သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာနယ္စပ္မွာ နယ္ျခားေစာင့္တပ္နဲ႔ ARSA တိုက္ပြဲျဖစ္


ရခုိင္ျပည္နယ္ ေမာင္ေတာနယ္စပ္မွာ နယ္ျခားေစာင့္တပ္နဲ႔ ARSA အဖဲြ႔တို႔ တိုက္ပြဲျဖစ္ပြားရာ ေနရာ (ဓာတ္ပံု - MOI - ဇြန္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ဘက္နယ္စပ္မွာ ျမန္မာနယ္ျခားေစာင့္တပ္နဲ႔ ARSA ရိုဟင္ဂ်ာလက္နက္ကိုင္ အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

ေမာင္ေတာၿမိဳ႕နယ္ နယ္ျခားမွတ္တိုင္ BP 34/35 ၾကား ကင္းပုန္းဝပ္ေနတဲ့ နယ္ျခားေစာင့္တပ္ရင္းနဲ႔ ARSA အဖြဲ႔၀င္တို႔နဲ႔ ဇြန္လ ၄ ရက္ညေနပိုင္းမွာ ထိေတြ႔တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရခုိင္ျပည္နယ္ ေမာင္ေတာနယ္စပ္မွာ နယ္ျခားေစာင့္တပ္နဲ႔ ARSA အဖဲြ႔တို႔ တိုက္ပြဲျဖစ္ပြားရာ ေနရာ (ဓာတ္ပံု - MOI)
ရခုိင္ျပည္နယ္ ေမာင္ေတာနယ္စပ္မွာ နယ္ျခားေစာင့္တပ္နဲ႔ ARSA အဖဲြ႔တို႔ တိုက္ပြဲျဖစ္ပြားရာ ေနရာ (ဓာတ္ပံု - MOI)

“မေန႕က က်ေနာ္တို႔ ညေန ၄ နာရီေက်ာ္ေက်ာ္ေလာက္မွာ နယ္ျခားမွတ္တိုင္ BP 34 နဲ႔ 35 ၾကားမွာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က လုံျခံဳေရးေဆာင္ရြက္ေနတဲ့အဖြဲ႔နဲ႔ ARSA ၂၀ ေက်ာ္ ၃၀ နီးပါးေလာက္။ အဲဒီအဖြဲ႔နဲ႔ က်ေနာ္တို႔ ထိေတြ႔မႈ ျဖစ္ပြားခဲ့တယ္။ ပထမဦးဆုံး နယ္ျခားေစာင့္တပ္ဖြဲ႔က စတင္ျပီးေတြ႕တာျဖစ္တယ္။ ထိေတြ႔တိုက္ပြဲျဖစ္ပြားခဲ့ျပီးေတာ့က ဒီ ARSA ဆီကေနအေလာင္း ႏွစ္ ေလာင္းရယ္။ လက္နက္ ႏွစ္ လက္ ရလိုက္တာရွိတယ္။ ရဲတပ္ဖြဲ႔၀င္တဦးလည္း ဒဏ္ရာအနည္းငယ္ ရလိုက္တာရွိတယ္။”

မေန႔ညေန ၅ နာရီအခ်ိန္အထိ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္ၿပီး ARSA အဖြဲ႔ရဲ႕ အေလာင္းႏွစ္ေလာင္းႏွင့္အတူ M-16 တစ္လက္ BA-94 တစ္လက္ သိမ္းပိုက္ရရွိခဲ့ျပီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

မီးတိုက္ေက်းရြာဘက္ကေနလာတဲ့ ARSA အဖြဲ႔၀င္ေတြကို ကင္းပုန္း၀ပ္ေနတဲ့ နယ္ျခားေစာင့္တပ္ဘက္က လက္ဦးမႈရယူ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြရဲ႕ေျပာဆိုခ်က္ကို ကိုးကားျပီး ေမာင္ေတာျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွထြန္းေက်ာ္က အခုလိုေျပာပါတယ္။

“ARSA အဖြဲ႕က ၀င္ျပီးေတာ့ က်ဴးေက်ာ္လာတယ္ဆိုတာ ၾကိဳတင္သတင္းသိရလို႔ သြားျပီးကင္းပုန္းခ်တာေပါ့ဗ်ာ။ အင္အားေတာ့ သိပ္မမ်ားဘူး ၁၀ ေယာက္ေလာက္ပဲပါတယ္။ ဟိုဘက္ကေတာ့ ၂၀ ေက်ာ္ေလာက္ပါတယ္လို႔သိရတယ္။ ဒီဘက္က လက္ဦးမႈ ရလိုက္လို႔ ARSA အေလာင္းႏွစ္ေလာင္းနဲ႔ လက္နက္ ႏွစ္လက္ရလိုက္တယ္လို႔ သိရတယ္။”

ေမာင္ေတာၿမိဳ႕နယ္က ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ARSA လို႔ေခၚတဲ့ အရကန္ရိုဟင္ဂ်ာကယ္တင္ေရးတပ္ဖြဲ႕ဟာ နယ္စပ္ေဒသအတြင္းလႈပ္ရွားေနတာ ရွိသလို နယ္ျခားေစာင့္တပ္ဖြဲ႕ေတြအေနနဲ႔ ေဒသတြင္းကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေနတယ္လို႔ ေမာင္ေတာျမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွထြန္းေက်ာ္ကေျပာပါတယ္။

“အခုျဖစ္ေနတဲ့ နယ္စပ္တေလွ်ာက္က အကုန္လုံးေတာတန္းေပါ့ဗ်ာ။ ေတာကေနျပီးေတာ့ အေရွ႕နဲ႕အေနာက္ကို ၇ မိုင္၊ ၈ မိုင္ေလာက္ကို ထူတယ္။ ေတာင္နဲ႔ ေျမာက္ကက်ေတာ့ မိုင္ ၄၀ ေလာက္ကိုရွိတယ္။ အဲဒီမွာ လူကလည္း မရွိဘူးဆိုေတာ့ သူတို႔ကေတာ့ အျမဲတန္း၀င္ျပီးေတာ့ နဂိုလ္ကတည္းက သူတို႔ေနခဲ့တဲ့ေနရာဆိုေတာ့ သူတို႔ နည္းနည္းစိမ့္၀င္ေနတဲ့ ေနရာျဖစ္ေနေတာ့ ရဲက နယ္ျခားေစာင့္က ထိန္းခ်ဳပ္နိုင္ဖို႔ကေတာ့ နည္းနည္းအခက္ခဲရွိတယ္ဗ်။ ARSA ကေတာ့ အျမဲတမ္းရွိတယ္ အဲဒီ နယ္စပ္တေလွ်ာက္မွာ။”

ေမလဆန္းမွာလည္း ေမာင္ေတာၿမိဳ႕နယ္ နယ္ျခားမွတ္တိုင္ BP ၄၁ ရဲကင္းစခန္း နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က နယ္ျခားျခံ စည္းရိုးတေလွ်ာက္မွာ ကင္းလွည့္ျပီး ေဆာင္ရြက္ေနစဥ္ ARSA အဖြဲ႔က ၿခံဳခိုတိုက္ခိုက္ခဲ့လို႔ ဒုရဲအုပ္တေယာက္နဲ႔ စစ္တပ္ကတဦး ဒဏ္ရာရခဲ့ပါတယ္။ တပ္မေတာ္ဘက္က အခုလို ARSA တိုက္ပဲြျဖစ္စဥ္ ထုတ္ျပန္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ဗီြအိုေအက တဘက္ကို သီးျခားအတည္ျပဳေမးျမန္းလို႔ေတာ့ မရပါဘူး။

၂၀၁၇ ၾသဂုတ္လ ၂၅ ရက္ေန႔တုန္းကနယ္ျခားေစာင့္စခန္း ၃၀ ဝန္းက်င္ကို လက္နက္ကိုင္ေဆာင္ထားတဲ့ ARSA အမည္ခံ ႐ိုဟင္ဂ်ာေတြက အုပ္စုဖြဲ႔ တိုက္ခိုက္ခဲ့တဲ့ေနာက္ ရခိုင္ေျမာက္ပို္င္းေဒသမွာ ပဋိပကၡေတြ ႀကီးမားခဲ့ပါတယ္။ အစိုးရတပ္ရဲ႕ ႏွိမ္နင္းေရးစစ္ဆင္ေရးေျကာင့္ ေဒသခံ ရိုဟင္ဂ်ာမြတ္လင္ သိန္းဂဏန္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွထဲ ထြက္ေျပးသြားခဲ့ၾကပါတယ္။ ျမန္မာအစိုးရဘက္က ရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံေပမဲ့လို႔ ဒီ ဒုကၡသည္ေတြကို စိစစ္လက္ခံမယ္လို႔ ဂတိေပးထားပါတယ္။ တဘက္မွာေတာ့ ဘဂၤလားေဒ့ရ္ွက ဒုကၡသည္စခန္းေတြအတြင္း ARSA အဖဲြ႔ လႈပ္ရွားမႈေတြရိွတယ္လို႔ ျမန္မာအစိုးရဘက္က စြပ္စဲြထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မောင်တောနယ်စပ်မှာ နယ်ခြားစောင့်တပ်နဲ့ ARSA တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

မောင်တောမြို့နယ် နယ်ခြားမှတ်တိုင် BP 34/35 ကြား ကင်းပုန်းဝပ်နေတဲ့ နယ်ခြားစောင့်တပ်ရင်းနဲ့ ARSA အဖွဲ့ဝင်တို့နဲ့ ဇွန်လ ၄ ရက်ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့က ကျနော်တို့ ညနေ ၄ နာရီကျော်ကျော်လောက်မှာ နယ်ခြားမှတ်တိုင် BP 34 နဲ့ 35 ကြားမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့နဲ့ ARSA ၂၀ ကျော် ၃၀ နီးပါးလောက်။ အဲဒီအဖွဲ့နဲ့ ကျနော်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်။ ပထမဦးဆုံး နယ်ခြားစောင့်တပ်ဖွဲ့က စတင်ပြီးတွေ့တာဖြစ်တယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့က ဒီ ARSA ဆီကနေအလောင်း နှစ် လောင်းရယ်။ လက်နက် နှစ် လက် ရလိုက်တာရှိတယ်။ ရဲတပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာအနည်းငယ် ရလိုက်တာရှိတယ်။”

မနေ့ညနေ ၅ နာရီအချိန်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ပြီး ARSA အဖွဲ့ရဲ့ အလောင်းနှစ်လောင်းနှင့်အတူ M-16 တစ်လက် BA-94 တစ်လက် သိမ်းပိုက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မီးတိုက်ကျေးရွာဘက်ကနေလာတဲ့ ARSA အဖွဲ့ဝင်တွေကို ကင်းပုန်းဝပ်နေတဲ့ နယ်ခြားစောင့်တပ်ဘက်က လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က အခုလိုပြောပါတယ်။

“ARSA အဖွဲ့က ဝင်ပြီးတော့ ကျူးကျော်လာတယ်ဆိုတာ ကြိုတင်သတင်းသိရလို့ သွားပြီးကင်းပုန်းချတာပေါ့ဗျာ။ အင်အားတော့ သိပ်မများဘူး ၁၀ ယောက်လောက်ပဲပါတယ်။ ဟိုဘက်ကတော့ ၂၀ ကျော်လောက်ပါတယ်လို့သိရတယ်။ ဒီဘက်က လက်ဦးမှု ရလိုက်လို့ ARSA အလောင်းနှစ်လောင်းနဲ့ လက်နက် နှစ်လက်ရလိုက်တယ်လို့ သိရတယ်။”

မောင်တောမြို့နယ်က မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA လို့ခေါ်တဲ့ အရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ဟာ နယ်စပ်ဒေသအတွင်းလှုပ်ရှားနေတာ ရှိသလို နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ ဒေသတွင်းကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ မောင်တောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်ကပြောပါတယ်။

“အခုဖြစ်နေတဲ့ နယ်စပ်တလျှောက်က အကုန်လုံးတောတန်းပေါ့ဗျာ။ တောကနေပြီးတော့ အရှေ့နဲ့အနောက်ကို ၇ မိုင်၊ ၈ မိုင်လောက်ကို ထူတယ်။ တောင်နဲ့ မြောက်ကကျတော့ မိုင် ၄၀ လောက်ကိုရှိတယ်။ အဲဒီမှာ လူကလည်း မရှိဘူးဆိုတော့ သူတို့ကတော့ အမြဲတန်းဝင်ပြီးတော့ နဂိုလ်ကတည်းက သူတို့နေခဲ့တဲ့နေရာဆိုတော့ သူတို့ နည်းနည်းစိမ့်ဝင်နေတဲ့ နေရာဖြစ်နေတော့ ရဲက နယ်ခြားစောင့်က ထိန်းချုပ်နိုင်ဖို့ကတော့ နည်းနည်းအခက်ခဲရှိတယ်ဗျ။ ARSA ကတော့ အမြဲတမ်းရှိတယ် အဲဒီ နယ်စပ်တလျှောက်မှာ။”

မေလဆန်းမှာလည်း မောင်တောမြို့နယ် နယ်ခြားမှတ်တိုင် BP ၄၁ ရဲကင်းစခန်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က နယ်ခြားခြံ စည်းရိုးတလျှောက်မှာ ကင်းလှည့်ပြီး ဆောင်ရွက်နေစဉ် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက်နဲ့ စစ်တပ်ကတဦး ဒဏ်ရာရခဲ့ပါတယ်။ တပ်မတော်ဘက်က အခုလို ARSA တိုက်ပွဲဖြစ်စဉ် ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက တဘက်ကို သီးခြားအတည်ပြုမေးမြန်းလို့တော့ မရပါဘူး။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့တုန်းကနယ်ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရခိုင်မြောက်ပိုင်းဒေသမှာ ပဋိပက္ခတွေ ကြီးမားခဲ့ပါတယ်။ အစိုးရတပ်ရဲ့ နှိမ်နင်းရေးစစ်ဆင်ရေးကြောင့် ဒေသခံ ရိုဟင်ဂျာမွတ်လင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့လို့ ဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ဂတိပေးထားပါတယ်။ တဘက်မှာတော့ ဘင်္ဂလားဒေ့ရ်ှက ဒုက္ခသည်စခန်းတွေအတွင်း ARSA အဖွဲ့ လှုပ်ရှားမှုတွေရှိတယ်လို့ မြန်မာအစိုးရဘက်က စွပ်စွဲထားပါတယ်။

XS
SM
MD
LG