သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ နဲ႔ ျမန္မာ


အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ နဲ႔ ျမန္မာ
please wait

No media source currently available

0:00 0:07:32 0:00

ဒီတပတ္ ကမၻာ့ ျမန္မာ့ သတင္းျမင္ကြင္း အစီအစဥ္မွာ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ နဲ႔ ျမန္မာ အေၾကာင္း ျပည္ေသြးႏိုင္က ေဆြးေႏြးတင္ျပထားၿပီး မအင္ၾကင္းႏိုင္က ကူညီတင္ဆက္ထားပါတယ္။

"အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ (Transitional Justice )လို႔ ဆိုလိုက္ရင္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး (National Reconciliation )အတြက္ အဟန႔္အတားျ ဖစ္မယ္လို႔ ျမင္တတ္ၾကတာဟာ ျမန္မာႏိုင္ငံမွာမွ မဟုတ္ဘဲ ကမာၻမွာလည္း ရွိၾကတာပါပဲ။ တကယ္ေတာ့ တရားမွ်တမႈဟာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးအတြက္အေျခ ခံလိုအပ္ခ်က္ ျဖစ္ေနတယ္ဆိုတာကို မျမင္ၾကလို႔ အခုလိုေျပာၾကတာလို႔ယူဆပါတယ္" လို႔ ဆရာမ မသီတာ(စမ္းေခ်ာင္း)က ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလထုတ္ ေခတ္ရနံ႔မဂၢဇင္းမွာ ေဖာ္ျပခဲ့တဲ့ ကတၱီပါကားလိပ္သစ္ ဖြင့္ႏိုင္ဖို႔ လိုအပ္ေနတဲ့ တရားမွ်တမႈဆိုတဲ့ ေဆာင္းပါးအစမွာ ေရးသားထားပါတယ္။

ဒါဆိုရင္ အသြင္ကူးေျပာင္းေရးကာလတရားမွ်တမႈ (Transitional Justice ) ဆိုတာဘာလဲ ေလ့လာၾကည့္ရ ေအာင္ပါ။ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈဆိုတာ အတိတ္က ပဋိပကၡေတြအတြင္းမွာ အၾကမ္းဖက္ ရက္စက္မႈေတြ၊ စနစ္တက်နဲ႔က်ယ္က်ယ္ျပန႔္ျပန႔္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ ထိခိုက္ ခံစားရသူေတြ ကို ကုစားေပးႏိုင္ဖို႔နဲ႔ ႏိုင္ငံေရးအသြင္ကူးေျပာင္းေရးမွာ ေကာင္းမြန္တဲ့ျဖစ္စဥ္ေတြဖန္တီးေပးႏိုင္ဖို႔ ခ်ဥ္းကပ္တဲ့ နည္းလမ္းျဖစ္ပါတယ္။

Transitional Justice ဆိုတဲ့ ေဝါဟာရဟာ ဒုတိယကမာၻစစ္ႀကီးၿပီးတဲ့ ကာလမွာ ဥေရာပမွာ ေပၚေပါက္ခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ စစ္ခုံ႐ုံးျဖစ္တဲ့ ဂ်ာမနီႏိုင္ငံက န်ဴရင္ဘတ္တရား႐ုံးနဲ႔ အာရွအေရွ႕ဖ်ား ဂ်ပန္ႏိုင္ငံက တိုက်ိဳတရားမွ်တမႈ တရား႐ုံးေတြကေနထြက္ေပၚလာခဲ့တာပါ။ အဲဒီတရား႐ုံးေတြဟာ ဒုတိယကမာၻစစ္အတြင္းက ဂ်ာမန္နဲ႔ဂ်ပန္စစ္သားေတြ၊သူတို႔ရဲ႕ေခါင္းေဆာင္ေတြ က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈေတြအတြက္ ၾကားနာစစ္ေဆး ဖို႔ ထူေထာင္ခဲ့တဲ့တရား႐ုံးေတြ ျဖစ္ပါတယ္။ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈဟာ ၁၉၈၀ ကာလ တဝိုက္မွာ ပိုၿပီးအရွိန္ရ တြင္က်ယ္လာတာကို ေတြ႕ရပါတယ္။ ၁၉၇၀ နဲ႔ ၁၉၈၀ ကာလေတြမွာ အသြင္ကူး ေျပာင္းေရး ကာလတရားမွ်တမႈဟာ ရာဇဝတ္မႈက်ဴးလြန္သူေတြကို တရားမွ်တမႈအတြက္ ဥပေဒအရ အျပစ္ေပးအေရးယူေရးနဲ႔ လူ႔အခြင့္အေရး ျမႇင့္တင္ေရးတို႔အတြက္ ဦးတည္ေဆာင္႐ြက္ခဲ့တာကိုေတြ႕ၾကရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၁၉၈၀ ေႏွာင္းပိုင္းနဲ႔ ၁၉၉၀ အေစာပိုင္းကာလေတြမွာေတာ့ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈရဲ႕ သေဘာတရားဟာ ေျပာင္းလဲလာတာကို ေတြ႕ရပါတယ္။ ကမာၻလုံးဆိုင္ရာ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲေရး တတိယလႈိင္းမွာ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈဟာ ေလ့လာစရာ နယ္ပယ္သစ္တစ္ခု ျဖစ္လို႔လာပါတယ္။ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ နယ္ပယ္ ပိုက်ယ္ဝန္းလာၿပီး အာဏာရွင္အုပ္ခ်ဳပ္ေရးကေန ဒီမိုကေရစီစနစ္ဆီ ကူးေျပာင္းတဲ့ ႏိုင္ငံေရးျဖစ္စဥ္မွာ အကဲျဖတ္တိုင္းတာစရာ မူေဘာင္တစ္ခု ျဖစ္လာတာကို ေတြ႕ရပါတယ္။ ႏိုင္ံငံေရး အသြင္ကူးေျပာင္းမႈ႕ တည္ၿငိမ္ေရးအတြက္ Transitional Justice ကိုထည့္သြင္းစဥ္းစားလာတာကို ေတြ႕ရပါမွာျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ Transitional Justice သေဘာတရားဟာ က်ဴးလြန္ခဲ့သူေတြအေနနဲ႔ အျမင္မွန္ရၿပီး သူတို႔လုပ္ရပ္ေတြအတြက္ ဝန္ခံ၊ေတာင္းပန္မယ္ဆိုရင္ သက္သာခြင့္၊ေၾကေအးခြင့္ ရႏိုင္တဲ့ အခြင့္အလမ္းေတြလည္း ရွိပါတယ္။

ေနာက္ပိုင္းမွာေတာ့ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈလုပ္ငန္းစဥ္မွာ အမွန္တရားေဖာ္ ထုတ္ေရး ေကာ္မရွင္ (Truth Commission )ေတြ ေပၚေပါက္လာပါတယ္။ အမွန္တရားေဖာ္ထုတ္ေရး ေကာ္မရွင္ဆိုတာ ကေတာ့ အတိတ္ကာလမွာ က်ဴးလြန္ခဲ့တဲ့ အၾကမ္းဖက္မႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေလ့လာ စုံစမ္းၿပီး ေတြ႕ရွိခ်က္ေတြကို မွတ္တမ္းတင္ဖို႔၊က်ဴးလြန္ျခင္းခံရသူေတြကို ကုစားဖို႔နဲ႔ ေနာက္တစ္ႀကိမ္ အျဖစ္ဆိုးေတြ မႀကဳံ ရေအာင္အကာကြယ္ေပးႏိုင္ဖို႔ အႀကံျပဳခ်က္ေတြ ထုတ္ျပန္ေပးဖို႔ ရည္႐ြယ္ပါတယ္။ ၁၉၈၃ မွာ အာဂ်င္တီးနား၊ ၁၉၉၀ မွာ ခ်ီလီ၊ ၁၉၉၅ မွာ ေတာင္အာဖရိကႏိုင္ငံေတြမွာ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈရဲ႕ သေကၤတအျဖစ္ အမွန္တရားေဖာ္ထုတ္ေရးေကာ္မရွင္ေတြ ေပၚေပါက္လာတာ ထင္ရွားတဲ့ျဖစ္ရပ္ေတြ ျဖစ္ပါတယ္။

အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရလို႔ နာက်င္ထိခိုက္ခံစားရသူေတြရဲ႕ ဂုဏ္သိကၡာကိုအသိအမွတ္ျပဳေပးဖို႔နဲ႔ ျပန္လည္ကုစားေပးဖို႔၊က်ဴးလြန္သူေတြကို ေဖာ္ထုတ္အေရးယူဖို႔နဲ႔ ေနာက္တစ္ႀကိမ္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မျဖစ္ပြားရေလေအာင္ အကာအ ကြယ္ေပးဖို႔ျဖစ္ပါတယ္။အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ ခ်ဥ္းကပ္တဲ့ပုံစံေတြကေတာ့ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူညီၾကပါဘူး။ေယဘုယ်အားျဖင့္ကေတာ့ အဓိကတာဝန္ရွိသူေတြကို ေဖာ္ထုတ္ၿပီး တရားဥပေဒအ ရအျပစ္ေပးျခင္း၊အျဖစ္မွန္ေတြကိုစုံစမ္းေဖာ္ထုတ္ မွတ္တမ္းတင္တဲ့ အမွန္ တရားေဖာ္ ထုတ္ေရးျဖစ္ စဥ္၊ထိခိုက္နစ္နာ သူေတြကို ျပန္လည္ကုစားတာ၊ေလ်ာ္ေၾကးေပးတာ(ဒီအစီအစဥ္မွာေတာ့ တစ္ဦးခ်င္း ဒါမွမဟုတ္ အစုအဖြဲ႕လိုက္ကို ပစၥည္း၊ေငြေၾကးေပးေလ်ာ္တာေတြ၊ေအာက့္ေမ့ဘြယ္ အခမ္းအနားေတြလုပ္ေပးၿပီး အသိအမွတ္ျပဳတာေတြ၊သင္႐ိုးၫႊန္းတမ္းေတြမွာ ထည့္သြင္းေရးဆြဲၿပီး ကေလးေတြ၊လူငယ္ေတြကို ေလ့လာေစတဲ့ အစီအစဥ္ေတြပါဝင္ပါတယ္)၊ေနာက္တစ္ခုကေတာ့Reform လို႔ေခၚတဲ့ မူဝါဒေရးရာ၊ ဥပေဒေတြ၊လုပ္ထုံးလုပ္နည္းေတြ ျပဳျပင္ေျပာင္းလဲေရးနဲ႔ တရားစီရင္ေရး၊ရဲ၊စစ္တပ္၊ေထာက္လွမ္းေရး စတဲ့ အဖြဲ႕အစည္းေတြ ျပဳျပင္ေျပာင္းလဲေရး ေဆာင္႐ြက္တာေတြျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ၂၀၁၀ ခုႏွစ္မွာ စစ္အုပ္ခ်ဳပ္ေရးကေန ဒီမိုကေရစီစနစ္ဆီ ကူးေျပာင္းတဲ့ အသြင္ကူးေျပာင္းေရးတစ္ရပ္ စတင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲ အႏိုင္ရၿပီး အစိုးရျဖစ္လာတဲ့ NLD လက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရးကို ေဖာ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအမ်ိဳးသားရင္ၾကားေစ့ေရးလမ္းစဥ္မွာ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တေရး(Transitional Justice )ေဆာင္႐ြက္ခ်က္ကိုေတာ့ မေတြ႕ရပါဘူး ။ ဒါေၾကာင့္ လည္းျမန္မာႏိုင္ငံရဲ႕ အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ဟာ မျပည့္စုံဘူးလို႔ ေဝဖန္ခဲ့တာေတြရွိခဲ့ပါတယ္။ အာဏာရွင္စနစ္ကေန ဒီမိုကေရစီစနစ္ဆီအသြင္ကူးေျပာင္းတဲ့အခါ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈဟာ လိုအပ္ပါသလား။ အေရးႀကီးသလား ဆိုတာကို Pen Myanmar အဖြဲ႕ စတင္တည္ေထာင္သူတစ္ဦးလည္းျဖစ္၊ Pen International အဖြဲ႕ႀကီးရဲ႕ အက်ဥ္းက်စာေရးဆရာမ်ား ေကာ္မတီဥကၠ႒လည္း ျဖစ္တဲ့စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း)က အခုလိုေျပာပါတယ္။

"ေခတ္တစ္ေခတ္နဲ႔ တစ္ေခတ္၊ စနစ္တစ္ခုနဲ႔တစ္ခု ကူးေျပာင္းတဲ့ အခါမ်ိဳးမွာၾကား ကာလတရားမွ်တမႈဆိုတာ လိုကို လိုအပ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘယ္ေခတ္၊ ဘယ္စနစ္မွာမဆို တရားမွ်တမႈ ကင္းမဲ့တဲ့ အခိုက္အတန႔္ေတြ၊ အျဖစ္အပ်က္ေတြ အမ်ားႀကီး ရွိခဲ့ၾကပါတယ္။ အဲဒီလို ရွိခဲ့တဲ့အရာေတြကို တရားမွ်တမႈ ျပန္လည္ေဆာင္ က်ဥ္းေပးႏိုင္မႈ မရွိဘူးဆိုရင္ေတာ့ ေနာင္လာေနာင္သားမ်ိဳးဆက္ေတြအဖို႔ အဲဒီျဖစ္ခဲ့တဲ့ အရာေတြထဲကအတိုင္း ေနာက္ထပ္အမွားေတြကို က်ဴးလြန္ဖို႔အခြင့္အေရး၊ က်ဴးလြန္ရင္လည္း ဘာမွမျဖစ္ဘူးဆိုတဲ့ အသိေတြ ေမြးဖြားႏိုင္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ ၾကားကာလ တရားမွ်တမႈဆိုတာ အင္မတန္မွ အေရးႀကီးတဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္။ အကူးအေျပာင္းေတြမွာ ညင္သာၿပီးေတာ့ေရရွည္တည္တံ့တဲ့၊ ၿငိမ္းခ်မ္းတဲ့ ၊ အကူးအေျပာင္းမ်ိဳး ျဖစ္ခ်င္ေလ၊ ၾကားကာလ အသြင္ကူးေျပာင္းမႈ Transitional Justice ကိုေဖာ္ေဆာင္ရေလ ျဖစ္ပါတယ္။"

ျမန္မာႏိုင္ငံမွာ ၁၉၆၂၊၁၉၈၈၊၂၀၂၁ ေတြမွာ စစ္တပ္က အာဏာသိမ္းခဲ့ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးနဲ႔ စစ္အာဏာရွင္ေတြေအာက္မွာ တိုင္းရင္းသားျပည္သူေတြဟာ ႏွစ္ေပါင္းမ်ားစြာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ ခံစားခဲ့ၾကရပါတယ္။သူတို႔လက္ေအာက္မွာ ႏိုင္ငံေရးသမားေတြဟာ ဖမ္းဆီးႏွိပ္စက္၊ သတ္ျဖတ္၊ေထာင္သြင္း အက်ဥ္းခ်တာေတြခံခဲ့ၾကရပါတယ္။မိသားစုေတြ ဘဝပ်က္ခဲ့ၾကရ ပါတယ္။ ႏိုင္ငံဟာလည္း ဖြံ႕ၿဖိဳးမႈေနာက္က်၊ ပညာေရး၊က်န္းမာေရး အေျခအေနေတြလည္း နိမ့္က်ခဲ့ရပါတယ္။ ဒါေပမဲ့ ႏိုင္ငံနဲ႔ လူမ်ိဳးကို ဒုကၡ ပင္လယ္ေဝေစခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြဟာ သူတို႔ရဲ႕ လုပ္ရပ္ေတြအတြက္ တစ္ႀကိမ္တစ္ခါမွ် ဝန္ခံခဲ့တာ၊ေတာင္းပန္ခဲ့တာမ်ိဳး မရွိခဲ့သလို သူတို႔ က်ဴးလြန္ခဲ့တဲ့အျပစ္ေတြအတြက္လည္း အျပစ္ေပး၊အေရးယူခံရတာမ်ိဳး မရွိခဲ့ၾကပါဘူး။ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြဟာ သူတို႔က်ဴးလြန္ခဲ့တဲ့ အျပစ္ေတြကေန ကင္းလြတ္ခြင့္ရေနခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဒီတစ္ႀကိမ္ အသြင္ကူးေျပာင္းေရးမွာေတာ့ အသြင္ကူးေျပာင္းေရးကာလ တရားမွ်တမႈ(Transitional Justice) အမွန္တကယ္လိုအပ္ေနပါၿပီ။ ဒါမွသာ တည္ၿငိမ္တဲ့၊ၿငိမ္းခ်မ္းတဲ့၊ေရရွည္ခံတဲ့ အသြင္ကူးေျပာင္းေရးျဖစ္ပါလိမ့္မယ္ခင္ဗ်ား။

--------------------------------

(Unicode)

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု

"အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice )လို့ ဆိုလိုက်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး (National Reconciliation )အတွက် အဟန့်အတားဖြစ်မယ်လို့ မြင်တတ်ကြတာဟာ မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ ကမ္ဘာမှာလည်း ရှိကြတာပါပဲ။ တကယ်တော့ တရားမျှတမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အခြေ ခံလိုအပ်ချက် ဖြစ်နေတယ်ဆိုတာကို မမြင်ကြလို့ အခုလိုပြောကြတာလို့ယူဆပါတယ်" လို့ ဆရာမ မသီတာ(စမ်းချောင်း)က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ခေတ်ရနံ့မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကတ္တီပါကားလိပ်သစ် ဖွင့်နိုင်ဖို့ လိုအပ်နေတဲ့ တရားမျှတမှုဆိုတဲ့ ဆောင်းပါးအစမှာ ရေးသားထားပါတယ်။

ဒါဆိုရင် အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (Transitional Justice ) ဆိုတာဘာလဲ လေ့လာကြည့်ရ အောင်ပါ။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ အတိတ်က ပဋိပက္ခတွေအတွင်းမှာ အကြမ်းဖက်
ရက်စက်မှုတွေ၊ စနစ်တကျနဲ့ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထိခိုက် ခံစားရသူ
တွေကို ကုစားပေးနိုင်ဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးမှာ ကောင်းမွန်တဲ့ဖြစ်စဉ်တွေဖန်တီးပေးနိုင်ဖို့
ချဉ်းကပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Transitional Justice ဆိုတဲ့ ဝေါဟာရဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ ကာလမှာ ဥရောပမှာ ပေါ်ပေါက်ခဲ့တဲ့
အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးဖြစ်တဲ့ ဂျာမနီနိုင်ငံက နျူရင်ဘတ်တရားရုံးနဲ့ အာရှအရှေ့ဖျား ဂျပန်နိုင်ငံက
တိုကျိုတရားမျှတမှု တရားရုံးတွေကနေထွက်ပေါ်လာခဲ့တာပါ။ အဲဒီတရားရုံးတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ဂျပန်စစ်သားတွေ၊သူတို့ရဲ့ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကြားနာစစ်ဆေးဖို့ ထူထောင်ခဲ့တဲ့တရားရုံးတွေ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ ၁၉၈၀ ကာလတဝိုက်မှာ ပိုပြီးအရှိန်ရ တွင်ကျယ်လာတာကို တွေ့ရပါတယ်။၁၉၇၀ နဲ့ ၁၉၈၀ ကာလတွေမှာ အသွင်ကူးပြောင်းရေး
ကာလတရားမျှတမှုဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို တရားမျှတမှုအတွက် ဥပဒေအရ အပြစ်ပေးအရေး
ယူရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့အတွက် ဦးတည်ဆောင်ရွက်ခဲ့တာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းကာလတွေမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ သဘောတရားဟာ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
တတိယလှိုင်းမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ လေ့လာစရာ နယ်ပယ်သစ်တစ်ခု ဖြစ်လို့
လာပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နယ်ပယ် ပိုကျယ်ဝန်းလာပြီး အာဏာရှင်အုပ်ချုပ်ရေး
ကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အကဲဖြတ်တိုင်းတာစရာ မူဘောင်တစ်ခု
ဖြစ်လာတာကို တွေ့ရပါတယ်။ နိုင်ံငံရေး အသွင်ကူးပြောင်းမှု့ တည်ငြိမ်ရေးအတွက် Transitional Justice ကို
ထည့်သွင်းစဉ်းစားလာတာကို တွေ့ရပါမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ Transitional Justice သဘောတရားဟာ ကျူးလွန်ခဲ့သူတွေအနေနဲ့ အမြင်မှန်ရပြီး သူတို့လုပ်ရပ်တွေအတွက် ဝန်ခံ၊တောင်းပန်မယ်ဆိုရင် သက်သာခွင့်၊ကြေအေးခွင့် ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိပါတယ်။

နောက်ပိုင်းမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်မှာ အမှန်တရားဖော်ထုတ်ရေးကော်မရှင် (Truth Commission )တွေ ပေါ်ပေါက်လာပါတယ်။အမှန်တရားဖော်ထုတ်ရေးကော်မရှင်ဆိုတာ ကတော့ အတိတ်ကာလမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာ စုံစမ်းပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ဖို့၊ကျူးလွန်ခြင်းခံရသူတွေကို ကုစားဖို့နဲ့ နောက်တစ်ကြိမ် အဖြစ်ဆိုးတွေ မကြုံရအောင်အကာကွယ်ပေးနိုင်ဖို့ အကြံပြုချက်တွေ ထုတ်ပြန်ပေးဖို့ ရည်ရွယ်ပါတယ်။
၁၉၈၃ မှာ အာဂျင်တီးနား၊ ၁၉၉၀ မှာ ချီလီ၊ ၁၉၉၅ မှာ တောင်အာဖရိကနိုင်ငံတွေမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ သင်္ကေတအဖြစ် အမှန်တရားဖော်ထုတ်ရေးကော်မရှင်တွေ ပေါ်ပေါက်လာတာ ထင်ရှားတဲ့ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့
နာကျင်ထိခိုက်ခံစားရသူတွေရဲ့ ဂုဏ်သိက္ခာကိုအသိအမှတ်ပြုပေးဖို့နဲ့ ပြန်လည်ကုစားပေးဖို့၊ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့နဲ့ နောက်တစ်ကြိမ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ပွားရလေအောင် အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ချဉ်းကပ်တဲ့ပုံစံတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ယေဘုယျအားဖြင့်ကတော့ အဓိကတာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး တရားဥပဒေအရအပြစ်ပေးခြင်း၊အဖြစ်မှန်တွေကိုစုံစမ်းဖော်ထုတ် မှတ်တမ်းတင်တဲ့ အမှန် တရားဖော် ထုတ်ရေးဖြစ် စဉ်၊ထိခိုက်နစ်နာ သူတွေကို ပြန်လည်ကုစားတာ၊လျော်ကြေးပေးတာ(ဒီအစီအစဉ်မှာတော့ တစ်ဦးချင်း ဒါမှမဟုတ် အစုအဖွဲ့လိုက်ကို ပစ္စည်း၊ငွေကြေးပေးလျော်တာတွေ၊အောက့်မေ့ဘွယ် အခမ်းအနားတွေလုပ်ပေးပြီး အသိအမှတ်ပြုတာတွေ၊သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းရေးဆွဲပြီး ကလေးတွေ၊လူငယ်တွေကို လေ့လာစေတဲ့ အစီအစဉ်တွေပါဝင်ပါတယ်)၊နောက်တစ်ခုကတော့Reform လို့ခေါ်တဲ့ မူဝါဒရေးရာ၊ ဥပဒေတွေ၊လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ တရားစီရင်ရေး၊ရဲ၊စစ်တပ်၊ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တာတွေဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၁၀ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတဲ့ အသွင်ကူးပြောင်းရေးတစ်ရပ် စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖြစ်လာတဲ့ NLD လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး(Transitional Justice )ဆောင်ရွက်ချက်ကိုတော့မတွေ့ရပါဘူး။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ မပြည့်စုံဘူးလို့ ဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းတဲ့အခါအသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ လိုအပ်ပါသလား။ အရေးကြီးသလား ဆိုတာကို Pen Myanmar အဖွဲ့ စတင်တည်ထောင်သူတစ်ဦးလည်းဖြစ်၊ Pen International အဖွဲ့ကြီးရဲ့ အကျဉ်းကျစာရေးဆရာများကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့စာရေးဆရာမ မသီတာ(စမ်းချောင်း)က အခုလိုပြောပါတယ်။

"ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်၊ စနစ်တစ်ခုနဲ့တစ်ခု ကူးပြောင်းတဲ့အခါမျိုးမှာကြားကာလတရားမျှတမှုဆိုတာ
လိုကို လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်ခေတ်၊ ဘယ်စနစ်မှာမဆို တရားမျှတမှု ကင်းမဲ့တဲ့
အခိုက်အတန့်တွေ၊ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြပါတယ်။ အဲဒီလို ရှိခဲ့တဲ့အရာတွေကို တရားမျှတမှု
ပြန်လည်ဆောင်ကျဉ်းပေးနိုင်မှု မရှိဘူးဆိုရင်တော့ နောင်လာနောင်သားမျိုးဆက်တွေအဖို့ အဲဒီဖြစ်ခဲ့တဲ့
အရာတွေထဲကအတိုင်း နောက်ထပ်အမှားတွေကို ကျူးလွန်ဖို့အခွင့်အရေး၊ ကျူးလွန်ရင်လည်း ဘာမှမဖြစ်ဘူး
ဆိုတဲ့ အသိတွေ မွေးဖွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကြားကာလ တရားမျှတမှုဆိုတာ အင်မတန်မှ
အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အကူးအပြောင်းတွေမှာ ညင်သာပြီးတော့ရေရှည်တည်တံ့တဲ့၊
ငြိမ်းချမ်းတဲ့ ၊ အကူးအပြောင်းမျိုး ဖြစ်ချင်လေ၊ ကြားကာလအသွင်ကူးပြောင်းမှု Transitional Justice ကို
ဖော်ဆောင်ရလေ ဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ ၁၉၆၂၊၁၉၈၈၊၂၀၂၁ တွေမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်တွေအောက်မှာ တိုင်းရင်းသားပြည်သူတွေဟာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ခံစားခဲ့ကြရပါတယ်။သူတို့လက်အောက်မှာ နိုင်ငံရေးသမားတွေဟာ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်၊ထောင်သွင်း
အကျဉ်းချတာတွေခံခဲ့ကြရပါတယ်။မိသားစုတွေ ဘဝပျက်ခဲ့ကြရပါတယ်။နိုင်ငံဟာလည်း ဖွံ့ဖြိုးမှုနောက်ကျ၊
ပညာရေး၊ကျန်းမာရေး အခြေအနေတွေလည်း နိမ့်ကျခဲ့ရပါတယ်။ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးကို ဒုက္ခ ပင်လယ်ဝေစေ
ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တစ်ကြိမ်တစ်ခါမျှ ဝန်ခံခဲ့တာ၊တောင်းပန်ခဲ့တာမျိုး
မရှိခဲ့သလို သူတို့ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်လည်း အပြစ်ပေး၊အရေးယူခံရတာမျိုး မရှိခဲ့ကြပါဘူး။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကနေ ကင်းလွတ်ခွင့်ရနေခဲ့ကြပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် အသွင်ကူးပြောင်းရေးမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု(Transitional Justice)
အမှန်တကယ်လိုအပ်နေပါပြီ။ဒါမှသာ တည်ငြိမ်တဲ့၊ငြိမ်းချမ်းတဲ့၊ရေရှည်ခံတဲ့ အသွင်ကူးပြောင်းရေး
ဖြစ်ပါလိမ့်မယ်။
XS
SM
MD
LG