သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ထောင်နဲ့ချီစုဝေး


အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအစိုးရအဖွဲ့ကိုကန့်ကွက်ဆန္ဒပြပီး ဓားစာခံတွေလွတ်မြောက်ရေးတောင်းဆိုနေကြတဲ့ အစ္စရေးပြည်သူများ။ (မတ် ၃၁၊ ၂၀၂၄)
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအစိုးရအဖွဲ့ကိုကန့်ကွက်ဆန္ဒပြပီး ဓားစာခံတွေလွတ်မြောက်ရေးတောင်းဆိုနေကြတဲ့ အစ္စရေးပြည်သူများ။ (မတ် ၃၁၊ ၂၀၂၄)

ဂျေရုဆလင်မ်မြို့က လွှတ်တော်အဆောက်အအုံရှေ့မှာ ထောင်နဲ့ချီတဲ့ အစ္စရေးလ်နိုင်ငံသားတွေ အစိုးရဆန့်ကျင်ရေး တနင်္ဂနွေနေ့က ကန့်ကွက်န္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဟာမတ်စ်တို့နဲ့ စစ်ပွဲစတင်ခဲ့တဲ့အောက်တိုဘာလနောက်ပိုင်း အကြီးဆုံးလူထုဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

ဟာမတ်စ်တို့လက်ထဲက ဒါဇင်နဲ့ချီတဲ့ဓားစာခံလွတ်မြောက်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ဖို့နဲ့ ရွေးကောက်ပွဲတွေစောပြီးကျင်းပဖို့ ဆန္ဒပြသူတွေက အစ္စရေးလ်အစိုးရကို တိုက်တွန်းတောင်းဆိုကြတာပါ။ အောက်တိုဘာ ၇ ရက်နေ့ ဟာမတ်စ်တို့တိုက်ခိုက်မှုကြောင့်လူ ၁,၂၀၀ ဝန်းကျင်သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်ဖမ်းသွားပြီးတဲ့နောက် အစ္စရေးလ်ပြည်သူတွေ စည်းလုံးညီညွတ်လာခဲ့ကြတာပါ။

စစ်ရေးပဋိပက္ခတွေ ၆ လထဲရောက်လာချိန်မှာတော့ စစ်ပွဲကို အတော်များများဆက်လက်ထောက်ခံနေကြပေမယ့် ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ ဦးဆောင်မှုအပေါ်မှာတော့ ပြန်ပြီးသဘောထားကွဲပြားလာကြပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုက ဟာမတ်စ်တို့ကို အမြစ်ဖြတ်ချေမှုန်းပြီး ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်လာအောင်လုပ်မယ်လို့ ကတိပြုပြောဆိုထားပေမယ့် အောင်မြင်မှုရဖို့ကတော့ ခက်ခဲနေဆဲပါ။

ဟာမတ်စ်တို့ဘက်က အကြီးအကျယ်ရှုံးနိမ့်နေတယ်ဆိုပေမယ့် လက်ရှိချိန်ထိ မပြိုကွဲသေးပါဘူး။ နိုဝင်ဘာလတွင်း တပတ်ကြာ အပစ်အခတ်ရပ်စဲခဲ့တုန်းက ဓားစားခံတဝက်လောက်လွှတ်လာခဲ့တာပါ။ ကျန်ဓားစာခံအားလုံးလွှတ်ပေးဖို့ နိုင်ငံတကာက ကြားဝင်ဆောင်ရွက်နေပေမယ့် အောင်မြင်မှု မရသေးပါဘူး။ အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုရဖို့မျှော်လင့်ချက်အနည်းငယ်နဲ့ပဲ ဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ ပြန်ပြီး စတင်ကျင်းပနေပါတယ်။

အစ္စရေးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ထောင်နဲ့ချီစုဝေး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG