သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမားတွေ တနင်္လာနေ့ နောက်ဆုံးထား မှတ်ပုံတင်ဖို့ ထိုင်းအစိုးရ သတိပေး


မြန်မာရွှေ့ပြောင်းအလုပ်သမားများ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ခန့်ထားတဲ့ ထိုင်းအလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို မှတ်ပုံ တင်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် တနင်္လာနေ့မှာ အလုပ်သမားတွေကိုခေါ်လာပြီး မှတ်ပုံတင်ကြဖို့နဲ့ နောက်ဆုံးရက်ကို ထပ်တိုးပေးမှာမဟုတ်တဲ့အကြောင်း ထိုင်းတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အလုပ်ရှင်တွေကိုရော အလုပ်သမားတွေကိုပါ မေးမြန်းဖို့အတွက် သက်ဆိုင်ရာဌာနပေါင်းစုံက တာဝန်ရှိသူတွေကို အလုပ်သမား ဝန်ကြီးဌာနက စုစည်းထားတဲ့အကြောင်း၊ အဲဒီနောက် အလုပ်သမားတွေကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ နိုင်ငံသားအသိအမှတ်ပြုလုပ်ငန်းစဉ်ကို ရက်ပေါင်း ၃၀ အတွင်း အပြီးလုပ်ကြရမှာဖြစ်ကြောင်း အလုပ်အကိုင်ရေးရာ ဌာနခွဲ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Waranont Pitiwan ကပြောတာကို ထိုင်း PBS သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထား ပါတယ်။

မှတ်ပုံတင်ဌာနတွေမှာ လက်မှတ်ရပြီးတာနဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို သတ်မှတ်နေရာတွေဆီခေါ်သွားပြီး နိုင်ငံ သားစစ်ဆေးမှုကို အမြန်လုပ်သင့်တယ်လို့လဲ မစ္စတာ Pitiwan ကပြောပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံ သားစစ်ဆေးပေးဖို့ Samut Sakhon, Samut Prakan, Chiang Rai, Tak နဲ့ ရနောင်းတို့မှာ ရုံးခန်းတွေဖွင့်ပေးထားပြီး ပိုပြီးမြန်မြန် လုပ်ပေးနိုင်ဖို့အတွက် ချင်းမိုင်၊ နခွန် ဆဝမ်နဲ့ ဆောင်ခလာတို့မှာလဲ ထပ်ဖွင့်ပေးဖို့ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အရေးယူရေး ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံ အားပေးကြတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး Sirichai Distakul က ပြောပါ တယ်။ ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့မှာ ၃ ရက်ကြာကျင်းပတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးတခုအတွင်း ထိုင်းအလုပ်သမားဝန်ကြီးက အဲဒီလိုပြောတာပါ။

အဲဒီအစည်းအဝေးမှာ ဘေးအန္တရာယ်ကင်းစွာ ရွှေ့ပြောင်းခြင်းဆိုင်ရာ CLMVT ပူးတွဲကြေညာချက်ကို သက်ဆိုင်ရာ နိုင်ငံတွေကဝန်ကြီးတွေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြပါတယ်။ CLMVT ဆိုတာကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ကို ရည်ညွှန်းတာဖြစ်ပြီး ဒီအရှေ့တောင်အာရှငါးနိုင်ငံမှာ ဆယ်စုနှစ် ပေါင်းများစွာကြာနေပြီဖြစ်တဲ့ တရားမဝင်အလုပ်သမားပြဿနာ အဆုံးသတ်ရေး ဒေသတွင်းကြိုးပမ်းမှုတွေ အားကောင်းစေ ဖို့အတွက် အခုလို သဘောတူညီချက် ရယူကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG