သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်လေကို အနိုင်ယူပြီး ယူနိုက်တက် နံပါတ် ၅ နေရာရောက်


ဝက်စ်ဟမ်းမ်အသင်းဘက်သို့ လက်စတာအတွက် ဒုတိယဂိုးသွင်းယူလိုက်သည့် Demarai Gray ။ ဒီဇင်ဘာ ၂၈၊ ၂၀၁၉။
ဝက်စ်ဟမ်းမ်အသင်းဘက်သို့ လက်စတာအတွက် ဒုတိယဂိုးသွင်းယူလိုက်သည့် Demarai Gray ။ ဒီဇင်ဘာ ၂၈၊ ၂၀၁၉။

(Zawgyi/Unicode)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် စနေနေ့ကကစားကြတာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ဘန်လေကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ စပါးအသင်းကတော့ အဝေးကွင်းမှာပဲ နော်ဝစ်ချ်အသင်းနဲ့ ၂ ဂိုးစီ သရေကျသွားတာကြောင့် အခုဆိုရင် ယူနိုက်တက်က ၁ မှတ်အသာနဲ့ စပါးကိုဖြုတ်ချပြီး အမှတ်ပေးဇယား အဆင့် ၅ ရောက်လာပါပြီ။

လက်စတာက ဝက်စ်ဟမ်းမ်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့အတွက် ၄၂ မှတ်နဲ့ ဒုတိယနေရာမှာ ဆက်ရှိနေပါတယ်။

တခြားလေးပွဲမှာတော့ ဘရိုက်တန်က ဘုန်းန်မောက်သ်ကို ၂ ဂိုးပြတ်၊ အဲဗာတန်က နယူးကက်ဆယ်လ်ကို ၂ ဂိုး ၁ ဂိုး၊ ဝတ်တ်ဖို့ဒ်က ဗီလာကို ၃ ဂိုးပြတ်နဲ့ အသီးသီးအနိုင်ရပြီး ဆောက်သမ်ပ်တန်နဲ့ ပဲလေ့စ်ကတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့မှာ အာဆင်နယ်လ်နဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ ဝို့လ်ဗ်စ်၊ မန်စီးတီးနဲ့ ရှက်ဖီးတို့ ကစားကြမှာဖြစ်ပါတယ်။

လီဗာပူးလ်က ၅၂ မှတ်နဲ့ ဇယားထိပ်မှာ ပြတ်ပြတ်သားသား ဆက်ဦးဆောင်နေပြီး မန်စီးတီးက နံပါတ် ၃ နဲ့ ချယ်လ်ဆီးက နံပါတ် ၄ မှာရှိနေပါတယ်။

-----------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG