သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်မေ့ဖွယ်နေ့အခမ်းအနား သမ္မတဘိုင်ဒန်တက်ရောက် မိန့်ခွန်းပြော


အမေရိကန်သမ္မတ Joe Biden ၁၅၆ ကြိမ်မြောက် နိုင်ငံံတော် အောက်မ့ဖွယ်နေ့အခမ်းအနားမိန့်ခွန်းကို အာလင်တန်အမျိုးသားစစ်သင်္ချိုင်းမှာ ပြောကြားစဥ်။ (မေ ၂၇၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden ၁၅၆ ကြိမ်မြောက် နိုင်ငံံတော် အောက်မ့ဖွယ်နေ့အခမ်းအနားမိန့်ခွန်းကို အာလင်တန်အမျိုးသားစစ်သင်္ချိုင်းမှာ ပြောကြားစဥ်။ (မေ ၂၇၊ ၂၀၂၄)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ပြည်ထောင်စုကို ပိုမိုပြီးပြည့်စုံတဲ့နိုင်ငံတခုဖြစ်လာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့မေလ ၂၇ ရက်နေ့မှာကျရောက်တဲ့ အောက်မေ့ဖွယ်နေ့မှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတွက် အသက်စွန့်သွားခဲ့ကြတဲ့ ကျဆုံးစစ်သည်တော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဥ်ကျင်းပတဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားကျင်းပရာ အာလင်တန်စစ်သင်္ချိုင်းမှာ သမ္မတဘိုင်ဒန်က အဲဒီလိုပြောဆိုသွားတာပါ။ နိုင်ငံ့ဝန်ထမ်းတွေရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ အချည်းနှီးမဖြစ်ရအောင် မျိုးဆက်တိုင်း ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်း သမ္မတဘိုင်ဒန်က အောက်မေ့ဖွယ်နေ့အခမ်းအနားမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

လွတ်လပ်မှုဆိုတာ အမြဲတည်ရှိနေမယ်လို့ အာမ,မခံနိုင်သလို နောင်မျိုးဆက်တိုင်း လွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ဖို့၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ဖို့၊ သက်ဦးဆံပိုင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြား လူနည်းစုရဲ့ လောဘတရားနဲ့ လူအများရဲ့လူ့အခွင့်အရေးတွေ အားပြိုင်တဲ့အခါမှာ လွတ်လပ်မှုဘက်က ရပ်တည်ကာကွယ်ဖို့လိုတယ်လို့လည်း ပြောဆိုသွားပါတယ်။

အောက်မေ့ဖွယ်အခမ်းအနား မစတင်ခင်မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့အတူ ဒုသမ္မတ Kamala Harria နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့က အမည်မသိကျဆုံးစစ်သည်တော်တွေရဲ့ အုတ်ဂူမှာ လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။

အောက်မေ့ဖွယ်နေ့အခမ်းအနား သမ္မတဘိုင်ဒန်တက်ရောက်မိန့်ခွန်းပြော
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG