သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး အစ္စရေးနဲ့ ဟားမတ်စ်တို့ ကိုင်ရိုမှာ ဆွေးနွေးမည်


၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အစ္စရေးကမ်းရိုးတန်းမြို့ တဲလ်အဗစ် (Tel Aviv) မှာ ဂါဇာမှာ ဟားမတ်စ်အဖွဲ့ ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဆွေမျိုးတွေက စုဝေးပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဆန္ဒ ထုတ်ဖော်နေကြတဲ့ မြင်ကွင်း။ (Photo by JACK GUEZ / AFP)
၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အစ္စရေးကမ်းရိုးတန်းမြို့ တဲလ်အဗစ် (Tel Aviv) မှာ ဂါဇာမှာ ဟားမတ်စ်အဖွဲ့ ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဆွေမျိုးတွေက စုဝေးပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဆန္ဒ ထုတ်ဖော်နေကြတဲ့ မြင်ကွင်း။ (Photo by JACK GUEZ / AFP)

ဂါဇာစစ်ပွဲ ၆ လထဲဝင်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားတဲ့ အနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြန်လည် ကျင်းပမှာ ဖြစ်ကြောင်း အီဂျစ်က အယ်လ်ကဟီရာ ရုပ်သံသတင်းက စနေနေ့မှာ ကြေညာပါတယ်။

အစ္စရေး ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို တနင်္ဂနွေမှာ ကိုင်ရိုကို စေလွှတ်မှာ ဖြစ်ကြောင်း အစ္စရေး အရာရှိတွေရဲ့ ပြောကြားချက်ကို ရိုက်တာမှာ ဖေါ်ပြပါတယ်။ ဟားမတ်စ်အရာရှိဘက်ကတော့ သူတို့အဖွဲ့ဟာ အစ္စရေးနဲ့ အရင်ဆွေးနွေးမယ့် အီဂျစ်ညှိနှိုင်းရေးမှုးတွေ ဆီက ရလဒ်ကိုစောင့်ဖို့ရှိတယ်လို့ ပြောကြားကြောင်းလည်း ရေးပါတယ်။

အစ္စရေးဘက်က ထိုးစစ်ကို ရက်သီတင်းပတ် ၆ ပတ်ကြာ ရပ်ဆိုင်းပေးရင် ဟားမတ်စ်က သူတို့ဖမ်းထားဆဲ ဓားစားခံ ၁၃၀ ထဲက အယောက် ၄၀ လွှတ်ပေးဖို့ ဟားမတ်စ်တွေရဲ့ တောင်းဆိုမှု အပါအဝင်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတွေ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းမှုတွေ တဆင့်တိုးဖို့ ဖြစ်ပါတယ်။

ဟားမတ်စ်တွေက စစ်ပွဲအဆုံးသတ်ပြီး ဂါဇာကနေ အစ္စရေးတပ်တွေ ထွက်သွားရေးအတွက် ဘယ်လို အပေးအယူ လုပ်ရမယ်ဆိုတာ နည်းလမ်းရှာနေတာ ဖြစ်ပြီး အစ္စရေးဘက်ကတော့ ဒီအကြံပြုချက်ကို လက်မခံဘဲ ဟားမတ်စ်တွေကို ခြေမှုန်းဖို့ပဲ ပြန်လုပ်ဆောင်မှာ ဖြစ်ကြောင်းပြောပါတယ်။

ဟားမတ်စ်ဘက်က နောက်တောင်းဆိုချက် တခုကတော့ ဂါဇာတိုက်ပွဲ အစပိုင်းမှာ ဂါဇာနဲ့ ဝန်းကျင်တဝိုက်ကနေ တောင်ဘက်ဘေးလွတ်ရာ ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဂါဇာကို ပြန်လာခွင့်ပြုဖို့ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်အတွက် တချို့ကိုပဲ ပြန်လာခွင့်ပြုဖို့ ဆွေးနွေးမှာ ဖြစ်ကြောင်း အစ္စရေး အရာရှိတဦးက တုံ့ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်း ၃သောင်း ၂ ထောင် ကျော်နေပြီဖြစ်ပါတယ်။ အဲဒီအချိန်က ဟားမတ်စ်တွေ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အစ္စရေး ၁,၂၀၀ သေဆုံးပြီး ၂၅၀ ကျော် ဓားစားခံအဖြစ် အဖမ်းခံခဲ့ရတဲ့ နောက် အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG