(Zawgyi/Unicode)
စစ္တပ္ကအာဏာသိမ္းမႈေၾကာင့္ အသက္ငင္ေနၿပီျဖစ္တဲ့ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းလို႔ ေခါင္းစဥ္ေပးကာ စင္ကာပူအေျခစိုက္ CNA သတင္းဌာနက၂၀၂၁ ခုႏွစ္၊ဇူလိုင္လ ၉ ရက္ေန႔က ေဖာ္ျပပါတယ္။ကိုဗစ္-၁၉ ကပ္ေရာဂါ ရဲ႕ အက်ိဳးဆက္ေၾကာင့္ ႐ုန္းကန္ေနရခ်ိန္မွာ စစ္တပ္က အာဏာသိမ္းခဲ့တာေၾကာင့္ ပိုၿပီးအေျခအေနေတြဆိုးကာ ျမန္မာ့အထည္ခ်ဳပ္ လုပ္ငန္းေတြရဲ႕အနာဂတ္ဟာ ၿခိမ္းေျခာက္ခံေနရၿပီး ဦးေမာ့လာတဲ့အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ျပည္ပပို႔ကုန္က႑ဟာ အရွိန္ေလ်ာ့က်သြားၿပီး ပ်က္စီးသြားႏိုင္တဲ့ အေျခ ဆို က္ေရာက္ေနၿပီ လို႔လည္း ေဖာ္ျပထားပါတယ္။
ဟုတ္ပါတယ္။ အလုပ္အကိုင္မ်ားစြာ ဖန္တီးေပးႏိုင္ၿပီး ျပည္ပပို႔ကုန္တန္ဖိုးရဲ႕ သုံးပုံ တစ္ပုံ ဝင္ေငြရရွိတဲ့အလား အလာေကာင္းတဲ့ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းဟာ အခုခ်ိန္မွာေတာ့ ခက္ခဲဆိုး႐ြားတဲ့အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အမွာစာေတြ က်ဆင္း၊စက္႐ုံေတြပိတ္သိမ္း၊အလုပ္သမားေတြေလွ်ာ့ခ် စတဲ့ အခက္အခဲေတြ ကို ေက်ာ္လႊားဖို႔ႀကိဳးစားေနခ်ိန္မွာ ႀကီးမားတဲ့ အက်ပ္အတည္းနဲ႔ထပ္မံရင္ဆိုင္ရပါတယ္။
အဲဒါ ကေတာ့ စစ္တပ္ကအာဏာသိမ္းခဲ့တဲ့အတြက္ ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရး မတည္ၿငိမ္မႈပါပဲ။ အက်ိဳးဆက္ကေတာ့ ဆြီဒင္ႏိုင္ငံက H&M၊စပိန္ႏိုင္ငံက Inditex၊ၿဗိတိန္က Primark တို႔အပါအဝင္ ကမာၻေက်ာ္အဝတ္အထည္လုပ္ငန္းႀကီး ၂၀ ေက်ာ္ဟာျမန္မာႏိုင္ငံမွာ လုပ္ငန္း မအပ္ႏွံေတာ့ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါ့အျပင္အထည္ခ်ဳပ္စက္႐ုံ ၂၀၀ ခန႔္ ပိတ္သိမ္းခဲ့ရၿပီး လူေပါင္း တစ္သိန္းခြဲေက်ာ္ ႏွစ္သိန္းနီးပါးအလုပ္လက္မဲ့ျဖစ္ခဲ့ရတယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္ေနတဲ့ အလုပ္သမားသမဂၢေခါင္းေဆာင္ တစ္ဦးထံက သိရပါတယ္။
ဒါ့အျပင္ ႐ိုက္တာ သတင္းဌာနကလည္း အလုပ္အကိုင္ေရာ ေမွ်ာ္လင့္ခ်က္ပါကင္းမဲ့လာတဲ့ ျမန္မာ့အထည္ခ်ဳပ္ လုပ္ငန္းအက်ပ္အတည္း ဆိုတဲ့ေဆာင္းပါးမွာ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း ရဲ႕ ျပည္ပတင္ပို႔ကုန္ဟာ ၂၀၁၁ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၁ ဘီလီယံေအာက္ရွိရာက ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာ ၆.၅ ဘီလီယံအထိ တိုးတက္လာတယ္လို႔ ကမာၻ႔ကုလသမဂၢက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြကို ကိုးကား ေဖာ္ျပၿပီး ကိုဗစ္ကပ္ေရာဂါရဲ႕႐ိုက္ခတ္ မႈေၾကာင့္ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းဟာ ေႏွးေကြး က်ဆင္းကာ အလုပ္သမားေတြ ေသာင္းနဲ႔ခ်ီ အလုပ္အကိုင္ဆုံးရႉံးခဲ့တယ္။ စစ္တပ္ကအာဏာသိမ္းလိုက္ခ်ိန္မွာေတာ့ အလုပ္သမားေတြဟာလမ္းမေပၚထြက္ဆႏၵျပရာမွာ ပါဝင္ၾကတာ၊ဘဏ္လုပ္ငန္းေတြ ပုံမွန္မလည္ပတ္ႏိုင္ေတာ့ တာေတြဟာ ကုန္စည္ေတြျပည္ပတင္ပို႔ႏိုင္ဖို႔ အခက္အခဲျဖစ္ရတယ္လို႔ ၂၀၂၁ ခုႏွစ္၊ဧၿပီ ၈ ရက္ေန႔ကေရးသားထားပါတယ္။
၂၀၁၈၊၂၀၁၉၊၂၀၂၀ ႏွစ္ေတြမွာ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း တိုးတက္ခဲ့ရတာကေတာ့ အရပ္သားေတြ ဦးေဆာင္တဲ့ ဒီမိုကေရစီအစိုးရတက္လာတာေၾကာင့္ အေမရိ ကန္ျပည္ေထာင္စုနဲ႔ ဥေရာပသမဂၢတို႔က စီးပြားေရးပိတ္ဆို႔မႈေတြ ႐ုပ္သိမ္းေပးခဲ့ တယ္။ ဥေရာပသမဂၢ(EU)ကေပးတဲ့ GSP လို႔ေခၚတဲ့ အခြန္သက္သာခြင့္ ကုန္သြယ္ေရး အထူးအခြင့္အေရးေတြ ရရွိခဲ့တယ္။GSP အခြင့္အေရးရတဲ့အတြက္ ျမန္မာႏိုင္ငံကတင္ပို႔တဲ့ အဝတ္အထည္ ေတြအေပၚမွာအခြန္သက္ သာခြင့္၊အခြန္ကင္းလြတ္ ခြင့္ေတြရတဲ့အတြက္ အထည္ခ်ဳပ္လုပ္ငန္းႀကီးေတြဟာ ျမန္မာႏိုင္ငံမွာ လာေရာက္ ရင္းႏွီးျမဳပ္ႏွံလုပ္ ကိုင္လာၾကတာေၾကာင့္ ႏိုင္ငံျခားရင္းႏွိးျမဳပ္ႏွံမႈေတြလည္း တိုးတက္ခဲ့ပါ တယ္။ အထည္ခ်ဳပ္လုပ္ငန္းေတြဟာ လုပ္သားအင္အားအေျချပဳ ျဖစ္တာေၾကာင့္ အလုပ္အကိုင္ အခြင့္အလမ္း အမ်ားအျပားရရွိခဲ့ပါတယ္။အလုပ္သမား ၇ သိန္းေက်ာ္အထိ အလုပ္အကိုင္ ရရွိခဲ့တာေၾကာင့္ အေျခခံလူတန္းစားေတြ ဝင္ေငြရရွိခဲ့ၿပီး ႏိုင္ငံရဲ႕ ဆင္းရဲမြဲေတမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့တာ ေတြ႕ရမွာျဖစ္ပါတယ္။
ဒါေပမဲ့ အလားအလာေကာင္းေနတဲ့ အထည္ခ်ဳပ္ လုပ္ငန္းေတြရဲ႕အေျခအေန ဟာ၂၀၂၁၊ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္းမွာေတာ့ ႐ုတ္ခ်ည္းေျပာင္းလဲသြား ခဲ့ရပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းေတြရဲ႕ လက္ရွိအေနအထားနဲ႔ ပတ္သက္ၿပီးေတာ့အလုပ္သမား အခြင့္အေရးေတြေဆာင္႐ြက္ေနတဲ့ အလုပ္သမားသမဂၢေခါင္းေဆာင္တစ္ဦးက အခုလိုေျပာပါတယ္။
"ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ပို႔ကုန္အေနနဲ႔ အေမရိကန္ေဒၚလာသန္းေပါင္း ၄,၈၀၀ ေက်ာ္(၄.၈ ဘီလီယံေလာက္)ရရွိခဲ့တယ္။ႏို င္ငံျခားပို႔ကုန္လုပ္ငန္းမွာဆိုရင္ သဘာဝဓာတ္ေငြ႕က ရရွိတဲ့ဝင္ေငြကိုေက်ာ္လြန္ၿပီး တိုင္းျပည္ရဲ႕အဓိကအားထားရတဲ့ ပို႔ကုန္ျဖစ္လာတယ္။ဒီလုပ္ငန္းရဲ႕ အလုပ္သမား အင္အားဟာလည္း ၇ သိန္းေက်ာ္ရွိလာတယ္။၂၀၂၄ ခုႏွစ္အေရာက္မွာ ဒီလုပ္ငန္းရဲ႕ ႏိုင္ငံျခားပို႔ကုန္ဟာ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံေလာက္ရဖို႔ေမွ်ာ္မွန္းထားၾကၿပီး အလုပ္သမားဦးေရဟာလည္း တစ္သန္းခြဲေလာက္အ ထိျဖစ္လာဖို႔ရွိပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းဟာ အလုပ္အကိုင္မ်ားစြာ ဖန္တီးေပးပါတယ္။ဒါေပမဲ့ ၂၀၂၀ မွာျဖစ္လာတဲ့ကိုဗစ္-၁၉ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါေၾကာင့္ ဒီလုပ္ငန္းေတြ ခ်ိနဲ႔သြားတယ္။ အမွာစာေတြ က်ဆင္းသြားတယ္။ ဒီကိုဗစ္-၁၉ အက်ပ္အတည္းဟာ ကမာၻလုံးဆိုင္ရာ အက်ပ္အတည္းျဖစ္တယ္။ ဒါေပမဲ့ ဒီအက်ပ္အတည္းဟာ ကာလတိုျဖစ္တယ္။ျပန္ၿပီး ႐ုန္းထႏိုင္တယ္။ ဒီကေန႔ အထည္ခ်ဳပ္လုပ္ငန္းမွာ အဓိကရင္ဆိုင္ေနရတဲ့ျပႆနာက ဒါမဟုတ္ဘူး။အားလုံးသိၾကတဲ့အတိုင္းပဲ ၂၀၂၁၊ေဖေဖာ္ဝါရီလမွာ ျဖစ္ခဲ့တဲ့အာဏာသိမ္းမႈနဲ႔ ဆက္စပ္ၿပီးျဖစ္လာတဲ့ ႏိုင္ငံေရးအက်ပ္အတည္းက အထည္ခ်ဳပ္လုပ္ငန္းရဲ႕ အဓိကစိန္ေခၚမႈႀကီးျဖစ္လာတယ္။"
ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းဟာ အလားအလာေကာင္းတဲ့ လုပ္ငန္းတစ္ခုပါ။အထည္ခ်ဳပ္လုပ္ငန္းႀကီးရဲ႕ ထုတ္လုပ္မႈကြင္းဆက္(Supply Chain)လို႔ေခၚတဲ့ ဝါဂြမ္းကေနခ်ည္မွ်င္ထုတ္တာ၊ခ်ည္မွ်င္ကို ယကၠန္းယက္၊ ေဆးဆိုးပန္း႐ိုက္တာကေန အထည္ခ်ဳပ္၊ထုပ္ပိုးၿပီး သေဘာ္ေပၚတင္ပို႔တဲ့အထိ လုပ္ငန္းစဥ္ေတြမွာ တိုးခ်ဲ႕လုပ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ေတြလည္း ရွိေနပါတယ္။ဒါ့အျပင္ ေဒသတြင္းတ႐ုတ္ႏိုင္ငံမွာအလုပ္သမားခေတြသုံးဆေလာက္ျမင့္တက္သြားတာ၊ဗီယက္နမ္ႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ အထည္ခ်ဳပ္စက္႐ုံေတြ ကာလရွည္ပိတ္လိုတာေတြဟာ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းေတြအတြက္ တကယ့္ အခြင့္အလမ္းေကာင္းေတြပါ။
ဒါေပမဲ့ အခုလိုေပၚေပါက္လာတဲ့ အခြင့္အလမ္းေကာင္းေတြကို ရယူႏိုင္ဖို႔၊အသုံးခ်ႏိုင္ဖို႔ဆိုတာ ေလာေလာဆယ္မွာေတာ့ ဘယ္လိုမွ ျဖစ္ႏိုင္ေျခမရွိဘူးလို႔ပဲဆိုရမွာပါ။ဘာေၾကာင့္လဲဆိုေတာ့ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ျပည္တြင္းကေန ရင္းႏွီးျမဳပ္ႏွံမႈေတြထြက္ခြာသြားၾကတယ္။ အထည္ခ်ဳပ္စက္႐ုံေတြပိတ္သိမ္း၊ အလုပ္သမားေတြေလွ်ာ့ခ်ၾကတယ္၊ တည္ၿငိမ္ေအးခ်မ္းမႈလည္း မရွိေတာ့တဲ့အျပင္ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပသမဂၢတို႔ကလည္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရးအတြက္ စစ္ေကာင္စီကို ဖိအားေပးတဲ့ အေနနဲ႔ စီးပြားေရးအရ ပိတ္ဆို႔အေရးယူ ဒဏ္ခတ္တာေတြ လုပ္လာၾကလို႔ပါပဲ။ဒါေၾကာင့္မို႔ အထည္ခ်ဳပ္လုပ္ငန္းေတြ ဆက္လက္ရပ္တည္ဖို႔ခက္ခဲကာ အလုပ္လက္မဲ့ဦးေရဟာလည္း ဆက္လက္တိုးပြားလာစရာရွိေနပါတယ္ခင္ဗ်ား။
-----------------------------
(Unicode)
အသက်ငင်နေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ လက်ရှိအခြေအနေ
စစ်တပ်ကအာဏာသိမ်းမှုကြောင့် အသက်ငင်နေပြီဖြစ်တဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းလို့ ခေါင်းစဉ်ပေးကာ စင်ကာပူအခြေစိုက် CNA သတင်းဌာနက၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၉ ရက်နေ့က ဖော်ပြပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါ ရဲ့ အကျိုးဆက်ကြောင့် ရုန်းကန်နေရချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ပိုပြီးအခြေအနေတွေဆိုးကာ မြန်မာ့အထည်ချုပ် လုပ်ငန်းတွေရဲ့အနာဂတ်ဟာ ခြိမ်းခြောက်ခံနေရပြီး ဦးမော့လာတဲ့အထည်ချုပ်လုပ်ငန်းရဲ့ ပြည်ပပို့ကုန်ကဏ္ဍဟာ အရှိန်လျော့ကျသွားပြီး ပျက်စီးသွားနိုင်တဲ့ အခြေ ဆို က်ရောက်နေပြီ လို့လည်း ဖော်ပြထားပါတယ်။
ဟုတ်ပါတယ်။ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး ပြည်ပပို့ကုန်တန်ဖိုးရဲ့ သုံးပုံ တစ်ပုံ ဝင်ငွေရရှိတဲ့အလား အလာကောင်းတဲ့မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ အခုချိန်မှာတော့ ခက်ခဲဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် အမှာစာတွေ ကျဆင်း၊စက်ရုံတွေပိတ်သိမ်း၊အလုပ်သမားတွေလျှော့ချ စတဲ့ အခက်အခဲတွေ ကို ကျော်လွှားဖို့ကြိုးစားနေချိန်မှာ ကြီးမားတဲ့ အကျပ်အတည်းနဲ့ထပ်မံရင်ဆိုင်ရပါတယ်။
အဲဒါ ကတော့ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုပါပဲ။ အကျိုးဆက်ကတော့ ဆွီဒင်နိုင်ငံက H&M၊စပိန်နိုင်ငံက Inditex၊ဗြိတိန်က Primark တို့အပါအဝင် ကမ္ဘာကျော်အဝတ်အထည်လုပ်ငန်းကြီး ၂၀ ကျော်ဟာမြန်မာနိုင်ငံမှာ လုပ်ငန်း မအပ်နှံတော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင်အထည်ချုပ်စက်ရုံ ၂၀၀ ခန့် ပိတ်သိမ်းခဲ့ရပြီး လူပေါင်း တစ်သိန်းခွဲကျော် နှစ်သိန်းနီးပါးအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် တစ်ဦးထံက သိရပါတယ်။
ဒါ့အပြင် ရိုက်တာ သတင်းဌာနကလည်း အလုပ်အကိုင်ရော မျှော်လင့်ချက်ပါကင်းမဲ့လာတဲ့ မြန်မာ့အထည်ချုပ် လုပ်ငန်းအကျပ်အတည်း ဆိုတဲ့ဆောင်းပါးမှာ မြန်မာ့အထည်ချုပ်လုပ်ငန်း ရဲ့ ပြည်ပတင်ပို့ကုန်ဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်ရှိရာက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆.၅ ဘီလီယံအထိ တိုးတက်လာတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကား ဖော်ပြပြီး ကိုဗစ်ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ နှေးကွေး ကျဆင်းကာ အလုပ်သမားတွေ သောင်းနဲ့ချီ အလုပ်အကိုင်ဆုံးရှူံးခဲ့တယ်။စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာတော့အလုပ်သမားတွေဟာလမ်းမပေါ်ထွက်ဆန္ဒပြရာမှာ ပါဝင်ကြတာ၊ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တော့ တာတွေဟာ ကုန်စည်တွေပြည်ပတင်ပို့နိုင်ဖို့ အခက်အခဲဖြစ်ရတယ်လို့ ၂၀၂၁ ခုနှစ်၊ဧပြီ ၈ ရက်နေ့ကရေးသားထားပါတယ်။
၂၀၁၈၊၂၀၁၉၊၂၀၂၀ နှစ်တွေမှာ မြန်မာ့အထည်ချုပ်လုပ်ငန်း တိုးတက်ခဲ့ရတာကတော့ အရပ်သားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရတက်လာတာကြောင့် အမေရိ ကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးခဲ့ တယ်။ ဥရောပသမဂ္ဂ(EU)ကပေးတဲ့ GSP လို့ခေါ်တဲ့ အခွန်သက်သာခွင့် ကုန်သွယ်ရေး အထူးအခွင့်အရေးတွေ ရရှိခဲ့တယ်။GSP အခွင့်အရေးရတဲ့အတွက် မြန်မာနိုင်ငံကတင်ပို့တဲ့ အဝတ်အထည် တွေအပေါ်မှာအခွန်သက် သာခွင့်၊အခွန်ကင်းလွတ် ခွင့်တွေရတဲ့အတွက် အထည်ချုပ်လုပ်ငန်းကြီးတွေဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံလုပ် ကိုင်လာကြတာကြောင့် နိုင်ငံခြားရင်းနှိးမြုပ်နှံမှုတွေလည်း တိုးတက်ခဲ့ပါ တယ်။ အထည်ချုပ်လုပ်ငန်းတွေဟာ လုပ်သားအင်အားအခြေပြု ဖြစ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်း အများအပြားရရှိခဲ့ပါတယ်။အလုပ်သမား ၇ သိန်းကျော်အထိ အလုပ်အကိုင် ရရှိခဲ့တာကြောင့် အခြေခံလူတန်းစားတွေ ဝင်ငွေရရှိခဲ့ပြီး နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အလားအလာကောင်းနေတဲ့ အထည်ချုပ် လုပ်ငန်းတွေရဲ့အခြေအနေ ဟာ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ ရုတ်ချည်းပြောင်းလဲသွား ခဲ့ရပါတယ်။ အထည်ချုပ်လုပ်ငန်းတွေရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်ပြီးတော့အလုပ်သမား အခွင့်အရေးတွေဆောင်ရွက်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက အခုလိုပြောပါတယ်။
"မြန်မာ့အထည်ချုပ်လုပ်ငန်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၄,၈၀၀ ကျော်(၄.၈ ဘီလီယံလောက်)ရရှိခဲ့တယ်။နို င်ငံခြားပို့ကုန်လုပ်ငန်းမှာဆိုရင် သဘာဝဓာတ်ငွေ့က ရရှိတဲ့ဝင်ငွေကိုကျော်လွန်ပြီး တိုင်းပြည်ရဲ့အဓိကအားထားရတဲ့ ပို့ကုန်ဖြစ်လာတယ်။ဒီလုပ်ငန်းရဲ့ အလုပ်သမား အင်အားဟာလည်း ၇ သိန်းကျော်ရှိလာတယ်။၂၀၂၄ ခုနှစ်အရောက်မှာ ဒီလုပ်ငန်းရဲ့ နိုင်ငံခြားပို့ကုန်ဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက်ရဖို့မျှော်မှန်းထားကြပြီး အလုပ်သမားဦးရေဟာလည်း တစ်သန်းခွဲလောက်အ ထိဖြစ်လာဖို့ရှိပါတယ်။ အထည်ချုပ်လုပ်ငန်းဟာ အလုပ်အကိုင်များစွာ ဖန်တီးပေးပါတယ်။ဒါပေမဲ့ ၂၀၂၀ မှာဖြစ်လာတဲ့ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ဒီလုပ်ငန်းတွေ ချိနဲ့သွားတယ်။ အမှာစာတွေ ကျဆင်းသွားတယ်။ဒီကိုဗစ်-၁၉ အကျပ်အတည်းဟာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်တယ်။ဒါပေမဲ့ ဒီအကျပ်အတည်းဟာ ကာလတိုဖြစ်တယ်။ပြန်ပြီး ရုန်းထနိုင်တယ်။ ဒီကနေ့ အထည်ချုပ်လုပ်ငန်းမှာ အဓိကရင်ဆိုင်နေရတဲ့ပြဿနာက ဒါမဟုတ်ဘူး။အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၁၊ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့တဲ့အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းက အထည်ချုပ်လုပ်ငန်းရဲ့ အဓိကစိန်ခေါ်မှုကြီးဖြစ်လာတယ်။"
မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ အလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခုပါ။အထည်ချုပ်လုပ်ငန်းကြီးရဲ့ ထုတ်လုပ်မှုကွင်းဆက်(Supply Chain)လို့ခေါ်တဲ့ ဝါဂွမ်းကနေချည်မျှင်ထုတ်တာ၊ချည်မျှင်ကို ယက္ကန်းယက်၊ ဆေးဆိုးပန်းရိုက်တာကနေ အထည်ချုပ်၊ထုပ်ပိုးပြီး သဘော်ပေါ်တင်ပို့တဲ့အထိ လုပ်ငန်းစဉ်တွေမှာ တိုးချဲ့လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေလည်း ရှိနေပါတယ်။ဒါ့အပြင် ဒေသတွင်းတရုတ်နိုင်ငံမှာအလုပ်သမားခတွေသုံးဆလောက်မြင့်တက်သွားတာ၊ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကြောင့် အထည်ချုပ်စက်ရုံတွေ ကာလရှည်ပိတ်လိုတာတွေဟာ မြန်မာအထည်ချုပ်လုပ်ငန်းတွေအတွက် တကယ့် အခွင့်အလမ်းကောင်းတွေပါ။
ဒါပေမဲ့ အခုလိုပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကောင်းတွေကို ရယူနိုင်ဖို့၊အသုံးချနိုင်ဖို့ဆိုတာ လောလောဆယ်မှာတော့ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူးလို့ပဲဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ပြည်တွင်းကနေ ရင်းနှီးမြုပ်နှံမှုတွေထွက်ခွာသွားကြတယ်။ အထည်ချုပ်စက်ရုံတွေပိတ်သိမ်း၊ အလုပ်သမားတွေလျှော့ချကြတယ်၊ တည်ငြိမ်အေးချမ်းမှုလည်း မရှိတော့တဲ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် စစ်ကောင်စီကို ဖိအားပေးတဲ့ အနေနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာတွေ လုပ်လာကြလို့ပါပဲ။ဒါကြောင့်မို့ အထည်ချုပ်လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ခက်ခဲကာ အလုပ်လက်မဲ့ဦးရေဟာလည်း ဆက်လက်တိုးပွားလာစရာရှိနေပါတယ်ခင်ဗျား။