သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စိတ္ႂကြေဆးထုတ္လုပ္ရာမွာသုံးတဲ့ ဓာတုပစၥည္းေတြ ျမန္မာႏိုင္ငံဖက္ တင္ပို႔မႈ ထိုင္းအစိုးရထိန္းခ်ဳပ္မည္ 


drug from golden triangle seized in Thailand (မွတ္တမ္းဓါတ္ပုံ )

Methamphetamine စိတ္ႂကြေဆးထုတ္လုပ္ရာမွာသုံးတဲ့ ဓာတုပစၥည္းေတြ ျမန္မာႏိုင္ငံဖက္ တင္ပို႔မႈေတြ ထိန္းခ်ဳပ္ဖို႔ ထိုင္းအာဏာပိုင္ေတြ ျပင္ဆင္ေနပါတယ္။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာျဖစ္ပါတယ္။  


စိတ္ႂကြေဆးထုတ္လုပ္ရာမွာသုံးတဲ့ ဓာတုပစၥည္းေတြ ျမန္မာႏိုင္ငံဖက္ တင္ပို႔မႈ ထိုင္းအစိုးရထိန္းခ်ဳပ္မည္


{{Zawgyi/Unicode }}

Methamphetamine စိတ္ႂကြေဆးထုတ္လုပ္ရာမွာသုံးတဲ့ ဓာတုပစၥည္းေတြ ျမန္မာႏိုင္ငံဖက္ တင္ပို႔မႈေတြ ထိန္းခ်ဳပ္ဖို႔ ထိုင္းအာဏာပိုင္ေတြ ျပင္ဆင္ေနပါတယ္။ စိတ္ႂကြေဆးထုတ္လုပ္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ရည္ရြယ္တဲ့အေနနဲ႔ Sodium Cyanide တင္ပို႔မႈေတြ ရပ္ဆိုင္းထားဖို႔ ထိုင္းအစိုးရက လႊတ္ေတာ္ကို တင္ျပမယ့္အေၾကာင္း ထိုင္းတရားေရး၀န္ႀကီးကေျပာဆိုလိုက္တာပါ။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးဝါးမႈနဲ႔ ဆက္ႏြယ္ေနတဲ့ ရဲအရာရွိေဟာင္းတဦး လက္ခ်က္နဲ႔ မူႀကိဳေက်ာင္းမွာ ကေလးအမ်ားစု အပါအ၀င္ လူ ၃၇ ေယာက္ ေသဆုံးခဲ့ၿပီးေနာက္ အစိုးရက မူးယစ္ေဆးဝါး ႏွိမ္နင္းမႈေတြ တိုးျမႇင့္လာပါတယ္။ ထုိင္းႏုိင္ငံထဲကို ထုိင္းျမန္မာ လာအို၀္ သံုးႏိုင္ငံဆံုရာ ေရႊႀတိဂံေဒသထုတ္ မူးယစ္ေဆး၀ါးေတြ သန္းနဲ႔ခ်ီျပီး မႀကာခန ၀င္ေရာက္ေနတာေႀကာင့္ မူးယစ္ႏွိမ္နင္းေရးကုိ အပူးတျပင္း လုပ္ေဆာင္ေနတာပါ ။ အခုအခါမွာေတာ့ Methamphetamine စိတ္ႀကြေဆးျပား အေျမာက္အျမား ထုတ္လုပ္နိုင္တဲ့ ကုန္ႀကမ္းျဖစ္တဲ့ Sodium Cyanide ျမန္မာႏိုင္ငံကို တင္ပို႔တာေတြ ရပ္ဆုိင္းထားဖို႔ ေအာက္တိုဘာလ ၃၁ရက္ေန႔ က်င္းပခဲ့တဲ့ မူးယစ္ေဆး၀ါး ကာကြယ္ထိမ္းခ်ဳပ္ေရး အေရးေပၚ အစည္းေ၀းမွာ ဆံုးျဖတ္ခဲ့ႀကျပီး ထုိင္းအစုိးရ လြတ္ေတာ္မွာလည္း ေဆြးေႏြးသြားမယ္လို႔ ထုိင္းတရားေရး၀န္ႀကီး Somsak Thepsutim ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

သူေျပာသြားတာကေတာ့ ထိုင္းနိုင္ငံမွာ Sodium Cyanide ကို ျပည္ပႏုိင္ငံေတြက တင္သြင္းတာက၁၁၅၀တန္ခ်ိန္ တင္သြင္းလာခဲ့ျပီး ထိုင္းႏို္င္ငံတြင္းအသံုးျပဳတာက တန္ခ်ိန္ ၃၀၀ေက်ာ္သာ ရွိျပီး က်န္တဲ့တန္ခ်ိန္ ၈၀၀ေက်ာ္ကုိျမန္မာဘက္ကို တင္ပိုလိုက္တာေတြ႔ရတယ္လို႔ဆုိပါတယ္။

Sodium Cyanide ဟာ စိတ္ႀကြေဆး ထုတ္လုပ္ရာမွာ အသံုးျပဳႏိုင္တဲ့ ကုန္ႀကမ္းျဖစ္တာေႀကာင့္ ျမန္မာဘက္ကို တင္ပို႔တာ ရပ္ဆိုင္းဖို႔ လြတ္ေတာ္မွာအဆိုတင္သြင္းသြားမယ္လို႔ လည္းဆိုပါတယ္။

Sodium Cyanide ဟာ ထိုင္းနိုင္ငံအတြင္းမွာေတာ့ Metal Coating သတၳဳ႔ေတြကို အေရာင္တင္တဲ့ စက္ရံုေတြမွာ အသံုးျပဳဖို႔ ခြင့္ျပဳထားပါတယ္ ။၂၀၂၀ ခုႏွွစ္ထဲမွာေတာ့ ထုိင္းဘက္က Sodium Cyanide တန္ခ်ိန္ ၁၁၅၀ တင္သြင္းခဲ့ျပီး ထုိင္းကေနတဆင္႔ ျမန္မာဘက္ကို တန္ခ်ိန္ ၈၁၀ တင္ပို႔ခဲ့တာေႀကာင့္ ဒီကုန္ႀကမ္းေတြကေန မူးယစ္ေဆး၀ါးေတြ ထုတ္လုပ္မွာကို ထုိင္းဘက္က စိုးရိမ္ပံုရတယ္လို႔လည္း ထုိင္းနိုင္ငံက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦး ကလည္း အခုလိုေျပာပါတယ္။

" ျမန္မာက မူးယစ္ေဆး၀ါး အႀကီးအက်ယ္ထုတ္လုပ္တဲ့ ေဒသတြင္း တိုင္းျပည္ျဖစ္ေနတာ။ အဲဒါေတြက သူတို႔တုိင္းျပည္ကုိ ျပန္၀င္တာေလ။ တကယ္လို႔ အဲဒီ တန္ေပါင္း ၈၀၀ေက်ာ္ကို အသံုးခ်ျပီး မူးယစ္ေဆး၀ါးေတြ လုပ္မယ္ဆိုရင္ Methamphetamine (၁၆. ၀၆) ဘီလီလ်ွံေလာက္ အလံုးေရ အဲဒီေလာက္ ထုတ္လုပ္လို႔ရမယ္။ အဲဒါေတြက သူတို႔ႏိုင္ငံထဲကို ၀င္လာမွာ စိုးရိမ္ေနတယ္ "

အခုလို ထိုင္းအစိုးရ အေနနဲ႔ Sodium Cyanide ျပည္ပကို မေရာင္းခ်ဖို႔ တင္းႀကပ္တဲ့ ဖိအားေပးမူက ျမန္မာႏိုင္ငံအတြင္း သက္ေရာက္မူ ရွိမွာမဟုတ္ေႀကာင္း၊ ထုိင္းက မေရာင္းရင္လည္း တရုတ္ကေန တိုက္ရိုက္ ၀ယ္ယူႏိုင္တယ္လို႔ ထုိင္းလုပ္ငန္းရွင္ေတြက မွတ္ခ်က္ေပးႀကပါတယ္။

အခုရက္ပိုင္းအတြင္း ထိုင္းျမန္မာနယ္စပ္ ခ်င္းမိုင္ နဲ ႔ခ်င္ရိုင္း ျပည္နယ္ေတြမွာ စိတ္ၾကြေဆးျပား အလံုးေရ သန္း၂၀ေက်ာ္ ဖမ္းမိခဲ့တယ္လို႔လည္း ထိုင္း မူးယစ္ နိမ္နင္းေရး ဗ်ဴရို ကလည္း ထုတ္ျပန္ထားပါတယ္။

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း နယ္စပ္ေဒသ ကေန ေန႔စဥ္ စိတ္ႂကြေဆးျပား အနည္းဆုံး သန္း ၂၈၀ မူးယစ္ေဆးထုတ္လုပ္သူေတြက တင္ပို႔ေနၾကတဲ့ အေၾကာင္း ေအာက္တိုဘာလထဲမွာ ထိုင္းတရားေရး၀န္ႀကီး Somsak Thepsutin ေျပာဆိုတာကို ထိုင္းႏိုင္ငံထုတ္ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

အဲဒီအခ်ိန္ကေတာ့ ထိုင္းနယ္စပ္ အျပင္ဘက္ ေနရာအႏွံ႔ ပ်ံ႔ႏွံ႔ေနတဲ့ စက္႐ုံ ၇ ခုရွိၿပီး စိတ္ႂကြေဆး အမ်ားအျပား ထုတ္လုပ္ေနတဲ့အေၾကာင္း ၀န္ႀကီး Somsak ကေျပာေပမဲ့ ျမန္မာႏိ္ုင္ငံ ဆိုတဲ့ နာမည္ကိုေတာ့ ထည့္သြင္းေျပာၾကားသြားျခင္း မရွိပါဘူး။ ဒါေပမဲ့လည္း စိတ္ႂကြေဆးျပား စက္႐ုံေတြဟာ ျမန္မာႏိုင္ငံဘက္မွာလို႔ ထိုင္းသတင္းစာက ေရးပါတယ္။ အခုအခါမွာေတာ့ စိတ္ႀကြေဆးျပား အေျမာက္အျမား ထုတ္လုပ္နိုင္တဲ့ ကုန္ႀကမ္းျဖစ္တဲ့ Sodium Cyanide ေတြကို ျမန္မာႏိုင္ငံဘက္ တင္ပိုတာေတြ ရပ္ဆုိင္းထားဖို့ ဆံုးျဖတ္ျပီး ထုိင္းအစုိးရ နဲ႔ လႊတ္ေတာ္မွာ ေဆြးေႏြးသြားမယ္လို႔ ေျပာသြားပါတယ္၊

ကပ္ေရာဂါကူးစက္မႈေတြနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြကို အသုံးခ်ၿပီး ျမန္မာႏိုင္ငံနယ္ျခား ေရႊႀတိဂံနယ္ဘက္မွာ လက္နက္ကိုင္ ရာဇ၀တ္ဂိုဏ္းေတြက မူးယစ္ေဆး၀ါးေတြ ပိုၿပီး ထုတ္လုပ္ျဖန္႔ခ်ီေနၾကတဲ့အေၾကာင္း ကုလသမဂၢ မူးယစ္ေဆးနဲ႔ ရာဇ၀တ္မႈ တိုက္ဖ်က္ေရးအဖြဲ႕ UNODC ကလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................................


စိတ်ကြွဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ မြန်မာနိုင်ငံဖက် တင်ပို့မှု ထိုင်းအစိုးရထိန်းချုပ်မည်
{{Zawgyi/Unicode }}

Methamphetamine စိတ်ကြွဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ မြန်မာနိုင်ငံဖက် တင်ပို့မှုတွေ ထိန်းချုပ်ဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ စိတ်ကြွဆေးထုတ်လုပ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ Sodium Cyanide တင်ပို့မှုတွေ ရပ်ဆိုင်းထားဖို့ ထိုင်းအစိုးရက လွှတ်တော်ကို တင်ပြမယ့်အကြောင်း ထိုင်းတရားရေးဝန်ကြီးကပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ ပြောပြပေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွယ်နေတဲ့ ရဲအရာရှိဟောင်းတဦး လက်ချက်နဲ့ မူကြိုကျောင်းမှာ ကလေးအများစု အပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပြီးနောက် အစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေ တိုးမြှင့်လာပါတယ်။ ထိုင်းနိုင်ငံထဲကို ထိုင်းမြန်မာ လာအိုဝ် သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးတွေ သန်းနဲ့ချီပြီး မကြာခန ဝင်ရောက်နေတာကြောင့် မူးယစ်နှိမ်နင်းရေးကို အပူးတပြင်း လုပ်ဆောင်နေတာပါ ။ အခုအခါမှာတော့ Methamphetamine စိတ်ကြွဆေးပြား အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဖြစ်တဲ့ Sodium Cyanide မြန်မာနိုင်ငံကို တင်ပို့တာတွေ ရပ်ဆိုင်းထားဖို့ အောက်တိုဘာလ ၃၁ရက်နေ့ ကျင်းပခဲ့တဲ့ မူးယစ်ဆေးဝါး ကာကွယ်ထိမ်းချုပ်ရေး အရေးပေါ် အစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြပြီး ထိုင်းအစိုးရ လွတ်တော်မှာလည်း ဆွေးနွေးသွားမယ်လို့ ထိုင်းတရားရေးဝန်ကြီး Somsak Thepsutim ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့ ထိုင်းနိုင်ငံမှာ Sodium Cyanide ကို ပြည်ပနိုင်ငံတွေက တင်သွင်းတာက၁၁၅၀တန်ချိန် တင်သွင်းလာခဲ့ပြီး ထိုင်းနိုင်ငံတွင်းအသုံးပြုတာက တန်ချိန် ၃၀၀ကျော်သာ ရှိပြီး ကျန်တဲ့တန်ချိန် ၈၀၀ကျော်ကိုမြန်မာဘက်ကို တင်ပိုလိုက်တာတွေ့ရတယ်လို့ဆိုပါတယ်။

Sodium Cyanide ဟာ စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ကုန်ကြမ်းဖြစ်တာကြောင့် မြန်မာဘက်ကို တင်ပို့တာ ရပ်ဆိုင်းဖို့ လွတ်တော်မှာအဆိုတင်သွင်းသွားမယ်လို့ လည်းဆိုပါတယ်။

Sodium Cyanide ဟာ ထိုင်းနိုင်ငံအတွင်းမှာတော့ Metal Coating သတ္ထု့တွေကို အရောင်တင်တဲ့ စက်ရုံတွေမှာ အသုံးပြုဖို့ ခွင့်ပြုထားပါတယ် ။၂၀၂၀ ခုနှစ်ထဲမှာတော့ ထိုင်းဘက်က Sodium Cyanide တန်ချိန် ၁၁၅၀ တင်သွင်းခဲ့ပြီး ထိုင်းကနေတဆင့် မြန်မာဘက်ကို တန်ချိန် ၈၁၀ တင်ပို့ခဲ့တာကြောင့် ဒီကုန်ကြမ်းတွေကနေ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှာကို ထိုင်းဘက်က စိုးရိမ်ပုံရတယ်လို့လည်း ထိုင်းနိုင်ငံက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦး ကလည်း အခုလိုပြောပါတယ်။

" မြန်မာက မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ်လုပ်တဲ့ ဒေသတွင်း တိုင်းပြည်ဖြစ်နေတာ။ အဲဒါတွေက သူတို့တိုင်းပြည်ကို ပြန်ဝင်တာလေ။ တကယ်လို့ အဲဒီ တန်ပေါင်း ၈၀၀ကျော်ကို အသုံးချပြီး မူးယစ်ဆေးဝါးတွေ လုပ်မယ်ဆိုရင် Methamphetamine (၁၆. ၀၆) ဘီလီလျှံလောက် အလုံးရေ အဲဒီလောက် ထုတ်လုပ်လို့ရမယ်။ အဲဒါတွေက သူတို့နိုင်ငံထဲကို ဝင်လာမှာ စိုးရိမ်နေတယ် "

အခုလို ထိုင်းအစိုးရ အနေနဲ့ Sodium Cyanide ပြည်ပကို မရောင်းချဖို့ တင်းကြပ်တဲ့ ဖိအားပေးမူက မြန်မာနိုင်ငံအတွင်း သက်ရောက်မူ ရှိမှာမဟုတ်ကြောင်း၊ ထိုင်းက မရောင်းရင်လည်း တရုတ်ကနေ တိုက်ရိုက် ဝယ်ယူနိုင်တယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက မှတ်ချက်ပေးကြပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ချင်းမိုင် နဲ့ချင်ရိုင်း ပြည်နယ်တွေမှာ စိတ်ကြွဆေးပြား အလုံးရေ သန်း၂၀ကျော် ဖမ်းမိခဲ့တယ်လို့လည်း ထိုင်း မူးယစ် နိမ်နင်းရေး ဗျူရို ကလည်း ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသ ကနေ နေ့စဉ် စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၂၈၀ မူးယစ်ဆေးထုတ်လုပ်သူတွေက တင်ပို့နေကြတဲ့ အကြောင်း အောက်တိုဘာလထဲမှာ ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin ပြောဆိုတာကို ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီအချိန်ကတော့ ထိုင်းနယ်စပ် အပြင်ဘက် နေရာအနှံ့ ပျံ့နှံ့နေတဲ့ စက်ရုံ ၇ ခုရှိပြီး စိတ်ကြွဆေး အများအပြား ထုတ်လုပ်နေတဲ့အကြောင်း ဝန်ကြီး Somsak ကပြောပေမဲ့ မြန်မာနိုင်ငံ ဆိုတဲ့ နာမည်ကိုတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း စိတ်ကြွဆေးပြား စက်ရုံတွေဟာ မြန်မာနိုင်ငံဘက်မှာလို့ ထိုင်းသတင်းစာက ရေးပါတယ်။ အခုအခါမှာတော့ စိတ်ကြွဆေးပြား အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဖြစ်တဲ့ Sodium Cyanide တွေကို မြန်မာနိုင်ငံဘက် တင်ပိုတာတွေ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ပြီး ထိုင်းအစိုးရ နဲ့ လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ပြောသွားပါတယ်၊

ကပ်ရောဂါကူးစက်မှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အသုံးချပြီး မြန်မာနိုင်ငံနယ်ခြား ရွှေတြိဂံနယ်ဘက်မှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ဆေးဝါးတွေ ပိုပြီး ထုတ်လုပ်ဖြန့်ချီနေကြတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ UNODC ကလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG