သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်လုပ်ခွင့်ဗီဇာမပါ မြန်မာအလုပ်သမား ၅၀ ကျော် ပြန်ပို့ခံရ


မြန်မာနိုင်ငံဘက် ပြန်ရောက်သွားသည့် အလုပ်သမားများကို တာဝန်ရှိသူများက စိစစ်ပြီး သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။ ဇူလိုင် ၂၂၊ ၂၀၁၇
မြန်မာနိုင်ငံဘက် ပြန်ရောက်သွားသည့် အလုပ်သမားများကို တာဝန်ရှိသူများက စိစစ်ပြီး သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။ ဇူလိုင် ၂၂၊ ၂၀၁၇

ထိုင်းနိုင်ငံထဲကို ဗီဇာမပါဘဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ မဲဆောက်-မြဝတီနယ်စပ်ကနေ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“အားလုံး ၅၅ ယောက်ပြန်တယ်၊ ပါ့စ်ပို့တ်တွေရှိတယ်၊ ဗီဇာလုံးဝမရှိလို့ ပြန်ရတာပေါ့။ မြန်မာ ဘက်ကတော့ သူတို့ လူကယ်ပြန် (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာန) ကျောက်လုံးကြီးစခန်းကနေ လာကြိုသွားတာပေါ့။ ကြိုသွားပြီး ထမင်းကျွေးပြီးတော့ ပဲခူး အထိ စစ်တပ်ကားနှစ်စီးနဲ့ စီစဉ်ပြီး ပြန်ပို့တယ်။”

အဲဒီ ၅၅ ယောက်အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို တရားဝင် အလုပ်လုပ်ခွင့် ဗီဇာမပါဘဲ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ် လမ်းကနေ ပွဲစားတွေက ခိုးသွင်းထားတာပါ။ သူတို့အားလုံးမှာ နိုင်ငံကူးလက်မှတ်တွေရှိပေမဲ့လဲ အသိမ်းခံထားရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသကက ခြံတခြံထဲမှာ ထည့်ထားတာပါ။ အဲဒီကနေ ထိုင်း အထူးစုံစမ်း စစ်ဆေးရေးဌာနရဲ့ အကူအညီအနဲ့ AAC မဟာမိတ်အဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ ကယ်ထုတ်ခဲ့ပြီးတဲ့နောက် ဗီဇာ မပါသူတွေကို ပြန်ပို့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက် ပြန်ရောက်သွားသည့် မြန်မာအလုပ်သမားများ။
မြန်မာနိုင်ငံဘက် ပြန်ရောက်သွားသည့် မြန်မာအလုပ်သမားများ။

နှစ်နိုင်ငံသဘောတူစာချုပ် MoU အရ အလုပ်လုပ်ခွင့်နိုင်ငံကူးလက်မှတ်နဲ့ သွားကြတာဖြစ်ပေမဲ့လဲ ဗီဇာပါမသွားတဲ့ကိစ္စအတွက် အလုပ်သမားတွေကို အကျိုးဆောင်ပေးတဲ့ကုမ္ပဏီနဲ့ ပွဲစားတွေမှာ တာဝန်ရှိသလို အထောက်အထားမပြည့်စုံဘဲ PJ ဆိုတဲ့ အလုပ် လုပ်ခွင့်စာအုပ်ကို ထုတ်ပေးလိုက်တဲ့ အစိုးရဝန်ထမ်းတွေဘက်မှာလဲ အားနည်းချက်ရှိတယ်လို့ ဦးခိုင်ကြီးက ထောက်ပြပါတယ်။ အလုပ်သမားတွေ ဒီလိုအလိမ်ခံရတာမျိုးမဖြစ်အောင် အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း မြန်မာတာဝန်ရှိသူတွေကို AAC မဟာမိတ်အဖွဲ့က တင်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ကော တရားမဝင်အနေနဲ့ပါ မြန်မာနိုင်ငံက အလုပ်သမား ၃ သန်းကနေ ၄ သန်းထိရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG