သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြါးေရး အက်ပ္အတည္း ႏွင့္ လက္ရွိႏိုင္ငံေရး အေျခအေန


တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ တေန႔တျခား က်ပ္တည္းလာတဲ့ ေငြေၾကးျပႆနာနဲ႔ က်ဆင္းလာတဲ့ စီးပြါးေရးအေျခအေနဟာ ဘယ္အထိ က်ယ္ဝန္းနက္ရႈိင္းေနပါသလဲ။ မတည္မၿငိမ္ျဖစ္ေနတဲ့ လက္ရွိႏိုင္ငံေရး အေျခအေနအေပၚမွာေကာ ဘယ္လို ႐ိုက္ခတ္လာႏိုင္ပါသလဲ။ စီးပြားေရးပညာရွင္ ဦးစိန္ေဌး နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

(Zawgyi/Unicode)

ေမး ။ ။ ဆရာဦးစိန္ေဌး .. ဒီေန႔ က်ေနာ္ေဆြးေႏြးခ်င္တာကေတာ့ အခက္ႀကံဳေနရတဲ့ ျမန္မာႏိုင္ငံရဲ ႔ ႏိုင္ငံေရးကို အခုႀကံဳေတြ႔ေနရတဲ့ စီးပြားေရးအခက္အခဲက ဘယ္ေလာက္အထိ ထိခိုက္ေစမလဲ။ ဘယ္ေလာက္အထိ ပိုမိုဆိုးဝါးေစမလဲဆိုတာ ျဖစ္ပါတယ္။ ဒီကိစၥကို မေျပာခင္၊ အခုစီးပြားေရးအခက္အခဲက ဘယ္ေလာက္အထိ နက္ရိွဳင္းသလဲ။ ျပႆနာ ဘယ္ေလာက္အထိ ႀကီးမားသလဲဆိုတာကို ေျပာျပပါ။

ေျဖ ။ ။ အခုလက္ရိွ အာဏာသိမ္းလိုက္တဲ့ ေဖေဖၚဝါရီလ (၁) ရက္ေန႔ကစၿပီးေတာ့ တိုင္းျပည္ရဲ ႔ စီးပြားေရးက စကားတစ္လံုးတည္းနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ေခ်ာက္ထဲကို ေရာက္သြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ျပႆနာက တုိင္းျပည္က ဒီမိုကေရစီလမ္းေၾကာင္းကို သြားေနၿပီ။ ကမာၻႀကီးရဲ ႔ စီးပြားေရးအားျဖင့္၊ ႏုိင္ငံေရးအားျဖင့္ Open လုပ္ၿပီးေတာ့မွ ဆက္ဆံေနတဲ့ အေျခအေနအားလံုးကို ပိတ္လိုက္တဲ့ အက်ဳိးဆက္သည္ ေငြေရးေၾကးေရးတစ္ခုတည္း မဟုတ္ပါဘူး။ တိုင္းျပည္ရဲ ႔ ထုတ္လုပ္မႈေတြ ကုန္သြယ္မႈေတြ။ ကုန္သြယ္မႈဆိုတာ ျပည္တြင္း-ျပည္ပ ကုန္သြယ္မႈအပါအဝင္ ႏိုင္ငံတကာနဲ႔ ဆက္သြယ္တဲ့ ေငြေၾကးစီးဆင္းမႈကအစ ျပည္တြင္းဝင္ေငြသံုး အားလံုးသည္ အႏုတ္လကၡဏာကို ေဆာင္သြားမွာ ျဖစ္တဲ့အတြက္ေၾကာင့္ တုိင္းျပည္ရဲ ႔ စီးပြားေရးက အခ်ဳပ္ေျပာရရင္ ေခ်ာက္ထဲကို ထိုးဆင္းသြားတဲ့အတြက္ ျပည္သူလူထုကေတာ့ အလြန္တရာ အတိုင္းအဆ သိပ္ႀကီးမားတဲ့ စီးပြားေရးဒဏ္ကို ခံရၿပီလို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ဒါေပမဲ့လဲ တခ်ိန္တုန္းကလည္း စစ္အစိုးရအဆက္ဆက္ တနည္းအားျဖင့္ စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳတဲ့ အစိုးရအဆက္ဆက္ ေျပာခဲ့တာက ဘယ္လိုပဲျဖစ္ပါေစ ျမန္မာႏိုင္ငံက စိုက္ပ်ဳိးေရးႏုိင္ငံ၊ သားငါးပုဇြန္ေတြ ရိွတယ္။ စိုက္ပ်ဳိးေရးထြက္ကုန္ေတြ ရိွတယ္အတြက္ေၾကာင့္ ျပည္သူေတြက ငတ္ျပတ္တဲ့အဆင့္ေတာ့ မေရာက္ဘူး။ ငါတုိ႔ ဆက္လက္ၿပီးေတာ့ survive သက္ရွင္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ အဲဒီစကားေကာ ဘယ္ေလာက္မွန္ပါသလဲ။ အခုအခ်ိန္မွာ။

ေျဖ ။ ။ အဲဒါကေတာ့ သူတုိ႔အာဏာ တည္ၿမဲဖို႔အတြက္ မွန္ပါတယ္ ဆရာ။ ဘာေၾကာင့္လဲဆိုေတာ့ ဦးေနဝင္းေခတ္က စၿပီးေတာ့မွ ၆၂ ခုႏွစ္ မတိုင္မီက ပါလီမန္ဒီမိုကေရစီေခတ္ရဲ ႔ တိုင္းျပည္က အလြန္မတန္ အေရွ ႔ေတာင္အာရွမွာ အခ်မ္းသာဆံုး။ သဘာဝသံယံဇာတ အေပါဆံုးဆုိေတာ့ အဲဒီကေထာက္ေပးခဲ့တဲ့အားနဲ႔ သူက ေတာင့္ခံႏိုင္ခဲ့တယ္။ သက္ရွင္ survive ျဖစ္ခဲ့တယ္။ ဒါေပမဲ့ ကမာၻႀကီးနဲ႔ သူက အထီးက်န္ isolate လုပ္ခဲ့။ အကုန္ျဖတ္ခဲ့တာ ႏုိင္ငံေရး၊ စီးပြားေရး၊ အကုန္ျဖတ္ခဲ့ေတာ့ အဲဒီဒဏ္က အခ်မ္းသာဆံုးကေန ေနာက္ဆံုး LDC အဆင္းရဲႏုိိင္ငံ ျဖစ္ခဲ့တယ္။ ေနာက္ ဆရာေျပာခဲ့တဲ့အထဲမွာ စစ္အာဏာရွင္ ဒုတိယမ်ဳိးဆက္က ၈၈ အာဏာသိမ္းေတာ့လဲ ဦးေနဝင္းရဲ ႔ တုိင္းျပည္က မခ်မ္းသာေတာ့ဘူး။ သို႔ေသာ္ သဘာဝသံယံဇာတေတြ ရိွေသးတယ္။ သစ္ေတြ၊ ဂတ္စ္ေတြ၊ ေရနံေတြ ရိွတယ္ဆိုေတာ့ အဲဒါေတြအားလံုးက သူတုိ႔အသက္ရွင္ဖို႔အတြက္ မေသရံုတမယ္ သက္ဆက္ႏိုင္ခဲ့ပါတယ္။ အဲဒါဘာလဲဆိုေတာ့ ျပည္သူေတြကေတာ့ လယ္ယာစိုက္ပ်ဳိးေရးကို အေျခခံတဲ့ ကိုယ့္ဝမ္းစာကိုယ္ ဖူလံုတဲ့အဆင့္ကေန မတက္တဲ့အျပင္၊ ျပန္က်က်လာတယ္။ အဲဒီအခ်ိန္မွာ သူတုိ႔က ဘာလုပ္သလဲဆိုေတာ့ - ေျပာရမယ္ဆိုရင္ေတာ့ စီးပြားေရးသေဘာအရေျပာရင္ အဲဒီဒုတိယ စစ္အာဏာရွင္အုပ္စုက သူတုိ႔အက်ဳိးစီးပြားလည္းၾကည့္တယ္၊ နည္းနည္းလည္း လူရယ္လည္တာေပါ့ - ကမာၻႀကီးက ေျပာင္းလာတယ္ဆိုေတာ့။ လူရည္လည္တယ္ဆိုတာ ေတာ္တယ္လို႔ေျပာတာ မဟုတ္ဘူး။ သူတုိ႔က ခရိုနီလူတန္းစားကို ေမြးေပးလိုက္တယ္။ အဲဒီေတာ့ ခရိုနီေတြက တုိင္းျပည္ရဲ ႔ စီးပြားေရးကို လက္ဝါးႀကီးအုပ္ၿပီးမွ အသက္ဆက္ႏုိင္ဖို႔အတြက္ ဦးပိုင္လီမီတက္နဲ႔ စီးပြားေရးေကာ္ပိုရွင္းေတြက joint venture လုပ္ၿပီးေတာ့မွ တဘက္ကလဲ သူတုိ႔ခ်မ္းသာေအာင္လုပ္တယ္။ ခရိုနီလူတန္းစားကိုလည္း ေမြးထုတ္လိုက္တယ္။ အဲဒီလိုလုပ္ခဲ့ေပမယ့္ ျပည္သူေတြက ငတ္တဲ့လူေတြက ယိုးဒယားမွာ သံုးေလးသန္း၊ မေလးရွားမွာ သံုးေလးသန္း သြားၿပီးေတာ့မွ က်ေနာ္တို႔တိုင္းျပည္ရဲ ႔ တကယ့္အရင္းအျမစ္ျဖစ္တဲ့ လူူစြမ္းအားအရင္းနဲ႔ သြားေရာင္းရတဲ့ အေျခအေနျဖစ္ခဲ့တာေၾကာင့္ သူတုိ႔ သက္ရွင္ႏိုင္ခဲ့တာပါ။

ေမး ။ ။ အဲဒီေတာ့ ပထမမ်ဳိးဆက္ ဦးေနဝင္း၊ ဒုတိယမ်ဳိးဆက္ သူတုိ႔ေတြက ဘယ္လို survive ျဖစ္ေအာင္ လုပ္ခဲ့တယ္ဆိုေတာ့ အခု ဆရာ့အသံုးအႏႈန္းနဲ႔ဆိုရင္ တတိယမ်ဳိးဆက္လို႔ ေခၚရမလား အခုစစ္အာဏာသိ္မ္းတဲ့ ပုဂၢိဳလ္ေတြကို။ ဆိုေတာ့ ဒီလူေတြရဲ ႔ အေျခအေနက သူတို႔နဲ႔ႏိႈင္းယွဥ္ရင္ ဘယ္လိုရိွလဲ။

ေျဖ ။ ။ အဲဒီလူေတြရဲ ႔ မ်ဳိးဆက္ကေတာ့ ေနာက္ဆံုးမ်ဳိးဆက္ ျဖစ္သြားၿပီ။ မႏုိင္ႏိုင္ေတာ့ၿပီ။ ပထမမ်ဳိးဆက္မွာေတာ့ ဦးေနဝင္းႀကီးက လည္လည္းလည္တယ္။ လွည့္ပတ္ေတာ့ ျပည္သူေတြက ဦးေနဝင္းႀကီးကို ေကာင္းမယ္လို႔ ထင္ခဲ့ၾကတယ္။ ေစာင့္ၾကည့္ၾကတယ္။ ဆယ္ႏွစ္ဆယ္မုိးေလာက္ ေစာင့္ၾကည့္ေတာ့ ဦးေနဝင္းလည္း အခုန က်ေနာ္တင္ျပခဲ့တဲ့ ဒီမိုကေရစီပါလီမန္ေခတ္က လက္က်န္ေလးေတြနဲ႔ ေတာင့္ခံၿပီးေတာ့ ေထာက္တိုင္ေလးေတြနဲ႔ ရခဲ့ၾကတဲ့အခါၾကေတာ့ လူေတြက မ်က္စိလည္ခဲ့တယ္။ ဒါေတာင္ ၈၈ ေရာက္တဲ့အခါ သူဒုကၡေရာက္သြားခဲ့တယ္။ ဆင္းေပးခဲ့ လွည့္ေပးခဲ့တယ္။ ဒုတိယအႀကိမ္ၾကေတာ့ ဒီအေပၚမ်ာပဲ အေျခခံတာပဲ။ သံယံဇာတေတြ ထုတ္ေရာင္းၿပီးေတာ့ ရွင္သန္ခဲ့တာ။ ဒီမ်ဳိးဆက္ၾကေတာ့ ျပည္သူလူထုဘက္က မယံုေတာ့ဘူး။ ဒုတိယမ်ဳိးဆက္မွာတင္ ျပည္သူလူထုက မယံုခဲ့တာ။ အခုကေတာ့ လူတစ္ရာရိွရင္ ကိုးဆယ္ေလာက္က လံုးဝလက္မခံေတာ့ဘူး။ ဆယ္ရာခိုင္ႏႈန္းေလာက္က စစ္တပ္နဲ႔ သူတုိ႔အေပါင္းအပါ ခရိုနီေတြပဲ ရိွတယ္။ ခရိုနီတခ်ဳိ ႔ေတာ့ ထြက္လာၿပီ။ လူထုလူတန္းစားအားလံုးက အထူးသျဖင့္ ပညာတတ္ေတာ္ေတာ္မ်ားမ်ားက - ပညာတတ္လူတန္းစားကေတာ့ တက္လာတဲ့ အစိုးရကို ဝန္ထမ္းညဥ္နဲ႔ ပံ့ပိုးတာေလးေတြ ရိွတယ္အခါမွာ အခုက CDM ကိုၾကည့္ပါ။ ၈၈ မွာတုန္းက CDM လုပ္ခဲ့တာ မေအာင္ျမင္ခဲ့ဘူး။ အခုက အားလံုးက CDM။ သူတုိ႔ဘက္မွာ မရိွေတာ့လို႔ ယႏၱရားေတြ ရပ္ကုန္တာတစ္ခ်က္။
ေနာက္တစ္ခုက ေတာင္သူေတြမွာ အရင္တုန္းက မ်ဳိးဆက္ႏွစ္ခုစလံုးမွာ ေတာင္သူလယ္သမားက ေတာ္လွန္ေရးမွာ မပါခဲ့ဘူး။ အခုက ေတာင္သူလယ္သမားက ရြာေတြေတာေတြမွာ အားလံုးျမင္တဲ့အတိုင္း အဲဒါက လံုးဝမရေတာ့ပါဘူး။ အဲဒါကတစ္ခ်က္။ ေနာက္တစ္ခ်က္က သူတုိ႔ ဒုတိယမ်ဳိးဆက္မွာ ေထာက္တုိင္လုပ္ခဲ့တဲ့ စစ္တပ္ပိုင္စီးပြားေရး ခရိုနီနဲ႔ စစ္တပ္စီးပြားေရးကို ျပည္သူလူထုက ‘ဘူးသပိတ္’ ေထာင္ၿပီးေတာ့ လံုးဝကန္႔ကြက္ boycott လုပ္သြားေနၿပီ။ အဲဒီေတာ့ သူတို႔မ်ဳိးဆက္ေၾကာက ျပတ္သြားၿပီ။ ေနာက္တစ္ခ်က္က ႏိုင္ငံတကာကပါ သူတုိ႔ေတြကို targeted sanction ခ်ခဲ့ၿပီးၿပီ။ သို႔ေသာ္ အထဲထဲအေျခအေနက နည္းနည္းေျပာင္းသြားၿပီးေတာ့ သူတုိ႔စစ္တပ္ပိုင္တဲ့ စီးပြားေရးေတြကို လံုးဝဆက္ဆံမလုပ္ေတာ့ဘူး။ သပိတ္ေမွာက္တဲ့အျပင္ အဲဒီအစိုးရယႏၱရားႀကီးကို လည္ပတ္ႏုိင္ေအာင္ ဘတ္ဂ်က္ - အၾကမ္းမ်ဥ္းေျပာမယ္ဆိုရင္ ေငြေၾကးရႏုိင္မယ့္ နည္းလမ္းေတြက မရေတာ့ဘူး။ ဒီ (၈) လအတြင္းမွာ သိပ္သိသာတယ္။ သူတုိ႔ဝင္ေငြ အခြန္အေကာက္ကရတာေတြေကာ အကုန္ျပတ္သြားတဲ့အါမွာ သူတုိ႔ကေတာ့ လံုးဝအရင္မ်ဳိးဆက္လို ေတာင့္ခံႏုိင္တဲ့ အေျခအေန မရိွေတာ့ပါဘူး။

ေမး ။ ။ ဒီလိုစီးပြားေရး ဆုတ္ယုတ္က်ဆင္းလာမႈဟာ အခုေလာေလာဆယ္ ႏိုင္ငံေရးကို ဘယ္ေလာက္အထိ ႏုိင္ငံေရးကို ရုိက္ခတ္လာႏိုင္ပါသလဲ။ ျပည္တြင္းႏုိင္ငံေရးကို ျပည္ပဖိအားေတြ ဘာေတြဖယ္ထားလိုက္ေပါ့။ ျမန္မာႏိုင္ငံမွာ စားဝတ္ေနေရး အခက္အခဲ။ က်ပ္ေငြတန္းဖိုး က်ဆင္းတာ။ ေလာေလာဆယ္မွာ လူေတြ သိပ္ညည္းတြားေနၾကတဲ့ကိစၥသည္ ျမန္မာႏို္င္ငံရဲ ႔ ႏုိင္ငံေရးအေျခအေနကို ဘယ္ေလာက္အထိ ရိုက္ခတ္ႏုိင္မယ္ ထင္ပါသလဲ။ ဒီစစ္ေကာင္စီအေနနဲ႔ အခ်ိန္ဆက္ၿပီး ဆြဲၿပီးေတာ့ တုိင္းျပည္က မၿငိမ္မသက္ေသးဘူး၊ ငါတုိ႔ ဆက္ေနရမယ္လို႔ အေၾကာင္းျပစရာ ျဖစ္လာမလား။ သို႔တည္းမဟုတ္ သူတို႔ အုပ္ခ်ဳပ္လို႔မရေတာ့တဲ့ အေျခအေနကို လံုးဝက်ဆင္းသြားႏုိင္သလား။ ဆရာရဲ ႔ သံုးသပ္ခ်က္ကို ၾကားခ်င္ပါတယ္။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ အေစာကေျပာခဲ့တဲ့ ႏုိင္ငံေရးအေနနဲ႔ NUG ဦးေဆာင္မႈနဲ႔ ျပည္သူေတြ ေထာက္ခံအားနဲ႔ ႏိုင္ငံတကာေထာက္ခံမႈနဲ႔ တစ္ဝက္ေလာက္ ရိွမယ္ဆိုရင္ စီးပြားေရး ဒုကၡေရာက္တဲ့ဟာက အဲဒါကို ပံ့ပိုးတဲ့ … လာပါလိမ့္မယ္။ ဒါေလးကို က်ေနာ္ နည္းနည္းေလးခ်ဲ ႔ေျပာပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၈၈၊ ၉၀ ေနာက္ပိုင္း ဦးပိုင္လီမီတက္နဲ႔ စီးပြားေရးေကာ္ပိုးေရးရွင္း ဖြဲ႔စည္းၿပီးေတာ့ တုိင္းျပည္ရဲ ႔ စီးပြားေရးကို ခရိုနီေတြက လက္ဝါးႀကီးအုပ္ခဲ့တာ က်ေနာ္ လြန္ခဲ့တဲ့ (၁၅) ႏွစ္ေလာက္က တြက္တာေပါ့။ အဲဒီတုန္းက ဂ်ာနယ္ေဒတာေတြက ရခဲ့တဲ့အေပၚမွာ တြက္ရင္ တိုင္းျပည္ရဲ ႔ ေလးပံုတစ္ပံုေလာက္ကို သူတို႔က လက္ဝါးႀကီးအုပ္ထားတာ။ ေနာက္ပိုင္း က်ေနာ္ထင္တယ္ ပိုမ်ားလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဦးပိုင္တုိ႔၊ USCCI တို႔ဆိုတာ သူတုိ႔လူေတြပဲ။ ဒီလူေတြက တုိင္းျပည္စီးပြားေရးမွာ ေလးဆယ္ရာခိုင္ႏႈန္းေလာက္ ထားရင္ေတာ့ အဲဒါက ‘ဘူးသပိတ္’ နဲ႔ ထိၿပီ။ ေနာက္တစ္ပိုင္းက ႏို္င္ငံတကာ ကုန္သြယ္ေရး။ တရုတ္ကို အားျပဳတာ။ က်ေနာ္တို႔ထြက္ကုန္က လယ္ယာထုတ္ကုန္ကိုပဲ အားျပဳတာ။ စပါး၊ ပဲ၊ မေကြးဘက္မွာဆို ႏြားေတာင္ပို႔တာ။ တရုတ္နဲ႔က အခုက ကိုဗစ္ေရာဂါလည္းပါေတာ့ ကုန္သြယ္ေရးက ပ်က္ေနတယ္။ ထုိင္း၊ စကၤာပူတုိ႔ ဒီကုန္သြယ္ေရးေတြလည္း မေကာင္းေတာ့ဘူး။ အိႏိၵယဘက္ကလည္း ပဲပို႔တာ အဲဒါကလဲ မဟုတ္ေတာ့ဘူးဆုိေတာ့ ျပည္ပကုန္သြယ္ေရးက ေတာ္ေတာ္ဒုကၡေရာက္ေနၿပီ။ နယ္စပ္ကုန္သြယ္ေရး အပါဝင္။
ေနာက္တစ္ခ်က္က ျပည္တြင္းကုန္သြယ္ေရးမွာ လူေတြစားဖို႔အတြက္ ႏုိ္င္ငံတကာနဲ႔ ကုန္သြယ္မႈမွာ လယ္ယာက႑ကထြက္တဲ့ ကုန္ေတြ စပါးအပါအဝင္ အသီးအႏံွေတြက စစ္ကိုင္းတုိင္း၊ မေကြးတုိင္း၊ အဲဒီေနရာေတြမွာရိွတဲ့ လယ္သမားေတြက သီးႏံွလည္း မသိမ္းႏိုင္ေတာ့ဘူး။ ထြက္ေျပးေနရၿပီ။ ရြာကိုျပန္လာလို႔လည္း မရေတာ့၊ အဲဒီထုတ္လုပ္မႈက က်ေနၿပီ။ အဲဒါဆို ျပည္တြင္းကုန္သြယ္ေရးလည္း က်မယ္။ နယ္စပ္ကုန္သြယ္ေရးလည္း က်လာမယ့္အခါမွာ ျပႆနာေပါင္းစံု တက္လာရင္ သူ ဘယ္ေလာက္ေတာင့္ခံႏုိင္မလဲ။ ဒါေၾကာင့္မို႔ ဒီအခ်ိန္မွာ စီးပြားေရးအားျဖင့္ ထုိးႏွက္ခ်က္ပဲေျပာေျပာ သူတို႔ရဲ ႔ ေတာင့္ခံႏုိင္မႈက လံုးဝမရိွေတာ့ ႏုိင္ငံေရးနဲ႔ စီးပြားေရး ဆက္ႏႊယ္ေနမႈအပိုင္းမွာ စီးပြားေရးျပႆနာ ပိုဆိုးသြားမယ္။ ၿပီးေတာ့ အဲဒီေနရာမွာ မီးေလာင္းရာေလပင့္ စတက္လာကတည္းက ေငြအက်ပ္အတည္းနဲ႔ ဘဏ္ေတြနဲ႔ ကစားတာေတြကို သိတဲ့အတုိင္းပဲ၊ ဗဟိုဘဏ္ကို လက္ကိုင္တုတ္လုပ္၊ လုပ္ၿပီးမွ ဘဏ္ေတြကို ဘယ္ေလာက္လာဘ္ထိုးရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္ေတြ လုပ္လာတဲ့အျပင္ အခု ေဒၚလာေတြ ထုတ္ေရာင္းေနတယ္လို႔သာ ေျပာတာ၊ တကယ္ေတာ့ က်ေနာ္တုိ႔ ၾကားေနရတဲ့ သတင္းေတြအရ သူတုိ႔ ခရိုနီနဲ႔ စစ္တပ္က ရိွတဲ့ေငြေတြကို လဲလွယ္ေနတဲ့သေဘာ ရိွတယ္။ အဲဒီအတြက္ တိုင္းျပည္ရဲ ႔ စီးပြားေရးက ဆုိးသထက္ဆိုးလာၿပီေတာ့ သူတုိ႔ျပဳတ္က်ဖို႔အတြက္ ပထမမ်ဳိးဆက္၊ ဒုတိယမ်ဳိးဆက္လို ေတာင့္ခံႏုိင္စရာ လမ္းမရိွေတာ့ဘူးဆိုတာကို အၾကမ္းမ်ဥ္းတင္ျပတာပါ။

ေမး ။ ။ ဒီေနရာမွာ စစ္ေကာင္စီရဲ ႔ ေျပာခြင့္ရျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ သူတုိ႔ေခတ္မွာျဖစ္တဲ့ စီးပြားေရးအက်ပ္အတည္းကို သူတို႔တာဝန္ယူတယ္ဆိုၿပီးေတာ့ ေျပာသြားပါတယ္။ ရဲရဲဝံ့ဝံ့ပဲ။ တခ်ိန္တည္းမွာပဲ သူတုိ႔က သိပ္နားလည္တာ မဟုတ္ဘူး၊ ေလ့လာေနပါတယ္လို႔ ေျပာပါတယ္။ စီးပြားေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ဆိုေတာ့ ဒီႏွစ္ခုကို ဆရာ ဘယ္လိုတံု႔ျပန္ေျပာၾကားလိုပါသလဲ။ သူတုိ႔ေနာက္ကြယ္မွာ နားလည္တဲ့ စီးပြားေရးပညာရွင္ေတြ မရိွဘူးလား။

ေျဖ ။ ။ သိတဲ့အတုိင္းပဲ တုိင္းျပည္စီးပြားေရး နည္းနည္းကေမာက္ကမ ျဖစ္လာၿပီ၊ ဦးေနဝင္းေခတ္က ကုန္သည္လက္ညိွဳးထိုးတာပဲ။ ကုန္သည္ေတြေၾကာင့္ ကုန္ေစ်းႏႈန္း တက္ပါတယ္။ ဗိုလ္ခင္ညႊန္႔တုိ႔လည္း အတူူတူပဲ။ ဒီလိုလုပ္ခဲ့တယ္။ အခုဟာကေတာ့ အဲဒီလမ္းက မရေတာ့ဘူး။ မရေတာ့ စကားလွည့္တာလဲပါမွာေပါ့။ ဓါတ္ျပားေဟာင္းႀကီး မသံုးခ်င္ေတာ့ က်ေနာ္တို႔ တာဝန္ယူပါမယ္။ က်ေနာ္တုိ႔ေၾကာင့္ပါဆိုတာ သံုးတယ္။ ဒါေလးကေတာ့ နည္းနည္းေလး ပံုစံေျပာင္းတယ္လို႔ က်ေနာ္ျမင္တာ။ သူတုိ႔စိတ္ထဲရိွလို႔ မဟုတ္ဘူး။ ဒါေပမဲ့ ျပႆနာက ဘာလဲဆိုေတာ့ သူတုိ႔ေနာက္မွာရိွတဲ့ စီးပြားေရးနဲ႔ ပတ္သက္တဲ့ အကူအညီေပးတဲ့လူေတြ။ တခ်ဳိ ႔ကလဲ လက္တြန္႔ကုန္ၿပီ။ တခ်ဳိ ႔ကလဲ သူတုိ႔ရဲ ႔ စစ္အာဏာရွင္စရိုက္အတိုင္း ထင္ရာလုပ္တာျဖစ္ေတာ့ သူတုိ႔ရဲ ႔ ၾသဇာလည္းရိွမွာ မဟုတ္ဘူး။ ေနာက္တစ္ခုက ပြင့္ပြင့္လင္းလင္း ေျပာရရင္ တကယ္ကၽြမ္းက်င္တဲ့၊ တကယ့္ႏုိင္ငံတကာအဆင့္မီတဲ့ ပညာရွင္ေတြက သူတို႔ဘက္မွာ မရိွေတာ့ဘူး။ သူတုိ႔ လက္ကိုင္တုတ္ပဲ က်န္ေတာ့တယ္။ အဲဒါေၾကာင့္ သူတုိ႔က ေပၚလစီပိုင္းလည္း အားနည္းတယ္။ ဒါကို ဘာေၾကာင့္ က်ေနာ္က ေျပာလဲဆိုရင္ ဥပမာတစ္ခု ေထာက္ျပမယ္။ ေဒၚလာေစ်းေတြတက္တယ္။ ဘာလို႔တက္သလဲဆိုေတာ့ ေဒၚလာေစ်းတက္တဲ့ အေျခခံအေၾကာင္းရင္းက သူတုိ႔က ဘဏ္ေတြကိုသြားၿပီးေတာ့ လာဘ္ေပးလုပ္တာ။ ဘဏ္ေတြက ေငြအားက်ပ္လာတဲ့အခါၾကေတာ့ ဒီေလာက္ပဲထုတ္၊ ဒါထက္မထုတ္ရဆိုေတာ့ အဲဒါဆိုရင္ ဗဟိုဘဏ္ကို ဝင္ေရာက္စြက္ဖက္ခိုင္းတယ္။ အဲဒါကိုက မွားေနၿပီ။ ပညာရွင္ရဲ ႔ အခန္းက႑ မရိွေတာ့ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဗဟိုဘဏ္တာဝန္က တိုင္းျပည္ရဲ ႔ စီးပြားေရးကို stable ျဖစ္ေအာင္ ထိန္းရတာ။ ဘယ္လိုထိန္းမလဲ။ သူက monetary policy လို႔ေခၚတဲ့ ေငြေၾကးေပၚလစီနဲ႔ ထိန္းရတယ္။ အခ်ဳပ္ေျပာရရင္ တုိင္းျပည္မွာရိွတဲ့ money supply ေငြေၾကးပမာဏ မ်ားလို႔ရိွရင္ ကုန္ေစ်းႏႈန္းမတက္ေအာင္ ဘာလုပ္ရမလဲ။ money supply ကို ေလ်ွာ့ခ်တဲ့နည္းကို သံုးရတယ္။ Bond ေတြ ဘာေတြထုတ္ေရာင္းရတယ္။ ေနာက္တစ္ခါ ဘယ္လိုလုပ္လဲဆိုရင္ ေငြေၾကးက်ပ္လာလို႔ရိွရင္ ေငြကိုရိုက္ၿပီးေတာ့ထုတ္။ ဘယ္ေလာက္ထုတ္ရမလဲဆိုတာ technically သြားရမွာ ရိွတယ္။ အဲဒီအတုိင္း သူတုိ႔မလုပ္ဘူး။ အဲဒါ သူတုိ႔ရဲ ႔ ပညာရွင္ေတြ အားနည္းခ်က္နဲ႔ သူတို႔လုပ္ခ်င္ရာလုပ္တာ ေပၚလြင္တာပဲ။ အဲဒီအခ်က္ေတြေၾကာင့္ အခုန သတင္းစာရွင္းလင္းပြဲမွာ သူတုိ႔ေျပာခဲ့တာေတြက စကားအရာနဲ႔ ၾကည့္ေကာင္းေအာင္ ေျပာတာလို႔ပဲ ျမင္ပါတယ္။ တစ္ခြန္းတည္းနဲ႔ ေျပာရရင္ေတာ့ mismanagement ျပႆနာ ျဖစ္တဲ့အတြက္ေၾကာင့္ ဒုကၡေရာက္ေနတာပါ။
............................

(Unicode)

မြန်မာနိုင်ငံမှာ တနေ့တခြား ကျပ်တည်းလာတဲ့ ငွေကြေးပြဿနာနဲ့ ကျဆင်လာတဲ့ စီးပွါးရေးအခြေအနေဟာ ဘယ်အထိ ကျယ်ဝန်းနက်ရှိုင်းနေပါသလဲ။ မတည်မငြိမ်ဖြစ်နေတဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာကော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။ စီးပွားရေးပညာရှင် ဦးစိန်ဌေး နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာဦးစိန်ဌေး .. ဒီနေ့ ကျနော်ဆွေးနွေးချင်တာကတော့ အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို အခုကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲက ဘယ်လောက်အထိ ထိခိုက်စေမလဲ။ ဘယ်လောက်အထိ ပိုမိုဆိုးဝါးစေမလဲဆိုတာ ဖြစ်ပါတယ်။ ဒီကိစ္စကို မပြောခင်၊ အခုစီးပွားရေးအခက်အခဲက ဘယ်လောက်အထိ နက်ရှိုင်းသလဲ။ ပြဿနာ ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို ပြောပြပါ။

ဖြေ ။ ။ အခုလက်ရှိ အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကစပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးက စကားတစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင်တော့ ချောက်ထဲကို ရောက်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြဿနာက တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းကို သွားနေပြီ။ ကမ္ဘာကြီးရဲ့ စီးပွားရေးအားဖြင့်၊ နိုင်ငံရေးအားဖြင့် Open လုပ်ပြီးတော့မှ ဆက်ဆံနေတဲ့ အခြေအနေအားလုံးကို ပိတ်လိုက်တဲ့ အကျိုးဆက်သည် ငွေရေးကြေးရေးတစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတွေ ကုန်သွယ်မှုတွေ။ ကုန်သွယ်မှုဆိုတာ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုအပါအဝင် နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ ငွေကြေးစီးဆင်းမှုကအစ ပြည်တွင်းဝင်ငွေသုံး အားလုံးသည် အနုတ်လက္ခဏာကို ဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးက အချုပ်ပြောရရင် ချောက်ထဲကို ထိုးဆင်းသွားတဲ့အတွက် ပြည်သူလူထုကတော့ အလွန်တရာ အတိုင်းအဆ သိပ်ကြီးမားတဲ့ စီးပွားရေးဒဏ်ကို ခံရပြီလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဒါပေမဲ့လဲ တချိန်တုန်းကလည်း စစ်အစိုးရအဆက်ဆက် တနည်းအားဖြင့် စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရအဆက်ဆက် ပြောခဲ့တာက ဘယ်လိုပဲဖြစ်ပါစေ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံ၊ သားငါးပုဇွန်တွေ ရှိတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ ရှိတယ်အတွက်ကြောင့် ပြည်သူတွေက ငတ်ပြတ်တဲ့အဆင့်တော့ မရောက်ဘူး။ ငါတို့ ဆက်လက်ပြီးတော့ survive သက်ရှင်နိုင်တယ်လို့ ပြောကြပါတယ်။ အဲဒီစကားကော ဘယ်လောက်မှန်ပါသလဲ။ အခုအချိန်မှာ။

ဖြေ ။ ။ အဲဒါကတော့ သူတို့အာဏာ တည်မြဲဖို့အတွက် မှန်ပါတယ် ဆရာ။ ဘာကြောင့်လဲဆိုတော့ ဦးနေဝင်းခေတ်က စပြီးတော့မှ ၆၂ ခုနှစ် မတိုင်မီက ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ တိုင်းပြည်က အလွန်မတန် အရှေ့တောင်အာရှမှာ အချမ်းသာဆုံး။ သဘာဝသံယံဇာတ အပေါဆုံးဆိုတော့ အဲဒီကထောက်ပေးခဲ့တဲ့အားနဲ့ သူက တောင့်ခံနိုင်ခဲ့တယ်။ သက်ရှင် survive ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးနဲ့ သူက အထီးကျန် isolate လုပ်ခဲ့။ အကုန်ဖြတ်ခဲ့တာ နိုင်ငံရေး၊ စီးပွားရေး၊ အကုန်ဖြတ်ခဲ့တော့ အဲဒီဒဏ်က အချမ်းသာဆုံးကနေ နောက်ဆုံး LDC အဆင်းရဲနိုင်ငံ ဖြစ်ခဲ့တယ်။ နောက် ဆရာပြောခဲ့တဲ့အထဲမှာ စစ်အာဏာရှင် ဒုတိယမျိုးဆက်က ၈၈ အာဏာသိမ်းတော့လဲ ဦးနေဝင်းရဲ့ တိုင်းပြည်က မချမ်းသာတော့ဘူး။ သို့သော် သဘာဝသံယံဇာတတွေ ရှိသေးတယ်။ သစ်တွေ၊ ဂတ်စ်တွေ၊ ရေနံတွေ ရှိတယ်ဆိုတော့ အဲဒါတွေအားလုံးက သူတို့အသက်ရှင်ဖို့အတွက် မသေရုံတမယ် သက်ဆက်နိုင်ခဲ့ပါတယ်။ အဲဒါဘာလဲဆိုတော့ ပြည်သူတွေကတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ကိုယ့်ဝမ်းစာကိုယ် ဖူလုံတဲ့အဆင့်ကနေ မတက်တဲ့အပြင်၊ ပြန်ကျကျလာတယ်။ အဲဒီအချိန်မှာ သူတို့က ဘာလုပ်သလဲဆိုတော့ - ပြောရမယ်ဆိုရင်တော့ စီးပွားရေးသဘောအရပြောရင် အဲဒီဒုတိယ စစ်အာဏာရှင်အုပ်စုက သူတို့အကျိုးစီးပွားလည်းကြည့်တယ်၊ နည်းနည်းလည်း လူရယ်လည်တာပေါ့ - ကမ္ဘာကြီးက ပြောင်းလာတယ်ဆိုတော့။ လူရည်လည်တယ်ဆိုတာ တော်တယ်လို့ပြောတာ မဟုတ်ဘူး။ သူတို့က ခရိုနီလူတန်းစားကို မွေးပေးလိုက်တယ်။ အဲဒီတော့ ခရိုနီတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီးမှ အသက်ဆက်နိုင်ဖို့အတွက် ဦးပိုင်လီမီတက်နဲ့ စီးပွားရေးကော်ပိုရှင်းတွေက joint venture လုပ်ပြီးတော့မှ တဘက်ကလဲ သူတို့ချမ်းသာအောင်လုပ်တယ်။ ခရိုနီလူတန်းစားကိုလည်း မွေးထုတ်လိုက်တယ်။ အဲဒီလိုလုပ်ခဲ့ပေမယ့် ပြည်သူတွေက ငတ်တဲ့လူတွေက ယိုးဒယားမှာ သုံးလေးသန်း၊ မလေးရှားမှာ သုံးလေးသန်း သွားပြီးတော့မှ ကျနော်တို့တိုင်းပြည်ရဲ့ တကယ့်အရင်းအမြစ်ဖြစ်တဲ့ လူူစွမ်းအားအရင်းနဲ့ သွားရောင်းရတဲ့ အခြေအနေဖြစ်ခဲ့တာကြောင့် သူတို့ သက်ရှင်နိုင်ခဲ့တာပါ။

မေး ။ ။ အဲဒီတော့ ပထမမျိုးဆက် ဦးနေဝင်း၊ ဒုတိယမျိုးဆက် သူတို့တွေက ဘယ်လို survive ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတော့ အခု ဆရာ့အသုံးအနှုန်းနဲ့ဆိုရင် တတိယမျိုးဆက်လို့ ခေါ်ရမလား အခုစစ်အာဏာသိမ်းတဲ့ ပုဂ္ဂိုလ်တွေကို။ ဆိုတော့ ဒီလူတွေရဲ့ အခြေအနေက သူတို့နဲ့နှိုင်းယှဉ်ရင် ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဲဒီလူတွေရဲ့ မျိုးဆက်ကတော့ နောက်ဆုံးမျိုးဆက် ဖြစ်သွားပြီ။ မနိုင်နိုင်တော့ပြီ။ ပထမမျိုးဆက်မှာတော့ ဦးနေဝင်းကြီးက လည်လည်းလည်တယ်။ လှည့်ပတ်တော့ ပြည်သူတွေက ဦးနေဝင်းကြီးကို ကောင်းမယ်လို့ ထင်ခဲ့ကြတယ်။ စောင့်ကြည့်ကြတယ်။ ဆယ်နှစ်ဆယ်မိုးလောက် စောင့်ကြည့်တော့ ဦးနေဝင်းလည်း အခုန ကျနော်တင်ပြခဲ့တဲ့ ဒီမိုကရေစီပါလီမန်ခေတ်က လက်ကျန်လေးတွေနဲ့ တောင့်ခံပြီးတော့ ထောက်တိုင်လေးတွေနဲ့ ရခဲ့ကြတဲ့အခါကြတော့ လူတွေက မျက်စိလည်ခဲ့တယ်။ ဒါတောင် ၈၈ ရောက်တဲ့အခါ သူဒုက္ခရောက်သွားခဲ့တယ်။ ဆင်းပေးခဲ့ လှည့်ပေးခဲ့တယ်။ ဒုတိယအကြိမ်ကြတော့ ဒီအပေါ်မျာပဲ အခြေခံတာပဲ။ သံယံဇာတတွေ ထုတ်ရောင်းပြီးတော့ ရှင်သန်ခဲ့တာ။ ဒီမျိုးဆက်ကြတော့ ပြည်သူလူထုဘက်က မယုံတော့ဘူး။ ဒုတိယမျိုးဆက်မှာတင် ပြည်သူလူထုက မယုံခဲ့တာ။ အခုကတော့ လူတစ်ရာရှိရင် ကိုးဆယ်လောက်က လုံးဝလက်မခံတော့ဘူး။ ဆယ်ရာခိုင်နှုန်းလောက်က စစ်တပ်နဲ့ သူတို့အပေါင်းအပါ ခရိုနီတွေပဲ ရှိတယ်။ ခရိုနီတချို့တော့ ထွက်လာပြီ။ လူထုလူတန်းစားအားလုံးက အထူးသဖြင့် ပညာတတ်တော်တော်များများက - ပညာတတ်လူတန်းစားကတော့ တက်လာတဲ့ အစိုးရကို ဝန်ထမ်းညဉ်နဲ့ ပံ့ပိုးတာလေးတွေ ရှိတယ်အခါမှာ အခုက CDM ကိုကြည့်ပါ။ ၈၈ မှာတုန်းက CDM လုပ်ခဲ့တာ မအောင်မြင်ခဲ့ဘူး။ အခုက အားလုံးက CDM။ သူတို့ဘက်မှာ မရှိတော့လို့ ယန္တရားတွေ ရပ်ကုန်တာတစ်ချက်။
နောက်တစ်ခုက တောင်သူတွေမှာ အရင်တုန်းက မျိုးဆက်နှစ်ခုစလုံးမှာ တောင်သူလယ်သမားက တော်လှန်ရေးမှာ မပါခဲ့ဘူး။ အခုက တောင်သူလယ်သမားက ရွာတွေတောတွေမှာ အားလုံးမြင်တဲ့အတိုင်း အဲဒါက လုံးဝမရတော့ပါဘူး။ အဲဒါကတစ်ချက်။ နောက်တစ်ချက်က သူတို့ ဒုတိယမျိုးဆက်မှာ ထောက်တိုင်လုပ်ခဲ့တဲ့ စစ်တပ်ပိုင်စီးပွားရေး ခရိုနီနဲ့ စစ်တပ်စီးပွားရေးကို ပြည်သူလူထုက ‘ဘူးသပိတ်’ ထောင်ပြီးတော့ လုံးဝကန့်ကွက် boycott လုပ်သွားနေပြီ။ အဲဒီတော့ သူတို့မျိုးဆက်ကြောက ပြတ်သွားပြီ။ နောက်တစ်ချက်က နိုင်ငံတကာကပါ သူတို့တွေကို targeted sanction ချခဲ့ပြီးပြီ။ သို့သော် အထဲထဲအခြေအနေက နည်းနည်းပြောင်းသွားပြီးတော့ သူတို့စစ်တပ်ပိုင်တဲ့ စီးပွားရေးတွေကို လုံးဝဆက်ဆံမလုပ်တော့ဘူး။ သပိတ်မှောက်တဲ့အပြင် အဲဒီအစိုးရယန္တရားကြီးကို လည်ပတ်နိုင်အောင် ဘတ်ဂျက် - အကြမ်းမျဉ်းပြောမယ်ဆိုရင် ငွေကြေးရနိုင်မယ့် နည်းလမ်းတွေက မရတော့ဘူး။ ဒီ (၈) လအတွင်းမှာ သိပ်သိသာတယ်။ သူတို့ဝင်ငွေ အခွန်အကောက်ကရတာတွေကော အကုန်ပြတ်သွားတဲ့အါမှာ သူတို့ကတော့ လုံးဝအရင်မျိုးဆက်လို တောင့်ခံနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။

မေး ။ ။ ဒီလိုစီးပွားရေး ဆုတ်ယုတ်ကျဆင်းလာမှုဟာ အခုလောလောဆယ် နိုင်ငံရေးကို ဘယ်လောက်အထိ နိုင်ငံရေးကို ရိုက်ခတ်လာနိုင်ပါသလဲ။ ပြည်တွင်းနိုင်ငံရေးကို ပြည်ပဖိအားတွေ ဘာတွေဖယ်ထားလိုက်ပေါ့။ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲ။ ကျပ်ငွေတန်းဖိုး ကျဆင်းတာ။ လောလောဆယ်မှာ လူတွေ သိပ်ညည်းတွားနေကြတဲ့ကိစ္စသည် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လောက်အထိ ရိုက်ခတ်နိုင်မယ် ထင်ပါသလဲ။ ဒီစစ်ကောင်စီအနေနဲ့ အချိန်ဆက်ပြီး ဆွဲပြီးတော့ တိုင်းပြည်က မငြိမ်မသက်သေးဘူး၊ ငါတို့ ဆက်နေရမယ်လို့ အကြောင်းပြစရာ ဖြစ်လာမလား။ သို့တည်းမဟုတ် သူတို့ အုပ်ချုပ်လို့မရတော့တဲ့ အခြေအနေကို လုံးဝကျဆင်းသွားနိုင်သလား။ ဆရာရဲ့ သုံးသပ်ချက်ကို ကြားချင်ပါတယ်။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ အစောကပြောခဲ့တဲ့ နိုင်ငံရေးအနေနဲ့ NUG ဦးဆောင်မှုနဲ့ ပြည်သူတွေ ထောက်ခံအားနဲ့ နိုင်ငံတကာထောက်ခံမှုနဲ့ တစ်ဝက်လောက် ရှိမယ်ဆိုရင် စီးပွားရေး ဒုက္ခရောက်တဲ့ဟာက အဲဒါကို ပံ့ပိုးတဲ့ … လာပါလိမ့်မယ်။ ဒါလေးကို ကျနော် နည်းနည်းလေးချဲ့ပြောပါမယ်။ ဘာကြောင့်လဲဆိုတော့ ၈၈၊ ၉၀ နောက်ပိုင်း ဦးပိုင်လီမီတက်နဲ့ စီးပွားရေးကော်ပိုးရေးရှင်း ဖွဲ့စည်းပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို ခရိုနီတွေက လက်ဝါးကြီးအုပ်ခဲ့တာ ကျနော် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က တွက်တာပေါ့။ အဲဒီတုန်းက ဂျာနယ်ဒေတာတွေက ရခဲ့တဲ့အပေါ်မှာ တွက်ရင် တိုင်းပြည်ရဲ့ လေးပုံတစ်ပုံလောက်ကို သူတို့က လက်ဝါးကြီးအုပ်ထားတာ။ နောက်ပိုင်း ကျနော်ထင်တယ် ပိုများလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဦးပိုင်တို့၊ USCCI တို့ဆိုတာ သူတို့လူတွေပဲ။ ဒီလူတွေက တိုင်းပြည်စီးပွားရေးမှာ လေးဆယ်ရာခိုင်နှုန်းလောက် ထားရင်တော့ အဲဒါက ‘ဘူးသပိတ်’ နဲ့ ထိပြီ။ နောက်တစ်ပိုင်းက နိုင်ငံတကာ ကုန်သွယ်ရေး။ တရုတ်ကို အားပြုတာ။ ကျနော်တို့ထွက်ကုန်က လယ်ယာထုတ်ကုန်ကိုပဲ အားပြုတာ။ စပါး၊ ပဲ၊ မကွေးဘက်မှာဆို နွားတောင်ပို့တာ။ တရုတ်နဲ့က အခုက ကိုဗစ်ရောဂါလည်းပါတော့ ကုန်သွယ်ရေးက ပျက်နေတယ်။ ထိုင်း၊ စင်္ကာပူတို့ ဒီကုန်သွယ်ရေးတွေလည်း မကောင်းတော့ဘူး။ အိန္ဒိယဘက်ကလည်း ပဲပို့တာ အဲဒါကလဲ မဟုတ်တော့ဘူးဆိုတော့ ပြည်ပကုန်သွယ်ရေးက တော်တော်ဒုက္ခရောက်နေပြီ။ နယ်စပ်ကုန်သွယ်ရေး အပါဝင်။
နောက်တစ်ချက်က ပြည်တွင်းကုန်သွယ်ရေးမှာ လူတွေစားဖို့အတွက် နိုင်ငံတကာနဲ့ ကုန်သွယ်မှုမှာ လယ်ယာကဏ္ဍကထွက်တဲ့ ကုန်တွေ စပါးအပါအဝင် အသီးအနံှတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ အဲဒီနေရာတွေမှာရှိတဲ့ လယ်သမားတွေက သီးနံှလည်း မသိမ်းနိုင်တော့ဘူး။ ထွက်ပြေးနေရပြီ။ ရွာကိုပြန်လာလို့လည်း မရတော့၊ အဲဒီထုတ်လုပ်မှုက ကျနေပြီ။ အဲဒါဆို ပြည်တွင်းကုန်သွယ်ရေးလည်း ကျမယ်။ နယ်စပ်ကုန်သွယ်ရေးလည်း ကျလာမယ့်အခါမှာ ပြဿနာပေါင်းစုံ တက်လာရင် သူ ဘယ်လောက်တောင့်ခံနိုင်မလဲ။ ဒါကြောင့်မို့ ဒီအချိန်မှာ စီးပွားရေးအားဖြင့် ထိုးနှက်ချက်ပဲပြောပြော သူတို့ရဲ့ တောင့်ခံနိုင်မှုက လုံးဝမရှိတော့ နိုင်ငံရေးနဲ့ စီးပွားရေး ဆက်နွှယ်နေမှုအပိုင်းမှာ စီးပွားရေးပြဿနာ ပိုဆိုးသွားမယ်။ ပြီးတော့ အဲဒီနေရာမှာ မီးလောင်းရာလေပင့် စတက်လာကတည်းက ငွေအကျပ်အတည်းနဲ့ ဘဏ်တွေနဲ့ ကစားတာတွေကို သိတဲ့အတိုင်းပဲ၊ ဗဟိုဘဏ်ကို လက်ကိုင်တုတ်လုပ်၊ လုပ်ပြီးမှ ဘဏ်တွေကို ဘယ်လောက်လာဘ်ထိုးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ လုပ်လာတဲ့အပြင် အခု ဒေါ်လာတွေ ထုတ်ရောင်းနေတယ်လို့သာ ပြောတာ၊ တကယ်တော့ ကျနော်တို့ ကြားနေရတဲ့ သတင်းတွေအရ သူတို့ ခရိုနီနဲ့ စစ်တပ်က ရှိတဲ့ငွေတွေကို လဲလှယ်နေတဲ့သဘော ရှိတယ်။ အဲဒီအတွက် တိုင်းပြည်ရဲ့ စီးပွားရေးက ဆိုးသထက်ဆိုးလာပြီတော့ သူတို့ပြုတ်ကျဖို့အတွက် ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်လို တောင့်ခံနိုင်စရာ လမ်းမရှိတော့ဘူးဆိုတာကို အကြမ်းမျဉ်းတင်ပြတာပါ။

မေး ။ ။ ဒီနေရာမှာ စစ်ကောင်စီရဲ့ ပြောခွင့်ရဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့ခေတ်မှာဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းကို သူတို့တာဝန်ယူတယ်ဆိုပြီးတော့ ပြောသွားပါတယ်။ ရဲရဲဝံ့ဝံ့ပဲ။ တချိန်တည်းမှာပဲ သူတို့က သိပ်နားလည်တာ မဟုတ်ဘူး၊ လေ့လာနေပါတယ်လို့ ပြောပါတယ်။ စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ဆိုတော့ ဒီနှစ်ခုကို ဆရာ ဘယ်လိုတုံ့ပြန်ပြောကြားလိုပါသလဲ။ သူတို့နောက်ကွယ်မှာ နားလည်တဲ့ စီးပွားရေးပညာရှင်တွေ မရှိဘူးလား။

ဖြေ ။ ။ သိတဲ့အတိုင်းပဲ တိုင်းပြည်စီးပွားရေး နည်းနည်းကမောက်ကမ ဖြစ်လာပြီ၊ ဦးနေဝင်းခေတ်က ကုန်သည်လက်ညှိုးထိုးတာပဲ။ ကုန်သည်တွေကြောင့် ကုန်ဈေးနှုန်း တက်ပါတယ်။ ဗိုလ်ခင်ညွှန့်တို့လည်း အတူူတူပဲ။ ဒီလိုလုပ်ခဲ့တယ်။ အခုဟာကတော့ အဲဒီလမ်းက မရတော့ဘူး။ မရတော့ စကားလှည့်တာလဲပါမှာပေါ့။ ဓါတ်ပြားဟောင်းကြီး မသုံးချင်တော့ ကျနော်တို့ တာဝန်ယူပါမယ်။ ကျနော်တို့ကြောင့်ပါဆိုတာ သုံးတယ်။ ဒါလေးကတော့ နည်းနည်းလေး ပုံစံပြောင်းတယ်လို့ ကျနော်မြင်တာ။ သူတို့စိတ်ထဲရှိလို့ မဟုတ်ဘူး။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ သူတို့နောက်မှာရှိတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကူအညီပေးတဲ့လူတွေ။ တချို့ကလဲ လက်တွန့်ကုန်ပြီ။ တချို့ကလဲ သူတို့ရဲ့ စစ်အာဏာရှင်စရိုက်အတိုင်း ထင်ရာလုပ်တာဖြစ်တော့ သူတို့ရဲ့ သြဇာလည်းရှိမှာ မဟုတ်ဘူး။ နောက်တစ်ခုက ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်ကျွမ်းကျင်တဲ့၊ တကယ့်နိုင်ငံတကာအဆင့်မီတဲ့ ပညာရှင်တွေက သူတို့ဘက်မှာ မရှိတော့ဘူး။ သူတို့ လက်ကိုင်တုတ်ပဲ ကျန်တော့တယ်။ အဲဒါကြောင့် သူတို့က ပေါ်လစီပိုင်းလည်း အားနည်းတယ်။ ဒါကို ဘာကြောင့် ကျနော်က ပြောလဲဆိုရင် ဥပမာတစ်ခု ထောက်ပြမယ်။ ဒေါ်လာဈေးတွေတက်တယ်။ ဘာလို့တက်သလဲဆိုတော့ ဒေါ်လာဈေးတက်တဲ့ အခြေခံအကြောင်းရင်းက သူတို့က ဘဏ်တွေကိုသွားပြီးတော့ လာဘ်ပေးလုပ်တာ။ ဘဏ်တွေက ငွေအားကျပ်လာတဲ့အခါကြတော့ ဒီလောက်ပဲထုတ်၊ ဒါထက်မထုတ်ရဆိုတော့ အဲဒါဆိုရင် ဗဟိုဘဏ်ကို ဝင်ရောက်စွက်ဖက်ခိုင်းတယ်။ အဲဒါကိုက မှားနေပြီ။ ပညာရှင်ရဲ့ အခန်းကဏ္ဍ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဗဟိုဘဏ်တာဝန်က တိုင်းပြည်ရဲ့ စီးပွားရေးကို stable ဖြစ်အောင် ထိန်းရတာ။ ဘယ်လိုထိန်းမလဲ။ သူက monetary policy လို့ခေါ်တဲ့ ငွေကြေးပေါ်လစီနဲ့ ထိန်းရတယ်။ အချုပ်ပြောရရင် တိုင်းပြည်မှာရှိတဲ့ money supply ငွေကြေးပမာဏ များလို့ရှိရင် ကုန်ဈေးနှုန်းမတက်အောင် ဘာလုပ်ရမလဲ။ money supply ကို လျှော့ချတဲ့နည်းကို သုံးရတယ်။ Bond တွေ ဘာတွေထုတ်ရောင်းရတယ်။ နောက်တစ်ခါ ဘယ်လိုလုပ်လဲဆိုရင် ငွေကြေးကျပ်လာလို့ရှိရင် ငွေကိုရိုက်ပြီးတော့ထုတ်။ ဘယ်လောက်ထုတ်ရမလဲဆိုတာ technically သွားရမှာ ရှိတယ်။ အဲဒီအတိုင်း သူတို့မလုပ်ဘူး။ အဲဒါ သူတို့ရဲ့ ပညာရှင်တွေ အားနည်းချက်နဲ့ သူတို့လုပ်ချင်ရာလုပ်တာ ပေါ်လွင်တာပဲ။ အဲဒီအချက်တွေကြောင့် အခုန သတင်းစာရှင်းလင်းပွဲမှာ သူတို့ပြောခဲ့တာတွေက စကားအရာနဲ့ ကြည့်ကောင်းအောင် ပြောတာလို့ပဲ မြင်ပါတယ်။ တစ်ခွန်းတည်းနဲ့ ပြောရရင်တော့ mismanagement ပြဿနာ ဖြစ်တဲ့အတွက်ကြောင့် ဒုက္ခရောက်နေတာပါ။
XS
SM
MD
LG