစၥ ကန္ ကာကြယ္ေရးအရာရွိႀကီးေတြ ႏႈတ္ထြက္ဖို႔ အတိုက္အခံေတာင္းဆို


Mike Rogers

[ Zawgyi ]

အာဖဂန္နစၥတန္ ႏိုင္ငံမွာ ႏွစ္ေပါင္း ၂၀ ၾကာ စစ္ပဲြ အဆုံးသတ္ၿပီး တပ္ဖဲြ႕ေတြ ႐ုပ္သိမ္းတဲ့ အစီအစဥ္အေပၚ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာ ဒုတိယေန႔အျဖစ္ ဗုဒၶဟူးေန႔က ၾကားနာရာမွာ အေျခအတင္ ျငင္းခုန္တဲ့အထိ ျဖစ္ခဲ့ၾကပါတယ္။ ၾကားနာပဲြမွာ လႊတ္ေတာ္အမတ္ တခ်ဳိ႕က အေမရိကန္ အဆင့္ျမင့္အရာရွိေတြ ရာထူးကထြက္ဖို႔ ေတာင္းဆိုခဲ့ၾကသလို၊ အခက္အခဲၾကားက အေကာင္းဆုံး ေဆာင္ရြက္ႏိုင္ခဲ့တယ္ဆိုၿပီး ခ်ီးက်ဳးသူေတြလည္း ရွိခဲ့တာပါ။

အေမရိကန္ စစ္ဖက္ဆိုင္ရာ အရာရွိေတြရဲ႕ အၾကံျပဳခ်က္ေတြကို ဆန္႔က်င္ၿပီး ၿပီးခဲ့တဲ့လထဲ တပ္ေတြ႐ုပ္သိမ္းခဲ့တယ္ဆိုၿပီး သမၼတ Joe Biden အစိုးရကို ျပင္းျပင္းထန္ထန္ ေ၀ဖန္သူေတြထဲမွာေတာ့ အတိုက္အခံ ရီပတ္ဘလစ္ကန္ကိုယ္စားေတြ အမ်ားစုပါ၀င္ပါတယ္။

“အာဖဂန္နစၥတန္ႏိုင္ငံကေန တပ္ေတြ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ခ်က္အေပၚ ဘယ္လိုပဲခံစားရတယ္ေျပာေျပာ၊ တပ္႐ုပ္သိမ္းတဲ့ အစီအစဥ္ဟာ လုံး၀ဖ႐ိုဖရဲ ျဖစ္ခဲ့တယ္ ဆိုတာကိုေတာ့ အားလုံးက လက္ခံၾကမယ္ ထင္ပါတယ္။” လို႔ ေအာက္လႊတ္ေတာ္ လက္နက္ကိုင္ တပ္ဖဲြ႕မ်ားေရးရာ ေကာ္မတီ၀င္ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ Mike Rogers ကေျပာလိုက္တာပါ။

အေမရိကန္ရဲ႕ ဦးေဆာင္မႈမွာ အညံ့ဆုံးျဖစ္ခဲ့သလို၊ သမၼတဟာ ထင္ေယာင္ထင္မွား ျဖစ္ေနသလား စိုးရိမ္မိတယ္လို႔လည္း ေျပာပါတယ္။ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ ေနာက္တေယာက္ျဖစ္တဲ့ Matt Gaetz ကလည္း ကာကြယ္ေရး၀န္ႀကီး Lloyd Austin ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Mark Milley နဲ႔ အေမရိကန္စစ္တပ္ အလယ္ပိုင္းေဒသ ကြပ္ကဲေရးဌာန တပ္မွဴး ဗိုလ္ခ်ဳပ္ႀကီး Kenneth McKenzie တို႔ ရာထူးကႏုတ္ထြက္ဖို႔အထိ ေတာင္းဆိုခဲ့တာပါ။

ေ၀ဖန္မႈေတြ ျပင္းထန္လာတာေၾကာင့္ ၾကားနာပဲြမွာ ဒီမိုကရက္တစ္ပါတီက ေကာ္မတီ ဥကၠ႒ Adam Smith မၾကာခဏ ၾကား၀င္ ဟန္႔ခဲ့ရပါတယ္။ အာဖဂန္နစၥတန္မွာ အေမရိကန္တပ္ဖဲြ႕၀င္ ၂၅၀၀ ေလာက္ ခ်န္ထားဖို႔ အစဥ္တစိုက္ တိုက္တြန္းစည္း႐ုံးခဲ့ေၾကာင္းလည္း ၄ နာရီေလာက္ၾကာတဲ့ ဗုဒၶဟူးေန႔ ၾကားနာပဲြမွာ ဗိုလ္ခ်ဳပ္ႀကီး McKenzie နဲ႔ ဗိုလ္ခ်ဳပ္ႀကီး Milley တို႔က ထြက္ဆိုခဲ့ၾကပါတယ္။

[ Unicode ]

အာဖဂန်စစ်ပွဲကိစ္စ ကန် ကာကွယ်ရေးအရာရှိကြီးတွေ နှုတ်ထွက်ဖို့ အတိုက်အခံတောင်းဆို

အာဖဂန်နစ္စတန် နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲ အဆုံးသတ်ပြီး တပ်ဖွဲ့တွေ ရုပ်သိမ်းတဲ့ အစီအစဉ်အပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဒုတိယနေ့အဖြစ် ဗုဒ္ဓဟူးနေ့က ကြားနာရာမှာ အခြေအတင် ငြင်းခုန်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ ကြားနာပွဲမှာ လွှတ်တော်အမတ် တချို့က အမေရိကန် အဆင့်မြင့်အရာရှိတွေ ရာထူးကထွက်ဖို့ တောင်းဆိုခဲ့ကြသလို၊ အခက်အခဲကြားက အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်ဆိုပြီး ချီးကျုးသူတွေလည်း ရှိခဲ့တာပါ။

အမေရိကန် စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ အကြံပြုချက်တွေကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့လထဲ တပ်တွေရုပ်သိမ်းခဲ့တယ်ဆိုပြီး သမ္မတ Joe Biden အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သူတွေထဲမှာတော့ အတိုက်အခံ ရီပတ်ဘလစ်ကန်ကိုယ်စားတွေ အများစုပါဝင်ပါတယ်။

“အာဖဂန်နစ္စတန်နိုင်ငံကနေ တပ်တွေရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်အပေါ် ဘယ်လိုပဲခံစားရတယ်ပြောပြော၊ တပ်ရုပ်သိမ်းတဲ့ အစီအစဉ်ဟာ လုံးဝဖရိုဖရဲ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ အားလုံးက လက်ခံကြမယ် ထင်ပါတယ်။” လို့ အောက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များရေးရာ ကော်မတီဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Mike Rogers ကပြောလိုက်တာပါ။

အမေရိကန်ရဲ့ ဦးဆောင်မှုမှာ အညံ့ဆုံးဖြစ်ခဲ့သလို၊ သမ္မတဟာ ထင်ယောင်ထင်မှား ဖြစ်နေသလား စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် နောက်တယောက်ဖြစ်တဲ့ Matt Gaetz ကလည်း ကာကွယ်ရေးဝန်ကြီး Lloyd Austin ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာန တပ်မှူး ဗိုလ်ချုပ်ကြီး Kenneth McKenzie တို့ ရာထူးကနုတ်ထွက်ဖို့အထိ တောင်းဆိုခဲ့တာပါ။

ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် ကြားနာပွဲမှာ ဒီမိုကရက်တစ်ပါတီက ကော်မတီ ဥက္ကဋ္ဌ Adam Smith မကြာခဏ ကြားဝင် ဟန့်ခဲ့ရပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ လောက် ချန်ထားဖို့ အစဉ်တစိုက် တိုက်တွန်းစည်းရုံးခဲ့ကြောင်းလည်း ၄ နာရီလောက်ကြာတဲ့ ဗုဒ္ဓဟူးနေ့ ကြားနာပွဲမှာ ဗိုလ်ချုပ်ကြီး McKenzie နဲ့ ဗိုလ်ချုပ်ကြီး Milley တို့က ထွက်ဆိုခဲ့ကြပါတယ်။

XS
SM
MD
LG